HomeCelebs Update NewsInternationalဒေါ်လာ(၂)သန်းကျော်နဲ့ ရောင်းချလိုက်ရတဲ့ Marvel ရဲ့ ပထမဦးဆုံးကောမစ်

ဒေါ်လာ(၂)သန်းကျော်နဲ့ ရောင်းချလိုက်ရတဲ့ Marvel ရဲ့ ပထမဦးဆုံးကောမစ်

မကြာသေးခင်တုန်းကပဲ Marvel ရဲ့ ပထမဆုံး ကောမစ်စာအုပ်ဟာ အွန်လိုင်းလေလံပွဲမှာ ဒေါ်လာ (၂.၄)သန်းကျော်နဲ့ ရောင်းချလိုက်ရတယ်လို့ သိရပါတယ်။ အဆိုပါကောမစ်ကတော့ ၁၉၃၉ ခုနှစ်မှာ ရိုက်နှိပ်ခဲ့ပြီး ခေါင်းစဉ်ကတော့ Marvel Comics No.1 လို့ ခေါ်ပါတယ်။ ဒီကောမစ်ကတော့ ယခုအချိန်မှာ ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ MCU ကြီး ဖြစ်ပေါ်လာဖို့ ပထမဆုံး ခြေလှမ်းဆိုလည်း မမှားပါဘူး။

တကယ်တော့ Stan Lee ၊ Steve Ditko နဲ့ Jack Kirby တို့ Marvel ကောမစ်ကို ရောက်မလာခင်တုန်းက ကောမစ်စာအုပ်တွေဟာ စူပါဟီးရိုးတွေအကြောင်း ဖန်တီးခဲ့ကြတာ မဟုတ်ပါဘူး။ DC ကောမစ်ကိုလည်း အစတုန်းက National Comics လို့ ခေါ်ဆိုခဲ့သလိုပဲ Marvel ကောမစ်ဟာလည်း အစတုန်းကတော့ Timely Comics လို့ ခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

မကြာသေးခင်တုန်းကပဲ Marvel Comics No.1 ဟာ အွန်လိုင်းလေလံပွဲကနေ ဒေါ်လာ (၂.၄)သန်းကျော်နဲ့ အမည်မဖော်လိုသူ တစ်ယောက်က ဝယ်ယူသွားတယ်လို့ သိရပါတယ်။ The New York Times သတင်းဌာနရဲ့ ဖော်ပြချက်အရ ဝယ်ယူသွားသူဟာ အမေရိကန်နိုင်ငံမှာ နေထိုင်သူ မဟုတ်တဲ့ အသက်လေးဆယ်ကျော် အမျိူးသားတစ်ယောက် ဖြစ်ပြီး ကောမစ်စာအုပ်တွေ စုဆောင်းသူတစ်ယောက်လို့လည်း သိရပါတယ်။

ဒီကောမစ်ထဲမှာတော့ Namor နဲ့ Human Torch တို့လို ကျွန်တော်တို့ သိထားတဲ့ ဇာတ်ကောင်အချို့ကို ပထမဆုံး မြင်တွေ့ခဲ့ရပါတယ်။ ဒီကောမစ်ဟာ ၁၉၃၉ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာ ဖြစ်ပြီး ယခုအချိန်ထိ ဒေါ်လာသန်းနဲ့ချီ ပေးပြီး ဝယ်ယူနေကြဆဲ ဆိုတာကို ကြည့်ရင်တော့ ဒီစာအုပ်ရဲ့ ကွာလတီကလည်း အတော်လေး ကောင်းမွန်လို့ပဲ ဖြစ်ပါလိမ့်မယ်။ အလားတူပဲ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း Spider-Man ပထမဆုံး ပါဝင်ခဲ့တဲ့ ကောမစ်စာအုပ် ဖြစ်တဲ့ Amazing Fantasy No.15 ဟာလည်း ဒေါ်လာ (၃.၆)သန်းနဲ့ ရောင်းချရခဲ့ပြီး စံချိန်တင်ခဲ့ပါသေးတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular