HomeEntertainmentFilmDisney+ မှာ ပြသသွားမယ့် ဇာတ်လမ်းတွဲအသစ်တွေကို ကြေညာလိုက်တဲ့ Marvel

Disney+ မှာ ပြသသွားမယ့် ဇာတ်လမ်းတွဲအသစ်တွေကို ကြေညာလိုက်တဲ့ Marvel

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel စတူဒီယိုဟာ Disney+ Day ရဲ့ တစိတ်တပိုင်းအနေနဲ့ ဇာတ်လမ်းတွဲအသစ်တွေကို ကြေညာခဲ့ပါတယ်။ ယခု Disney+ Day ကတော့ Marvel ပရိသတ်တွေအတွက် သတင်းကောင်းတွေ ယူဆောင်လာပေးတဲ့ နေ့ရက်တစ်ရက်ဆိုလည်း မမှားပါဘူး။ MCU ရဲ့ Disney+ ဇာတ်လမ်းတွဲတွေဟာ WandaVision နဲ့ စတင်ခဲ့တာ ဖြစ်ပြီး ယခုအချိန်မှာတော့ ဇာတ်လမ်းတွဲ လေးခုထွက်ရှိထားပြီး ငါးခုမြောက်ဖြစ်တဲ့ Hawkeye ကလည်း ယခုလ (၂၄)ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

photo via screenrant
photo via screenrant

ယခုကြေညာသွားတဲ့ ဇာတ်လမ်းတွဲအသစ်တွေထဲမှာတော့ Agatha: House of Harkness လည်း ပါဝင်ပြီး WandaVision ထဲက အဓိကဗီလိန်ဖြစ်တဲ့ Agatha Harkness ရဲ့ Spin-Off ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ Agatha နေရာမှာတော့ Kathryn Hahn ကပဲ ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။

နောက်ထပ် ဇာတ်လမ်းတွဲတစ်ခုကတော့ Echo ပဲ ဖြစ်ပြီး Hawkeye ဇာတ်လမ်းတွဲထဲမှာ ပါဝင်လာမယ့် ဇာတ်ကောင်တစ်ယောက်ရဲ့ Spin-Off ပဲ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကောင်ရဲ့ နာမည်ကတော့ Maya Lopez ပဲ ဖြစ်ပြီး Alaqua Cox က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒါတင်မကသေးဘဲ Animation စီးရီးတွေကိုလည်း ကြေညာခဲ့ပြီး Peter Parker ရဲ့ Origin ကို ကျွန်တော်တို့ မြင်ဖူးခဲ့တာနဲ့ ကွဲပြားနေမယ့် Spider-Man: Freshman Year လည်း ပါဝင်ပါတယ်။ နောက်တစ်ခုကတော့ What If…? ထဲက ဇွန်ဘီအပိုင်းဟာ လူကြိုက်များခဲ့တာကြောင့် Marvel Zombies ဆိုတဲ့ ဇာတ်လမ်းတွဲလည်း ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ X-Men ’97 ပဲ ဖြစ်ပြီး မူလ X-Men ဇာတ်လမ်းတွဲရဲ့ အထင်ကရဖြစ်တဲ့ ၁၉၉၀ ကျော်က Timeline ကို ပြန်လည်ဖန်တီးသွားမှာ ဖြစ်ပါတယ်။

photo via screenrant
photo via screenrant
photo via screenrant

Agatha နဲ့ Echo တို့ရဲ့ Spin-Off ဇာတ်လမ်းတွဲတွေဟာ အစတုန်းက ကောလာဟလအဆင့်လောက်ပဲ ဖြစ်ပေမယ့်လည်း အခုချိန်မှာတော့ Marvel က တရားဝင် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ Agatha ဟာ WandaVision ထဲက လူကြိုက်များခဲ့တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး Echo ကိုတော့ ပရိသတ်တွေက မမြင်ရသေးပါဘူး။

ဒါပေမယ့်လည်း Marvel စတူဒီယိုဟာ ဒီဇာတ်ကောင်က ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်မယ်လို့ ယုံကြည်တာကြောင့် အခုကတည်းက ကြိုတင်ကြေညာထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲတွေကတော့ အခုမှ ကြေညာရုံပဲ ရှိသေးတာကြောင့် ထွက်ရှိလာမယ့် အချိန်တွေကိုတော့ မသိရသေးပါဘူး။

Legos

Source: Screenrant

(Zawgyi Version)

Marvel စတူဒီယိုဟာ Disney+ Day ရဲ့ တစိတ္တပိုင္းအေနနဲ႔ ဇာတ္လမ္းတြဲအသစ္ေတြကို ေၾကညာခဲ့ပါတယ္။ ယခု Disney+ Day ကေတာ့ Marvel ပရိသတ္ေတြအတြက္ သတင္းေကာင္းေတြ ယူေဆာင္လာေပးတဲ့ ေန႔ရက္တစ္ရက္ဆိုလည္း မမွားပါဘူး။ MCU ရဲ့ Disney+ ဇာတ္လမ္းတြဲေတြဟာ WandaVision နဲ႔ စတင္ခဲ့တာ ျဖစ္ၿပီး ယခုအခ်ိန္မွာေတာ့ ဇာတ္လမ္းတြဲ ေလးခုထြက္ရွိထားၿပီး ငါးခုေျမာက္ျဖစ္တဲ့ Hawkeye ကလည္း ယခုလ (၂၄)ရက္ေန႔မွာ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။

photo via screenrant
photo via screenrant

ယခုေၾကညာသြားတဲ့ ဇာတ္လမ္းတြဲအသစ္ေတြထဲမွာေတာ့ Agatha: House of Harkness လည္း ပါဝင္ၿပီး WandaVision ထဲက အဓိကဗီလိန္ျဖစ္တဲ့ Agatha Harkness ရဲ့ Spin-Off ဇာတ္လမ္းတြဲပဲ ျဖစ္ပါတယ္။ Agatha ေနရာမွာေတာ့ Kathryn Hahn ကပဲ ျပန္လည္ပါဝင္လာမွာ ျဖစ္ပါတယ္။

ေနာက္ထပ္ ဇာတ္လမ္းတြဲတစ္ခုကေတာ့ Echo ပဲ ျဖစ္ၿပီး Hawkeye ဇာတ္လမ္းတြဲထဲမွာ ပါဝင္လာမယ့္ ဇာတ္ေကာင္တစ္ေယာက္ရဲ့ Spin-Off ပဲ ျဖစ္ပါတယ္။ အဲ့ဒီဇာတ္ေကာင္ရဲ့ နာမည္ကေတာ့ Maya Lopez ပဲ ျဖစ္ၿပီး Alaqua Cox က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

ဒါတင္မကေသးဘဲ Animation စီးရီးေတြကိုလည္း ေၾကညာခဲ့ၿပီး Peter Parker ရဲ့ Origin ကို ကၽြန္ေတာ္တို႔ ျမင္ဖူးခဲ့တာနဲ႔ ကြဲျပားေနမယ့္ Spider-Man: Freshman Year လည္း ပါဝင္ပါတယ္။ ေနာက္တစ္ခုကေတာ့ What If…? ထဲက ဇြန္ဘီအပိုင္းဟာ လူႀကိဳက္မ်ားခဲ့တာေၾကာင့္ Marvel Zombies ဆိုတဲ့ ဇာတ္လမ္းတြဲလည္း ထြက္ရွိလာဦးမွာ ျဖစ္ပါတယ္။ ေနာက္ဆုံးတစ္ခုကေတာ့ X-Men ’97 ပဲ ျဖစ္ၿပီး မူလ X-Men ဇာတ္လမ္းတြဲရဲ့ အထင္ကရျဖစ္တဲ့ ၁၉၉၀ ေက်ာ္က Timeline ကို ျပန္လည္ဖန္တီးသြားမွာ ျဖစ္ပါတယ္။

photo via screenrant
photo via screenrant
photo via screenrant

Agatha နဲ႔ Echo တို႔ရဲ့ Spin-Off ဇာတ္လမ္းတြဲေတြဟာ အစတုန္းက ေကာလာဟလအဆင့္ေလာက္ပဲ ျဖစ္ေပမယ့္လည္း အခုခ်ိန္မွာေတာ့ Marvel က တရားဝင္ အတည္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။ Agatha ဟာ WandaVision ထဲက လူႀကိဳက္မ်ားခဲ့တဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ၿပီး Echo ကိုေတာ့ ပရိသတ္ေတြက မျမင္ရေသးပါဘူး။

ဒါေပမယ့္လည္း Marvel စတူဒီယိုဟာ ဒီဇာတ္ေကာင္က ပရိသတ္ေတြရဲ့ စိတ္ဝင္စားမွုကို ဖမ္းစားနိုင္မယ္လို႔ ယုံၾကည္တာေၾကာင့္ အခုကတည္းက ႀကိဳတင္ေၾကညာထားတာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲေတြကေတာ့ အခုမွ ေၾကညာ႐ုံပဲ ရွိေသးတာေၾကာင့္ ထြက္ရွိလာမယ့္ အခ်ိန္ေတြကိုေတာ့ မသိရေသးပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular