HomeEntertainmentFilm၂၀၂၃ ခုနှစ်အထိ ထွက်ရှိလာမယ့် Marvel ရုပ်ရှင်ကားအသစ်များ

၂၀၂၃ ခုနှစ်အထိ ထွက်ရှိလာမယ့် Marvel ရုပ်ရှင်ကားအသစ်များ

ယခုနှစ်အတွင်းမှာပဲ Marvel ဟာ ရုပ်ရှင်တွေတင်မကဘဲ ဇာတ်လမ်းတွဲတွေကိုပါ ထုတ်လုပ်လာပြီး ဒီနှစ်အတွင်းမှာပဲ နောက်ထပ် ရုပ်ရှင်နှစ်ကားနဲ့ ဇာတ်လမ်းတွဲတစ်ခု ထပ်မံ ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ သိပ်မကြာခင်တုန်းကတော့ Marvel ဟာ ရိုက်ကူးရေး အချိန်မီ မပြီးနိုင်တာကြောင့် Phase 4 ရုပ်ရှင်ငါးကားကို ရုံတင်ရက်တွေ နောက်ဆုတ်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Marvel ပရိသတ်တွေအတွက် ၂၀၂၃ ခုနှစ်အထိ ထွက်ရှိလာမယ့် ရုပ်ရှင်အသစ်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Eternals
photo via screenrant

ပထမဆုံး ထွက်ရှိလာမှာကတော့ Eternals ပဲ ဖြစ်ပြီး ယခုနှစ် နိုဝင်ဘာလ (၅)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ Eternals တွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၀၀၀)လောက်ကတည်းက ကမ္ဘာပေါ်ကို ရောက်လာကြတာဖြစ်ပြီး သူတို့တွေဟာ လူသားတွေရဲ့ အရေးကိစ္စတွေမှာ ပါဝင်စွက်ဖက်ခြင်း မပြုလုပ်ဖို့ သစ္စာဆိုထားကြပါတယ်။

ဒါပေမယ့်လည်း Endgame ရုပ်ရှင်အပြီးမှာတော့ အကြောင်းအမျိူးမျိူးကြောင့် Deviants တွေဟာ ကမ္ဘာပေါ်ကို ရောက်ရှိလာတာကြောင့် Eternals တွေဟာ မဖြစ်မနေ ဝင်ရောက်စွက်ဖက်ရပါတော့တယ်။ ပါဝင်လာမယ့် သရုပ်ဆောင်တွေကတော့ Gemma Chan ၊ Angelina Jolie ၊ Richard Madden ၊ Kit Harington ၊ Kumail Nanjiani ၊ Lia McHugh ၊ Brian Tyree Henry ၊ Lauren Ridloff ၊ Don Lee နဲ့ Salma Hayek တို့ပဲ ဖြစ်ပါတယ်။

(2) Spider-Man: No Way Home
photo via screenrant

ဒီရုပ်ရှင်ကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားပြီး Tobey Maguire နဲ့ Andrew Garfield တို့ရဲ့ Spider-Man တွေကို မြင်တွေ့ရမယ်လို့ သတင်းတွေ ထွက်နေတာကြောင့် ပရိသတ်တွေက ပိုပြီး Hype နေကြပါတယ်။ Spider-Man: Far From Home ထဲမှာတော့ Spider-Man ဟာ ဘယ်သူလည်းဆိုတာ တစ်ကမ္ဘာလုံးက သိသွားတာကြောင့် ဒီရုပ်ရှင်ထဲမှာတော့ Peter Parker ဟာ Doctor Strange ရဲ့ အကူအညီနဲ့ တစ်ကမ္ဘာလုံးက အဲ့ဒီအဖြစ်အပျက်တွေကို မေ့သွားအောင် ပြုလုပ်ရင်း ဘာတွေဆက်ဖြစ်လာမလည်းဆိုတာ မြင်တွေ့ရမှာပါ။

ဒီရုပ်ရှင်ထဲမှာ ပါဝင်လာမယ်လို့ အတည်ပြုပြီးသား သရုပ်ဆောင်တွေကတော့ Tom Holland ၊ Benedict Cumberbatch ၊ Alfred Molina ၊ Jamie Foxx ၊ Willem Dafoe တို့အပြင် Tom Holland ရဲ့ Spider-Man ရုပ်ရှင်တွေမှာ အရင်ကပါဝင်ခဲ့တဲ့ သရုပ်ဆောင်အများစုလည်း ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ ထွက်ရှိလာမယ့် ရက်ကတော့ ယခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့မှာ ဖြစ်ပါတယ်။

(3) Morbius
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၂၀ ခုနှစ် အစောပိုင်းကတည်းက ရုံတင်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမယ့်လည်း ကိုဗစ်ကြောင့် အကြိမ်ကြိမ် နှောင့်နှေးခဲ့ရတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Michael Morbius ဆိုတဲ့ ဆရာဝန်တစ်ယောက်ဟာ အလွန်ရှားပါးတဲ့ သွေးရောဂါတစ်ခုကို ခံစားနေရပြီး သူ့ကိုယ်သူ ကုသဖို့ ကြိုးစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ မှားယွင်းမှုတွေ ဖြစ်သွားပြီး သူဟာ သွေးစုပ်ဖုတ်ကောင်နဲ့ ဆင်တူတဲ့ လက္ခဏာတွေကို ကြုံတွေ့ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Jared Leto ၊ Adria Arjona ၊ Jared Harris ၊ Tyrese Gibson နဲ့ Michael Keaton တို့ ပါဝင်လာမှာ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(4) Doctor Strange in the Multiverse of Madness
photo via screenrant

ဒီရုပ်ရှင်ကတော့ Doctor Strange ရဲ့ ဒုတိယမြောက် ဆိုလိုရုပ်ရှင် ဖြစ်ပြီး Wanda Maximoff လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကိုတော့ မသိရသေးပေမယ့်လည်း WandaVision ၊ Loki ၊ No Way Home တို့နဲ့ ဆက်စပ်နေမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Benedict Cumberbatch ၊ Elizabeth Olsen ၊ Benedict Wong ၊ Rachel McAdams တို့ ပါဝင်လာဖြစ်ပြီး ၂၀၂၂ ခုနှစ် မေလ (၆)ရက်နေ့မှာ ထွက်လာမှာ ဖြစ်ပါတယ်။

(5) Thor: Love and Thunder
photo via screenrant

ဒီရုပ်ရှင်ကတော့ Thor ရဲ့ လေးကားမြောက် ဆိုလိုရုပ်ရှင် ဖြစ်ပေမယ့်လည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ Jane Foster ဟာ အမျိူးသမီးဗားရှင်း Thor ဖြစ်လာမှာကို မြင်တွေ့ရမှာပါပဲ။ ဒါ့အပြင် Christian Bale ကလည်း Gorr the God Butcher ဆိုတဲ့ ဗီလိန်နေရာမှာ ပါဝင်လာဦးမှာပါ။ ဇာတ်လမ်းအကြောင်းကိုတော့ သေချာမသိရသေးဘဲ ၂၀၂၂ ခုနှစ် ဇူလိုင်လ (၈)ရက်နေ့မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Chris Hemsworth ၊ Natalie Portman နဲ့ Tessa Tompson တို့ ပါဝင်လာမှာပါ။

(6) Black Panther: Wakanda Forever
photo via screenrant

ဒီရုပ်ရှင်ကတော့ Black Panther ရဲ့ ဒုတိယ ဆိုလိုရုပ်ရှင် ဖြစ်ပေမယ့်လည်း T’Challa နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Chadwick Boseman ကတော့ ကွယ်လွန်သွားပြီ ဖြစ်တာကြောင့် ပရိသတ်တွေအတွက်ကတော့ ဒီဇာတ်ကားဟာ လွမ်းဆွတ်ကြေကွဲစရာ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း Marvel ဟာ ဒီရုပ်ရှင်ထဲက T’Challa နေရာမှာ လူစားလည်း မထိုးသလို CGI လည်း သုံးသွားမှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။ ဒါ့အပြင် ဇာတ်ကောင်အသစ်ဖြစ်တဲ့ Namor လည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(7) Spider-Man: Into the Spider-Verse 2
photo via screenrant

ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့တဲ့ Miles Morales ရဲ့ Spider-Man: Into the Spider-Verse ရဲ့ Sequel ကတော့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းတွေကိုတော့ မသိရသေးပေမယ့်လည်း ဂျပန်လူမျိူး Spider-Man လည်း ပါဝင်လာဦးမယ်လို့ သိရပါတယ်။

(8) The Marvels
photo via screenrant

ဒီရုပ်ရှင်ကတော့ Captain Marvel ရဲ့ ဒုတိယမြောက် ဆိုလိုရုပ်ရှင် ဖြစ်ပြီး WandaVision ထဲမှာ ပါဝင်ခဲ့တဲ့ Monica Rambeau နဲ့ Ms. Marvel ဇာတ်လမ်းတွဲထဲမှာ ပါဝင်လာမယ့် Kamala Khan တို့လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို မသိရသေးပေမယ့်လည်း ဒီရုပ်ရှင်ကတော့ Captain Marvel ရုပ်ရှင်လို အတိတ်ကာလမှာ ဇာတ်အိမ်တည်မှာ မဟုတ်ဘဲ ပစ္စပ္ပုန်အချိန်မှာပဲ မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Brie Larson ၊ Teyonah Parris နဲ့ Iman Vellani တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှာ ထွက်ရှိလာမှာပါ။

(9) Kraven The Hunter
photo via screenrant

Kraven ကတော့ Spider-Man ရဲ့ ဗီလိန်တွေထဲကတစ်ယောက် ဖြစ်ပြီး အခုချိန်မှာတော့ Sony ဟာ Venom နဲ့ Morbius တို့လို ဗီလိန်တွေရဲ့ ဆိုလိုရုပ်ရှင်တွေကိုပါ ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ Age of Ultron ထဲမှာ Quicksilver နေရာက ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Aaron Taylor-Johnson ကပဲ Kraven နေရာမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၃)ရက်မှာ ထွက်ရှိလာမှာ ဖြစ်ပြီး အခုထိတော့ ရိုက်ကူးရေး မစတင်သေးပါဘူး။

(10) Guardians of the Galaxy Vol.3
photo via screenrant

ဒီရုပ်ရှင်ကတော့ Guardians of the Galaxy အဖွဲ့သားတွေရဲ့ သုံးကားမြောက်နဲ့ နောက်ဆုံးဖြစ်တဲ့ ဆိုလိုရုပ်ရှင် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာတော့ ကျွန်တော်တို့ သိထားတဲ့ GOTG အဖွဲ့သားတွေထဲက အချို့ကိုတော့ နောက်ဆုံးတွေ့ရတာ ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် ဇာတ်ကောင်အသစ်ဖြစ်တဲ့ Adam Warlock လည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ၂၀၂၃ ခုနှစ် မေလ (၅)ရက်နေ့မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။

(11) Ant-Man and the Wasp: Quantumania
photo via screenrant

ဒီရုပ်ရှင်ကတော့ Ant-Man ရဲ့ တတိယမြောက် ဆိုလိုရုပ်ရှင် ဖြစ်ပြီး အဓိကဗီလိန်အနေနဲ့ကတော့ Loki ဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ခဲ့ရတဲ့ Kang the Conqueror ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Scott Lang ရဲ့ သမီးနေရာမှာတော့ သရုပ်ဆောင်ပြောင်းလဲသွားပြီး Supernatural ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့တဲ့ Kathryn Newton က ပါဝင်လာမှာ ဖြစ်ပါတယ်။ သူမဟာလည်း နောက်ပိုင်းမှာ ဟီးရိုးတစ်ယောက် ဖြစ်လာမှာပါ။ ဒီရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(12) ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့
photo via screenrant

Marvel ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့မှာ ရုပ်ရှင်တစ်ကားကို ရုံတင်သွားဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီနေ့ရက်မှာတော့ ဘယ်ရုပ်ရှင်ကို ရုံတင်သွားမလည်းဆိုတာ တရားဝင် မကြေညာသေးပါဘူး။ ဖြစ်နိုင်ချေ ရှိတာကတော့ Captain America 4 ၊ Deadpool 3 နဲ့ X-Men တွေပဲ ဖြစ်ပြီး ဖြစ်နိုင်ချေအရှိဆုံးလို့ ယူဆရတာကတော့ Blade နဲ့ Fantastic Four တို့ပဲ ဖြစ်ပါတယ်။

(13) Spider-Man: Into the Spider-Verse Spin-Off
photo via screenrant

ဒီ Spin-Off ရုပ်ရှင်ထဲမှာတော့ Spider-Man ရဲ့ အမျိူးသမီးဗားရှင်းတွေကို မြင်တွေ့ရမှာ ဖြစ်ပြီး Spider-Gwen ကိုလည်း ပြန်လည်မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Silk နဲ့ Spider-Woman တို့ကိုလည်း ပရိသတ်တွေနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပြီး လောလောဆယ်မှာ Sony ဟာ ဒီရုပ်ရှင်အတွက် စီစဉ်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ ဘယ်အချိန်မှာ ထွက်ရှိလာမလည်းဆိုတာ မသိရသေးပါဘူး။

(14) Madame Web
photo via screenrant

Sony ဟာ ဒီရုပ်ရှင်အတွက် စီစဉ်မှုတွေ ပြုလုပ်နေတာ ၂၀၁၉ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ Madame Web ရဲ့ နာမည်အရင်းကတော့ Cassandra Web ဖြစ်ပြီး သူမဟာ သန္ဓေပြောင်းလူသားတစ်ယောက် ဖြစ်သလို Spider-Man ရဲ့ မိတ်ဆွေလည်း ဖြစ်ပါတယ်။ သူမဟာ မျက်စိကွယ်နေပေမယ့်လည်း အနာဂတ်ကို မြင်နိုင်တဲ့အစွမ်းကို ပိုင်ဆိုင်ထားပါတယ်။ ဒီရုပ်ရှင်ကလည်း ထွက်ရှိလာမယ့် ရက်အတိအကျကို မသိရသေးပါဘူး။

(15) Jackpot
photo via screenrant

ဒီရုပ်ရှင်ကိုတော့ Sony က ၂၀၂၀ ခုနှစ်ကတည်းက စီစဉ်နေတာ ဖြစ်ပြီး Jackpot ကလည်း Spider-Man ရဲ့ မိတ်ဆွေတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Jackpot ဆိုတဲ့ နာမည်ကို အသုံးပြုသူ နှစ်ယောက် ရှိပြီး ပထမတစ်ယောက်ကတော့ မျိူးရိုးဗီဇ စမ်းသပ်မှုတွေကြောင့် စွမ်းအားတွေ ရရှိသွားတဲ့ Sara Ehret ပဲ ဖြစ်ပါတယ်။

ဒုတိယတစ်ယောက်ကတော့ Alana Jobson ဖြစ်ပြီး သူမဟာ Sara ရဲ့ စွမ်းအားတွေကို ရရှိဖို့အတွက် ဆေးဝါးတွေကို အသုံးပြုခဲ့သူ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကလည်း ထွက်ရှိလာမယ့် ရက်ကို မသိရသေးပါဘူး။ ဒါ့အပြင် Sony ဟာ Sinister Six ရုပ်ရှင်ကိုလည်း ရိုက်ကူးသွားဖို့ အစီအစဉ်ရှိနေတယ်လို့ သိရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular