HomeEntertainmentFilmUntitled ရုပ်ရှင်(၆)ကားရဲ့ ရုံတင်ရက်တွေကို ကြေညာသွတဲ့ Marvel စတူဒီယို

Untitled ရုပ်ရှင်(၆)ကားရဲ့ ရုံတင်ရက်တွေကို ကြေညာသွတဲ့ Marvel စတူဒီယို

မကြာသေးခင်ကပဲ Marvel စတူဒီယိုဟာ အမည်မသိရသေးတဲ့ ရုပ်ရှင်(၆)ကားရဲ့ ထွက်ရှိလာမယ့် နေ့ရက်တွေကို ကြေညာပေးခဲ့ပါတယ်။ အဲဒီရုပ်ရှင်တွေထဲမှာတော့ Phase 7 မှာ ထွက်ရှိလာမယ့် ရုပ်ရှင်တွေလည်း ပါဝင်နေပါတယ်။ Marvel စတူဒီယိုကတော့ ပြီးခဲ့တဲ့နှစ်ကမှ WandaVison နဲ့ Phase 4 ကို စတင်ခဲ့ပြီး Black Panther: Wakanda Forever နဲ့ ဒီ Phase ကို အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ Comic-Con ပွဲမှာတော့ Kevin Feige ဟာ Phase 5 တစ်ခုလုံးနဲ့ Phase 6 ထဲက ပရောဂျက်အချို့ကိုလည်း Tease လုပ်သွားပါသေးတယ်။

photo via screenrant

Phase 4 ကနေ 6 အထိကတော့ Multiverse Saga ဖြစ်မယ်လို့ Comic-Con ပွဲမှာပဲ ကြေညာခဲ့ပါတယ်။ Multiverse Saga ထဲမှာတော့ Avengers: The Kang Dynasty နဲ့ Avengers: Secret Wars တို့လည်း ပါဝင်နေပါတယ်။ ဒီ Avengers ရုပ်ရှင်နှစ်ကားကတော့ ၂၀၂၅ ခုနှစ် မေလ (၂)ရက်နဲ့ နိုဝင်ဘာလ (၇)ရက်တို့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ Phase 4 မှာတော့ ရုပ်ရှင် (၇)ကား ပါဝင်နေပြီး လောလောဆယ်မှာတော့ Phase 5 ထဲမှာ (၆)ကား ပါဝင်လာမယ်လို့ အတည်ပြုထားပါတယ်။ Phase 6 အတွက်ကတော့ Fantastic Four နဲ့ အပေါ်မှာ ဖော်ပြထားတဲ့ Avengers ရုပ်ရှင်နှစ်ကားကိုပဲ ကြေညာထားသေးပြီး နောက်ထပ်ကြေညာမှုတွေ ထပ်မံလာဦးမယ်လို့ Kevin Feige က ပြောသွားပါတယ်။

၂၀၂၂ ခုနှစ် Comic-Con ပွဲမှာ Marvel စတူဒီယိုက ကြေညာမှုတွေများစွာ လုပ်ခဲ့အပြီးမှာတော့ Disney ဟာ MCU ရဲ့ သတင်းတွေကို ထပ်မံကြေညာပေးခဲ့ပါသေးတယ်။ အစတုန်းကတော့ Captain America: New World Order နဲ့ Thunderbolts ရုပ်ရှင်တို့ကို Untitled အနေနဲ့ ထွက်ရှိလာမယ့် ရက်တွေကို ကြေညာခဲ့သလိုပဲ ယခုအချိန်မှာလည်း နောက်ထပ် Untitled ရုပ်ရှင် (၆)ကားအတွက် ထွက်ရှိလာမယ့် ရက်တွေကို ကြေညာခဲ့ပါတယ်။

photo via screenrant

ပထမတစ်ကားကတော့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်မှာ ထွက်ရှိလာမှာ ဖြစ်ပြီး နောက်ထပ်တစ်ကားကတော့ The Kang Dynasty နဲ့ Secret Wars တို့ကြားမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ရုံတင်ရက်ကတော့ ၂၀၂၅ ခုနှစ် ဇူလိုင်လ (၂၅)ရက်ပဲ ဖြစ်ပါတယ်။ နောက်ထပ်ရုပ်ရှင် (၄)ကားကတော့ Phase 7 ထဲမှာ ပါဝင်လာမှာ ဖြစ်ပြီး ထွက်ရှိလာမယ့် နေ့ရက်တွေကတော့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်၊ မေလ (၁)ရက်၊ ဇူလိုင်လ (၂၄)ရက်နဲ့ နိုဝင်ဘာလ (၆)ရက်တို့ပဲ ဖြစ်ပါတယ်။

ယခုနှစ် Comic-Con ပွဲမှာတော့ Marvel စတူဒီယိုဟာ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာများစွာကို ချပြခဲ့ပြီး Phase 5 တစ်ခုလုံးကို ချပြခဲ့သလို Phase 6 ရဲ့ ရုပ်ရှင်အချို့ကိုလည်း ကြေညာခဲ့ပါတယ်။ ဒါတင်မကသေးဘဲ Multiverse Saga အကျော်ဖြစ်တဲ့ Phase 7 ကိုပါ အနည်းအကျဉ်း Tease လုပ်တာတွေ ရှိလာခဲ့ပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီသတင်းတွေအားလုံးကတော့ ပရိသတ်တွေကို ပိုမို Hype နေစေမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular