HomeCelebs Update NewsInternationalရတနာအစစ်တွေနဲ့ ပြုလုပ်ထားတဲ့ Infinity Stone တွေကို ထုတ်လိုက်တဲ့ Marvel

ရတနာအစစ်တွေနဲ့ ပြုလုပ်ထားတဲ့ Infinity Stone တွေကို ထုတ်လိုက်တဲ့ Marvel

မကြာသေးခင်ကပဲ Marvel စတူဒီယိုဟာ East Continental Gems ဆိုတဲ့ ရတနာကုမ္ပဏီနဲ့ ပူးပေါင်းပြီး ကျောက်မျက်ရတနာအစစ်တွေနဲ့ ဖန်တီးထားတဲ့ Infinity Stone Collection တွေကို ထုတ်လုပ်လိုက်ပါတယ်။ MCU ရဲ့ ပထမဆုံး Phase သုံးခုကိုတော့ Infinity Saga လို့ ခေါ်ပြီး ဒီဇာတ်လမ်းတလျှောက်လုံးမှာ Infinity Stone တွေက အဓိကကျတဲ့နေရာက ပါဝင်ခဲ့ပါတယ်။ Infinity War ထဲမှာလည်း Thanos ဟာ ဒီ Infinity Stone တွေကို အသုံးပြုပြီး Universe ထဲက သက်ရှိတစ်ဝက်ကို ဖျောက်ပစ်ခဲ့ပါတယ်။

photo via screenrant

Infinity Stone ကတော့ ခြောက်လုံးရှိပြီး တစ်ခုချင်းစီဟာ မတူညီတဲ့ အရာတွေကို ကိုယ်စားပြုကြပါတယ်။ အဲဒါကတော့ Space ၊ Reality ၊ Power ၊ Mind ၊ Time နဲ့ Soul တို့ပဲ ဖြစ်ကြပါတယ်။ Guardians of the Galaxy ရုပ်ရှင်ထဲမှာတော့ Collector ဟာ ဒီ Infinity Stone တွေက Big Bang ဖြစ်ရပ်မတိုင်ခင်က ရှိခဲ့တဲ့ Singularity ခြောက်ခုရဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီအစိတ်အပိုင်းတွေကို Cosmic Entity တွေက Stone တွေအဖြစ် ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။

ယခုဆိုရင်တော့ Marvel စတူဒီယိုဟာ East Continental Gems ရတနာကုမ္ပဏီနဲ့ ပူးပေါင်းပြီး Infinity Stone တွေကို ဖန်တီးခဲ့ပါတယ်။ လောလောဆယ်မှာတော့ ပတ္တမြားနဲ့ ပြုလုပ်ထားတဲ့ Reality Stone ပေါင်း (၃၀၀)ကို ကြိုတင်ရောင်းချနေပြီ ဖြစ်ပါတယ်။ Official အရောင်းပြပွဲကတော့ နိုဝင်ဘာလ (၁၅)ရက်နေ့မှာ စတင်သွားမှာ ဖြစ်ပြီး လောလောဆယ်မှာတော့ Stone တစ်ခုကို ဒေါ်လာ (၁၅၀၀၀)ကနေ (၂၀၀၀၀)အထိ တန်ကြေးရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် Stone ခြောက်ခုလုံး ဝယ်ယူသူတွေကတော့ Infinity Gauntlet ကိုပါ ထပ်မံဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

photo via screenrant

Marvel စတူဒီယိုကတော့ MCU Franchise က တဖြည်းဖြည်း ကြီးမားလာတာနဲ့အမျှ ရုပ်ရှင်ဘက်မှာတင် မဟုတ်ဘဲ Merchandise တွေမှာလည်း အောင်မြင်လာပါတယ်။ Marvel စတူဒီယိုဟာ အရုပ်ဘက်မှာဆိုရင်လည်း သာမန် Funko Pop တွေကနေ Life-Size တွေအထိ ထုတ်လုပ်နေပါတယ်။ ယခုထုတ်လုပ်လိုက်တဲ့ Stone တွေဟာလည်း ဈေးကြီးတယ်ဆိုပေမယ့် Collector တွေကတော့ ယခုအချိန်ကတည်းက အပြိုင်အဆိုင် ဝယ်ယူနေကြပြီး ကြိုတင်ရောင်းချထားတဲ့ Reality Stone အလုံး(၃၀၀)ကလည်း Out of Stock ဖြစ်သွားပြီလို့ သိရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular