HomeEntertainmentFilmMatrix 4ဟာ Matrix Revolutionsအပြီးမှာ ဇာတ်အိမ်တည်မယ့်အကြောင်း ပြောလာတဲ့ Keanu Reeves

Matrix 4ဟာ Matrix Revolutionsအပြီးမှာ ဇာတ်အိမ်တည်မယ့်အကြောင်း ပြောလာတဲ့ Keanu Reeves

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေ စောင့်စားနေကြတဲ့ The Matrix 4 ရုပ်ရှင်ဟာ prequel မဟုတ်သလို၊ အတိတ်မှာ ဇာတ်လမ်းအခြေတည်မှာလည်း မဟုတ်ဘဲ Matrix Revolutions အပြီး အချိန်ကာလမှာ ဇာတ်လမ်းတည်ထားတာပါလို့ မင်းသား Keanu Reeves က အတည်ပြု ပြောကြားလိုက်ပါတယ်။

လက်ရှိမှာတော့ The Matrix 4 ရုပ်ရှင်ကို ဘာလင်မြို့မှာ ရိုက်ကူးရေး ပြုလုပ်နေပြီး မင်းသား Keanu Reeves ဟာလည်း franchise ထဲက မိတ်ဆွေ သရုပ်ဆောင်ဖက်တွေနဲ့ ပြန်လည်တွေ့ဆုံနေပြီ ဖြစ်ပါတယ်။ Keanu အပြင် Carrie-Ann Moss (Trinity) ၊ Jada Pinkett-Smith (Niobe) ၊ Lambert Wilson (The Merovingian) တို့လို မူလပါဝင်ပြီးသား သရုပ်ဆောင်တွေလည်း ပြန်လည်ပါဝင်မှာ ဖြစ်ပါတယ်။

Photo via IMDb

မူလ trilogy သုံးကားကို ညီအစ်မဖြစ်သူ Lily နဲ့ ပူးပေါင်းဖန်တီး ရေးသား၊ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Lana Wachowski ကလည်း Matrix 4 မှာ ဒါရိုက်တာအဖြစ် ပြန်လည်ရိုက်ကူးပေးဦးမှာ ဖြစ်ပါတယ်။ Lana ဟာ ဒါရိုက်တာ တာဝန်ကို အဓိက ထမ်းရွက်သွားမှာဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ Cloud Atlas ကို ဇာတ်ညွှန်းရေးသားခဲ့တဲ့ David Mitchell ၊ Aleksandar Hemon တို့နဲ့ ပူးပေါင်းရေးသားသွားမှာပါ။

Matrix 4 ရဲ့ ဇာတ်လမ်းနဲ့ ပတ်သက်ရင်တော့ တော်တော်လေး သိုသိပ်ထားနိုင်တာကြောင့် ဘယ်လိုဖြစ်လာမယ်ဆိုတာကို ပရိသတ်တွေကြား ခန့်မှန်းမှုတွေ မြင့်တက်နေပါတယ်။ သီအိုရီတစ်ခုကတော့ Neo ဟာ အချိန်ခရီးသွားပြီး လူငယ်ဘဝက Morpheus ကို အနာဂတ်က လူသားတွေအတွက် သွားရောက်ငှားရမ်း တာဝန်ပေးတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့်လည်း Matrix 4 ဟာ အတိတ်မှာ ဇာတ်လမ်းတည်ထားတဲ့ prequel ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေကြတာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း မင်းသား Keanu Reeves ကတော့ အဲ့ဒီ့သီအိုရီကြီးက မှားနေတယ်လို့ ပြောလိုက်ပါပြီ။

Photo via IMDb

ဒါကိုတော့ Keanu Reeves ဟာ သူ့ရဲ့ ရုပ်ရှင်အသစ်ဖြစ်တဲ့ Bill and Ted Face The Music ဇာတ်ကားကို ပရိုမိုးရှင်းလုပ်ဖို့အတွက် BBC ရဲ့ The One Show ကို လာတုန်းက ပြောသွားတာ ဖြစ်ပါတယ်။ လာမယ့် Matrix 4 ဟာ prequel ဖြစ်မယ်ဆိုတဲ့ သီအိုရီကို ကြုံတုန်းလေး ပယ်ချသွားခဲ့တာလည်း ဖြစ်ပါတယ်။

“နိုး … နိုး ..။ အတိတ်ကို ပြန်သွားမှာ မဟုတ်ပါဘူး။ ဒါက နောက်ထပ်ဗားရှင်းတစ်ခုပါ။ တကယ့် အက်ရှင်အမိုက်စားတွေလည်း ပါမယ်။ အချိန်တန်ရင် အားလုံး သိရမှာပါ … ” လို့ Keanu က ပြောထားပါတယ်။

Photo via IMDb

မင်းသားရဲ့ မှတ်ချက်ကို ကြည့်ခြင်းအားဖြင့် လာမယ့် Matrix 4 ဟာ သုံးကားမြောက် ရုပ်ရှင်ဖြစ်တဲ့ Matrix Revolutions အပြီး အချိန်ကာလမှာ ဇာတ်အိမ်တည်မယ့် sequel ပိုဖြစ်နိုင်နေပါတယ်။ ဒါ့အပြင် Matrix 4 ဟာ မတူညီတဲ့ ဗားရှင်းအသစ်တစ်ခုလို့လည်း ပြောသွားတာကြောင့် original trilogy အတိုင်းဆက်မသွားဘဲ နောက်ထပ်ပုံစံတစ်မျိုးနဲ့ ဇာတ်အိမ်တည်ထားတယ်လို့လည်း ယူဆလို့ရပါတယ်။

Glasgow

Source: screenrant

(Zawgyi Version)

ပရိသတ္ေတြ ေစာင့္စားေနၾကတဲ့ The Matrix 4 ႐ုပ္ရွင္ဟာ prequel မဟုတ္သလို၊ အတိတ္မွာ ဇာတ္လမ္းအေျခတည္မွာလည္း မဟုတ္ဘဲ Matrix Revolutions အၿပီး အခ်ိန္ကာလမွာ ဇာတ္လမ္းတည္ထားတာပါလို႔ မင္းသား Keanu Reeves က အတည္ျပဳ ေျပာၾကားလိုက္ပါတယ္။

လက္ရွိမွာေတာ့ The Matrix 4 ႐ုပ္ရွင္ကို ဘာလင္ၿမိဳ႕မွာ ႐ိုက္ကူးေရး ျပဳလုပ္ေနၿပီး မင္းသား Keanu Reeves ဟာလည္း franchise ထဲက မိတ္ေဆြ သ႐ုပ္ေဆာင္ဖက္ေတြနဲ႔ ျပန္လည္ေတြ႕ဆုံေနၿပီ ျဖစ္ပါတယ္။ Keanu အျပင္ Carrie-Ann Moss (Trinity) ၊ Jada Pinkett-Smith (Niobe) ၊ Lambert Wilson (The Merovingian) တို႔လို မူလပါဝင္ၿပီးသား သ႐ုပ္ေဆာင္ေတြလည္း ျပန္လည္ပါဝင္မွာ ျဖစ္ပါတယ္။

Photo via IMDb

မူလ trilogy သုံးကားကို ညီအစ္မျဖစ္သူ Lily နဲ႔ ပူးေပါင္းဖန္တီး ေရးသား၊ ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ Lana Wachowski ကလည္း Matrix 4 မွာ ဒါ႐ိုက္တာအျဖစ္ ျပန္လည္႐ိုက္ကူးေပးဦးမွာ ျဖစ္ပါတယ္။ Lana ဟာ ဒါ႐ိုက္တာ တာဝန္ကို အဓိက ထမ္း႐ြက္သြားမွာျဖစ္ၿပီး ဇာတ္ၫႊန္းကိုေတာ့ Cloud Atlas ကို ဇာတ္ၫႊန္းေရးသားခဲ့တဲ့ David Mitchell ၊ Aleksandar Hemon တို႔နဲ႔ ပူးေပါင္းေရးသားသြားမွာပါ။

Matrix 4 ရဲ႕ ဇာတ္လမ္းနဲ႔ ပတ္သက္ရင္ေတာ့ ေတာ္ေတာ္ေလး သိုသိပ္ထားႏိုင္တာေၾကာင့္ ဘယ္လိုျဖစ္လာမယ္ဆိုတာကို ပရိသတ္ေတြၾကား ခန႔္မွန္းမႈေတြ ျမင့္တက္ေနပါတယ္။ သီအိုရီတစ္ခုကေတာ့ Neo ဟာ အခ်ိန္ခရီးသြားၿပီး လူငယ္ဘဝက Morpheus ကို အနာဂတ္က လူသားေတြအတြက္ သြားေရာက္ငွားရမ္း တာဝန္ေပးတယ္လို႔ ခန႔္မွန္းထားပါတယ္။ ဒါေၾကာင့္လည္း Matrix 4 ဟာ အတိတ္မွာ ဇာတ္လမ္းတည္ထားတဲ့ prequel ျဖစ္ႏိုင္တယ္လို႔ ထင္ေၾကးေပးေနၾကတာ ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း မင္းသား Keanu Reeves ကေတာ့ အဲ့ဒီ့သီအိုရီႀကီးက မွားေနတယ္လို႔ ေျပာလိုက္ပါၿပီ။

Photo via IMDb

ဒါကိုေတာ့ Keanu Reeves ဟာ သူ႔ရဲ႕ ႐ုပ္ရွင္အသစ္ျဖစ္တဲ့ Bill and Ted Face The Music ဇာတ္ကားကို ပ႐ိုမိုးရွင္းလုပ္ဖို႔အတြက္ BBC ရဲ႕ The One Show ကို လာတုန္းက ေျပာသြားတာ ျဖစ္ပါတယ္။ လာမယ့္ Matrix 4 ဟာ prequel ျဖစ္မယ္ဆိုတဲ့ သီအိုရီကို ႀကဳံတုန္းေလး ပယ္ခ်သြားခဲ့တာလည္း ျဖစ္ပါတယ္။

“ႏိုး … ႏိုး ..။ အတိတ္ကို ျပန္သြားမွာ မဟုတ္ပါဘူး။ ဒါက ေနာက္ထပ္ဗားရွင္းတစ္ခုပါ။ တကယ့္ အက္ရွင္အမိုက္စားေတြလည္း ပါမယ္။ အခ်ိန္တန္ရင္ အားလုံး သိရမွာပါ … ” လို႔ Keanu က ေျပာထားပါတယ္။

Photo via IMDb

မင္းသားရဲ႕ မွတ္ခ်က္ကို ၾကည့္ျခင္းအားျဖင့္ လာမယ့္ Matrix 4 ဟာ သုံးကားေျမာက္ ႐ုပ္ရွင္ျဖစ္တဲ့ Matrix Revolutions အၿပီး အခ်ိန္ကာလမွာ ဇာတ္အိမ္တည္မယ့္ sequel ပိုျဖစ္ႏိုင္ေနပါတယ္။ ဒါ့အျပင္ Matrix 4 ဟာ မတူညီတဲ့ ဗားရွင္းအသစ္တစ္ခုလို႔လည္း ေျပာသြားတာေၾကာင့္ original trilogy အတိုင္းဆက္မသြားဘဲ ေနာက္ထပ္ပုံစံတစ္မ်ိဳးနဲ႔ ဇာတ္အိမ္တည္ထားတယ္လို႔လည္း ယူဆလို႔ရပါတယ္။

Glasgow

Source: screenrant

 

RELATED ARTICLES

Most Popular