HomeCharacterကိုယ့်ကိုယ်ကို ကောမစ်ဇာတ်ကောင်တွေမှန်း သိကြတဲ့ Marvel ဇာတ်ကောင်များ

ကိုယ့်ကိုယ်ကို ကောမစ်ဇာတ်ကောင်တွေမှန်း သိကြတဲ့ Marvel ဇာတ်ကောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel ကောမစ်ထဲမှာတော့ တစ်ချို့ဇာတ်ကောင်တွေဟာ fourth wall ကို ဖောက်ပြီးတော့ စာဖတ်သူတွေကို တိုက်ရိုက်ပြောဆိုတာမျိူး လုပ်လေ့ရှိကြပါတယ်။ fourth wall ဆိုတဲ့ စကားလုံးကတော့ ပြဇာတ်တွေကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ အကြောင်းကတော့ ပြဇာတ်တွေဟာ နံရံသုံးခုနဲ့ တည်ဆောက်ထားတဲ့ ပြဇာတ်ရုံမှာ ကနေကြတာ ဖြစ်ပြီးတော့ ပြဇာတ်ကသူတွေနဲ့ ပရိသတ်တွေကို ခွဲခြားထားတဲ့ လေးခုမြောက် စိတ်ကူးယဉ်နံရံတစ်ခု ရှိနေပါသေးတယ်။ အဲ့ဒီအချိန်မှာ ဇာတ်ကောင် တစ်ယောက်ယောက်က fourth wall ကို ချိူးဖောက်လိုက်ပြီ ဆိုရင်တော့ သူဟာ တစ်ခြားဇာတ်ကောင်တွေနဲ့ ဆက်ဆံပြောဆိုရုံတင် မဟုတ်တော့ဘဲ ပရိသတ်တွေနဲ့ပါ လှမ်းပြီးတော့ ဆက်သွယ်လာပါတော့တယ်။ အဲ့လိုမျိူး fourth wall ကို ချိူးဖောက်တာဟာ ကောမစ်တွေထဲမှာလည်း အလွန်ကို ရေပန်းစားခဲ့ပါတယ်။

photo via screenrant

Marvel ရဲ့ fourth wall ကို ချိူးဖောက်တဲ့အထဲမှာ နာမည်အကြီးဆုံး ဇာတ်ကောင်ကတော့ Deadpool ဖြစ်ပေမယ့်လည်း သူဟာ ပထမဆုံး fourth wall ကို ချိူးဖောက်ခဲ့တဲ့ ဇာတ်ကောင် မဟုတ်ပါဘူး။ Deadpool ဟာ ကောမစ်ထဲမှာတင် မဟုတ်ဘဲ Ryan Reynolds သရုပ်ဆောင်တဲ့အချိန်မှာလည်း စာရေးသူတွေနဲ့ ပရိသတ်တွေကို လှမ်းပြီးတော့ ပြောင်တာမျိူးတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့လိုမျိူး fourth wall ကို ချိူးဖောက်ခဲ့တဲ့ ဇာတ်ကောင်တွေအကုန်လုံးကတော့ သူတို့ဟာ ကောမစ်ဇာတ်ကောင်တွေ ဖြစ်တယ်ဆိုတာကို သိကြပါတယ်။ Deadpool Kills The Marvel Universe ဆိုတဲ့ ကောမစ်ထဲမှာတော့ Professor X ဟာ သူ့ရဲ့ဘဝမှာ အကြီးမားဆုံးအမှားတစ်ခုကို ပြုလုပ်လိုက်ပါတယ်။ အဲ့ဒါကတော့ Professor X ဟာ Deadpool ရဲ့ စိတ်ကိုဖတ်လိုက်တာ ဖြစ်ပြီး သူ့ရဲ့ဘဝတစ်ခုလုံးနဲ့ သူ့ရဲ့ universe ကြီးတစ်ခုလုံးဟာ စိတ်ကူးယဉ်ကောမစ် ဆိုတာကို သိသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Professor X ဟာ အဲ့ဒီအမှန်တရားကြောင့် ဦးနှောက်သေသွားခဲ့ပါတယ်။

photo via screenrant

Hulk ကိုယ်တိုင်ကတော့ fourth wall ကို ဘယ်တုန်းကမှ မချိူးဖောက်ခဲ့ဖူးပေမယ့်လည်း သူ့ရဲ့အနီးစပ်ဆုံး မဟာမိတ်နှစ်ယောက်ကတော့ fourth wall ချိူးဖောက်ထားတဲ့ ဇာတ်ကောင်တွေ ဖြစ်ပါတယ်။ အဲ့ဒီနှစ်ယောက်ကတော့ Rick Jones နဲ့ She-Hulk တို့ပဲ ဖြစ်ပါတယ်။ Rick Jones ဟာ The Incredible Hulk #1 ထဲက Bruce Banner ရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်ပြီးတော့ တစ်ခြားနာမည်ကြီးတဲ့ ဟီးရိုးတွေနဲ့လည်း ပူးပေါင်းခဲ့ဖူးပါတယ်။ Captain Marvel #25 ထဲမှာတော့ Rick ဆီမှာ comics awareness လို့‌ ခေါ်တဲ့စွမ်းရည်ရှိနေတာကို သိခဲ့ရပါတယ်။ အဲ့ဒီစွမ်းရည်ကြောင့်ပဲ Rick ဟာ သူ့ကိုယ်သူ ကောမစ်ဇာတ်ကောင် တစ်ယောက်မှန်း သိသွားသလို Eulogy လို့ ခေါ်တဲ့အရာကိုလည်း မြင်နိုင်ခဲ့ပါတယ်။ Eulogy ကတော့ စာရေးသူတွေကို ကိုယ်စားပြုတဲ့ အရာတစ်ခုဖြစ်ပြီးတော့ Rick ကို ဒီကောမစ်စီးရီးဟာ မကြာခင်မှာ ဖျက်သိမ်းတော့မှာ ဆိုပြီးတော့ ပြောသွားခဲ့ပါတယ်။

photo via screenrant

Bruce ရဲ့ ဝမ်းကွဲတစ်ယောက် ဖြစ်တဲ့ She-Hulk ကလည်း fourth wall ကို ချိူးဖောက်ခဲ့တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ The Sensational She-Hulk #9 ထဲမှာတော့ She-Hulk ဟာ ဗီလိန် Madcap ကို အနိုင်ယူဖို့အတွက် စာရွက်တွေကို ဖြဲပစ်ခဲ့ပြီး အမှိုက်ပုံးထဲကို ပစ်ခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ ကောမစ်ရေးဆွဲသူ John Byrne ကို နောက်ထပ်အခန်းတစ်ခုကို ထပ်မံရေးဆွဲဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ အဲ့လိုပုံစံမျိူး fourth wall ချိူးဖောက်တာကတော့ အနည်းငယ် ထူးခြားပါတယ်။ God of Mischief နဲ့ God of Stories လို့ တင်စားခေါ်တဲ့ Loki ဟာလည်း သူ့ကိုယ်သူ ကောမစ်ဇာတ်ကောင် တစ်ယောက်မှန်း သိပါသေးတယ်။ Deadpool Vol 1 #37 ထဲမှာတော့ Loki ဟာ Deadpool ကို ” မင်းတစ်ယောက်တည်းကပဲ ဒါတွေအားလုံးရဲ့ အမှန်တရားကို သိတယ်။ ဒါတွေအကုန်လုံးက တကယ်ဖြစ်နေတာ မဟုတ်ဘူး ဆိုတာကိုပေါ့။ လက်နှိပ်စက်တစ်လုံးနဲ့ လူတစ်ယောက် ရှိတယ် ” ဆိုပြီးတော့ ပြောခဲ့ပါတယ်။

photo via screenrant

Loki ပြောခဲ့တဲ့ လက်နှိပ်စက်တစ်လုံးနဲ့ လူကတော့ အဲ့ဒီကောမစ်ရဲ့ စာရေးဆရာကို ပြောတာပဲ ဖြစ်ပါတယ်။ အခုဖော်ပြသွားတဲ့ ဇာတ်ကောင်တွေကတော့ လူသိများတဲ့ ဇာတ်ကောင်တွေထဲက သူတို့ကိုယ်သူတို့ ကောမစ်ဇာတ်ကောင်တွေမှန်း သိကြသူတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီဇာတ်ကောင်တွေဟာ အကုန်မဟုတ်သေးပါဘူး။ ဥပမာပြောရရင် Uatu the Watcher ဆိုရင်တော့ What If? ဆိုတဲ့ ကောမစ်စီးရီးရဲ့ အစမှာတော့ သူ့ကိုယ်သူ ဘယ်သူဆိုတာကို ပရိသတ်တွေနဲ့ တိုက်ရိုက်မိတ်ဆက်ခဲ့ပါတယ်။ Gwenpool နဲ့ Howard the Duck တို့လို ဇာတ်ကောင်တွေကလည်း ဟာသတွေကို ဖန်တီးဖို့အတွက် မကြာခဏ fourth wall ကို ချိူးဖောက်လေ့ရှိပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Marvel ေကာမစ္ထဲမွာေတာ့ တစ္ခ်ိဳ႕ဇာတ္ေကာင္ေတြဟာ fourth wall ကို ေဖာက္ၿပီးေတာ့ စာဖတ္သူေတြကို တိုက္႐ိုက္ေျပာဆိုတာမ်ိဴး လုပ္ေလ့ရွိၾကပါတယ္။ fourth wall ဆိုတဲ့ စကားလုံးကေတာ့ ျပဇာတ္ေတြကေန ဆင္းသက္လာတာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ျပဇာတ္ေတြဟာ နံရံသုံးခုနဲ႔ တည္ေဆာက္ထားတဲ့ ျပဇာတ္႐ုံမွာ ကေနၾကတာ ျဖစ္ၿပီးေတာ့ ျပဇာတ္ကသူေတြနဲ႔ ပရိသတ္ေတြကို ခြဲျခားထားတဲ့ ေလးခုေျမာက္ စိတ္ကူးယဥ္နံရံတစ္ခု ရွိေနပါေသးတယ္။ အဲ့ဒီအခ်ိန္မွာ ဇာတ္ေကာင္ တစ္ေယာက္ေယာက္က fourth wall ကို ခ်ိဴးေဖာက္လိုက္ၿပီ ဆိုရင္ေတာ့ သူဟာ တစ္ျခားဇာတ္ေကာင္ေတြနဲ႔ ဆက္ဆံေျပာဆို႐ုံတင္ မဟုတ္ေတာ့ဘဲ ပရိသတ္ေတြနဲ႔ပါ လွမ္းၿပီးေတာ့ ဆက္သြယ္လာပါေတာ့တယ္။ အဲ့လိုမ်ိဴး fourth wall ကို ခ်ိဴးေဖာက္တာဟာ ေကာမစ္ေတြထဲမွာလည္း အလြန္ကို ေရပန္းစားခဲ့ပါတယ္။

photo via screenrant

Marvel ရဲ႕ fourth wall ကို ခ်ိဴးေဖာက္တဲ့အထဲမွာ နာမည္အႀကီးဆုံး ဇာတ္ေကာင္ကေတာ့ Deadpool ျဖစ္ေပမယ့္လည္း သူဟာ ပထမဆုံး fourth wall ကို ခ်ိဴးေဖာက္ခဲ့တဲ့ ဇာတ္ေကာင္ မဟုတ္ပါဘူး။ Deadpool ဟာ ေကာမစ္ထဲမွာတင္ မဟုတ္ဘဲ Ryan Reynolds သ႐ုပ္ေဆာင္တဲ့အခ်ိန္မွာလည္း စာေရးသူေတြနဲ႔ ပရိသတ္ေတြကို လွမ္းၿပီးေတာ့ ေျပာင္တာမ်ိဴးေတြ ျပဳလုပ္ခဲ့ပါတယ္။ အဲ့လိုမ်ိဴး fourth wall ကို ခ်ိဴးေဖာက္ခဲ့တဲ့ ဇာတ္ေကာင္ေတြအကုန္လုံးကေတာ့ သူတို႔ဟာ ေကာမစ္ဇာတ္ေကာင္ေတြ ျဖစ္တယ္ဆိုတာကို သိၾကပါတယ္။ Deadpool Kills The Marvel Universe ဆိုတဲ့ ေကာမစ္ထဲမွာေတာ့ Professor X ဟာ သူ႔ရဲ႕ဘဝမွာ အႀကီးမားဆုံးအမွားတစ္ခုကို ျပဳလုပ္လိုက္ပါတယ္။ အဲ့ဒါကေတာ့ Professor X ဟာ Deadpool ရဲ႕ စိတ္ကိုဖတ္လိုက္တာ ျဖစ္ၿပီး သူ႔ရဲ႕ဘဝတစ္ခုလုံးနဲ႔ သူ႔ရဲ႕ universe ႀကီးတစ္ခုလုံးဟာ စိတ္ကူးယဥ္ေကာမစ္ ဆိုတာကို သိသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Professor X ဟာ အဲ့ဒီအမွန္တရားေၾကာင့္ ဦးေႏွာက္ေသသြားခဲ့ပါတယ္။

photo via screenrant

Hulk ကိုယ္တိုင္ကေတာ့ fourth wall ကို ဘယ္တုန္းကမွ မခ်ိဴးေဖာက္ခဲ့ဖူးေပမယ့္လည္း သူ႔ရဲ႕အနီးစပ္ဆုံး မဟာမိတ္ႏွစ္ေယာက္ကေတာ့ fourth wall ခ်ိဴးေဖာက္ထားတဲ့ ဇာတ္ေကာင္ေတြ ျဖစ္ပါတယ္။ အဲ့ဒီႏွစ္ေယာက္ကေတာ့ Rick Jones နဲ႔ She-Hulk တို႔ပဲ ျဖစ္ပါတယ္။ Rick Jones ဟာ The Incredible Hulk #1 ထဲက Bruce Banner ရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္း ျဖစ္ၿပီးေတာ့ တစ္ျခားနာမည္ႀကီးတဲ့ ဟီး႐ိုးေတြနဲ႔လည္း ပူးေပါင္းခဲ့ဖူးပါတယ္။ Captain Marvel #25 ထဲမွာေတာ့ Rick ဆီမွာ comics awareness လို႔‌ ေခၚတဲ့စြမ္းရည္ရွိေနတာကို သိခဲ့ရပါတယ္။ အဲ့ဒီစြမ္းရည္ေၾကာင့္ပဲ Rick ဟာ သူ႔ကိုယ္သူ ေကာမစ္ဇာတ္ေကာင္ တစ္ေယာက္မွန္း သိသြားသလို Eulogy လို႔ ေခၚတဲ့အရာကိုလည္း ျမင္ႏိုင္ခဲ့ပါတယ္။ Eulogy ကေတာ့ စာေရးသူေတြကို ကိုယ္စားျပဳတဲ့ အရာတစ္ခုျဖစ္ၿပီးေတာ့ Rick ကို ဒီေကာမစ္စီးရီးဟာ မၾကာခင္မွာ ဖ်က္သိမ္းေတာ့မွာ ဆိုၿပီးေတာ့ ေျပာသြားခဲ့ပါတယ္။

photo via screenrant

Bruce ရဲ႕ ဝမ္းကြဲတစ္ေယာက္ ျဖစ္တဲ့ She-Hulk ကလည္း fourth wall ကို ခ်ိဴးေဖာက္ခဲ့တဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။ The Sensational She-Hulk #9 ထဲမွာေတာ့ She-Hulk ဟာ ဗီလိန္ Madcap ကို အႏိုင္ယူဖို႔အတြက္ စာ႐ြက္ေတြကို ၿဖဲပစ္ခဲ့ၿပီး အမႈိက္ပုံးထဲကို ပစ္ခဲ့ပါတယ္။ ဒါ့အျပင္ သူမဟာ ေကာမစ္ေရးဆြဲသူ John Byrne ကို ေနာက္ထပ္အခန္းတစ္ခုကို ထပ္မံေရးဆြဲဖို႔အတြက္ ေတာင္းဆိုခဲ့ပါတယ္။ အဲ့လိုပုံစံမ်ိဴး fourth wall ခ်ိဴးေဖာက္တာကေတာ့ အနည္းငယ္ ထူးျခားပါတယ္။ God of Mischief နဲ႔ God of Stories လို႔ တင္စားေခၚတဲ့ Loki ဟာလည္း သူ႔ကိုယ္သူ ေကာမစ္ဇာတ္ေကာင္ တစ္ေယာက္မွန္း သိပါေသးတယ္။ Deadpool Vol 1 #37 ထဲမွာေတာ့ Loki ဟာ Deadpool ကို ” မင္းတစ္ေယာက္တည္းကပဲ ဒါေတြအားလုံးရဲ႕ အမွန္တရားကို သိတယ္။ ဒါေတြအကုန္လုံးက တကယ္ျဖစ္ေနတာ မဟုတ္ဘူး ဆိုတာကိုေပါ့။ လက္ႏွိပ္စက္တစ္လုံးနဲ႔ လူတစ္ေယာက္ ရွိတယ္ ” ဆိုၿပီးေတာ့ ေျပာခဲ့ပါတယ္။

photo via screenrant

Loki ေျပာခဲ့တဲ့ လက္ႏွိပ္စက္တစ္လုံးနဲ႔ လူကေတာ့ အဲ့ဒီေကာမစ္ရဲ႕ စာေရးဆရာကို ေျပာတာပဲ ျဖစ္ပါတယ္။ အခုေဖာ္ျပသြားတဲ့ ဇာတ္ေကာင္ေတြကေတာ့ လူသိမ်ားတဲ့ ဇာတ္ေကာင္ေတြထဲက သူတို႔ကိုယ္သူတို႔ ေကာမစ္ဇာတ္ေကာင္ေတြမွန္း သိၾကသူေတြပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီဇာတ္ေကာင္ေတြဟာ အကုန္မဟုတ္ေသးပါဘူး။ ဥပမာေျပာရရင္ Uatu the Watcher ဆိုရင္ေတာ့ What If? ဆိုတဲ့ ေကာမစ္စီးရီးရဲ႕ အစမွာေတာ့ သူ႔ကိုယ္သူ ဘယ္သူဆိုတာကို ပရိသတ္ေတြနဲ႔ တိုက္႐ိုက္မိတ္ဆက္ခဲ့ပါတယ္။ Gwenpool နဲ႔ Howard the Duck တို႔လို ဇာတ္ေကာင္ေတြကလည္း ဟာသေတြကို ဖန္တီးဖို႔အတြက္ မၾကာခဏ fourth wall ကို ခ်ိဴးေဖာက္ေလ့ရွိပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular