HomeCharacterMarvel ပရိသတ်တွေ သိထားသင့်တဲ့ ကောမစ်ထဲက Lady Death ရဲ့ အကြောင်းများ

Marvel ပရိသတ်တွေ သိထားသင့်တဲ့ ကောမစ်ထဲက Lady Death ရဲ့ အကြောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Lady Death ဟာ အခုချိန်ထိတော့ MCU ထဲမှာ မပါဝင်လာသေးတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ သူမဟာ Thanos နဲ့ Deadpool တို့လို ဇာတ်ကောင်တွေနဲ့ ပတ်သက်မှုတွေ ရှိပြီး Thanos ရဲ့ Infinity Stone တွေကို စွဲလမ်းနေရတဲ့ အကြောင်းကလည်း သူမကြောင့်ပဲ ဖြစ်ပါတယ်။ သူမရဲ့ တခြားစိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

(1) Death ဟာ ဘယ်တုန်းကမှ မမွေးဖွားခဲ့ပါဘူး။
photo via cbr

One-Above-All ဟာ Multiverse ကြီးကို ဖန်တီးခဲ့ပြီး နောက်မှာတော့ Time ၊ Space ၊ Emotion ၊ Life နဲ့ တခြားအရာတွေကို ကိုယ်စားပြုတဲ့ Cosmic Entity တွေဟာ သူ့အလိုလို ဖြစ်ပေါ်လာကြပါတယ်။ Death ဟာလည်း အဲ့ဒီ Cosmic Entity တွေထဲမှာ အပါအဝင် ဖြစ်ပြီး Infinity ၊ Oblivion ၊ Mistress Love ၊ The Phoenix Force တို့နဲ့ တခြား Entity တွေလည်း ပါဝင်ပါသေးတယ်။ သူ့ရဲ့ နာမည်အတိုင်းပဲ Lady Death ကတော့ သေခြင်းတရားရဲ့ Entity တစ်ခုဖြစ်ပြီး သူမနဲ့ လုံးဝဆန့်ကျင်ဘက် Entity ကတော့ သက်ရှိတွေရဲ့ ဖြစ်တည်မှုကို ကိုယ်စားပြုတဲ့ Eternity ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Lady Death ဟာ သူမကိုယ်တိုင်က သေခြင်းတရား ဖြစ်နေတာကြောင့် ဘာလက်နက်မှ အသုံးပြုစရာ မလိုပါဘူး။

(2) သူမရဲ့ ပုံစံကို ကိုယ်တိုင် ရွေးချယ်ထားတာ ဖြစ်ပါတယ်။
photo via cbr

Death ဟာ များသောအားဖြင့် လူသား အမျိူးသမီးတစ်ယောက်ရဲ့ ပုံစံကို အသွင်ယူထားပါတယ်။ အလွယ်ပြောရရင်တော့ အမျိူးသမီးခန္ဓာကိုယ်မှာ အရိုးခေါင်းတပ်ထားသလိုပဲ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်လည်း သူ့ကို Lady Death လို့ ခေါ်ဆိုတာပါ။ ဒါ့အပြင် သေဆုံးတော့မယ့် တချို့လူတွေဆီကို သူတို့ရဲ့ မိသားစုဝင်၊ သို့မဟုတ် ချစ်ခင်ရသူ တစ်ယောက်ရဲ့ ပုံစံကို အသွင်ယူပြီးတော့ Death ဟာ ရောက်လာလေ့ ရှိပါတယ်။

(3) သူမကို နားလည်နိုင်ဖို့အတွက် စကားလုံးတွေနဲ့ ဖော်ပြဖို့ မဖြစ်နိုင်ပါဘူး။
photo via cbr

လူသားတွေဟာ အလင်းနဲ့ အပူအချိန်ကို တိုင်းတာနိုင်ပေမယ့်လည်း အမှောင်နဲ့ အအေးဓာတ်ကိုတော့ မတိုင်းတာနိုင်ပါဘူး။ ဒါကြောင့် အလင်းနဲ့ အပူချိန်ရဲ့ အတိုင်းအတာကို ပြောင်းပြန် အသုံးပြုရပါတယ်။ အဲ့ဒီလိုပဲ သေခြင်းတရားကိုလည်း တိုင်းတာလို့ မရနိုင်သလို သူမကိုလည်း နားလည်နိုင်ဖို့ အလွန်ခက်ခဲပါတယ်။ အပေါ်မှာ ဖော်ပြထားသလိုပဲ တခြား Cosmic Entity တွေဟာ သူတို့ရဲ့ လိုအင်ဆန္ဒတွေ ပြည့်ဝဖို့ အစီအစဉ်တွေ ရှိကြပေမယ့်လည်း Lady Death ကတော့ သူမရဲ့ တာဝန်ကို ကျေပွန်အောင် ပြုလုပ်နေပါတယ်။ ဒါ့အပြင် သူမမှာ လိုအင်ဆန္ဒတွေ ရှိ၊မရှိကိုလည်း ဘယ်တုန်းကမှ ထုတ်ဖော်ပြသလေ့ မရှိဘဲ အမြဲတမ်း အေးတိအေးစက်နဲ့ သူမရဲ့ တာဝန်ကိုပဲ ပြုလုပ်နေပါတယ်။

(4) Lady Death နဲ့ Thanos
photo via cbr

Thanos ဟာ Marvel ကောမစ်ထဲမှာရော၊ MCU ထဲမှာပါ အလွန် စွမ်းအားကြီးမားသူတစ်ယောက် ဖြစ်ပြီး သူ လိုချင်တဲ့ အရာများစွာကို အောင်မြင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ Thanos ဟာ အခုလိုမျိူး ဗီလိန်ဖြစ်လာရတဲ့ အကြောင်းရင်းကတော့ သူ့ရဲ့ငယ်ဘဝမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက Thanos ဟာ Titan ဂြိုဟ်ပေါ်က သာမန်ကလေးတစ်ယောက်ပဲ ဖြစ်ပြီး တစ်ရက်မှာတော့ Lady Death နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီအချိန်ကစတင်ပြီး Thanos ဟာ Lady Death ကို စွဲလမ်းသွားကာ သူမရဲ့ အချစ်ကို ရယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း Lady Death ကတော့ Thanos သာ Cosmos တစ်ခုလုံးရဲ့ သမိုင်းမှာ အကြီးမားဆုံး ဖျက်ဆီးသူတစ်ယောက် ဖြစ်လာခဲ့ရင် ပြန်ချစ်ပေးမယ်လို့ အပေးအယူလုပ်ပြီး Thanos ကို အသုံးချခဲ့ပါတယ်။ Thanos ကလည်း အစပိုင်းမှာတော့ Lady Death ကို စိတ်ကျေနပ်စေဖို့အတွက် ဗီလိန်ဖြစ်လာပေမယ့်လည်း နောက်ပိုင်းမှာတော့ Thanos ကိုယ်တိုင်ကိုက ဒီလိုမျိူး ဗီလိန်ဖြစ်နေရတာကို သဘောကျလာပါတော့တယ်။

(5) အသုံးချခံ Thanos
photo via cbr

ကောမစ်ထဲမှာတော့ Thanos က Infinity Stone တွေကို လိုက်လံ ရှာဖွေစုဆောင်းခဲ့ရတဲ့ အကြောင်းရင်းဟာ Lady Death ကြောင့်ပဲ ဖြစ်ပါတယ်။ အသက်ရှင်သန်နေတဲ့ သက်ရှိတွေဟာ သေဆုံးသူတွေထက် အလွန်များနေတယ်လို့ Lady Death က Thanos ကို ပြောခဲ့ပါတယ်။ ဒါကြောင့်ပဲ Lady Death ဟာ ရှင်သန်နေသူတွေနဲ့ သေဆုံးသူတွေကို ညီမျှသွားအောင် ပြုလုပ်ပေးပါလို့ Thanos ကို တောင်းဆိုခဲ့ပါတယ်။

အဲ့ဒီအချိန်မှာတော့ Thanos ဟာ ဘယ်လိုဆုတောင်းမျိူးပဲဖြစ်ဖြစ်၊ ပြည့်စေနိုင်တဲ့ Infinity Stone တွေကို စတင်ရှာဖွေပါတော့တယ်။ Infinity Stone ခြောက်ခုလုံး ရှာတွေ့သွားတဲ့ အချိန်မှာတော့ တည်ရှိနေတဲ့ သက်ရှိအားလုံးရဲ့ ငါးဆယ်ရာခိုင်နှုန်းကို ဖြစ်တည်မှုတွေကနေ ဖျောက်ဖျက်ပစ်လိုက်ပါတယ်။ Lady Death ကတော့ သေခြင်းတရားကိုပဲ လိုချင်တာကြောင့် အဲ့ဒီအဖြစ်အပျက် ပြီးသွားတဲ့အချိန်မှာတောင် Thanos ဟာ Lady Death ရဲ့ မျက်နှာသာပေးခြင်းကို မခံခဲ့ရပါဘူး။

(6) Lady Death နဲ့ Deadpool
photo via cbr

Deadpool နဲ့ Lady Death တို့ နှစ်ယောက်ကိုတော့ LDRS တွေလို့ ပြောလို့ရပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေ ရှိနေပေမယ့်လည်း ဘယ်တော့မှ ဆုံစည်းနိုင်မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ Deadpool သေသွားတော့မှသာ သူတို့နှစ်ယောက်အတူ ရှိနိုင်မှာ ဖြစ်ပြီး Deadpool ကတော့ မသေမျိူး ဖြစ်နေပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်နေတာတောင် Lady Death ဟာ Deadpool နဲ့အတူ ရှိနိုင်မယ့် နေ့ရက်ကို စောင့်မျှော်နေပြီး Deadpool ကလည်း Lady Death ကို သတိရတိုင်း သူ့ရဲ့ခေါင်းကို သေနတ်နဲ့ ပစ်ပြီး သတ်သေလေ့ရှိပါတယ်။

Deadpool ဟာ မသေမျိူး ဖြစ်တာကြောင့် သေနတ်နဲ့ ပစ်လိုက်ရင်လည်း သေဆုံးသွားတာတော့ မဟုတ်ပါဘူး။ သို့ပေမယ့်လည်း ဒီလိုအချိန်မျိုးကသာ သေခြင်းတရားနဲ့ အနီးစပ်ဆုံး ဖြစ်တာကြောင့် Lady Death ရဲ့ အငွေ့အသက်ကို ခံစားရလို့ ဖြစ်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ အချက်တစ်ခုကတော့ Deadpool ရဲ့ စွမ်းအားဟာ ခြေတွေ၊ လက်တွေ ပြတ်သွားရင်တောင် အသစ်ပြန်ပေါက်လာပေမယ့်လည်း အဲ့ဒီစွမ်းအားကြောင့် မသေမျိူး ဖြစ်နေတာ မဟုတ်ပါဘူး။ တကယ်တော့ Deadpool အပေါ် ရည်ရွယ်ခဲ့တဲ့ Thanos ရဲ့ ကျိန်စာကြောင့်ပဲ Deadpool ဟာ မသေမျိုး ဖြစ်နေရတာပါ။ Deadpool နဲ့ Lady Death တို့ရဲ့ အကြောင်းကို Thanos က သိသွားတာကြောင့် သူတို့နှစ်ယောက် မပေါင်းဖက်နိုင်အောင် အခုလို ကျိန်စာတိုက်လိုက်တာ ဖြစ်ပါတယ်။

(7) The Rot
photo via cbr

Thanos သေဆုံးသွားတဲ့ အချိန်မှာတော့ သူ့ရဲ့ Energy တွေဟာ Lady Death နဲ့ ပေါင်းစပ်သွားပြီး The Rot လို့ ခေါ်တဲ့ အရာတစ်ခု ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့်ပဲ The Rot ဟာ သူတို့နှစ်ယောက်ရဲ့ ကလေးလို့တောင် ပြောလို့ရပါတယ်။ The Rot ကိုတော့ သက်ရှိအဖြစ်ရော၊ သက်မဲ့အဖြစ်ပါ သတ်မှတ်နိုင်ပြီး ရွေ့လျားနေတဲ့ “ဗလာဟင်းလင်းပေါက်” လို့လည်း ခေါ်ပါတယ်။ The Rot ဟာ သူ့ရဲ့အနားကို ရောက်လာသမျှ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအား ရှိပါသေးတယ်။ ဒါကြောင့်ပဲ The Rot ကို မထိန်းချုပ်နိုင်တာကြောင့် Thanos နဲ့ Lady Death တို့ နှစ်ယောက်ဟာ The Rot ကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။

(8) Lady Death ဟာ ဘာကိုမှ ဂရုမစိုက်ပါဘူး။
photo via cbr

ဘယ်လောက်ပဲ စွမ်းအားကြီးသူဖြစ်ဖြစ်၊ တစ်ချိန်ချိန်မှာတော့ သေခြင်းတရားနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သက်ရှိတွေ ရှိနေသရွေ့ Death ကလည်း တည်ရှိနေဦးမှာ ဖြစ်ပါတယ်။ ခေါင်းစဉ်မှာ ဖော်ပြထားသလိုပဲ Lady Death ဟာ သူ့ရဲ့ တာဝန်ကလွဲရင် တခြားအရာတွေကို ဂရုစိုက်တတ်သူ မဟုတ်ပါဘူး။

သူ့ရဲ့တာဝန်ကတော့ သေခြင်းတရားတွေကို ဖန်တီးရမှာ မဟုတ်ဘဲ ရှင်သန်နေသူတွေနဲ့ သေဆုံးသူတွေကို ညီမျှနေအောင် ထိန်းသိမ်းရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Lady Death ဟာ သူ့ရဲ့ တာဝန်ကို ပြီးဆုံးဖို့ဆိုရင် ဘာမဆို ပြုလုပ်သူ ဖြစ်တာကြောင့် လူသားတွေ ဖန်တီးထားတဲ့ ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာ၊ ရိုးသားဖြောင့်မတ်ခြင်းတို့လို အချက်တွေကိုလည်း ဂရုမစိုက်ပါဘူး။

ဒါကတော့ Lady Death နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်တချို့ပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ စိတ်ဝင်စားတယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Lady Death ဟာ အခုခ်ိန္ထိေတာ့ MCU ထဲမွာ မပါဝင္လာေသးတဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ သူမဟာ Thanos နဲ႔ Deadpool တို႔လို ဇာတ္ေကာင္ေတြနဲ႔ ပတ္သက္မႈေတြ ရွိၿပီး Thanos ရဲ႕ Infinity Stone ေတြကို စြဲလမ္းေနရတဲ့ အေၾကာင္းကလည္း သူမေၾကာင့္ပဲ ျဖစ္ပါတယ္။ သူမရဲ႕ တျခားစိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ေတြကိုေတာ့ ေအာက္မွာ ဆက္လက္ဖတ္ရႈႏိုင္ပါတယ္။

(1) Death ဟာ ဘယ္တုန္းကမွ မေမြးဖြားခဲ့ပါဘူး။
photo via cbr

One-Above-All ဟာ Multiverse ႀကီးကို ဖန္တီးခဲ့ၿပီး ေနာက္မွာေတာ့ Time ၊ Space ၊ Emotion ၊ Life နဲ႔ တျခားအရာေတြကို ကိုယ္စားျပဳတဲ့ Cosmic Entity ေတြဟာ သူ႔အလိုလို ျဖစ္ေပၚလာၾကပါတယ္။ Death ဟာလည္း အဲ့ဒီ Cosmic Entity ေတြထဲမွာ အပါအဝင္ ျဖစ္ၿပီး Infinity ၊ Oblivion ၊ Mistress Love ၊ The Phoenix Force တို႔နဲ႔ တျခား Entity ေတြလည္း ပါဝင္ပါေသးတယ္။ သူ႔ရဲ႕ နာမည္အတိုင္းပဲ Lady Death ကေတာ့ ေသျခင္းတရားရဲ႕ Entity တစ္ခုျဖစ္ၿပီး သူမနဲ႔ လုံးဝဆန႔္က်င္ဘက္ Entity ကေတာ့ သက္ရွိေတြရဲ႕ ျဖစ္တည္မႈကို ကိုယ္စားျပဳတဲ့ Eternity ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Lady Death ဟာ သူမကိုယ္တိုင္က ေသျခင္းတရား ျဖစ္ေနတာေၾကာင့္ ဘာလက္နက္မွ အသုံးျပဳစရာ မလိုပါဘူး။

(2) သူမရဲ႕ ပုံစံကို ကိုယ္တိုင္ ေ႐ြးခ်ယ္ထားတာ ျဖစ္ပါတယ္။
photo via cbr

Death ဟာ မ်ားေသာအားျဖင့္ လူသား အမ်ိဴးသမီးတစ္ေယာက္ရဲ႕ ပုံစံကို အသြင္ယူထားပါတယ္။ အလြယ္ေျပာရရင္ေတာ့ အမ်ိဴးသမီးခႏၶာကိုယ္မွာ အ႐ိုးေခါင္းတပ္ထားသလိုပဲ ျဖစ္ပါတယ္။ ဒီအခ်က္ေၾကာင့္လည္း သူ႔ကို Lady Death လို႔ ေခၚဆိုတာပါ။ ဒါ့အျပင္ ေသဆုံးေတာ့မယ့္ တခ်ိဳ႕လူေတြဆီကို သူတို႔ရဲ႕ မိသားစုဝင္၊ သို႔မဟုတ္ ခ်စ္ခင္ရသူ တစ္ေယာက္ရဲ႕ ပုံစံကို အသြင္ယူၿပီးေတာ့ Death ဟာ ေရာက္လာေလ့ ရွိပါတယ္။

(3) သူမကို နားလည္ႏိုင္ဖို႔အတြက္ စကားလုံးေတြနဲ႔ ေဖာ္ျပဖို႔ မျဖစ္ႏိုင္ပါဘူး။
photo via cbr

လူသားေတြဟာ အလင္းနဲ႔ အပူအခ်ိန္ကို တိုင္းတာႏိုင္ေပမယ့္လည္း အေမွာင္နဲ႔ အေအးဓာတ္ကိုေတာ့ မတိုင္းတာႏိုင္ပါဘူး။ ဒါေၾကာင့္ အလင္းနဲ႔ အပူခ်ိန္ရဲ႕ အတိုင္းအတာကို ေျပာင္းျပန္ အသုံးျပဳရပါတယ္။ အဲ့ဒီလိုပဲ ေသျခင္းတရားကိုလည္း တိုင္းတာလို႔ မရႏိုင္သလို သူမကိုလည္း နားလည္ႏိုင္ဖို႔ အလြန္ခက္ခဲပါတယ္။ အေပၚမွာ ေဖာ္ျပထားသလိုပဲ တျခား Cosmic Entity ေတြဟာ သူတို႔ရဲ႕ လိုအင္ဆႏၵေတြ ျပည့္ဝဖို႔ အစီအစဥ္ေတြ ရွိၾကေပမယ့္လည္း Lady Death ကေတာ့ သူမရဲ႕ တာဝန္ကို ေက်ပြန္ေအာင္ ျပဳလုပ္ေနပါတယ္။ ဒါ့အျပင္ သူမမွာ လိုအင္ဆႏၵေတြ ရွိ၊မရွိကိုလည္း ဘယ္တုန္းကမွ ထုတ္ေဖာ္ျပသေလ့ မရွိဘဲ အၿမဲတမ္း ေအးတိေအးစက္နဲ႔ သူမရဲ႕ တာဝန္ကိုပဲ ျပဳလုပ္ေနပါတယ္။

(4) Lady Death နဲ႔ Thanos
photo via cbr

Thanos ဟာ Marvel ေကာမစ္ထဲမွာေရာ၊ MCU ထဲမွာပါ အလြန္ စြမ္းအားႀကီးမားသူတစ္ေယာက္ ျဖစ္ၿပီး သူ လိုခ်င္တဲ့ အရာမ်ားစြာကို ေအာင္ျမင္ႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ Thanos ဟာ အခုလိုမ်ိဴး ဗီလိန္ျဖစ္လာရတဲ့ အေၾကာင္းရင္းကေတာ့ သူ႔ရဲ႕ငယ္ဘဝမွာ စတင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက Thanos ဟာ Titan ၿဂိဳဟ္ေပၚက သာမန္ကေလးတစ္ေယာက္ပဲ ျဖစ္ၿပီး တစ္ရက္မွာေတာ့ Lady Death နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

အဲ့ဒီအခ်ိန္ကစတင္ၿပီး Thanos ဟာ Lady Death ကို စြဲလမ္းသြားကာ သူမရဲ႕ အခ်စ္ကို ရယူဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္လည္း Lady Death ကေတာ့ Thanos သာ Cosmos တစ္ခုလုံးရဲ႕ သမိုင္းမွာ အႀကီးမားဆုံး ဖ်က္ဆီးသူတစ္ေယာက္ ျဖစ္လာခဲ့ရင္ ျပန္ခ်စ္ေပးမယ္လို႔ အေပးအယူလုပ္ၿပီး Thanos ကို အသုံးခ်ခဲ့ပါတယ္။ Thanos ကလည္း အစပိုင္းမွာေတာ့ Lady Death ကို စိတ္ေက်နပ္ေစဖို႔အတြက္ ဗီလိန္ျဖစ္လာေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ Thanos ကိုယ္တိုင္ကိုက ဒီလိုမ်ိဴး ဗီလိန္ျဖစ္ေနရတာကို သေဘာက်လာပါေတာ့တယ္။

(5) အသုံးခ်ခံ Thanos
photo via cbr

ေကာမစ္ထဲမွာေတာ့ Thanos က Infinity Stone ေတြကို လိုက္လံ ရွာေဖြစုေဆာင္းခဲ့ရတဲ့ အေၾကာင္းရင္းဟာ Lady Death ေၾကာင့္ပဲ ျဖစ္ပါတယ္။ အသက္ရွင္သန္ေနတဲ့ သက္ရွိေတြဟာ ေသဆုံးသူေတြထက္ အလြန္မ်ားေနတယ္လို႔ Lady Death က Thanos ကို ေျပာခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Lady Death ဟာ ရွင္သန္ေနသူေတြနဲ႔ ေသဆုံးသူေတြကို ညီမွ်သြားေအာင္ ျပဳလုပ္ေပးပါလို႔ Thanos ကို ေတာင္းဆိုခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာေတာ့ Thanos ဟာ ဘယ္လိုဆုေတာင္းမ်ိဴးပဲျဖစ္ျဖစ္၊ ျပည့္ေစႏိုင္တဲ့ Infinity Stone ေတြကို စတင္ရွာေဖြပါေတာ့တယ္။ Infinity Stone ေျခာက္ခုလုံး ရွာေတြ႕သြားတဲ့ အခ်ိန္မွာေတာ့ တည္ရွိေနတဲ့ သက္ရွိအားလုံးရဲ႕ ငါးဆယ္ရာခိုင္ႏႈန္းကို ျဖစ္တည္မႈေတြကေန ေဖ်ာက္ဖ်က္ပစ္လိုက္ပါတယ္။ Lady Death ကေတာ့ ေသျခင္းတရားကိုပဲ လိုခ်င္တာေၾကာင့္ အဲ့ဒီအျဖစ္အပ်က္ ၿပီးသြားတဲ့အခ်ိန္မွာေတာင္ Thanos ဟာ Lady Death ရဲ႕ မ်က္ႏွာသာေပးျခင္းကို မခံခဲ့ရပါဘူး။

(6) Lady Death နဲ႔ Deadpool
photo via cbr

Deadpool နဲ႔ Lady Death တို႔ ႏွစ္ေယာက္ကိုေတာ့ LDRS ေတြလို႔ ေျပာလို႔ရပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ ခံစားခ်က္ေတြ ရွိေနေပမယ့္လည္း ဘယ္ေတာ့မွ ဆုံစည္းႏိုင္မွာ မဟုတ္ပါဘူး။ အေၾကာင္းကေတာ့ Deadpool ေသသြားေတာ့မွသာ သူတို႔ႏွစ္ေယာက္အတူ ရွိႏိုင္မွာ ျဖစ္ၿပီး Deadpool ကေတာ့ မေသမ်ိဴး ျဖစ္ေနပါတယ္။ ဒီလိုအေျခအေနေတြ ျဖစ္ေနတာေတာင္ Lady Death ဟာ Deadpool နဲ႔အတူ ရွိႏိုင္မယ့္ ေန႔ရက္ကို ေစာင့္ေမွ်ာ္ေနၿပီး Deadpool ကလည္း Lady Death ကို သတိရတိုင္း သူ႔ရဲ႕ေခါင္းကို ေသနတ္နဲ႔ ပစ္ၿပီး သတ္ေသေလ့ရွိပါတယ္။

Deadpool ဟာ မေသမ်ိဴး ျဖစ္တာေၾကာင့္ ေသနတ္နဲ႔ ပစ္လိုက္ရင္လည္း ေသဆုံးသြားတာေတာ့ မဟုတ္ပါဘူး။ သို႔ေပမယ့္လည္း ဒီလိုအခ်ိန္မ်ိဳးကသာ ေသျခင္းတရားနဲ႔ အနီးစပ္ဆုံး ျဖစ္တာေၾကာင့္ Lady Death ရဲ႕ အေငြ႕အသက္ကို ခံစားရလို႔ ျဖစ္ပါတယ္။

ေနာက္ထပ္ စိတ္ဝင္စားစရာ အခ်က္တစ္ခုကေတာ့ Deadpool ရဲ႕ စြမ္းအားဟာ ေျခေတြ၊ လက္ေတြ ျပတ္သြားရင္ေတာင္ အသစ္ျပန္ေပါက္လာေပမယ့္လည္း အဲ့ဒီစြမ္းအားေၾကာင့္ မေသမ်ိဴး ျဖစ္ေနတာ မဟုတ္ပါဘူး။ တကယ္ေတာ့ Deadpool အေပၚ ရည္႐ြယ္ခဲ့တဲ့ Thanos ရဲ႕ က်ိန္စာေၾကာင့္ပဲ Deadpool ဟာ မေသမ်ိဳး ျဖစ္ေနရတာပါ။ Deadpool နဲ႔ Lady Death တို႔ရဲ႕ အေၾကာင္းကို Thanos က သိသြားတာေၾကာင့္ သူတို႔ႏွစ္ေယာက္ မေပါင္းဖက္ႏိုင္ေအာင္ အခုလို က်ိန္စာတိုက္လိုက္တာ ျဖစ္ပါတယ္။

(7) The Rot
photo via cbr

Thanos ေသဆုံးသြားတဲ့ အခ်ိန္မွာေတာ့ သူ႔ရဲ႕ Energy ေတြဟာ Lady Death နဲ႔ ေပါင္းစပ္သြားၿပီး The Rot လို႔ ေခၚတဲ့ အရာတစ္ခု ျဖစ္ေပၚလာပါတယ္။ ဒါေၾကာင့္ပဲ The Rot ဟာ သူတို႔ႏွစ္ေယာက္ရဲ႕ ကေလးလို႔ေတာင္ ေျပာလို႔ရပါတယ္။ The Rot ကိုေတာ့ သက္ရွိအျဖစ္ေရာ၊ သက္မဲ့အျဖစ္ပါ သတ္မွတ္ႏိုင္ၿပီး ေ႐ြ႕လ်ားေနတဲ့ “ဗလာဟင္းလင္းေပါက္” လို႔လည္း ေခၚပါတယ္။ The Rot ဟာ သူ႔ရဲ႕အနားကို ေရာက္လာသမွ် အရာအားလုံးကို ဖ်က္ဆီးပစ္ႏိုင္တဲ့ စြမ္းအား ရွိပါေသးတယ္။ ဒါေၾကာင့္ပဲ The Rot ကို မထိန္းခ်ဳပ္ႏိုင္တာေၾကာင့္ Thanos နဲ႔ Lady Death တို႔ ႏွစ္ေယာက္ဟာ The Rot ကို ဖ်က္ဆီးပစ္ခဲ့ၾကပါတယ္။

(8) Lady Death ဟာ ဘာကိုမွ ဂ႐ုမစိုက္ပါဘူး။
photo via cbr

ဘယ္ေလာက္ပဲ စြမ္းအားႀကီးသူျဖစ္ျဖစ္၊ တစ္ခ်ိန္ခ်ိန္မွာေတာ့ ေသျခင္းတရားနဲ႔ ရင္ဆိုင္ရမွာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ သက္ရွိေတြ ရွိေနသေ႐ြ႕ Death ကလည္း တည္ရွိေနဦးမွာ ျဖစ္ပါတယ္။ ေခါင္းစဥ္မွာ ေဖာ္ျပထားသလိုပဲ Lady Death ဟာ သူ႔ရဲ႕ တာဝန္ကလြဲရင္ တျခားအရာေတြကို ဂ႐ုစိုက္တတ္သူ မဟုတ္ပါဘူး။

သူ႔ရဲ႕တာဝန္ကေတာ့ ေသျခင္းတရားေတြကို ဖန္တီးရမွာ မဟုတ္ဘဲ ရွင္သန္ေနသူေတြနဲ႔ ေသဆုံးသူေတြကို ညီမွ်ေနေအာင္ ထိန္းသိမ္းရတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Lady Death ဟာ သူ႔ရဲ႕ တာဝန္ကို ၿပီးဆုံးဖို႔ဆိုရင္ ဘာမဆို ျပဳလုပ္သူ ျဖစ္တာေၾကာင့္ လူသားေတြ ဖန္တီးထားတဲ့ ကိုယ္က်င့္တရား၊ ဂုဏ္သိကၡာ၊ ႐ိုးသားေျဖာင့္မတ္ျခင္းတို႔လို အခ်က္ေတြကိုလည္း ဂ႐ုမစိုက္ပါဘူး။

ဒါကေတာ့ Lady Death နဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာ အခ်က္တခ်ိဳ႕ပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ စိတ္ဝင္စားတယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular