HomeCharacterMarvel ရဲ့ ကြောင်တောင်တောင် အနိုင်ဆုံး ခရစ်စမတ်ဇာတ်လမ်းများ

Marvel ရဲ့ ကြောင်တောင်တောင် အနိုင်ဆုံး ခရစ်စမတ်ဇာတ်လမ်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အခုအချိန်ဟာ ဒီဇင်ဘာလနှောင်းပိုင်းကို ရောက်နေပြီဖြစ်လို့ ခရစ်စမတ်ကာလဟာလည်း မကြာခင်မှာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ ဒီလိုအချိန်တွေဟာ လူအစည်ဆုံးအချိန်တွေ ဖြစ်ပြီး လူတိုင်းရဲ့အားလပ်ရက်လည်း ရောက်လာတော့မှာ ဖြစ်တာကြောင့် အားလုံးပျော်ရွှင်ကြရတဲ့အချိန် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်မှာတော့ ကိုဗစ်ကြောင့် အပြင်လည်း သွားလို့မရသလို ဘာမှလုပ်စရာလည်း မရှိတာကြောင့် အပျင်းပြေဖတ်ဖို့အတွက် Marvel ရဲ့ ကောမစ်ထဲက ကြောင်တောင်တောင် အနိုင်ဆုံးနဲ့ အရယ်ရဆုံး ခရစ်စမတ်ဇာတ်လမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Santa Claus ဟာ သန္ဓေပြောင်းလူသား ဖြစ်ပါတယ်။
photo via cbr

Santa Claus နဲ့ ပတ်သက်လာရင် လူတိုင်းသိကြတဲ့အချက်ကတော့ သူဟာ လိမ်မာတဲ့ ကလေးတွေကိုပဲ လက်ဆောင်ပေးတာ ဖြစ်ပါတယ်။ အဲ့ဒါတင်မကသေးဘဲ Marvel ကောမစ်ထဲမှာတော့ Santa ဟာ လိမ်လိမ်မာမာ မနေဘဲ ဆိုးသွမ်းနေတဲ့ လူကြီးတွေကိုပါ အရုပ်အဖြစ် ပြောင်းလဲသွားအောင် ပြုလုပ်နိုင်တဲ့ သန္ဓေပြောင်းလူသားတစ်ယောက် ဖြစ်နေပါတယ်။

Marvel Holiday Special #1 ထဲမှာတော့ Cerebro ဟာ စွမ်းအားအကြီးဆုံး သန္ဓေပြောင်းလူသားတစ်ယောက်ကို Rockefeller Plaza မှာ ထောက်လှမ်းမိသွားပါတယ်။ အဲ့ဒါကြောင့် X-Men တွေဟာ အဲ့ဒီ Plaza ကို အရေးပေါ်သွားရောက်ခဲ့ပြီး လူတိုင်းကို အံ့ဩသွားစေတဲ့ အချက်တစ်ခုကို သိခဲ့ကြပါတယ်။ အဲ့ဒါကတော့ Cerebro က ထောက်လှမ်းမိတဲ့ သန္ဓေပြောင်းလူသားဟာ Santa ဖြစ်နေလို့ပါပဲ။ ဒါပေမယ့်လည်း Santa ဟာ Brotherhood of Mutants အဖွဲ့တွေကို အရုပ်တွေအဖြစ် ပြောင်းလဲပစ်ခဲ့ပြီး X-Men တွေကိုလည်း သူနဲ့တွေ့ဆုံခဲ့တဲ့ မှတ်ဉာဏ်တွေကို ဖျောက်ဖျက်ပစ်ခဲ့ပါတယ်။

(2) ဟစ်တလာဟာ Santa ကို ပြန်ပေးဆွဲခဲ့ဖူးပါတယ်။
photo via cbr

Santa ဟာလည်း Marvel ရဲ့ ဇာတ်ကောင်တွေထဲကတစ်ယောက် ဖြစ်ပြီးတော့ Marvel Age #109 ကောမစ်ထဲမှာတော့ သူဟာ နာဇီတွေနဲ့ တွေ့ဆုံခဲ့ရပါတယ်။ တကယ့်လက်တွေ့ဘဝမှာလည်း နာဇီတွေဟာ ဘယ်တုန်းကမှ ခရစ်စမတ်‌နေ့ကို သဘောမကျခဲ့ကြပါဘူး။ အဲ့ဒါကြောင့်ပဲ ဒီကောမစ်ထဲမှာတော့ ဟစ်တလာဟာ အဲ့ဒီအားလပ်ရက်ကို ဖျက်ဆီးဖို့အတွက် Santa ကို ပြန်ပေးဆွဲသွားပါတယ်။ ဒါပေမယ့်လည်း Captain America နဲ့ Nick Fury တို့ ဦးဆောင်တဲ့ အဖွဲ့ဟာ Santa ကို ကယ်ဆယ်နိုင်ခဲ့ပြီး ခရစ်စမတ်ကို မပျက်စီးသွားအောင် တားဆီးနိုင်ခဲ့ပါတယ်။

(3) Santa ဟာ လူသတ်သမားတစ်ယောက်ကို ဖမ်းဖို့အတွက် She-Hulk ကို ကူညီခဲ့ဖူးပါတယ်။
photo via cbr

DC universe မှာဆိုရင်တော့ Batman ဟာ World’s Greatest Detective ဆိုတဲ့ ဘွဲ့ထူးကို ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ Marvel universe မှာဆိုရင်လည်း World’s Greatest Detective ဆိုတဲ့ ဘွဲ့နာမည်ကို ရရှိထားသူတစ်ယောက် ရှိပါသေးတယ်။ အဲ့ဒါကတော့ တစ်ခြားသူ မဟုတ်ဘဲ Santa ဖြစ်ပြီး ကမ္ဘာပေါ်က ကလေးတွေကို လက်ဆောင်တွေ ပို့စရာမလိုတဲ့အချိန်မှာဆိုရင် သူဟာ Nick St. Christopher ဆိုတဲ့ နာမည်နဲ့ စုံထောက်အဖြစ် နေထိုင်လေ့ရှိပါတယ်။

Sensational She-Hulk ဆိုတဲ့ ကောမစ်ထဲမှာတော့ She-Hulk ဟာ ကွင်းဆက်လူသတ်သမားတစ်ယောက် ပါဝင်နေတဲ့အမှုအကြောင်းကို စုံစမ်းနေပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီလူသတ်သမားကို စုံစမ်းဖို့အတွက် ဘာသက်သေမှ မရှိတာကြောင့် စိတ်ဓာတ်ကျနေပါတယ်။ အဲ့ဒီအချိန်မှာပဲ Christopher ရောက်လာပြီးတော့ အဲ့ဒီအမှုကို ဝင်ရောက်ကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် သူဟာ သူကိုယ်တိုင်နဲ့ She-Hulk ကိုပါ မီးခိုးခေါင်းတိုင်ထဲကို ဝင်ရောက်ဖို့အတွက် ကူညီခဲ့ပါသေးတယ်။

(4) Santa Vs. Hulk
photo via cbr

Incredible Hulk #378 ကောမစ်ထဲမှာတော့ Rhino ဟာ သူ့ရဲ့ဝတ်စုံကို ချွတ်ပြီး Santa ဝတ်စုံကို ဝတ်ကာ Mall တစ်ခုမှာ Santa အဖြစ်နဲ့ နေနေပါတယ်။ ပြဿနာကတော့ Rhino ရဲ့ ပုံစံဟာ တကယ့် Santa အစစ်နဲ့ မတူညီဘူး ဖြစ်နေတာပါပဲ။ သိပ်မကြာခင်မှာပဲ ကလေးတွေဟာ အဲ့ဒီ Santa က တစ်ခုခုမှားနေတယ်ဆိုတာကို သတိထားမိခဲ့သလို Bruce Banner ကလည်း ဒီအချက်ကို သတိထားမိခဲ့ပါတယ်။ အဲ့ဒါကြောင့် Bruce ဟာ Mall ထဲမှာပဲ Hulk အဖြစ် ပြောင်းလဲလိုက်ပြီး Rhino နဲ့ တိုက်ခိုက်ပါတော့တယ်။

သူတို့နှစ်ယောက်ဟာ အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ပြီး သူတို့ရဲ့တိုက်ပွဲကြောင့် ကလေးမလေးတစ်ယောက် ဝမ်းနည်းနေတာကို နှစ်ယောက်လုံးက သတိထားမိသွားပါတယ်။ အဲ့ဒါကြောင့် အဲ့ဒီတစ်ညတာအတွက်တော့ ဟီးရိုးနဲ့ ဗီလိန်ဆိုတာတွေကို ဘေးဖယ်ထားပြီး ကလေးမလေးကို ပျော်ရွှင်စေဖို့အတွက် သူတို့နှစ်ယောက်ဟာ တိုက်ခိုက်တာကို ရပ်တန့်လိုက်ပါတော့တယ်။

ဒါကတော့ Marvel ကောမစ်ထဲက ခရစ်စမတ်နဲ့ပတ်သက်တဲ့ ကြောင်တောင်တောင်အနိုင်ဆုံး ဇာတ်လမ်းတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ သိထားတဲ့ အခြားဇာတ်လမ်းတွေ ရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

အခုအခ်ိန္ဟာ ဒီဇင္ဘာလေႏွာင္းပိုင္းကို ေရာက္ေနၿပီျဖစ္လို႔ ခရစ္စမတ္ကာလဟာလည္း မၾကာခင္မွာ ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ပုံမွန္ဆိုရင္ေတာ့ ဒီလိုအခ်ိန္ေတြဟာ လူအစည္ဆုံးအခ်ိန္ေတြ ျဖစ္ၿပီး လူတိုင္းရဲ႕အားလပ္ရက္လည္း ေရာက္လာေတာ့မွာ ျဖစ္တာေၾကာင့္ အားလုံးေပ်ာ္႐ႊင္ၾကရတဲ့အခ်ိန္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီႏွစ္မွာေတာ့ ကိုဗစ္ေၾကာင့္ အျပင္လည္း သြားလို႔မရသလို ဘာမွလုပ္စရာလည္း မရွိတာေၾကာင့္ အပ်င္းေျပဖတ္ဖို႔အတြက္ Marvel ရဲ႕ ေကာမစ္ထဲက ေၾကာင္ေတာင္ေတာင္ အႏိုင္ဆုံးနဲ႔ အရယ္ရဆုံး ခရစ္စမတ္ဇာတ္လမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(1) Santa Claus ဟာ သေႏၶေျပာင္းလူသား ျဖစ္ပါတယ္။
photo via cbr

Santa Claus နဲ႔ ပတ္သက္လာရင္ လူတိုင္းသိၾကတဲ့အခ်က္ကေတာ့ သူဟာ လိမ္မာတဲ့ ကေလးေတြကိုပဲ လက္ေဆာင္ေပးတာ ျဖစ္ပါတယ္။ အဲ့ဒါတင္မကေသးဘဲ Marvel ေကာမစ္ထဲမွာေတာ့ Santa ဟာ လိမ္လိမ္မာမာ မေနဘဲ ဆိုးသြမ္းေနတဲ့ လူႀကီးေတြကိုပါ အ႐ုပ္အျဖစ္ ေျပာင္းလဲသြားေအာင္ ျပဳလုပ္ႏိုင္တဲ့ သေႏၶေျပာင္းလူသားတစ္ေယာက္ ျဖစ္ေနပါတယ္။

Marvel Holiday Special #1 ထဲမွာေတာ့ Cerebro ဟာ စြမ္းအားအႀကီးဆုံး သေႏၶေျပာင္းလူသားတစ္ေယာက္ကို Rockefeller Plaza မွာ ေထာက္လွမ္းမိသြားပါတယ္။ အဲ့ဒါေၾကာင့္ X-Men ေတြဟာ အဲ့ဒီ Plaza ကို အေရးေပၚသြားေရာက္ခဲ့ၿပီး လူတိုင္းကို အံ့ဩသြားေစတဲ့ အခ်က္တစ္ခုကို သိခဲ့ၾကပါတယ္။ အဲ့ဒါကေတာ့ Cerebro က ေထာက္လွမ္းမိတဲ့ သေႏၶေျပာင္းလူသားဟာ Santa ျဖစ္ေနလို႔ပါပဲ။ ဒါေပမယ့္လည္း Santa ဟာ Brotherhood of Mutants အဖြဲ႕ေတြကို အ႐ုပ္ေတြအျဖစ္ ေျပာင္းလဲပစ္ခဲ့ၿပီး X-Men ေတြကိုလည္း သူနဲ႔ေတြ႕ဆုံခဲ့တဲ့ မွတ္ဉာဏ္ေတြကို ေဖ်ာက္ဖ်က္ပစ္ခဲ့ပါတယ္။

(2) ဟစ္တလာဟာ Santa ကို ျပန္ေပးဆြဲခဲ့ဖူးပါတယ္။
photo via cbr

Santa ဟာလည္း Marvel ရဲ႕ ဇာတ္ေကာင္ေတြထဲကတစ္ေယာက္ ျဖစ္ၿပီးေတာ့ Marvel Age #109 ေကာမစ္ထဲမွာေတာ့ သူဟာ နာဇီေတြနဲ႔ ေတြ႕ဆုံခဲ့ရပါတယ္။ တကယ့္လက္ေတြ႕ဘဝမွာလည္း နာဇီေတြဟာ ဘယ္တုန္းကမွ ခရစ္စမတ္‌ေန႔ကို သေဘာမက်ခဲ့ၾကပါဘူး။ အဲ့ဒါေၾကာင့္ပဲ ဒီေကာမစ္ထဲမွာေတာ့ ဟစ္တလာဟာ အဲ့ဒီအားလပ္ရက္ကို ဖ်က္ဆီးဖို႔အတြက္ Santa ကို ျပန္ေပးဆြဲသြားပါတယ္။ ဒါေပမယ့္လည္း Captain America နဲ႔ Nick Fury တို႔ ဦးေဆာင္တဲ့ အဖြဲ႕ဟာ Santa ကို ကယ္ဆယ္ႏိုင္ခဲ့ၿပီး ခရစ္စမတ္ကို မပ်က္စီးသြားေအာင္ တားဆီးႏိုင္ခဲ့ပါတယ္။

(3) Santa ဟာ လူသတ္သမားတစ္ေယာက္ကို ဖမ္းဖို႔အတြက္ She-Hulk ကို ကူညီခဲ့ဖူးပါတယ္။
photo via cbr

DC universe မွာဆိုရင္ေတာ့ Batman ဟာ World’s Greatest Detective ဆိုတဲ့ ဘြဲ႕ထူးကို ရရွိထားသူတစ္ေယာက္ ျဖစ္ပါတယ္။ Marvel universe မွာဆိုရင္လည္း World’s Greatest Detective ဆိုတဲ့ ဘြဲ႕နာမည္ကို ရရွိထားသူတစ္ေယာက္ ရွိပါေသးတယ္။ အဲ့ဒါကေတာ့ တစ္ျခားသူ မဟုတ္ဘဲ Santa ျဖစ္ၿပီး ကမာၻေပၚက ကေလးေတြကို လက္ေဆာင္ေတြ ပို႔စရာမလိုတဲ့အခ်ိန္မွာဆိုရင္ သူဟာ Nick St. Christopher ဆိုတဲ့ နာမည္နဲ႔ စုံေထာက္အျဖစ္ ေနထိုင္ေလ့ရွိပါတယ္။

Sensational She-Hulk ဆိုတဲ့ ေကာမစ္ထဲမွာေတာ့ She-Hulk ဟာ ကြင္းဆက္လူသတ္သမားတစ္ေယာက္ ပါဝင္ေနတဲ့အမႈအေၾကာင္းကို စုံစမ္းေနပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီလူသတ္သမားကို စုံစမ္းဖို႔အတြက္ ဘာသက္ေသမွ မရွိတာေၾကာင့္ စိတ္ဓာတ္က်ေနပါတယ္။ အဲ့ဒီအခ်ိန္မွာပဲ Christopher ေရာက္လာၿပီးေတာ့ အဲ့ဒီအမႈကို ဝင္ေရာက္ကူညီေပးခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ သူကိုယ္တိုင္နဲ႔ She-Hulk ကိုပါ မီးခိုးေခါင္းတိုင္ထဲကို ဝင္ေရာက္ဖို႔အတြက္ ကူညီခဲ့ပါေသးတယ္။

(4) Santa Vs. Hulk
photo via cbr

Incredible Hulk #378 ေကာမစ္ထဲမွာေတာ့ Rhino ဟာ သူ႔ရဲ႕ဝတ္စုံကို ခြၽတ္ၿပီး Santa ဝတ္စုံကို ဝတ္ကာ Mall တစ္ခုမွာ Santa အျဖစ္နဲ႔ ေနေနပါတယ္။ ျပႆနာကေတာ့ Rhino ရဲ႕ ပုံစံဟာ တကယ့္ Santa အစစ္နဲ႔ မတူညီဘူး ျဖစ္ေနတာပါပဲ။ သိပ္မၾကာခင္မွာပဲ ကေလးေတြဟာ အဲ့ဒီ Santa က တစ္ခုခုမွားေနတယ္ဆိုတာကို သတိထားမိခဲ့သလို Bruce Banner ကလည္း ဒီအခ်က္ကို သတိထားမိခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ Bruce ဟာ Mall ထဲမွာပဲ Hulk အျဖစ္ ေျပာင္းလဲလိုက္ၿပီး Rhino နဲ႔ တိုက္ခိုက္ပါေတာ့တယ္။

သူတို႔ႏွစ္ေယာက္ဟာ အခ်ိန္အေတာ္ၾကာ တိုက္ခိုက္ခဲ့ၿပီး သူတို႔ရဲ႕တိုက္ပြဲေၾကာင့္ ကေလးမေလးတစ္ေယာက္ ဝမ္းနည္းေနတာကို ႏွစ္ေယာက္လုံးက သတိထားမိသြားပါတယ္။ အဲ့ဒါေၾကာင့္ အဲ့ဒီတစ္ညတာအတြက္ေတာ့ ဟီး႐ိုးနဲ႔ ဗီလိန္ဆိုတာေတြကို ေဘးဖယ္ထားၿပီး ကေလးမေလးကို ေပ်ာ္႐ႊင္ေစဖို႔အတြက္ သူတို႔ႏွစ္ေယာက္ဟာ တိုက္ခိုက္တာကို ရပ္တန႔္လိုက္ပါေတာ့တယ္။

ဒါကေတာ့ Marvel ေကာမစ္ထဲက ခရစ္စမတ္နဲ႔ပတ္သက္တဲ့ ေၾကာင္ေတာင္ေတာင္အႏိုင္ဆုံး ဇာတ္လမ္းေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ သိထားတဲ့ အျခားဇာတ္လမ္းေတြ ရွိရင္လည္း ျပန္လည္မွ်ေဝေပးခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular