HomeCharacterMarvel ကောမစ်ထဲက Hand-To-Hand Combat မှာ အကျွမ်းကျင်ဆုံး ဇာတ်ကောင်များ

Marvel ကောမစ်ထဲက Hand-To-Hand Combat မှာ အကျွမ်းကျင်ဆုံး ဇာတ်ကောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel ကောမစ်ထဲမှာတော့ များပြားလွန်းတဲ့ ဟီးရိုးတွေနဲ့ ဗီလိန်တွေ ရှိကြပြီး အဲ့ဒီထဲက မပြောပလောက်တဲ့ ပမာဏကိုပဲ Live Action အဖြစ် ဖန်တီးထားတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ Marvel ဟာ ဇာတ်ကောင်သစ်တွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးနေပေမယ့်လည်း MCU ထဲမှာ မပါဝင်သေးတဲ့ ဇာတ်ကောင်တွေများစွာ ကျန်ရှိပါသေးတယ်။

Marvel ကောမစ်ဇာတ်ကောင်တွေကို Live Action အဖြစ် ပြန်လည်ဖန်တီးထားတဲ့ MCU ဟာလည်း ဇာတ်ကောင်တွေကို ကောမစ်ထဲကလို အပြည့်အဝ မဖော်ပြထားဘဲ စွမ်းအားတွေနဲ့ လုပ်နိုင်စွမ်းတွေကို လျှော့ချထားလေ့ ရှိပါတယ်။ ဒါကြောင့်ပဲ ဒီ List ထဲမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေကတော့ ကောမစ်ဗားရှင်းတွေကို ဆိုလိုတာဖြစ်ပါတယ်။

(7) Spider-Man
photo via screenrant

Spider-Man ကတော့ ဗီလိန်တွေကို တိုက်ခိုက်ဖို့အတွက် စွမ်းအားတွေ ပိုင်ဆိုင်ထားပြီး အဲ့ဒီစွမ်းအားတွေထဲက သူ့အတွက် အထောက်အကူအဖြစ်ဆုံးကတော့ Spider-Sense ပဲ ဖြစ်ပါတယ်။ Spider-Sense ကတော့ သူ့အပေါ်မှာ ကျရောက်လာမယ့် အန္တရာယ်တွေကို ကြိုသိနေတာ ဖြစ်ပြီး သူ ပိုင်ဆိုင်ထားတဲ့ စွမ်းအားတွေဖြစ်တဲ့ သာမန်ထက် လျင်မြန်သွက်လက်မှုနဲ့ သာမန်ထက် ကြီးမားတဲ့ ခွန်အားတွေကို အသုံးပြုကာ ပြန်လည်တိုက်ခိုက်နိုင်ပါတယ်။

ထူးခြားတဲ့အချက်ကတော့ သူဟာ ဒီ List ထဲက တခြားသူတွေလို တိုက်ခိုက်နည်းတွေကို ဘယ်မှာမှ မသင်ယူခဲ့ဖူးဘဲ Spider-Sense ကိုပဲ အဓိကထား အသုံးပြုတိုက်ခိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ အချိန်တွေ ကြာလာတာနဲ့အမျှ ဗီလိန်ပေါင်းစုံနဲ့ တိုက်ခိုက်ခဲ့ဖူးပြီး သူ့ရဲ့တိုက်ခိုက်နည်းတွေကလည်း တဖြည်းဖြည်း အဆင့်မြင့်လာပါတယ်။

(6) Taskmaster
photo via screenrant

Tony Masters တဖြစ်လည်း Taskmaster ဟာ ကြေးစားတစ်ယောက် ဖြစ်ပြီး သူ့ ပြိုင်ဘက်ရဲ့ တိုက်ခိုက်နည်းမှန်သမျှကို တထေရာတည်း ပြန်လည်တုပနိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒီစွမ်းအားကတော့ သူ မြင်လိုက်သမျှ လှုပ်ရှားမှုတိုင်းကို ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ၊ ပုံတူကူးယူနိုင်တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူဟာ အဲ့ဒီစွမ်းအားကို တစ်ခါအသုံးပြုလိုက်တိုင်းမှာ သူ့ရဲ့ မှတ်ဉာဏ်အပိုင်းအစတွေဟာ ပျောက်ဆုံးသွားပြီး နောက်ဆုံးမှာတော့ သူ့မိသားစုအပါအဝင် သူကိုယ်တိုင်က ဘယ်သူလည်း ဆိုတာကိုတောင် မေ့ပျောက်သွားတဲ့အထိပဲ ဖြစ်ပါတယ်။ Black Widow ရုပ်ရှင်ထဲက Taskmaster ကတော့ ဗားရှင်းပြောင်းထားတာ ဖြစ်ပြီး MCU ထုံးစံအတိုင်း ကောမစ်ထဲကလောက် မကြမ်းတော့ပါဘူး။

(5) Daredevil
photo via screenrant

Matt Murdock ကတော့ လူအများအမြင်မှာ မျက်စိမမြင်တဲ့ ရှေ့နေတစ်ယောက်ပဲ ဖြစ်ပေမယ့်လည်း တကယ်တော့ သူဟာ Hand-To-Hand Combat မှာ အလွန်ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါတယ်။ လူအများစုကတော့ အမြင်အာရုံချို့ယွင်းနေတာဟာ သူ့ရဲ့အားနည်းချက်လို့ ထင်နေကြပေမယ့်လည်း တကယ်တော့ ဒါဟာ သူ့ရဲ့ အားသာချက်လို့တောင် ပြောလို့ရပါတယ်။

Matt ဟာ ကလေးဘဝတုန်းက ရေဒီယိုသတ္တိကြွပစ္စည်းတွေနဲ့ မျက်လုံးကို ထိမိသွားတာကြောင့် အမြင်အာရုံချို့ယွင်းသွားတာ ဖြစ်ပေမယ့်လည်း တခြားအာရုံခံစားမှုတွေကတော့ သာမန်ထက် အများကြီးကျော်လွန်သွားခဲ့ပါတယ်။ သူဟာ အသံတွေကို အသုံးချပြီး သူ့ရဲ့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို သိနိုင်သလို ရန်သူရဲ့ နှလုံးခုန်သံကို နားထောင်ပြီး ဘယ်လိုမျိူး တိုက်ခိုက်မယ်ဆိုတာကိုလည်း ခန့်မှန်းနိုင်ပါတယ်။

ဒါ့အပြင် နှလုံးခုန်သံကို နားထောင်ပြီး လူတစ်ယောက်က လိမ်နေလား၊ အမှန်ပြောနေတာလား ဆိုတာကိုလည်း သိနိုင်ပါသေးတယ်။ ဒီအချက်ကိုတော့ မှုခင်းတွေကို စုံစမ်းတဲ့နေရာမှာ အသုံးပြုလေ့ ရှိပါတယ်။ ဒီအချက်တွေအပြင် သူဟာ ကိုယ်ခံပညာတွေကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး ကိုယ်ခံပညာ (၁၂)မျိူးကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ပါတယ်။

(4) Elektra
photo via screenrant

Elektra ကတော့ Daredevil ရဲ့ ချစ်သူ ဖြစ်သလို အလွန်ကျွမ်းကျင်တဲ့ ကြေးစားတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကိုတော့ Daredevil ကို လေ့ကျင့်ပေးခဲ့တဲ့သူကပဲ လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။ Elektar ဟာ နောက်ပိုင်းမှာတော့ သူမရဲ့ ဖခင် အသတ်ခံလိုက်ရတာကြောင့် ကြေးစားလူသတ်သမား တစ်ယောက် ဖြစ်လာတာပါ။ ဒါ့အပြင် နင်ဂျာ ဗီလိန်အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ The Hand ထဲကိုလည်း ဝင်ရောက်ခဲ့ပြီး တချို့ကောမစ်တွေထဲမှာဆိုရင် သူမဟာ စိတ်ပိုင်းဆိုင်ရာ စွမ်းအားတွေကိုတောင် အသုံးပြုခဲ့ပါသေးတယ်။ ဒါတင်မကသေးဘဲ ငရဲပြည်က Demon နဲ့‌တောင် ယှဉ်ချခဲ့ပါသေးတယ်။

(3) Wolverine
photo via screenrant

Wolverine ဟာ အလွန်မြန်တဲ့ Healing Factor ၊ ဖျက်ဆီးလို့ မလွယ်တဲ့ သတ္တုလက်သည်းတွေနဲ့ ရာစုနှစ်တစ်ခုကျော်လောက် တိုက်ခိုက်နည်း လေ့ကျင့်မှုတွေ ပေါင်းစပ်ထားသူ ဖြစ်ပါတယ်။ ဒီလိုအချက်တွေကို ပိုင်ဆိုင်ထားတဲ့ Wolverine ကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ Wolverine ဟာ သူ အသက်ရှင်သန်ခဲ့တဲ့ သက်တမ်းတလျှောက်လုံးမှာ လူသားတွေ တတ်မြောက်ထားတဲ့ တိုက်ခိုက်နည်း မှန်သမျှကို ရာစုနှစ်တစ်ခုကျော် လေ့ကျင့်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူဟာ ဘာစွမ်းအားမှ မရှိဘဲ သာမန်လူသားတစ်ယောက် ဖြစ်နေမယ်ဆိုရင်တောင် အလွန်ကြောက်ဖို့ကောင်းတဲ့ လူတစ်ယောက် ဖြစ်နေမှာပါ။

(2) Black Panther
photo via screenrant

T’Challa တဖြစ်လည်း Black Panther ဟာ သူ့ရဲ့အဖေဖြစ်သူ T’Chaka ဆီကနေ Black Panther နေရာကို ဆက်ခံခဲ့ပေမယ့်လည်း ဒီဂုဏ်ပုဒ်ကို အလွယ်တကူ ရရှိခဲ့တာ မဟုတ်ပါဘူး။ Wakanda ကို ကာကွယ်စောင့်ရှောက်သူ Black Panther နေရာကို ဆက်ခံဖို့အတွက် T’Challa ဟာ ငယ်စဉ်ကတည်းက Wakanda ရဲ့ အဆင့်မြင့် နည်းပညာတွေနဲ့ တိုက်ခိုက်နည်းတွေကို လေ့ကျင့်ခဲ့ရပါတယ်။

ဒါ့အပြင် Black Panther ဖြစ်လာဖို့အတွက် ဆေးရည်တစ်မျိူးကို သောက်သုံးရပြီး အဲ့ဒီဆေးရည်ကြောင့် သူဟာ Super Soldier တွေလို ခွန်အားနဲ့ လျင်မြန်မှုတွေ ရရှိလာခဲ့ပါတယ်။ ဒါတင်မကသေးဘဲ သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေအပြင် Black Panther ဝတ်စုံနဲ့ သူ အသုံးပြုနိုင်တဲ့ လက်နက်တွေ ပေါင်းစပ်လိုက်တဲ့အချိန်မှာတော့ နံပါတ် (၂)နေရာကို ရောက်ရှိလာခဲ့ပါတယ်။

(1) Shang-Chi
photo via screenrant

Shang-Chi ကိုတော့ Master of Kung Fu လို့ ခေါ်တွင်ကြပြီး သူဟာ Kung Fu တစ်ခုတည်း မဟုတ်ဘဲ တခြားကိုယ်ခံပညာတွေကိုလည်း တတ်မြောက်ထားပါသေးတယ်။ သူဟာ သူ့ရဲ့ Chi ကို လိုသလိုထိန်းချုပ်နိုင်ပြီး စွမ်းအင်အဖြစ် ပြောင်းလဲကာ သူ့ရဲ့လက်သီးချက်တိုင်းမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဒါတင်မကသေးဘဲ သူဟာ အဆုံးမရှိတဲ့အထိ ကိုယ်ပွားတွေ ဖန်တီးနိုင်ကာ သူတစ်ယောက်တည်းနဲ့ စစ်တပ်တစ်ခု ဖန်တီးနိုင်ပါတယ်။ သို့သော်လည်း သူဟာ အဲ့ဒီစွမ်းအားကိုတော့ သိပ်ပြီးအသုံးပြုလေ့ မရှိပါဘူး။ လျင်မြန်မှုကို ကြည့်မယ်ဆိုရင်တော့ ကျည်ဆန်ကို ဖမ်းနိုင်တဲ့အထိ လျင်မြန်ပါတယ်။

ဒါကတော့ Marvel ကောမစ်ထဲမှာ လက်ချင်း ယှဉ်ချနိုင်တဲ့ အကြမ်းဆုံး စူပါဟီးရိုးတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဟီးရိုးတွေရဲ့ တိုက်ခိုက်မှုအကြောင်းတွေ ရှိရင်လည်း ပြန်လည်ဆွေးနွေးပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Marvel ေကာမစ္ထဲမွာေတာ့ မ်ားျပားလြန္းတဲ့ ဟီး႐ိုးေတြနဲ႔ ဗီလိန္ေတြ ရွိၾကၿပီး အဲ့ဒီထဲက မေျပာပေလာက္တဲ့ ပမာဏကိုပဲ Live Action အျဖစ္ ဖန္တီးထားတာ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ Marvel ဟာ ဇာတ္ေကာင္သစ္ေတြ တစ္ေယာက္ၿပီး တစ္ေယာက္နဲ႔ ပရိသတ္ေတြကို မိတ္ဆက္ေပးေနေပမယ့္လည္း MCU ထဲမွာ မပါဝင္ေသးတဲ့ ဇာတ္ေကာင္ေတြမ်ားစြာ က်န္ရွိပါေသးတယ္။

Marvel ေကာမစ္ဇာတ္ေကာင္ေတြကို Live Action အျဖစ္ ျပန္လည္ဖန္တီးထားတဲ့ MCU ဟာလည္း ဇာတ္ေကာင္ေတြကို ေကာမစ္ထဲကလို အျပည့္အဝ မေဖာ္ျပထားဘဲ စြမ္းအားေတြနဲ႔ လုပ္ႏိုင္စြမ္းေတြကို ေလွ်ာ့ခ်ထားေလ့ ရွိပါတယ္။ ဒါေၾကာင့္ပဲ ဒီ List ထဲမွာ ပါဝင္တဲ့ ဇာတ္ေကာင္ေတြကေတာ့ ေကာမစ္ဗားရွင္းေတြကို ဆိုလိုတာျဖစ္ပါတယ္။

(7) Spider-Man
photo via screenrant

Spider-Man ကေတာ့ ဗီလိန္ေတြကို တိုက္ခိုက္ဖို႔အတြက္ စြမ္းအားေတြ ပိုင္ဆိုင္ထားၿပီး အဲ့ဒီစြမ္းအားေတြထဲက သူ႔အတြက္ အေထာက္အကူအျဖစ္ဆုံးကေတာ့ Spider-Sense ပဲ ျဖစ္ပါတယ္။ Spider-Sense ကေတာ့ သူ႔အေပၚမွာ က်ေရာက္လာမယ့္ အႏၲရာယ္ေတြကို ႀကိဳသိေနတာ ျဖစ္ၿပီး သူ ပိုင္ဆိုင္ထားတဲ့ စြမ္းအားေတြျဖစ္တဲ့ သာမန္ထက္ လ်င္ျမန္သြက္လက္မႈနဲ႔ သာမန္ထက္ ႀကီးမားတဲ့ ခြန္အားေတြကို အသုံးျပဳကာ ျပန္လည္တိုက္ခိုက္ႏိုင္ပါတယ္။

ထူးျခားတဲ့အခ်က္ကေတာ့ သူဟာ ဒီ List ထဲက တျခားသူေတြလို တိုက္ခိုက္နည္းေတြကို ဘယ္မွာမွ မသင္ယူခဲ့ဖူးဘဲ Spider-Sense ကိုပဲ အဓိကထား အသုံးျပဳတိုက္ခိုက္တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ အခ်ိန္ေတြ ၾကာလာတာနဲ႔အမွ် ဗီလိန္ေပါင္းစုံနဲ႔ တိုက္ခိုက္ခဲ့ဖူးၿပီး သူ႔ရဲ႕တိုက္ခိုက္နည္းေတြကလည္း တျဖည္းျဖည္း အဆင့္ျမင့္လာပါတယ္။

(6) Taskmaster
photo via screenrant

Tony Masters တျဖစ္လည္း Taskmaster ဟာ ေၾကးစားတစ္ေယာက္ ျဖစ္ၿပီး သူ႔ ၿပိဳင္ဘက္ရဲ႕ တိုက္ခိုက္နည္းမွန္သမွ်ကို တေထရာတည္း ျပန္လည္တုပႏိုင္တဲ့ စြမ္းအားကို ပိုင္ဆိုင္ထားပါတယ္။ အဲ့ဒီစြမ္းအားကေတာ့ သူ ျမင္လိုက္သမွ် လႈပ္ရွားမႈတိုင္းကို ဘယ္ေလာက္ပဲ ရႈပ္ေထြးေနပါေစ၊ ပုံတူကူးယူႏိုင္တာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း သူဟာ အဲ့ဒီစြမ္းအားကို တစ္ခါအသုံးျပဳလိုက္တိုင္းမွာ သူ႔ရဲ႕ မွတ္ဉာဏ္အပိုင္းအစေတြဟာ ေပ်ာက္ဆုံးသြားၿပီး ေနာက္ဆုံးမွာေတာ့ သူ႔မိသားစုအပါအဝင္ သူကိုယ္တိုင္က ဘယ္သူလည္း ဆိုတာကိုေတာင္ ေမ့ေပ်ာက္သြားတဲ့အထိပဲ ျဖစ္ပါတယ္။ Black Widow ႐ုပ္ရွင္ထဲက Taskmaster ကေတာ့ ဗားရွင္းေျပာင္းထားတာ ျဖစ္ၿပီး MCU ထုံးစံအတိုင္း ေကာမစ္ထဲကေလာက္ မၾကမ္းေတာ့ပါဘူး။

(5) Daredevil
photo via screenrant

Matt Murdock ကေတာ့ လူအမ်ားအျမင္မွာ မ်က္စိမျမင္တဲ့ ေရွ႕ေနတစ္ေယာက္ပဲ ျဖစ္ေပမယ့္လည္း တကယ္ေတာ့ သူဟာ Hand-To-Hand Combat မွာ အလြန္ကြၽမ္းက်င္သူတစ္ေယာက္ ျဖစ္ပါတယ္။ လူအမ်ားစုကေတာ့ အျမင္အာ႐ုံခ်ိဳ႕ယြင္းေနတာဟာ သူ႔ရဲ႕အားနည္းခ်က္လို႔ ထင္ေနၾကေပမယ့္လည္း တကယ္ေတာ့ ဒါဟာ သူ႔ရဲ႕ အားသာခ်က္လို႔ေတာင္ ေျပာလို႔ရပါတယ္။

Matt ဟာ ကေလးဘဝတုန္းက ေရဒီယိုသတၱိႂကြပစၥည္းေတြနဲ႔ မ်က္လုံးကို ထိမိသြားတာေၾကာင့္ အျမင္အာ႐ုံခ်ိဳ႕ယြင္းသြားတာ ျဖစ္ေပမယ့္လည္း တျခားအာ႐ုံခံစားမႈေတြကေတာ့ သာမန္ထက္ အမ်ားႀကီးေက်ာ္လြန္သြားခဲ့ပါတယ္။ သူဟာ အသံေတြကို အသုံးခ်ၿပီး သူ႔ရဲ႕ပတ္ဝန္းက်င္မွာ ဘာေတြျဖစ္ေနတယ္ဆိုတာကို သိႏိုင္သလို ရန္သူရဲ႕ ႏွလုံးခုန္သံကို နားေထာင္ၿပီး ဘယ္လိုမ်ိဴး တိုက္ခိုက္မယ္ဆိုတာကိုလည္း ခန႔္မွန္းႏိုင္ပါတယ္။

ဒါ့အျပင္ ႏွလုံးခုန္သံကို နားေထာင္ၿပီး လူတစ္ေယာက္က လိမ္ေနလား၊ အမွန္ေျပာေနတာလား ဆိုတာကိုလည္း သိႏိုင္ပါေသးတယ္။ ဒီအခ်က္ကိုေတာ့ မႈခင္းေတြကို စုံစမ္းတဲ့ေနရာမွာ အသုံးျပဳေလ့ ရွိပါတယ္။ ဒီအခ်က္ေတြအျပင္ သူဟာ ကိုယ္ခံပညာေတြကို ႏွစ္ေပါင္းမ်ားစြာ ေလ့က်င့္ခဲ့ၿပီး ကိုယ္ခံပညာ (၁၂)မ်ိဴးကို ကြၽမ္းကြၽမ္းက်င္က်င္ အသုံးျပဳႏိုင္ပါတယ္။

(4) Elektra
photo via screenrant

Elektra ကေတာ့ Daredevil ရဲ႕ ခ်စ္သူ ျဖစ္သလို အလြန္ကြၽမ္းက်င္တဲ့ ေၾကးစားတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမကိုေတာ့ Daredevil ကို ေလ့က်င့္ေပးခဲ့တဲ့သူကပဲ ေလ့က်င့္ေပးခဲ့တာ ျဖစ္ပါတယ္။ Elektar ဟာ ေနာက္ပိုင္းမွာေတာ့ သူမရဲ႕ ဖခင္ အသတ္ခံလိုက္ရတာေၾကာင့္ ေၾကးစားလူသတ္သမား တစ္ေယာက္ ျဖစ္လာတာပါ။ ဒါ့အျပင္ နင္ဂ်ာ ဗီလိန္အဖြဲ႕အစည္းတစ္ခု ျဖစ္တဲ့ The Hand ထဲကိုလည္း ဝင္ေရာက္ခဲ့ၿပီး တခ်ိဳ႕ေကာမစ္ေတြထဲမွာဆိုရင္ သူမဟာ စိတ္ပိုင္းဆိုင္ရာ စြမ္းအားေတြကိုေတာင္ အသုံးျပဳခဲ့ပါေသးတယ္။ ဒါတင္မကေသးဘဲ ငရဲျပည္က Demon နဲ႔‌ေတာင္ ယွဥ္ခ်ခဲ့ပါေသးတယ္။

(3) Wolverine
photo via screenrant

Wolverine ဟာ အလြန္ျမန္တဲ့ Healing Factor ၊ ဖ်က္ဆီးလို႔ မလြယ္တဲ့ သတၱဳလက္သည္းေတြနဲ႔ ရာစုႏွစ္တစ္ခုေက်ာ္ေလာက္ တိုက္ခိုက္နည္း ေလ့က်င့္မႈေတြ ေပါင္းစပ္ထားသူ ျဖစ္ပါတယ္။ ဒီလိုအခ်က္ေတြကို ပိုင္ဆိုင္ထားတဲ့ Wolverine ကို အႏိုင္ယူဖို႔ဆိုတာ မျဖစ္ႏိုင္သေလာက္ပါပဲ။ Wolverine ဟာ သူ အသက္ရွင္သန္ခဲ့တဲ့ သက္တမ္းတေလွ်ာက္လုံးမွာ လူသားေတြ တတ္ေျမာက္ထားတဲ့ တိုက္ခိုက္နည္း မွန္သမွ်ကို ရာစုႏွစ္တစ္ခုေက်ာ္ ေလ့က်င့္ခဲ့သူ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ သူဟာ ဘာစြမ္းအားမွ မရွိဘဲ သာမန္လူသားတစ္ေယာက္ ျဖစ္ေနမယ္ဆိုရင္ေတာင္ အလြန္ေၾကာက္ဖို႔ေကာင္းတဲ့ လူတစ္ေယာက္ ျဖစ္ေနမွာပါ။

(2) Black Panther
photo via screenrant

T’Challa တျဖစ္လည္း Black Panther ဟာ သူ႔ရဲ႕အေဖျဖစ္သူ T’Chaka ဆီကေန Black Panther ေနရာကို ဆက္ခံခဲ့ေပမယ့္လည္း ဒီဂုဏ္ပုဒ္ကို အလြယ္တကူ ရရွိခဲ့တာ မဟုတ္ပါဘူး။ Wakanda ကို ကာကြယ္ေစာင့္ေရွာက္သူ Black Panther ေနရာကို ဆက္ခံဖို႔အတြက္ T’Challa ဟာ ငယ္စဥ္ကတည္းက Wakanda ရဲ႕ အဆင့္ျမင့္ နည္းပညာေတြနဲ႔ တိုက္ခိုက္နည္းေတြကို ေလ့က်င့္ခဲ့ရပါတယ္။

ဒါ့အျပင္ Black Panther ျဖစ္လာဖို႔အတြက္ ေဆးရည္တစ္မ်ိဴးကို ေသာက္သုံးရၿပီး အဲ့ဒီေဆးရည္ေၾကာင့္ သူဟာ Super Soldier ေတြလို ခြန္အားနဲ႔ လ်င္ျမန္မႈေတြ ရရွိလာခဲ့ပါတယ္။ ဒါတင္မကေသးဘဲ သူ႔ရဲ႕လုပ္ေဆာင္ႏိုင္စြမ္းေတြအျပင္ Black Panther ဝတ္စုံနဲ႔ သူ အသုံးျပဳႏိုင္တဲ့ လက္နက္ေတြ ေပါင္းစပ္လိုက္တဲ့အခ်ိန္မွာေတာ့ နံပါတ္ (၂)ေနရာကို ေရာက္ရွိလာခဲ့ပါတယ္။

(1) Shang-Chi
photo via screenrant

Shang-Chi ကိုေတာ့ Master of Kung Fu လို႔ ေခၚတြင္ၾကၿပီး သူဟာ Kung Fu တစ္ခုတည္း မဟုတ္ဘဲ တျခားကိုယ္ခံပညာေတြကိုလည္း တတ္ေျမာက္ထားပါေသးတယ္။ သူဟာ သူ႔ရဲ႕ Chi ကို လိုသလိုထိန္းခ်ဳပ္ႏိုင္ၿပီး စြမ္းအင္အျဖစ္ ေျပာင္းလဲကာ သူ႔ရဲ႕လက္သီးခ်က္တိုင္းမွာ ထည့္သြင္းအသုံးျပဳႏိုင္ပါတယ္။ ဒါတင္မကေသးဘဲ သူဟာ အဆုံးမရွိတဲ့အထိ ကိုယ္ပြားေတြ ဖန္တီးႏိုင္ကာ သူတစ္ေယာက္တည္းနဲ႔ စစ္တပ္တစ္ခု ဖန္တီးႏိုင္ပါတယ္။ သို႔ေသာ္လည္း သူဟာ အဲ့ဒီစြမ္းအားကိုေတာ့ သိပ္ၿပီးအသုံးျပဳေလ့ မရွိပါဘူး။ လ်င္ျမန္မႈကို ၾကည့္မယ္ဆိုရင္ေတာ့ က်ည္ဆန္ကို ဖမ္းႏိုင္တဲ့အထိ လ်င္ျမန္ပါတယ္။

ဒါကေတာ့ Marvel ေကာမစ္ထဲမွာ လက္ခ်င္း ယွဥ္ခ်ႏိုင္တဲ့ အၾကမ္းဆုံး စူပါဟီး႐ိုးေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားဟီး႐ိုးေတြရဲ႕ တိုက္ခိုက္မႈအေၾကာင္းေတြ ရွိရင္လည္း ျပန္လည္ေဆြးေႏြးေပးခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular