HomeEntertainmentFilmရုပ်ရှင်ငါးကားရဲ့ ရုံတင်ရက် ရွှေ့ဆိုင်းသွားတဲ့ Marvel စတူဒီယို

ရုပ်ရှင်ငါးကားရဲ့ ရုံတင်ရက် ရွှေ့ဆိုင်းသွားတဲ့ Marvel စတူဒီယို

Marvel စတူဒီယိုကတော့ မကြာခင်ကပဲ Phase 5 နဲ့ 6 ထဲက ရုပ်ရှင်ငါးကားရဲ့ ရုံတင်ရက်တွေကို ရွှေ့ဆိုင်းသွားပါတယ်။ MCU ရဲ့ Phase 4,5,6 ကိုတော့ Multiverse Saga လို့ အမည်ပေးထားပြီး Phase 4 ကတော့ မကြာခင်မှာ ထွက်လာတော့မယ့် Black Panther: Wakanda Forever နဲ့ အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။ Phase 5 နဲ့ 6 ထဲမှာတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဇာတ်ကောင်တွေ ပြန်လည်ပါဝင်လာဦးမှာ ဖြစ်သလို ဇာတ်ကောင်အသစ်တွေလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

photo via screenrant

Phase 5 နဲ့ 6 ထဲမှာတော့ Avengers ရုပ်ရှင်နှစ်ကား၊ Blade နဲ့ Deadpool 3 တို့လည်း ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ Phase 4 အတွင်းမှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေကတော့ ဝေဖန်မှုတွေ ရရှိခဲ့ပေမယ့်လည်း Phase 5 နဲ့ 6 ထဲမှာတော့ Deadpool ၊ Wolverine နဲ့ Daredevil တို့လို ဇာတ်ကောင်တွေက MCU ထဲမှာ ပါဝင်လာတော့မှာ ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေပါတယ်။

ယခုအချိန်မှာတော့ Marvel စတူဒီယိုဟာ Phase 5 နဲ့ 6 ထဲက ရုပ်ရှင်ငါးကားရဲ့ ရုံတင်ရက်တွေကို ရွှေ့ဆိုင်းလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Blade ရုပ်ရှင်ကတော့ တစ်နှစ်နီးပါး နောက်ဆုတ်သွားပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့ကို ရွှေ့ဆိုင်းသွားပါတယ်။ Deadpool 3 ကတော့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့ကို နောက်ဆုတ်သွားပြီး Fantastic Four ကတော့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်ကို ရွှေ့ဆိုင်းသွားပါတယ်။ Avengers: Secret Wars ကလည်း ၂၀၂၆ ခုနှစ် မေလ (၁)ရက်နေ့ကို ပြောင်းရွှေ့သွားပြီး Untitled Movie တစ်ကားကလည်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလ(၇)ရက်ကို နောက်ဆုတ်သွားပါတယ်။

photo via screenrant

Blade ရုပ်ရှင်ကတော့ ဇာတ်ညွှန်းကို ပြန်လည်ဖန်တီးနေရတာ ဖြစ်သလို ဒါရိုက်တာအသစ်လည်း ရှာဖွေနေရတာကြောင့် Delay သွားတာ မဆန်းပေမယ့်လည်း ကျန်တဲ့ရုပ်ရှင်တွေပါ ရုံတင်ရက် ရွှေ့သွားတာကတော့ နည်းနည်းအံ့ဩဖို့ကောင်းပါတယ်။ အစတုန်းကတော့ Avengers: The Kang Dynasty နဲ့ Avengers: Secret Wars တို့ဟာ ၂၀၂၅ ခုနှစ်အတွင်းမှာပဲ ထွက်ရှိလာမယ်လို့ ကြေညာထားပေမယ့် ယခုအချိန်မှာတော့ Secret Wars ကို ၂၀၂၆ ခုနှစ်မှသာ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular