HomeCharacterGod တွေကိုတောင် အနိုင်ယူခဲ့ဖူးတဲ့ Marvel/DC ဇာတ်ကောင်များ

God တွေကိုတောင် အနိုင်ယူခဲ့ဖူးတဲ့ Marvel/DC ဇာတ်ကောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel/DC ကောမစ်တွေထဲမှာတော့ God တွေများစွာ ရှိကြပါတယ်။ အဲ့ဒီ God တွေထဲမှာတော့ ထုံးစံအတိုင်း ကောင်းတဲ့ God နဲ့ မကောင်းတဲ့ God ဆိုပြီး ရှိပါသေးတယ်။ ပြဿနာကတော့ ကောင်းတဲ့ God တွေဟာလည်း မကောင်းတဲ့ God တွေကို နှိမ်နှင်းလေ့ မရှိတာပါပဲ။ ဒါကြောင့်ပဲ မကောင်းတဲ့ God တွေ လက်ချက်ကြောင့် ဂြိုဟ်တွေ ပျက်စီးတဲ့အထိတောင် ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တချို့ဇာတ်ကောင်တွေကတော့ သူတို့ကိုယ်သူတို့ ကယ်တင်နိုင်ရုံတင်မကဘဲ အဲ့ဒီ God တွေကိုပါ အနိုင်ယူနိုင်ခဲ့ကြပါသေးတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ God ကိုတောင် အနိုင်ယူခဲ့ဖူးတဲ့ Marvel/DC ကောမစ်ထဲက ဇာတ်ကောင်တွေကို ဖော်ပြပေးချင်ပါတယ်။

(10) Aquaman – DC
photo via cbr

Aquaman ကတော့ အတ္တလန်တစ်ရဲ့ဘုရင် ဖြစ်ပြီး ပုံမှန်ဆိုရင်တော့ God တွေနဲ့ တွေ့ဆုံစရာအကြောင်း မရှိပါဘူး။ တစ်ရက်မှာတော့ သူဟာ Poseidon ရဲ့သားဖြစ်သူ Triton ဆိုတဲ့ အိုလံပစ် နတ်ဘုရားနဲ့ တွေ့ဆုံခဲ့ပါတယ်။ Triton ကတော့ Aquaman ကို လျှော့တွက်ပြီး တစ်ယောက်ချင်း တိုက်ခိုက်ဖို့ စိန်ခေါ်ခဲ့ပါတယ်။ ဒီလို လျှော့တွက်ခဲ့တာကြောင့်လည်း Triton ဟာ ရှုံးနိမ့်သွားပြီး အရှက်ကွဲခဲ့ရပါတယ်။ Triton ဟာ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားတာကြောင့် Poseidon ကိုယ်တိုင် ရောက်လာပြီး Aquaman ကို အပြစ်ပေးခဲ့ရပါတယ်။

(9) Thor – Marvel
photo via cbr

Thor ကိုယ်တိုင်ကလည်း နတ်ဘုရားတစ်ယောက် ဖြစ်ပေမယ့် သူဟာ နတ်ဘုရားတိုင်းကို အနိုင်ယူနိုင်လောက်တဲ့အထိတော့ မစွမ်းပါဘူး။ Thor နဲ့ မကြာခဏ တိုက်ခိုက်ခဲ့တဲ့ နတ်ဘုရားကတော့ God of Strength ဖြစ်တဲ့ Hercules ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဒီအတိုင်း တိုက်ခိုက်ကြရင်တော့ လက်ရည်ညီနေပြီး အနိုင်အရှုံး မပေါ်ပါဘူး။ ဒါပေမယ့်လည်း Thor က သူ့ရဲ့စွမ်းအားဖြစ်တဲ့ လျှပ်စီးကို စတင်အသုံးပြုတဲ့အချိန်မှာတော့ Hercules ကို အနိုင်ရရှိခဲ့ပါတယ်။

(8) Batman – DC
photo via cbr

DC ကောမစ်ရဲ့ အကောင်းဆုံး တိုက်ပွဲတစ်ခုထဲမှာတော့ ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် Batman ဟာ Darkseid နဲ့ ရင်ဆိုင်ခဲ့ပါတယ်။ Final Crisis ထဲမှာတော့ Darkseid ဟာ ကမ္ဘာကို ကာကွယ်နေတဲ့ ဟီးရိုးတွေိ အကုန်လုံးနီးပါးကို အနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ Batman ကိုတော့ အသက်ရှင်ခွင့် မပေးခဲ့သင့်ပါဘူး။ Batman ကတော့ သူ့ရဲ့ဉာဏ်ရည်ကို အသုံးပြုခဲ့ပြီး Darkseid ကို သတ်ပစ်နိုင်တဲ့ ကျည်ဆန်ကို ဖန်တီးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Batman ဟာ သူ့ရဲ့ပြီးပြည့်စုံတဲ့ အစီအစဉ်ကို ပြုလုပ်နိုင်ခဲ့ပြီး Darkseid ကို တားဆီးလိုက်နိုင်ပါတယ်။

(7) Black Bolt – Marvel
photo via cbr

Black Bolt ရဲ့ အသံဟာ Marvel universe ထဲက အကြမ်းတမ်းဆုံး လက်နက်တွေထဲကတစ်ခု ဖြစ်ပါတယ်။ Apocalypse က Inhuman တွေနဲ့ ထိပ်တိုက်တွေ့ကြတဲ့အချိန်မှာတော့ Black Bolt ဟာ ရိုးရိုးရှင်းရှင်း အသံတစ်ခုကို အသုံးပြုပြီး အနိုင်ယူခဲ့ပါတယ်။ ဒါ့အပြင် သူရဲ့အသံကို အသုံးပြုပြီးတော့ Celestial တွေ အကုန်လုံးနီးပါးကိုတောင် သတ်မိမလို ဖြစ်ခဲ့ပါသေးတယ်။

(6) Superman – DC
photo via cbr

Superman ဟာ DC universe ထဲက God တွေနဲ့တောင် အင်အားချင်း ယှဉ်ပြိုင်နိုင်စွမ်းရှိသူ ဖြစ်ပါတယ်။ Superman မှာ အားနည်းချက်တွေ ရှိနေပေမယ့်လည်း အဲ့ဒီအားနည်းချက်တွေကို အခွင့်ကောင်းမယူဘဲ မျှမျှတတ တိုက်ခိုက်မယ်ဆိုရင်တော့ သူဟာ အတော်လေး ကြောက်ဖို့ကောင်းတဲ့ ပြိုင်ဘက် ဖြစ်မှာပါ။ Superman ဟာလည်း Darkseid ကို အနိုင်ယူခဲ့ဖူးပြီး Darkseid ရဲ့ Omega Beam ကိုတောင် ကြံ့ကြံ့ခံခဲ့ဖူးပါတယ်။

(5) Deadpool – Marvel
photo via cbr

Deadpool ကတော့ Thor ရဲ့ ပုံစံကို မကြာခဏ အတုခိုးပြီး လိုက်လုပ်ကာ နောက်ပြောင်လေ့ရှိသူ ဖြစ်ပါတယ်။ Thor ကလည်း အဲ့ဒီအချက်ကို လုံးဝ မကြိုက်ပါဘူး။ တစ်ရက်မှာတော့ Thor ဟာ Deadpool ကို အနိုင်ယူခဲ့ပြီး အဲ့ဒီအချိန်မှာပဲ  Deadpool ဟာ အကြံတစ်ခု ရသွားခဲ့ပါတယ်။ Pym Particle တွေကို အသုံးပြုပြီး Mjolnir ကို အကြီးကြီးဖြစ်အောင် ပြုလုပ်လိုက်ကာ အဲ့ဒါနဲ့ Thor ကို အနိုင်ယူခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကတော့  non-canon ကောမစ်ထဲမှာ ဖြစ်ခဲ့တာပါ။

(4) Wonder Woman – DC
photo via cbr

Diana ကတော့ သူမရဲ့တစ်ဘဝလုံးနီးပါး အိုလံပစ်နတ်ဘုရားတွေနဲ့ ဆက်ဆံလာရတာ ဖြစ်ပါတယ်။ ဒါ့အပြင် Diana နဲ့ Ares တို့ဟာ မကြာခဏ တိုက်ခိုက်လေ့ရှိပြီး သူမဟာ အမြဲလိုလို အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒီထဲကမှ အထူးခြားဆုံးကတော့ သူမဟာ Ares ရဲ့ ခေါင်းကို နှစ်ခြမ်း ခွဲလိုက်တာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ Ares ဟာ Themyscira ကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ Diana ဟာ ထိန်းချုပ်မှု လွတ်သွားပြီး Ares ရဲ့ ခေါင်းကို ပုဆိန်နဲ့ နှစ်ခြမ်းခွဲပစ်လိုက်ပါတယ်။

(3) Sentry – Marvel
photo via cbr

Sentry ကတော့ တစ်ချိန်တုန်းက Norman Osborn ရဲ့ Avengers အဖွဲ့ထဲမှာ ပါဝင်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ ဂရိနတ်ဘုရားဖြစ်တဲ့ Ares ဟာ Norman Osborn ရဲ့ မကောင်းတဲ့ အကြံအစည်တွေကို သိသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ Ares ဟာ Norman ကို သတ်ဖို့ စဉ်းစားခဲ့ပေမယ့်လည်း အဲ့ဒီအချိန်မှာ Sentry ရှိနေပြီး Ares ကို သာမန်လူသားတစ်ယောက်လိုပဲ အနိုင်ယူလိုက်ပါတယ်။ အနိုင်ယူလိုက်တဲ့ပုံကတော့ လူအများရဲ့ရှေ့မှာ Ares ကို နှစ်ခြမ်း ဆွဲဖြဲလိုက်တာ ဖြစ်ပါတယ်။

(2) Spectre – DC
photo via cbr

DC ရဲ့ Spirit of Vengeance လို့ ပြောလို့ရတဲ့ Spectre ဟာ DC ရဲ့ God တစ်ယောက်လို့ သတ်မှတ်ခံထားရတဲ့ Shazam နဲ့ တိုက်ခိုက်ခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အလွန်ခံနိုင်ရည် မြင့်မားကြသလို တိုက်ပွဲမှာလည်း သူမသာ ကိုယ်မသာ ဖြစ်နေခဲ့ပါတယ်။ အစတုန်းကတော့ နှစ်ယောက်လုံးဟာ လက်ရည်ညီသလို ဖြစ်နေပြီး နောက်ဆုံးမှာတော့ Spectre ဟာ ရုတ်တရက် Shazam ကို အနိုင်ပိုင်းလိုက်နိုင်ပါတယ်။

(1) Orion – DC
photo via cbr

Orion ကတော့ Darkseid ရဲ့သား ဖြစ်နေပေမယ့်လည်း စွမ်းအားနေရာမှာတော့ Darkseid ကို လုံးဝမမီပါဘူး။ Orion ဟာ Darkseid လို ဗီလိန်တစ်ယောက် ဖြစ်မလာဘဲ ဟီးရိုး ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် တိုက်ပွဲတစ်ခုမှာတော့ Orion ဟာ Darkseid ရဲ့ နှလုံးကို ဆွဲထုတ်ပြီး အနိုင်ယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ စွမ်းအားတွေကလည်း ပိုပြီး တိုးတက်လာခဲ့ပါတယ်။ Orion ဟာလည်း New God တွေထဲကတစ်ယောက် ဖြစ်ပါတယ်။

ဒါကတော့ God ကိုတောင် အနိုင်ယူခဲ့ဖူးတဲ့ Marvel နဲ့ DC က ဟီးရိုးတွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & See First လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Marvel/DC ေကာမစ္ေတြထဲမွာေတာ့ God ေတြမ်ားစြာ ရွိၾကပါတယ္။ အဲ့ဒီ God ေတြထဲမွာေတာ့ ထုံးစံအတိုင္း ေကာင္းတဲ့ God နဲ႔ မေကာင္းတဲ့ God ဆိုၿပီး ရွိပါေသးတယ္။ ျပႆနာကေတာ့ ေကာင္းတဲ့ God ေတြဟာလည္း မေကာင္းတဲ့ God ေတြကို ႏွိမ္ႏွင္းေလ့ မရွိတာပါပဲ။ ဒါေၾကာင့္ပဲ မေကာင္းတဲ့ God ေတြ လက္ခ်က္ေၾကာင့္ ၿဂိဳဟ္ေတြ ပ်က္စီးတဲ့အထိေတာင္ ျဖစ္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း တခ်ိဳ႕ဇာတ္ေကာင္ေတြကေတာ့ သူတို႔ကိုယ္သူတို႔ ကယ္တင္ႏိုင္႐ုံတင္မကဘဲ အဲ့ဒီ God ေတြကိုပါ အႏိုင္ယူႏိုင္ခဲ့ၾကပါေသးတယ္။ ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ God ကိုေတာင္ အႏိုင္ယူခဲ့ဖူးတဲ့ Marvel/DC ေကာမစ္ထဲက ဇာတ္ေကာင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(10) Aquaman – DC
photo via cbr

Aquaman ကေတာ့ အတၱလန္တစ္ရဲ႕ဘုရင္ ျဖစ္ၿပီး ပုံမွန္ဆိုရင္ေတာ့ God ေတြနဲ႔ ေတြ႕ဆုံစရာအေၾကာင္း မရွိပါဘူး။ တစ္ရက္မွာေတာ့ သူဟာ Poseidon ရဲ႕သားျဖစ္သူ Triton ဆိုတဲ့ အိုလံပစ္ နတ္ဘုရားနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ Triton ကေတာ့ Aquaman ကို ေလွ်ာ့တြက္ၿပီး တစ္ေယာက္ခ်င္း တိုက္ခိုက္ဖို႔ စိန္ေခၚခဲ့ပါတယ္။ ဒီလို ေလွ်ာ့တြက္ခဲ့တာေၾကာင့္လည္း Triton ဟာ ရႈံးနိမ့္သြားၿပီး အရွက္ကြဲခဲ့ရပါတယ္။ Triton ဟာ ဆိုးဆိုး႐ြား႐ြား ရႈံးနိမ့္သြားတာေၾကာင့္ Poseidon ကိုယ္တိုင္ ေရာက္လာၿပီး Aquaman ကို အျပစ္ေပးခဲ့ရပါတယ္။

(9) Thor – Marvel
photo via cbr

Thor ကိုယ္တိုင္ကလည္း နတ္ဘုရားတစ္ေယာက္ ျဖစ္ေပမယ့္ သူဟာ နတ္ဘုရားတိုင္းကို အႏိုင္ယူႏိုင္ေလာက္တဲ့အထိေတာ့ မစြမ္းပါဘူး။ Thor နဲ႔ မၾကာခဏ တိုက္ခိုက္ခဲ့တဲ့ နတ္ဘုရားကေတာ့ God of Strength ျဖစ္တဲ့ Hercules ပဲ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ဒီအတိုင္း တိုက္ခိုက္ၾကရင္ေတာ့ လက္ရည္ညီေနၿပီး အႏိုင္အရႈံး မေပၚပါဘူး။ ဒါေပမယ့္လည္း Thor က သူ႔ရဲ႕စြမ္းအားျဖစ္တဲ့ လွ်ပ္စီးကို စတင္အသုံးျပဳတဲ့အခ်ိန္မွာေတာ့ Hercules ကို အႏိုင္ရရွိခဲ့ပါတယ္။

(8) Batman – DC
photo via cbr

DC ေကာမစ္ရဲ႕ အေကာင္းဆုံး တိုက္ပြဲတစ္ခုထဲမွာေတာ့ ကမာၻႀကီးကို ကယ္တင္ဖို႔အတြက္ Batman ဟာ Darkseid နဲ႔ ရင္ဆိုင္ခဲ့ပါတယ္။ Final Crisis ထဲမွာေတာ့ Darkseid ဟာ ကမာၻကို ကာကြယ္ေနတဲ့ ဟီး႐ိုးေတြိ အကုန္လုံးနီးပါးကို အႏိုင္ယူခဲ့ပါတယ္။ ဒါေပမယ့္လည္း သူဟာ Batman ကိုေတာ့ အသက္ရွင္ခြင့္ မေပးခဲ့သင့္ပါဘူး။ Batman ကေတာ့ သူ႔ရဲ႕ဉာဏ္ရည္ကို အသုံးျပဳခဲ့ၿပီး Darkseid ကို သတ္ပစ္ႏိုင္တဲ့ က်ည္ဆန္ကို ဖန္တီးခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ Batman ဟာ သူ႔ရဲ႕ၿပီးျပည့္စုံတဲ့ အစီအစဥ္ကို ျပဳလုပ္ႏိုင္ခဲ့ၿပီး Darkseid ကို တားဆီးလိုက္ႏိုင္ပါတယ္။

(7) Black Bolt – Marvel
photo via cbr

Black Bolt ရဲ႕ အသံဟာ Marvel universe ထဲက အၾကမ္းတမ္းဆုံး လက္နက္ေတြထဲကတစ္ခု ျဖစ္ပါတယ္။ Apocalypse က Inhuman ေတြနဲ႔ ထိပ္တိုက္ေတြ႕ၾကတဲ့အခ်ိန္မွာေတာ့ Black Bolt ဟာ ႐ိုး႐ိုးရွင္းရွင္း အသံတစ္ခုကို အသုံးျပဳၿပီး အႏိုင္ယူခဲ့ပါတယ္။ ဒါ့အျပင္ သူရဲ႕အသံကို အသုံးျပဳၿပီးေတာ့ Celestial ေတြ အကုန္လုံးနီးပါးကိုေတာင္ သတ္မိမလို ျဖစ္ခဲ့ပါေသးတယ္။

(6) Superman – DC
photo via cbr

Superman ဟာ DC universe ထဲက God ေတြနဲ႔ေတာင္ အင္အားခ်င္း ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိသူ ျဖစ္ပါတယ္။ Superman မွာ အားနည္းခ်က္ေတြ ရွိေနေပမယ့္လည္း အဲ့ဒီအားနည္းခ်က္ေတြကို အခြင့္ေကာင္းမယူဘဲ မွ်မွ်တတ တိုက္ခိုက္မယ္ဆိုရင္ေတာ့ သူဟာ အေတာ္ေလး ေၾကာက္ဖို႔ေကာင္းတဲ့ ၿပိဳင္ဘက္ ျဖစ္မွာပါ။ Superman ဟာလည္း Darkseid ကို အႏိုင္ယူခဲ့ဖူးၿပီး Darkseid ရဲ႕ Omega Beam ကိုေတာင္ ႀကံ့ႀကံ့ခံခဲ့ဖူးပါတယ္။

(5) Deadpool – Marvel
photo via cbr

Deadpool ကေတာ့ Thor ရဲ႕ ပုံစံကို မၾကာခဏ အတုခိုးၿပီး လိုက္လုပ္ကာ ေနာက္ေျပာင္ေလ့ရွိသူ ျဖစ္ပါတယ္။ Thor ကလည္း အဲ့ဒီအခ်က္ကို လုံးဝ မႀကိဳက္ပါဘူး။ တစ္ရက္မွာေတာ့ Thor ဟာ Deadpool ကို အႏိုင္ယူခဲ့ၿပီး အဲ့ဒီအခ်ိန္မွာပဲ  Deadpool ဟာ အႀကံတစ္ခု ရသြားခဲ့ပါတယ္။ Pym Particle ေတြကို အသုံးျပဳၿပီး Mjolnir ကို အႀကီးႀကီးျဖစ္ေအာင္ ျပဳလုပ္လိုက္ကာ အဲ့ဒါနဲ႔ Thor ကို အႏိုင္ယူခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ကေတာ့  non-canon ေကာမစ္ထဲမွာ ျဖစ္ခဲ့တာပါ။

(4) Wonder Woman – DC
photo via cbr

Diana ကေတာ့ သူမရဲ႕တစ္ဘဝလုံးနီးပါး အိုလံပစ္နတ္ဘုရားေတြနဲ႔ ဆက္ဆံလာရတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Diana နဲ႔ Ares တို႔ဟာ မၾကာခဏ တိုက္ခိုက္ေလ့ရွိၿပီး သူမဟာ အၿမဲလိုလို အႏိုင္ရရွိခဲ့ပါတယ္။ အဲ့ဒီထဲကမွ အထူးျခားဆုံးကေတာ့ သူမဟာ Ares ရဲ႕ ေခါင္းကို ႏွစ္ျခမ္း ခြဲလိုက္တာပဲ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Ares ဟာ Themyscira ကို တိုက္ခိုက္ဖို႔ စီစဥ္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Diana ဟာ ထိန္းခ်ဳပ္မႈ လြတ္သြားၿပီး Ares ရဲ႕ ေခါင္းကို ပုဆိန္နဲ႔ ႏွစ္ျခမ္းခြဲပစ္လိုက္ပါတယ္။

(3) Sentry – Marvel
photo via cbr

Sentry ကေတာ့ တစ္ခ်ိန္တုန္းက Norman Osborn ရဲ႕ Avengers အဖြဲ႕ထဲမွာ ပါဝင္ခဲ့ဖူးပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဂရိနတ္ဘုရားျဖစ္တဲ့ Ares ဟာ Norman Osborn ရဲ႕ မေကာင္းတဲ့ အႀကံအစည္ေတြကို သိသြားခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Ares ဟာ Norman ကို သတ္ဖို႔ စဥ္းစားခဲ့ေပမယ့္လည္း အဲ့ဒီအခ်ိန္မွာ Sentry ရွိေနၿပီး Ares ကို သာမန္လူသားတစ္ေယာက္လိုပဲ အႏိုင္ယူလိုက္ပါတယ္။ အႏိုင္ယူလိုက္တဲ့ပုံကေတာ့ လူအမ်ားရဲ႕ေရွ႕မွာ Ares ကို ႏွစ္ျခမ္း ဆြဲၿဖဲလိုက္တာ ျဖစ္ပါတယ္။

(2) Spectre – DC
photo via cbr

DC ရဲ႕ Spirit of Vengeance လို႔ ေျပာလို႔ရတဲ့ Spectre ဟာ DC ရဲ႕ God တစ္ေယာက္လို႔ သတ္မွတ္ခံထားရတဲ့ Shazam နဲ႔ တိုက္ခိုက္ခဲ့ဖူးပါတယ္။ သူတို႔ႏွစ္ေယာက္လုံးဟာ အလြန္ခံႏိုင္ရည္ ျမင့္မားၾကသလို တိုက္ပြဲမွာလည္း သူမသာ ကိုယ္မသာ ျဖစ္ေနခဲ့ပါတယ္။ အစတုန္းကေတာ့ ႏွစ္ေယာက္လုံးဟာ လက္ရည္ညီသလို ျဖစ္ေနၿပီး ေနာက္ဆုံးမွာေတာ့ Spectre ဟာ ႐ုတ္တရက္ Shazam ကို အႏိုင္ပိုင္းလိုက္ႏိုင္ပါတယ္။

(1) Orion – DC
photo via cbr

Orion ကေတာ့ Darkseid ရဲ႕သား ျဖစ္ေနေပမယ့္လည္း စြမ္းအားေနရာမွာေတာ့ Darkseid ကို လုံးဝမမီပါဘူး။ Orion ဟာ Darkseid လို ဗီလိန္တစ္ေယာက္ ျဖစ္မလာဘဲ ဟီး႐ိုး ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ တိုက္ပြဲတစ္ခုမွာေတာ့ Orion ဟာ Darkseid ရဲ႕ ႏွလုံးကို ဆြဲထုတ္ၿပီး အႏိုင္ယူႏိုင္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူ႔ရဲ႕ စြမ္းအားေတြကလည္း ပိုၿပီး တိုးတက္လာခဲ့ပါတယ္။ Orion ဟာလည္း New God ေတြထဲကတစ္ေယာက္ ျဖစ္ပါတယ္။

ဒါကေတာ့ God ကိုေတာင္ အႏိုင္ယူခဲ့ဖူးတဲ့ Marvel နဲ႔ DC က ဟီး႐ိုးေတြပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & See First လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular