HomeCelebs Update NewsInternationalBen Affleck ရဲ့သတင်းတွေ တွေ့တိုင်း မက်ဆေ့ပို့ပြီး မေးတတ်တယ်ဆိုတဲ့ Matt Damon 

Ben Affleck ရဲ့သတင်းတွေ တွေ့တိုင်း မက်ဆေ့ပို့ပြီး မေးတတ်တယ်ဆိုတဲ့ Matt Damon 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Matt Damon နဲ့ Ben Affleck တို့ဟာ နာမည်ကျော်သရုပ်ဆောင်တွေ ဖြစ်သလို ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေတွေလည်း ဖြစ်ပါတယ်။ ရုပ်ရှင်တွေလည်း အတူတွဲရိုက်ဖူးကြသူတွေမို့ နီးစပ်ကြပြီး အမြဲတမ်းလိုလို တစ်ယောက်နဲ့တစ်ယောက် မက်ဆေ့ချ်ပို့ကာ အဖြစ်အပျက်တွေကို ဝေမျှနေကျ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း Ben နဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတွေ တွေ့ရင် Matt ဟာ အပြေးလေး မက်ဆေ့ချ်ပို့ပြီး ဟုတ်၊မဟုတ်ဆိုတာ အမြဲတမ်း အတည်ပြုတတ်တယ်လို့လည်း ဆိုပါတယ်။ ဒီအကြောင်းကိုတော့ မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့တဲ့ Matt ရဲ့ ရုပ်ရှင်ဇာတ်ကား Stillwater ရဲ့ အထူးပွဲမှာ Matt က အင်တာဗျူးဖြေရင်း ပြောသွားတာ ဖြစ်ပါတယ်။

Photo: matt_damon_official/ Instagram

“ဒါကတော့ တကယ့် လက်တွေ့ဘဝအကြောင်းပါပဲဗျာ။ ကျွန်တော်တို့မှာ ကလေးတွေလည်း ရှိကြတော့ သိတဲ့အတိုင်း ကသောင်းကမြောင်း ကိစ္စတွေ ရှိကြတာပေါ့။ ကိစ္စတိုင်းလိုလိုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မက်ဆေ့ချ်နဲ့ ပြောဖြစ်ကြတယ်။ သူ့အကြောင်းကတော့ မီဒီယာတွေမှာ ခဏခဏ ပါနေတာလေဗျာ။ အဲ့တော့ ကျွန်တော်လည်း ဖတ်ပြီးတိုင်း သူ့ကို သွားသွားမေးပြီး အတည်ပြုနေကျပဲ။ သားကြီးရေ … ဒါကတော့ တကယ်လားဟ ဆိုတာမျိုးပေါ့။ သူကလည်း ဟုတ်ရင်ဟုတ်တယ်၊ မဟုတ်ရင် မဟုတ်ဘူး ပြန်ပြောနေကျပဲ … ” လို့ Matt က ဆိုပါတယ်။

Ben ကတော့ မကြာသေးခင်ကပဲ အချစ်ဟောင်း Jennifer Lopez နဲ့ ဇာတ်လမ်းပြန်စနေတာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့လည်း Matt က အင်တာဗျူးမှာ အခုလို စနောက်သွားပါသေးတယ်။

“ထွက်လာသမျှ ဓာတ်ပုံတိုင်းက ခင်ဗျားတို့ တွေ့လိုက်ရတဲ့ပုံတွေနဲ့ အတူတူပါပဲ။ ခင်ဗျားတို့ မသိတဲ့အရာတွေကို ကျွန်တော်လည်း မသိပါဘူးဗျာ … ” လို့ Matt က ဆိုထားပါတယ်။

အခုလို စနောက်သွားပေမယ့် Ben နဲ့ JLo တို့ရဲ့ အသစ်ပြန်စနေတဲ့ အချစ်ခရီးနဲ့ ပတ်သက်ပြီးတော့ ဝမ်းမြောက်ကြောင်း ပြောသွားပါသေးတယ်။ “Ben အတွက်တော့ သိပ်ကိုဝမ်းသာရပါတယ်။ သူက တကယ့် လူကောင်းတစ်ယောက်ပါ။ ဒီကမ္ဘာပေါ်မှာ ရှိသမျှ ပျော်ရွှင်မှုအားလုံး သူ ခံစားရရှိဖို့ ထိုက်တန်ပါတယ်။ သူတို့နှစ်ယောက်လုံးအတွက် ကျွန်တော် ဝမ်းသာပါတယ် … ” လို့ Matt က ဖြေသွားပါတယ်။

Photo: matt_damon_official/ Instagram

ပြီးခဲ့တဲ့ မေလတုန်းကလည်း Today Show မှာ Ben နဲ့ JLo တို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး Matt တစ်ယောက် အစ်အောက် အမေးခံရပါသေးတယ်။ “ခင်ဗျားတို့ တစ်ကမ္ဘာလုံးမှာ ရှိသမျှ အရက်တွေ အကုန်တိုက်ပြီး ကျွန်တော့်ကို အဲဒီကိစ္စ တစွန်းတစ ထွက်ကျလာအောင် အစ်မေးရင်တောင် မရဘူးဗျာ … ” လို့ စနောက်ရင်း ဖြေသွားပါသေးတယ်။

တကယ်တော့ မိတ်ဆွေသူငယ်ချင်း အရင်းကြီးတွေလည်းဖြစ်၊ အမြဲတမ်းလည်း အဆက်အသွယ် ရှိနေကြသူတွေမို့ တစ်ယောက်အကြောင်း တစ်ယောက် သိပြီးသား ဖြစ်နေမှာပါ။ သို့သော်လည်း မီဒီယာတွေရဲ့ အမဲဖြတ်မှုကို ခံရလေ့ရှိတဲ့ ဆယ်လီအချင်းချင်း ပုဂ္ဂိုလ်ရေးကိစ္စတွေကို အခုလို ကာကွယ်ပြီး ဖြေဆိုပေးတာဟာ မိတ်ဆွေကောင်းပီသတယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

Glasgow

Source: people

(Zawgyi Version)

Matt Damon နဲ႔ Ben Affleck တို႔ဟာ နာမည္ေက်ာ္သ႐ုပ္ေဆာင္ေတြ ျဖစ္သလို ခင္မင္ရင္းႏွီးၾကတဲ့ မိတ္ေဆြေတြလည္း ျဖစ္ပါတယ္။ ႐ုပ္ရွင္ေတြလည္း အတူတြဲ႐ိုက္ဖူးၾကသူေတြမို႔ နီးစပ္ၾကၿပီး အၿမဲတမ္းလိုလို တစ္ေယာက္နဲ႔တစ္ေယာက္ မက္ေဆ့ခ်္ပို႔ကာ အျဖစ္အပ်က္ေတြကို ေဝမွ်ေနက် ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္လည္း Ben နဲ႔ ပတ္သက္တဲ့ သတင္းေဆာင္းပါးေတြ ေတြ႕ရင္ Matt ဟာ အေျပးေလး မက္ေဆ့ခ်္ပို႔ၿပီး ဟုတ္၊မဟုတ္ဆိုတာ အၿမဲတမ္း အတည္ျပဳတတ္တယ္လို႔လည္း ဆိုပါတယ္။ ဒီအေၾကာင္းကိုေတာ့ မၾကာေသးခင္က က်င္းပျပဳလုပ္ခဲ့တဲ့ Matt ရဲ႕ ႐ုပ္ရွင္ဇာတ္ကား Stillwater ရဲ႕ အထူးပြဲမွာ Matt က အင္တာဗ်ဴးေျဖရင္း ေျပာသြားတာ ျဖစ္ပါတယ္။

Photo: matt_damon_official/ Instagram

“ဒါကေတာ့ တကယ့္ လက္ေတြ႕ဘဝအေၾကာင္းပါပဲဗ်ာ။ ကြၽန္ေတာ္တို႔မွာ ကေလးေတြလည္း ရွိၾကေတာ့ သိတဲ့အတိုင္း ကေသာင္းကေျမာင္း ကိစၥေတြ ရွိၾကတာေပါ့။ ကိစၥတိုင္းလိုလိုနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ မက္ေဆ့ခ်္နဲ႔ ေျပာျဖစ္ၾကတယ္။ သူ႔အေၾကာင္းကေတာ့ မီဒီယာေတြမွာ ခဏခဏ ပါေနတာေလဗ်ာ။ အဲ့ေတာ့ ကြၽန္ေတာ္လည္း ဖတ္ၿပီးတိုင္း သူ႔ကို သြားသြားေမးၿပီး အတည္ျပဳေနက်ပဲ။ သားႀကီးေရ … ဒါကေတာ့ တကယ္လားဟ ဆိုတာမ်ိဳးေပါ့။ သူကလည္း ဟုတ္ရင္ဟုတ္တယ္၊ မဟုတ္ရင္ မဟုတ္ဘူး ျပန္ေျပာေနက်ပဲ … ” လို႔ Matt က ဆိုပါတယ္။

Ben ကေတာ့ မၾကာေသးခင္ကပဲ အခ်စ္ေဟာင္း Jennifer Lopez နဲ႔ ဇာတ္လမ္းျပန္စေနတာ ျဖစ္ပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔လည္း Matt က အင္တာဗ်ဴးမွာ အခုလို စေနာက္သြားပါေသးတယ္။

“ထြက္လာသမွ် ဓာတ္ပုံတိုင္းက ခင္ဗ်ားတို႔ ေတြ႕လိုက္ရတဲ့ပုံေတြနဲ႔ အတူတူပါပဲ။ ခင္ဗ်ားတို႔ မသိတဲ့အရာေတြကို ကြၽန္ေတာ္လည္း မသိပါဘူးဗ်ာ … ” လို႔ Matt က ဆိုထားပါတယ္။

အခုလို စေနာက္သြားေပမယ့္ Ben နဲ႔ JLo တို႔ရဲ႕ အသစ္ျပန္စေနတဲ့ အခ်စ္ခရီးနဲ႔ ပတ္သက္ၿပီးေတာ့ ဝမ္းေျမာက္ေၾကာင္း ေျပာသြားပါေသးတယ္။ “Ben အတြက္ေတာ့ သိပ္ကိုဝမ္းသာရပါတယ္။ သူက တကယ့္ လူေကာင္းတစ္ေယာက္ပါ။ ဒီကမာၻေပၚမွာ ရွိသမွ် ေပ်ာ္႐ႊင္မႈအားလုံး သူ ခံစားရရွိဖို႔ ထိုက္တန္ပါတယ္။ သူတို႔ႏွစ္ေယာက္လုံးအတြက္ ကြၽန္ေတာ္ ဝမ္းသာပါတယ္ … ” လို႔ Matt က ေျဖသြားပါတယ္။

Photo: matt_damon_official/ Instagram

ၿပီးခဲ့တဲ့ ေမလတုန္းကလည္း Today Show မွာ Ben နဲ႔ JLo တို႔ရဲ႕ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး Matt တစ္ေယာက္ အစ္ေအာက္ အေမးခံရပါေသးတယ္။ “ခင္ဗ်ားတို႔ တစ္ကမာၻလုံးမွာ ရွိသမွ် အရက္ေတြ အကုန္တိုက္ၿပီး ကြၽန္ေတာ့္ကို အဲဒီကိစၥ တစြန္းတစ ထြက္က်လာေအာင္ အစ္ေမးရင္ေတာင္ မရဘူးဗ်ာ … ” လို႔ စေနာက္ရင္း ေျဖသြားပါေသးတယ္။

တကယ္ေတာ့ မိတ္ေဆြသူငယ္ခ်င္း အရင္းႀကီးေတြလည္းျဖစ္၊ အၿမဲတမ္းလည္း အဆက္အသြယ္ ရွိေနၾကသူေတြမို႔ တစ္ေယာက္အေၾကာင္း တစ္ေယာက္ သိၿပီးသား ျဖစ္ေနမွာပါ။ သို႔ေသာ္လည္း မီဒီယာေတြရဲ႕ အမဲျဖတ္မႈကို ခံရေလ့ရွိတဲ့ ဆယ္လီအခ်င္းခ်င္း ပုဂၢိဳလ္ေရးကိစၥေတြကို အခုလို ကာကြယ္ၿပီး ေျဖဆိုေပးတာဟာ မိတ္ေဆြေကာင္းပီသတယ္လို႔ပဲ ေျပာရမွာ ျဖစ္ပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular