HomeCelebs Update NewsInternationalကလေးအမည်မှည့်ခေါ်ရာမှာ ပိုရေပန်းစားလာတဲ့ Marvel ဇာတ်ကောင်များ 

ကလေးအမည်မှည့်ခေါ်ရာမှာ ပိုရေပန်းစားလာတဲ့ Marvel ဇာတ်ကောင်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

U.S. Social Security Administration ရဲ့ အချက်အလက်တွေအရ  ၂၀၂၀ ခုနှစ်အတွက် ကလေးအမည် မှည့်ခေါ်ရာမှာ Marvel ဇာတ်ကောင်တွေရဲ့ အမည်ကို အစွဲပြုပြီး မှည့်ကြတာ ပိုများပြားလာတယ်လို့ သိရပါတယ်။

MCU ဟာ အချိန်တွေကြာလာတာနဲ့အမျှ အောင်မြင်မှုတွေ ပိုမိုရရှိလာသလို မိဘတွေကြားမှာလည်း သူတို့ရဲ့ ကလေးငယ်တွေကို Marvel ဇာတ်ကောင်တွေရဲ့ အမည်ကို အစွဲပြုပြီး မှည့်ခေါ်တာတွေ ပိုများလာတာ ဖြစ်ပါတယ်။ ကလေးတွေကို မှည့်ခေါ်တဲ့ အမည်တွေထဲမှာ ဟီးရိုးဇာတ်ကောင်တွေတင် မဟုတ်ဘဲ Thanos လိုမျိူး ဗီလိန်တွေပါ ပါဝင်နေပါတယ်။

photo via screenrant

အခုချိန်မှာတော့ MCU ဟာ ရုပ်ရှင်လောကထဲက အအောင်မြင်ဆုံး Franchise တစ်ခု ဖြစ်နေပြီး ရုပ်ရှင်အသစ်တစ်ကား ထွက်လာတိုင်းမှာ ပရိသတ်တွေက ပိုမိုများပြားလာပါတယ်။ ဒါကြောင့်ပဲ ဒီနှစ်ပိုင်းအတွင်းမှာ မွေးဖွားလာကြတဲ့ ကလေးငယ်တွေကိုတော့ သူတို့ရဲ့မိဘတွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ Marvel ဇာတ်ကောင်တွေရဲ့ နာမည်တွေကို မှည့်ခေါ်နေကြတာ ဖြစ်ပါတယ်။ အခုဖော်ပြသွားမယ့် နာမည်တွေနဲ့ လူအရေအတွက်တွေကတော့ ယူအက်စ်ပြည်တွင်းမှာ ၂၀၂၀ ခုနှစ်အထိ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

U.S. Social Security Administration ရဲ့ အချက်အလက်တွေအရ ကလေးငယ်တွေကို Marvel ဇာတ်ကောင်တွေရဲ့ အမည်တွေ မှည့်ခေါ်ခြင်းဟာ တဖြည်းဖြည်းနဲ့ ပိုများတယ်လို့ Huffington Post သတင်းဌာနက ဖော်ပြထားပါတယ်။ အခုဖော်ပြသွားမှာကတော့ အနည်းဆုံး ကလေးငါးယောက်ထက် ပိုပြီးပေးကြတဲ့ Marvel ဇာတ်ကောင်တွေပဲ ဖြစ်ပါတယ်။ ထိပ်ဆုံးမှာ ရပ်တည်နေတာကတော့ Loki ပဲ ဖြစ်ပြီး ဒီနာမည်ကို ကလေး (၁၃၅)ယောက်ကို ပေးထားပါတယ်။

photo via screenrant

Valkyrie ကတော့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက Valkyrie လို့ နာမည် မှည့်ခေါ်ထားတဲ့ ကလေး (၇၅)ယောက် ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်မှာတော့ (၁၂၈)ယောက်အထိ တိုးလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ကလေးကို Thanos လို့ နာမည်ပေးကြသူတွေလည်း ရှိပြီး ကလေး (၁၈)ယောက်ဟာ Thanos ဆိုတဲ့ နာမည်နဲ့ မွေးဖွားလာတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ၂၀၂၀ ခုနှစ် ရောက်တဲ့အချိန်မှာတော့ Thanos လို့ အမည်မှည့်ခေါ်ခြင်းဟာ (၄)ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ သိရပါတယ်။ Star-Lord ရဲ့ အမည်ဖြစ်တဲ့ Quill ကို ပေးထားတဲ့ ကလေးတွေကတော့ (၄၇)ယောက် ရှိပြီး Winter Soldier ရဲ့ အမည်ဖြစ်တဲ့ Bucky ကို အစွဲပြုပြီး မှည့်ခေါ်ထားတဲ့ ကလေးတွေကတော့ (၉)ယောက် ရှိတယ်လို့ သိရပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

U.S. Social Security Administration ရဲ့ အခ်က္အလက္ေတြအရ  ၂၀၂၀ ခုႏွစ္အတြက္ ကေလးအမည္ မွည့္ေခၚရာမွာ Marvel ဇာတ္ေကာင္ေတြရဲ့ အမည္ကို အစြဲျပဳၿပီး မွည့္ၾကတာ ပိုမ်ားျပားလာတယ္လို႔ သိရပါတယ္။

MCU ဟာ အခ်ိန္ေတြၾကာလာတာနဲ႔အမၽွ ေအာင္ျမင္မွုေတြ ပိုမိုရရွိလာသလို မိဘေတြၾကားမွာလည္း သူတို႔ရဲ့ ကေလးငယ္ေတြကို Marvel ဇာတ္ေကာင္ေတြရဲ့ အမည္ကို အစြဲျပဳၿပီး မွည့္ေခၚတာေတြ ပိုမ်ားလာတာ ျဖစ္ပါတယ္။ ကေလးေတြကို မွည့္ေခၚတဲ့ အမည္ေတြထဲမွာ ဟီးရိုးဇာတ္ေကာင္ေတြတင္ မဟုတ္ဘဲ Thanos လိုမ်ိဴး ဗီလိန္ေတြပါ ပါဝင္ေနပါတယ္။

photo via screenrant

အခုခ်ိန္မွာေတာ့ MCU ဟာ ႐ုပ္ရွင္ေလာကထဲက အေအာင္ျမင္ဆုံး Franchise တစ္ခု ျဖစ္ေနၿပီး ႐ုပ္ရွင္အသစ္တစ္ကား ထြက္လာတိုင္းမွာ ပရိသတ္ေတြက ပိုမိုမ်ားျပားလာပါတယ္။ ဒါေၾကာင့္ပဲ ဒီႏွစ္ပိုင္းအတြင္းမွာ ေမြးဖြားလာၾကတဲ့ ကေလးငယ္ေတြကိုေတာ့ သူတို႔ရဲ့မိဘေတြဟာ သူတို႔ႀကိဳက္ႏွစ္သက္တဲ့ Marvel ဇာတ္ေကာင္ေတြရဲ့ နာမည္ေတြကို မွည့္ေခၚေနၾကတာ ျဖစ္ပါတယ္။ အခုေဖာ္ျပသြားမယ့္ နာမည္ေတြနဲ႔ လူအေရအတြက္ေတြကေတာ့ ယူအက္စ္ျပည္တြင္းမွာ ၂၀၂၀ ခုႏွစ္အထိ မွတ္တမ္းတင္ထားတဲ့ အခ်က္အလက္ေတြပဲ ျဖစ္ပါတယ္။

U.S. Social Security Administration ရဲ့ အခ်က္အလက္ေတြအရ ကေလးငယ္ေတြကို Marvel ဇာတ္ေကာင္ေတြရဲ့ အမည္ေတြ မွည့္ေခၚျခင္းဟာ တျဖည္းျဖည္းနဲ႔ ပိုမ်ားတယ္လို႔ Huffington Post သတင္းဌာနက ေဖာ္ျပထားပါတယ္။ အခုေဖာ္ျပသြားမွာကေတာ့ အနည္းဆုံး ကေလးငါးေယာက္ထက္ ပိုၿပီးေပးၾကတဲ့ Marvel ဇာတ္ေကာင္ေတြပဲ ျဖစ္ပါတယ္။ ထိပ္ဆုံးမွာ ရပ္တည္ေနတာကေတာ့ Loki ပဲ ျဖစ္ၿပီး ဒီနာမည္ကို ကေလး (၁၃၅)ေယာက္ကို ေပးထားပါတယ္။

photo via screenrant

Valkyrie ကေတာ့ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ ၂၀၁၇ ခုႏွစ္တုန္းက Valkyrie လို႔ နာမည္ မွည့္ေခၚထားတဲ့ ကေလး (၇၅)ေယာက္ ရွိခဲ့ၿပီး ၂၀၂၀ ခုႏွစ္မွာေတာ့ (၁၂၈)ေယာက္အထိ တိုးလာတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ကိုယ့္ရဲ့ကေလးကို Thanos လို႔ နာမည္ေပးၾကသူေတြလည္း ရွိၿပီး ကေလး (၁၈)ေယာက္ဟာ Thanos ဆိုတဲ့ နာမည္နဲ႔ ေမြးဖြားလာတယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း ၂၀၂၀ ခုႏွစ္ ေရာက္တဲ့အခ်ိန္မွာေတာ့ Thanos လို႔ အမည္မွည့္ေခၚျခင္းဟာ (၄)ရာခိုင္ႏွုန္း က်ဆင္းသြားတယ္လို႔ သိရပါတယ္။ Star-Lord ရဲ့ အမည္ျဖစ္တဲ့ Quill ကို ေပးထားတဲ့ ကေလးေတြကေတာ့ (၄၇)ေယာက္ ရွိၿပီး Winter Soldier ရဲ့ အမည္ျဖစ္တဲ့ Bucky ကို အစြဲျပဳၿပီး မွည့္ေခၚထားတဲ့ ကေလးေတြကေတာ့ (၉)ေယာက္ ရွိတယ္လို႔ သိရပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular