HomeCharacterလူမသတ်ရစည်းမျဉ်းကို ကိုယ်တိုင်ချိုးဖောက်ဖူးတဲ့ Marvel ကောမစ်ထဲက ဇာတ်ကောင်(၅)ယောက်

လူမသတ်ရစည်းမျဉ်းကို ကိုယ်တိုင်ချိုးဖောက်ဖူးတဲ့ Marvel ကောမစ်ထဲက ဇာတ်ကောင်(၅)ယောက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel ကောမစ်ထဲက ဇာတ်ကောင်တွေကို ဟီးရိုးနဲ့ ဗီလိန်ဆိုပြီး ခွဲခြားနိုင်တဲ့အချက်ကတော့ သူတို့ရဲ့ကိုယ်ကျင့်တရားတွေကြောင့်ပဲ ဖြစ်ပါတယ်။ တချို့ဟီးရိုးတွေကတော့ ကမ္ဘာကြီးပေါ်မှာ ရှိနေတဲ့ မတရားမှုတွေကို ယုံကြည်တာကြောင့် ဗီလိန်တွေကိုလည်း သတ်ပစ်တာမျိူးတွေ ရှိခဲ့ဖူးပါတယ်။ ဟီးရိုးအများစုကတော့ အတတ်နိုင်ဆုံး သွေးမြေကျတာတွေ မဖြစ်ရအောင် ရှောင်ကျဉ်လေ့ရှိပြီး ဗီလိန်တွေကိုလည်း ဖမ်းဆီးရုံလောက်ပဲ ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့်လည်း ဒီဟီးရိုးတွေထဲကပဲ တချို့အဖြစ်အပျက်တွေမှာ သူတို့ရဲ့ No Killing Rule ကို ဖောက်ဖျက်ခဲ့တာမျိူးတွေ ရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Marvel ဇာတ်ကောင်တွေထဲက No Killing Rule ကို ဖောက်ဖျက်ခဲ့ဖူးသူ(၅)ယောက်ကို ဖော်ပြပေးချင်ပါတယ်။

(1) Spider-Man
photo via cbr

Peter Parker ကတော့ နယူးယော့ခ်မြို့မှာ နေထိုင်တဲ့ မြို့နေပြည်သူတွေကို ဗီလိန်တွေလက်ထဲကနေ ကာကွယ်ပေးနေသူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကောမစ်တစ်ခုထဲမှာတော့ Peter ဟာ ဗီလိန်မဟုတ်ဘဲ အမျိူးသမီးတစ်ယောက်ကို မတော်တဆ သတ်မိခဲ့ဖူးပါတယ်။

အဲ့ဒီကောမစ်ထဲမှာ Wolverine ဟာ KGB အတွက် အလုပ်လုပ်ပေးခဲ့တဲ့ Charlie ဆိုတဲ့ အမျိူးသမီးတစ်ယောက်ကို ကယ်တင်ခဲ့ပါတယ်။ Charlie ဟာ KGB အတွက် အချိန်တွေအကြာကြီး အလုပ်လုပ်ပေးခဲ့တာကြောင့် ရုရှားရဲ့ လျှို့ဝှက်သတင်းတွေကိုလည်း သိနေပါတယ်။ အဲ့ဒါကြောင့်ပဲ KGB ဟာ သူမကို လိုက်လံပြီး သတ်ဖြတ်နေပါတယ်။ နောက်ပိုင်းမှာတော့ Wolverine တစ်ယောက်တည်းနဲ့ သူမကို KGB လက်ထဲက မကာကွယ်နိုင်ဘူးဆိုတာကို သိသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ Charlie ဟာ သူမကို သတ်ပစ်ဖို့ Wolverine ဆီမှာ တောင်းဆိုခဲ့ပါတယ်။ ဒီလိုနဲ့ Wolverine က သူမကို သတ်တော့မယ့်အချိန်မှာ Spider-Man က ရောက်လာပြီး Wolverine ကို လူမသတ်မိအောင် တားဆီးခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ Wolverine ကလည်း သူ့ရဲ့ကိစ္စထဲကို ဝင်ရှုပ်တယ်ဆိုပြီး Spider-Man နဲ့ တိုက်ခိုက်ပါတော့တယ်။ Charlie ကလည်း သူ့ကိုယ်သူ သတ်သေဖို့အတွက် ချက်ချင်းပဲ အကြံရသွားပါတယ်။ Spider-Man ဟာ Wolverine နဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ Charlie ကတော့ Spider-Man ရဲ့ နောက်ကို ခုန်ဝင်ပြီး တိုက်ခိုက်မလို ပြုလုပ်ခဲ့ပါတယ်။ Spider-Man ကလည်း သူ့ရဲ့ spider sense ကြောင့် နောက်ထပ် ရန်သူတစ်ယောက်က သူ့ရဲ့အနောက်ကနေ တိုက်ခိုက်တော့မယ်လို့ အထင်မှားကာ လှည့်ပြီးတော့ ထိုးလိုက်ပါတယ်။ သို့သော်လည်း Spider-Man ဟာ သူ ထိုးလိုက်မိသူက ရန်သူမဟုတ်ဘဲ Charlie ဖြစ်နေတာကို သိလိုက်တဲ့အချိန်မှာတော့ နောက်ကျသွားပြီဖြစ်ပြီး Charlie ဟာ သေဆုံးသွားခဲ့ပါတယ်။

(2) Bucky Barnes
photo via cbr

Bucky ကတော့ ပထမကမ္ဘာစစ်ပွဲမှာ တိုက်ခိုက်ခဲ့တာကြောင့် မဖြစ်မနေ လူသတ်ခဲ့ရပါတယ်။ ဒါတင်မက အဲ့ဒီကာလကို ကျော်လွန်သွားတဲ့ အချိန်မှာလည်း Hydra ဟာ သူ့ရဲ့စိတ်ကို ထိန်းချုပ်ပြီး လူသတ်သမားတစ်ယောက် ဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။ Bucky နဲ့ တကယ်ရင်းနှီးသူတိုင်းက သူဟာ လူသတ်သမားတစ်ယောက် မဟုတ်ဘူးဆိုတာ သိပေမယ့်လည်း Hydra ဟာ သူ့ကို မရေတွက်နိုင်လောက်တဲ့ လူတွေအများကြီးကို သတ်ဖြတ်စေခဲ့ပါတယ်။ Bucky ဟာ သူကိုယ်တိုင်က လူမသတ်ချင်ပေမယ့်လည်း Hydra ကြောင့် အချိန်အတော်ကြာ လူသတ်သမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။

(3) Captain America
photo via cbr

Steve ကတော့ Marvel ရဲ့ နာမည်အကြီးဆုံး ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ သူဟာ Super Soldier Serum ကို မထိုးခင်ကတည်းက သူ့ရဲ့စိတ်ဓာတ်ဟာ လူအများ ချီးကျူးစရာ ဖြစ်ခဲ့ပါတယ်။ Captain America ဖြစ်ခဲ့ပြီးနောက်မှာလည်း သူဟာ ခေါင်းဆောင်ကောင်းတစ်ယောက်နဲ့ သနားကြင်နာစိတ် အပြည့်ရှိသူဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့်လည်း သူဟာ ဒုတိယကမ္ဘာစစ်မှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး အမေရိကန်နိုင်ငံအတွက် နာဇီတွေအများကြီးကို သတ်ပစ်ခဲ့ရပါတယ်။ Cap ကိုတော့ လူသတ်သမားတစ်ယောက်အနေနဲ့ ဘယ်လိုမှ ပုံဖော်ကြည့်လို့ မရပေမယ့်လည်း သူဟာ လူတွေအများကြီးကို သတ်ပစ်ခဲ့တယ်ဆိုတာတော့ ငြင်းလို့မရပါဘူး။

(4) Iron Man
photo via cbr

Tony ကတော့ သူ့ရဲ့တိုးတက်တဲ့ နည်းပညာတွေကို အသုံးပြုသူဖြစ်ပြီး သွေးအေးအေးနဲ့ လူသတ်တာကို ဘယ်သူမှ မမြင်ခဲ့ဖူးပါဘူး။ သူဟာ ဂြိုဟ်သားတွေနဲ့ သဘာဝလွန်အစွမ်းတွေ ပိုင်ဆိုင်ထားတဲ့ လူသားတွေကို ရန်သူအဖြစ်နဲ့ ရင်ဆိုင်ခဲ့ဖူးပေမယ့် အမြဲတမ်း စိတ်အေးအေးထားကာ ရင်ဆိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း သူဟာ Mallen ဆိုတဲ့ ဗီလိန်တစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာတော့ မဖြစ်မနေ သတ်ပစ်ခဲ့ရပါတယ်။ Mallen ကတော့ Super Soldier Serum ကို ဖန်တီးနေသူ ဖြစ်ပြီး တစ်ရက်မှာတော့ FBI စခန်းမှာ ရှိသမျှလူတွေကို သတ်ပစ်နေပါတယ်။ အဲ့ဒါကြောင့်ပဲ Tony ဟာ အပြစ်မဲ့လူတွေ မသေစေချင်တာကြောင့် Mallen ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

(5) Daredevil
photo via cbr

Daredevil ကတော့ ဘာသာတရား ကိုင်းရှိုင်းတဲ့ ခရစ်ယာန်တစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ ဘယ်သူမဆို ဒုတိယအခွင့်အရေးနဲ့ ထိုက်တန်တယ်လို့ ယူဆထားသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Shadowland ဆိုတဲ့ ဇာတ်လမ်းထဲမှာတော့ Daredevil ဟာ မကောင်းဆိုးဝါးတစ်ကောင် ပူးကပ်တာ ခံလိုက်ရပါတယ်။

အဲ့ဒီနောက်မှာတော့ သူဟာ The Hand အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ Daredevil ဟာ Bullseye နဲ့ တိုက်ခိုက်ခဲ့ကာ Bullseye ရဲ့ ပုခုံးနှစ်ဘက်လုံးကို အဆစ်လွဲအောင် ပြုလုပ်ခဲ့ပြီး နှလုံးကို sai လို့ခေါ်တဲ့ ဓားနဲ့ ထိုးသတ်ခဲ့ပါတယ်။ အဲ့ဒီ့အဖြစ်အပျက် မတိုင်ခင်တုန်းကတော့ Bullseye ဟာ အဲ့ဒီပုံစံအတိုင်းပဲ Elektra ကို သတ်ခဲ့တာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Marvel ေကာမစ္ထဲက ဇာတ္ေကာင္ေတြကို ဟီး႐ိုးနဲ႔ ဗီလိန္ဆိုၿပီး ခြဲျခားႏိုင္တဲ့အခ်က္ကေတာ့ သူတို႔ရဲ႕ကိုယ္က်င့္တရားေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ တခ်ိဳ႕ဟီး႐ိုးေတြကေတာ့ ကမာၻႀကီးေပၚမွာ ရွိေနတဲ့ မတရားမႈေတြကို ယုံၾကည္တာေၾကာင့္ ဗီလိန္ေတြကိုလည္း သတ္ပစ္တာမ်ိဴးေတြ ရွိခဲ့ဖူးပါတယ္။ ဟီး႐ိုးအမ်ားစုကေတာ့ အတတ္ႏိုင္ဆုံး ေသြးေျမက်တာေတြ မျဖစ္ရေအာင္ ေရွာင္က်ဥ္ေလ့ရွိၿပီး ဗီလိန္ေတြကိုလည္း ဖမ္းဆီး႐ုံေလာက္ပဲ ျပဳလုပ္ေလ့ရွိပါတယ္။ ဒါေပမယ့္လည္း ဒီဟီး႐ိုးေတြထဲကပဲ တခ်ိဳ႕အျဖစ္အပ်က္ေတြမွာ သူတို႔ရဲ႕ No Killing Rule ကို ေဖာက္ဖ်က္ခဲ့တာမ်ိဴးေတြ ရွိခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Marvel ဇာတ္ေကာင္ေတြထဲက No Killing Rule ကို ေဖာက္ဖ်က္ခဲ့ဖူးသူ(၅)ေယာက္ကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Spider-Man
photo via cbr

Peter Parker ကေတာ့ နယူးေယာ့ခ္ၿမိဳ႕မွာ ေနထိုင္တဲ့ ၿမိဳ႕ေနျပည္သူေတြကို ဗီလိန္ေတြလက္ထဲကေန ကာကြယ္ေပးေနသူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေကာမစ္တစ္ခုထဲမွာေတာ့ Peter ဟာ ဗီလိန္မဟုတ္ဘဲ အမ်ိဴးသမီးတစ္ေယာက္ကို မေတာ္တဆ သတ္မိခဲ့ဖူးပါတယ္။

အဲ့ဒီေကာမစ္ထဲမွာ Wolverine ဟာ KGB အတြက္ အလုပ္လုပ္ေပးခဲ့တဲ့ Charlie ဆိုတဲ့ အမ်ိဴးသမီးတစ္ေယာက္ကို ကယ္တင္ခဲ့ပါတယ္။ Charlie ဟာ KGB အတြက္ အခ်ိန္ေတြအၾကာႀကီး အလုပ္လုပ္ေပးခဲ့တာေၾကာင့္ ႐ုရွားရဲ႕ လွ်ိဳ႕ဝွက္သတင္းေတြကိုလည္း သိေနပါတယ္။ အဲ့ဒါေၾကာင့္ပဲ KGB ဟာ သူမကို လိုက္လံၿပီး သတ္ျဖတ္ေနပါတယ္။ ေနာက္ပိုင္းမွာေတာ့ Wolverine တစ္ေယာက္တည္းနဲ႔ သူမကို KGB လက္ထဲက မကာကြယ္ႏိုင္ဘူးဆိုတာကို သိသြားခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Charlie ဟာ သူမကို သတ္ပစ္ဖို႔ Wolverine ဆီမွာ ေတာင္းဆိုခဲ့ပါတယ္။ ဒီလိုနဲ႔ Wolverine က သူမကို သတ္ေတာ့မယ့္အခ်ိန္မွာ Spider-Man က ေရာက္လာၿပီး Wolverine ကို လူမသတ္မိေအာင္ တားဆီးခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာ Wolverine ကလည္း သူ႔ရဲ႕ကိစၥထဲကို ဝင္ရႈပ္တယ္ဆိုၿပီး Spider-Man နဲ႔ တိုက္ခိုက္ပါေတာ့တယ္။ Charlie ကလည္း သူ႔ကိုယ္သူ သတ္ေသဖို႔အတြက္ ခ်က္ခ်င္းပဲ အႀကံရသြားပါတယ္။ Spider-Man ဟာ Wolverine နဲ႔ တိုက္ခိုက္ေနတဲ့အခ်ိန္မွာ Charlie ကေတာ့ Spider-Man ရဲ႕ ေနာက္ကို ခုန္ဝင္ၿပီး တိုက္ခိုက္မလို ျပဳလုပ္ခဲ့ပါတယ္။ Spider-Man ကလည္း သူ႔ရဲ႕ spider sense ေၾကာင့္ ေနာက္ထပ္ ရန္သူတစ္ေယာက္က သူ႔ရဲ႕အေနာက္ကေန တိုက္ခိုက္ေတာ့မယ္လို႔ အထင္မွားကာ လွည့္ၿပီးေတာ့ ထိုးလိုက္ပါတယ္။ သို႔ေသာ္လည္း Spider-Man ဟာ သူ ထိုးလိုက္မိသူက ရန္သူမဟုတ္ဘဲ Charlie ျဖစ္ေနတာကို သိလိုက္တဲ့အခ်ိန္မွာေတာ့ ေနာက္က်သြားၿပီျဖစ္ၿပီး Charlie ဟာ ေသဆုံးသြားခဲ့ပါတယ္။

(2) Bucky Barnes
photo via cbr

Bucky ကေတာ့ ပထမကမာၻစစ္ပြဲမွာ တိုက္ခိုက္ခဲ့တာေၾကာင့္ မျဖစ္မေန လူသတ္ခဲ့ရပါတယ္။ ဒါတင္မက အဲ့ဒီကာလကို ေက်ာ္လြန္သြားတဲ့ အခ်ိန္မွာလည္း Hydra ဟာ သူ႔ရဲ႕စိတ္ကို ထိန္းခ်ဳပ္ၿပီး လူသတ္သမားတစ္ေယာက္ ျဖစ္ေအာင္ ျပဳလုပ္ခဲ့ပါတယ္။ Bucky နဲ႔ တကယ္ရင္းႏွီးသူတိုင္းက သူဟာ လူသတ္သမားတစ္ေယာက္ မဟုတ္ဘူးဆိုတာ သိေပမယ့္လည္း Hydra ဟာ သူ႔ကို မေရတြက္ႏိုင္ေလာက္တဲ့ လူေတြအမ်ားႀကီးကို သတ္ျဖတ္ေစခဲ့ပါတယ္။ Bucky ဟာ သူကိုယ္တိုင္က လူမသတ္ခ်င္ေပမယ့္လည္း Hydra ေၾကာင့္ အခ်ိန္အေတာ္ၾကာ လူသတ္သမားတစ္ေယာက္ ျဖစ္ခဲ့ပါတယ္။

(3) Captain America
photo via cbr

Steve ကေတာ့ Marvel ရဲ႕ နာမည္အႀကီးဆုံး ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ Super Soldier Serum ကို မထိုးခင္ကတည္းက သူ႔ရဲ႕စိတ္ဓာတ္ဟာ လူအမ်ား ခ်ီးက်ဴးစရာ ျဖစ္ခဲ့ပါတယ္။ Captain America ျဖစ္ခဲ့ၿပီးေနာက္မွာလည္း သူဟာ ေခါင္းေဆာင္ေကာင္းတစ္ေယာက္နဲ႔ သနားၾကင္နာစိတ္ အျပည့္ရွိသူဆိုတာ လူတိုင္းသိၾကပါတယ္။ ဒါေပမယ့္လည္း သူဟာ ဒုတိယကမာၻစစ္မွာ ပါဝင္တိုက္ခိုက္ခဲ့ၿပီး အေမရိကန္ႏိုင္ငံအတြက္ နာဇီေတြအမ်ားႀကီးကို သတ္ပစ္ခဲ့ရပါတယ္။ Cap ကိုေတာ့ လူသတ္သမားတစ္ေယာက္အေနနဲ႔ ဘယ္လိုမွ ပုံေဖာ္ၾကည့္လို႔ မရေပမယ့္လည္း သူဟာ လူေတြအမ်ားႀကီးကို သတ္ပစ္ခဲ့တယ္ဆိုတာေတာ့ ျငင္းလို႔မရပါဘူး။

(4) Iron Man
photo via cbr

Tony ကေတာ့ သူ႔ရဲ႕တိုးတက္တဲ့ နည္းပညာေတြကို အသုံးျပဳသူျဖစ္ၿပီး ေသြးေအးေအးနဲ႔ လူသတ္တာကို ဘယ္သူမွ မျမင္ခဲ့ဖူးပါဘူး။ သူဟာ ၿဂိဳဟ္သားေတြနဲ႔ သဘာဝလြန္အစြမ္းေတြ ပိုင္ဆိုင္ထားတဲ့ လူသားေတြကို ရန္သူအျဖစ္နဲ႔ ရင္ဆိုင္ခဲ့ဖူးေပမယ့္ အၿမဲတမ္း စိတ္ေအးေအးထားကာ ရင္ဆိုင္ခဲ့ပါတယ္။

ဒါေပမယ့္လည္း သူဟာ Mallen ဆိုတဲ့ ဗီလိန္တစ္ေယာက္နဲ႔ ရင္ဆိုင္ရတဲ့အခ်ိန္မွာေတာ့ မျဖစ္မေန သတ္ပစ္ခဲ့ရပါတယ္။ Mallen ကေတာ့ Super Soldier Serum ကို ဖန္တီးေနသူ ျဖစ္ၿပီး တစ္ရက္မွာေတာ့ FBI စခန္းမွာ ရွိသမွ်လူေတြကို သတ္ပစ္ေနပါတယ္။ အဲ့ဒါေၾကာင့္ပဲ Tony ဟာ အျပစ္မဲ့လူေတြ မေသေစခ်င္တာေၾကာင့္ Mallen ကို ေသနတ္နဲ႔ ပစ္သတ္ခဲ့ပါတယ္။

(5) Daredevil
photo via cbr

Daredevil ကေတာ့ ဘာသာတရား ကိုင္းရႈိင္းတဲ့ ခရစ္ယာန္တစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ ဘယ္သူမဆို ဒုတိယအခြင့္အေရးနဲ႔ ထိုက္တန္တယ္လို႔ ယူဆထားသူ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Shadowland ဆိုတဲ့ ဇာတ္လမ္းထဲမွာေတာ့ Daredevil ဟာ မေကာင္းဆိုးဝါးတစ္ေကာင္ ပူးကပ္တာ ခံလိုက္ရပါတယ္။

အဲ့ဒီေနာက္မွာေတာ့ သူဟာ The Hand အဖြဲ႕ရဲ႕ ေခါင္းေဆာင္ ျဖစ္လာပါတယ္။ ေနာက္ပိုင္းမွာေတာ့ Daredevil ဟာ Bullseye နဲ႔ တိုက္ခိုက္ခဲ့ကာ Bullseye ရဲ႕ ပုခုံးႏွစ္ဘက္လုံးကို အဆစ္လြဲေအာင္ ျပဳလုပ္ခဲ့ၿပီး ႏွလုံးကို sai လို႔ေခၚတဲ့ ဓားနဲ႔ ထိုးသတ္ခဲ့ပါတယ္။ အဲ့ဒီ့အျဖစ္အပ်က္ မတိုင္ခင္တုန္းကေတာ့ Bullseye ဟာ အဲ့ဒီပုံစံအတိုင္းပဲ Elektra ကို သတ္ခဲ့တာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular