HomeCelebs Update NewsInternationalပရောဂျက်အသစ် (၃၁) ခုတောင် စီစဉ်နေတယ်ဆိုတဲ့ Marvel

ပရောဂျက်အသစ် (၃၁) ခုတောင် စီစဉ်နေတယ်ဆိုတဲ့ Marvel

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အင်တာဗျူးတစ်ခုမှာတော့ Marvel ဟာ ပရောဂျက်အသစ် (၃၁) ခုတောင် စီစဉ်နေပါတယ်လို့ Marvel Executive Victoria Alonso က အတည်ပြုခဲ့ပါတယ်။ MCU ဟာ အချိန်တွေကြာလာတာနဲ့အမျှ ပရိသတ်တွေလည်း များပြားလာပြီး နှစ်စဉ်ထွက်လာမယ့် ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေကလည်း ပိုမိုများပြားလာခဲ့ပါတယ်။ ယခုနှစ်အတွင်းမှာတောင် ရုပ်ရှင် (၄) ကားနဲ့ ဇာတ်လမ်းတွဲ (၅) ခု ထွက်ရှိလာဦးမှာ ဖြစ်သလို နောက်ထပ်စီစဉ်နေတဲ့ ပရောဂျက်တွေများစွာလည်း ရှိနေပါသေးတယ်။

photo via screenrant

MCU ဟာ ၂၀၀၈ ခုနှစ်မှာ ထွက်ခဲ့တဲ့ Iron Man ရုပ်ရှင်နဲ့ စတင်ခဲ့တာ ဖြစ်ပြီး အဲ့ဒီအချိန်တုန်းက တစ်နှစ်ကို ရုပ်ရှင်တစ်ကား၊ တစ်ခါတစ်ရံမှ နှစ်ကားလောက် ထွက်ရှိခဲ့ပါတယ်။ The Avengers ရုပ်ရှင်ထွက်လာပြီး နောက်မှာတော့ တစ်နှစ်ကို နှစ်ကားနှုန်း ပုံမှန် ထွက်လာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ သုံးကား ထွက်ရှိခဲ့ပြီး ယခုနှစ်မှာတော့ လေးကား ထွက်ရှိလာမှာ ဖြစ်ပါတယ်။ စတူဒီယိုဘက်ကလည်း ဒီလိုမျိူး ဇာတ်လမ်းတွေ ပိုထုတ်လုပ်ပေးနိုင်သလို ပရိသတ်တွေကလည်း အကြိုက်တွေ့နေကြတာကြောင့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်း ပိုပြီးများလာဦးမှာ ဖြစ်ပါတယ်။

Marvel Executive Victoria Alonso ဟာ The Playlist သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Marvel ဟာ ပရောဂျက်အသစ် (၃၁) ခု ဖန်တီးနေပါတယ်လို့ ပြောသွားခဲ့ပါတယ်။ MCU ဟာ Iron Man ရုပ်ရှင်ကနေ Spider-Man: No Way Home အထိဆိုရင် စုစုပေါင်း ရုပ်ရှင် (၃၂) ကား ထုတ်လုပ်ပြီးခဲ့ပြီ ဖြစ်ပြီး ဒီသတင်းအရဆိုရင်တော့ နောက်ထပ်နှစ်အနည်းငယ်အတွင်းမှာတင် MCU ရုပ်ရှင်တွေဟာ နှစ်ဆလောက် များပြားသွားမှာ ဖြစ်ပါတယ်။

photo via screenrant

အဲ့ဒီပရောဂျက် (၃၁) ခုထဲမှာတော့ ပရိသတ်တွေကို ကြေညာထားတာဟာ အနည်းငယ်ပဲ ရှိပါသေးတယ်။ လောလောဆယ် သိထားရသလောက်ဆိုရင် Phase 4 ထဲမှာ ရုပ်ရှင်ဆယ်ကားလောက် ထပ်မံထွက်ရှိလာဦးမှာ ဖြစ်ပြီး Phase 5 ကိုတော့ သေချာမသိရသေးပါဘူး။ ဒါ့အပြင် Disney+ ဇာတ်လမ်းတွဲကလည်း ကိုးခုထပ်မံ ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် Marvel ဟာ ပရိသတ်တွေကို မကြေညာထားတဲ့ ပရောဂျက်တွေများစွာ ရှိသေးတယ်ဆိုတာ သိသာစေပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

အင္တာဗ်ဴးတစ္ခုမွာေတာ့ Marvel ဟာ ပေရာဂ်က္အသစ္ (၃၁) ခုေတာင္ စီစဥ္ေနပါတယ္လို႔ Marvel Executive Victoria Alonso က အတည္ျပဳခဲ့ပါတယ္။ MCU ဟာ အခ်ိန္ေတြၾကာလာတာနဲ႔အမွ် ပရိသတ္ေတြလည္း မ်ားျပားလာၿပီး ႏွစ္စဥ္ထြက္လာမယ့္ ႐ုပ္ရွင္နဲ႔ ဇာတ္လမ္းတြဲေတြကလည္း ပိုမိုမ်ားျပားလာခဲ့ပါတယ္။ ယခုႏွစ္အတြင္းမွာေတာင္ ႐ုပ္ရွင္ (၄) ကားနဲ႔ ဇာတ္လမ္းတြဲ (၅) ခု ထြက္ရွိလာဦးမွာ ျဖစ္သလို ေနာက္ထပ္စီစဥ္ေနတဲ့ ပေရာဂ်က္ေတြမ်ားစြာလည္း ရွိေနပါေသးတယ္။

photo via screenrant

MCU ဟာ ၂၀၀၈ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Iron Man ႐ုပ္ရွင္နဲ႔ စတင္ခဲ့တာ ျဖစ္ၿပီး အဲ့ဒီအခ်ိန္တုန္းက တစ္ႏွစ္ကို ႐ုပ္ရွင္တစ္ကား၊ တစ္ခါတစ္ရံမွ ႏွစ္ကားေလာက္ ထြက္ရွိခဲ့ပါတယ္။ The Avengers ႐ုပ္ရွင္ထြက္လာၿပီး ေနာက္မွာေတာ့ တစ္ႏွစ္ကို ႏွစ္ကားႏႈန္း ပုံမွန္ ထြက္လာခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္မွာေတာ့ သုံးကား ထြက္ရွိခဲ့ၿပီး ယခုႏွစ္မွာေတာ့ ေလးကား ထြက္ရွိလာမွာ ျဖစ္ပါတယ္။ စတူဒီယိုဘက္ကလည္း ဒီလိုမ်ိဴး ဇာတ္လမ္းေတြ ပိုထုတ္လုပ္ေပးႏိုင္သလို ပရိသတ္ေတြကလည္း အႀကိဳက္ေတြ႕ေနၾကတာေၾကာင့္ ေနာက္ပိုင္းမွာေတာ့ တျဖည္းျဖည္း ပိုၿပီးမ်ားလာဦးမွာ ျဖစ္ပါတယ္။

Marvel Executive Victoria Alonso ဟာ The Playlist သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ Marvel ဟာ ပေရာဂ်က္အသစ္ (၃၁) ခု ဖန္တီးေနပါတယ္လို႔ ေျပာသြားခဲ့ပါတယ္။ MCU ဟာ Iron Man ႐ုပ္ရွင္ကေန Spider-Man: No Way Home အထိဆိုရင္ စုစုေပါင္း ႐ုပ္ရွင္ (၃၂) ကား ထုတ္လုပ္ၿပီးခဲ့ၿပီ ျဖစ္ၿပီး ဒီသတင္းအရဆိုရင္ေတာ့ ေနာက္ထပ္ႏွစ္အနည္းငယ္အတြင္းမွာတင္ MCU ႐ုပ္ရွင္ေတြဟာ ႏွစ္ဆေလာက္ မ်ားျပားသြားမွာ ျဖစ္ပါတယ္။

photo via screenrant

အဲ့ဒီပေရာဂ်က္ (၃၁) ခုထဲမွာေတာ့ ပရိသတ္ေတြကို ေၾကညာထားတာဟာ အနည္းငယ္ပဲ ရွိပါေသးတယ္။ ေလာေလာဆယ္ သိထားရသေလာက္ဆိုရင္ Phase 4 ထဲမွာ ႐ုပ္ရွင္ဆယ္ကားေလာက္ ထပ္မံထြက္ရွိလာဦးမွာ ျဖစ္ၿပီး Phase 5 ကိုေတာ့ ေသခ်ာမသိရေသးပါဘူး။ ဒါ့အျပင္ Disney+ ဇာတ္လမ္းတြဲကလည္း ကိုးခုထပ္မံ ထြက္ရွိလာဦးမွာ ျဖစ္ပါတယ္။ ဒီအခ်က္ကို ၾကည့္ျခင္းအားျဖင့္ Marvel ဟာ ပရိသတ္ေတြကို မေၾကညာထားတဲ့ ပေရာဂ်က္ေတြမ်ားစြာ ရွိေသးတယ္ဆိုတာ သိသာေစပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular