HomeCelebs Update NewsInternationalMarvel Cinematic Universe ထဲမှာ ပါဝင်ချင်တယ်လို့ ပြောလာတဲ့ Zac Efron

Marvel Cinematic Universe ထဲမှာ ပါဝင်ချင်တယ်လို့ ပြောလာတဲ့ Zac Efron

Zac Efron ဟာ သူ့အတွက် သင့်တော်တဲ့ ဇာတ်ကောင်နေရာကို ရမယ်ဆိုရင် Marvel Cinematic Universe ထဲမှာ ပါဝင်ချင်တယ်လို့ ပြောလာပါတယ်။ Zac Efron ကတော့ Disney ရဲ့ High School Musical ထဲက Troy Bolton ဇာတ်ကောင်နဲ့ စတင်နာမည်ကြီးလာခဲ့ပြီး ယခုနောက်ပိုင်းမှာတော့ The Greatest Showman တို့လို နာမည်ကြီးရုပ်ရှင်ကားတွေမှာ ပါဝင်ခဲ့ပါတယ်။

photo via zacefron/instagram

MCU ဟာ တဖြည်းဖြည်းနဲ့ ကြီးမား ကျယ်ပြန့်လာတာနဲ့အမျှ နာမည်မရှိသေးတဲ့ သရုပ်ဆောင်အသစ်တွေ များစွာကို အသုံးပြုခဲ့သလို Oscar Isaac နဲ့ Florence Pugh တို့လို နာမည်ကြီးပြီးသား သရုပ်ဆောင်တွေကိုလည်း အသုံးပြုခဲ့ပါတယ်။ ပရိသတ်တွေကလည်း Zac Efron ကို Nova ၊ Adam Warlock နဲ့ Human Touch တို့နေရာမှာ သရုပ်ဆောင်စေချင်နေကြပြီး ယခုအချိန်မှာတော့ Zac ကိုယ်တိုင်က MCU ထဲမှာ ပါဝင်ချင်တယ်လို့ ပြောလာခဲ့ပါပြီ။

Extra TV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Zac Efron ဟာ MCU ထဲမှာ ပါဝင်ချင်တယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြခဲ့ပါတယ်။

“Marvel universe ကို ကျွန်တော်ကြိုက်တယ်ဗျ။ လမ်းလျှောက်တတ်ခါစကတည်းက marvel fan ဖြစ်ခဲ့တာပါ။ အကယ်၍ သူတို့က ကျွန်တော်နဲ့ သင့်တော်တဲ့ ဇာတ်ကောင်တစ်ခု ကမ်းလှမ်းလာရင်တော့ သေချာပေါက် သရုပ်ဆောင်ဖြစ်မှာပါ …”

photo via zacefron/instagram

Zac Efron ကတော့ အရင်ကတည်းက Disney နဲ့ အလုပ်လုပ်ခဲ့ဖူးသူ ဖြစ်တာကြောင့် Disney ရဲ့ လက်အောက်မှာရှိတဲ့ MCU ထဲမှာ ပါဝင်လာဖို့ဆိုတာ သိပ်ပြီးခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါ့အပြင် Marvel စတူဒီယိုဟာ Guardians of the Galaxy Vol. 3 ထဲက Adam Warlock အတွက် Zac လိုပုံစံမျိူး သရုပ်ဆောင်ကို ရှာဖွေခဲ့တယ်လို့ သိရပြီး နောက်ဆုံးမှာတော့ Will Poulter ကို ရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ တစ်ချိန်ချိန်ကျရင်တော့ Zac ကိုလည်း MCU ထဲက ဇာတ်ကောင်တစ်ယောက်အနေနဲ့ မြင်တွေ့ရနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular