HomeCelebs Update NewsInternationalHarry Styles ရဲ့ သီချင်းတွေအကုန် အလွတ်ရနေတယ်ဆိုတဲ့ မင်းသား Matt Damon 

Harry Styles ရဲ့ သီချင်းတွေအကုန် အလွတ်ရနေတယ်ဆိုတဲ့ မင်းသား Matt Damon 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်မင်းသား Matt Damon ကတော့ Harry Styles ရဲ့ ပရိသတ်တစ်ယောက် ဖြစ်ပါတယ်။

Matt ဟာ မကြာသေးခင်ကပဲ People ရဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ the TV Show နဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး သူ့သမီးတွေနဲ့အတူ Harry Styles ရဲ့ ဖျော်ဖြေပွဲကို သွားကြည့်ခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ Matt ဟာ သူ့ရဲ့ သမီးသုံးယောက်နဲ့အတူ ယခုလအစောပိုင်းက Madison Square Garden မှာ ပြုလုပ်ကျင်းပခဲ့တဲ့ Harry Styles ရဲ့ ဖျော်ဖြေပွဲကို သွားရောက် ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။

Photo: matt_damon_official/ Instagram

“အဲဒီပွဲက တကယ်ကောင်းပါတယ်။ ကျွန်တော့်သမီးတွေက သူ့ကို ကြိုက်ကြတယ်လေ။ ပထမဆုံး လော့ခ်ဒေါင်းလုပ်တဲ့အချိန်မှာပဲ သူ့ရဲ့ အယ်လ်ဘမ်က ထွက်လာတာလေ။ အဲဒီအချိန်ဆိုတော့ ကျွန်တော်လည်း သတိထားမိလိုက်တာပေါ့။ သူ့အခွေကို ကျွန်တော်တို့ ထပ်ခါ ထပ်ခါ နားထောင်ဖြစ်ပါတယ် … ” လို့ Matt က ဆိုထားပါတယ်။

အဆိုတော်၊ သရုပ်ဆောင် Harry Styles ကတော့ သူ့ရဲ့ ဒုတိယမြောက် ဆိုလိုအယ်လ်ဘမ် Fine Line ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ယူအက်စ်မှာ ကိုဗစ်ရောဂါ မပြင်းထန်ခင် လအနည်းငယ်အလိုမှာ ထွက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီနောက် ကိုဗစ်ကြောင့်ပဲ နယ်လှည့်ဖျော်ဖြေဖို့ စီစဉ်ထားတဲ့ Love On Tour ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ယခုနောက်ပိုင်း ကိုဗစ် ငြိမ်သက်လာတော့မှ ပြီးခဲ့တဲ့ စက်တင်ဘာလက စတင်ပြီး သူ့ရဲ့ Love On Tour ကို ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။

Photo: harrystyles/ Instagram

Matt ကတော့ Harry ရဲ့ သီချင်းစာသားတွေကို အလွတ်ရပေမယ့် သူ့အသက်အရွယ်နဲ့ ဒါတွေအားလုံးကို သိနေတာ အရွယ်လွန်နေပြီလား မသိပါဘူးလို့ အရွှန်းဖောက်ထားပါသေးတယ်။ ဒါတင်မက Matt ဟာ တစ်ခေါက်တုန်းကလည်း Harry ရဲ့ အမာခံပရိသတ်ဖြစ်တဲ့ သူ့သမီးဖြစ်သူ Isabella ကို Harry ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဗွီဒီယိုတစ်ခုနဲ့ surprise gift ပေးခဲ့ပါသေးတယ်။

Matt Damon မှာတော့ အသက်(၁၀)နှစ်အရွယ် Stella ၊ (၁၂)နှစ်အရွယ် Gia နဲ့ (၁၅)နှစ်အရွယ် Isabella ဆိုတဲ့ သမီးသုံးယောက် ရှိပါတယ်။ ဒါ့အပြင် အရင်အိမ်ထောင်နဲ့ ရထားတဲ့ အသက်(၂၂)နှစ်အရွယ် Alexia ဆိုတဲ့ သမီးတစ်ယောက်လည်း ရှိပါသေးတယ်။

Linda December

Source: people

(Zawgyi Version)

နာမည္ေက်ာ္မင္းသား Matt Damon ကေတာ့ Harry Styles ရဲ့ ပရိသတ္တစ္ေယာက္ ျဖစ္ပါတယ္။

Matt ဟာ မၾကာေသးခင္ကပဲ People ရဲ့အစီအစဥ္တစ္ခုျဖစ္တဲ့ the TV Show နဲ႔ ေတြ႕ဆုံေမးျမန္းခဲ့ၿပီး သူ႔သမီးေတြနဲ႔အတူ Harry Styles ရဲ့ ေဖ်ာ္ေျဖပြဲကို သြားၾကည့္ခဲ့တဲ့အေၾကာင္း ေျပာျပခဲ့ပါတယ္။ Matt ဟာ သူ႔ရဲ့ သမီးသုံးေယာက္နဲ႔အတူ ယခုလအေစာပိုင္းက Madison Square Garden မွာ ျပဳလုပ္က်င္းပခဲ့တဲ့ Harry Styles ရဲ့ ေဖ်ာ္ေျဖပြဲကို သြားေရာက္ ၾကည့္ရွုခဲ့တာ ျဖစ္ပါတယ္။

Photo: matt_damon_official/ Instagram

“အဲဒီပြဲက တကယ္ေကာင္းပါတယ္။ ကၽြန္ေတာ့္သမီးေတြက သူ႔ကို ႀကိဳက္ၾကတယ္ေလ။ ပထမဆုံး ေလာ့ခ္ေဒါင္းလုပ္တဲ့အခ်ိန္မွာပဲ သူ႔ရဲ့ အယ္လ္ဘမ္က ထြက္လာတာေလ။ အဲဒီအခ်ိန္ဆိုေတာ့ ကၽြန္ေတာ္လည္း သတိထားမိလိုက္တာေပါ့။ သူ႔အေခြကို ကၽြန္ေတာ္တို႔ ထပ္ခါ ထပ္ခါ နားေထာင္ျဖစ္ပါတယ္ … ” လို႔ Matt က ဆိုထားပါတယ္။

အဆိုေတာ္၊ သ႐ုပ္ေဆာင္ Harry Styles ကေတာ့ သူ႔ရဲ့ ဒုတိယေျမာက္ ဆိုလိုအယ္လ္ဘမ္ Fine Line ကို ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလမွာ ထြက္ရွိခဲ့တာ ျဖစ္ပါတယ္။ ဒါဟာ ယူအက္စ္မွာ ကိုဗစ္ေရာဂါ မျပင္းထန္ခင္ လအနည္းငယ္အလိုမွာ ထြက္ရွိခဲ့တာလည္း ျဖစ္ပါတယ္။ အဲဒီေနာက္ ကိုဗစ္ေၾကာင့္ပဲ နယ္လွည့္ေဖ်ာ္ေျဖဖို႔ စီစဥ္ထားတဲ့ Love On Tour ကို ေရႊ႕ဆိုင္းခဲ့ရပါတယ္။ ယခုေနာက္ပိုင္း ကိုဗစ္ ၿငိမ္သက္လာေတာ့မွ ၿပီးခဲ့တဲ့ စက္တင္ဘာလက စတင္ၿပီး သူ႔ရဲ့ Love On Tour ကို ျပန္လည္စတင္ခဲ့တာ ျဖစ္ပါတယ္။

Photo: harrystyles/ Instagram

Matt ကေတာ့ Harry ရဲ့ သီခ်င္းစာသားေတြကို အလြတ္ရေပမယ့္ သူ႔အသက္အရြယ္နဲ႔ ဒါေတြအားလုံးကို သိေနတာ အရြယ္လြန္ေနၿပီလား မသိပါဘူးလို႔ အရႊန္းေဖာက္ထားပါေသးတယ္။ ဒါတင္မက Matt ဟာ တစ္ေခါက္တုန္းကလည္း Harry ရဲ့ အမာခံပရိသတ္ျဖစ္တဲ့ သူ႔သမီးျဖစ္သူ Isabella ကို Harry ကိုယ္တိုင္ ရိုက္ကူးထားတဲ့ ဗြီဒီယိုတစ္ခုနဲ႔ surprise gift ေပးခဲ့ပါေသးတယ္။

Matt Damon မွာေတာ့ အသက္(၁၀)ႏွစ္အရြယ္ Stella ၊ (၁၂)ႏွစ္အရြယ္ Gia နဲ႔ (၁၅)ႏွစ္အရြယ္ Isabella ဆိုတဲ့ သမီးသုံးေယာက္ ရွိပါတယ္။ ဒါ့အျပင္ အရင္အိမ္ေထာင္နဲ႔ ရထားတဲ့ အသက္(၂၂)ႏွစ္အရြယ္ Alexia ဆိုတဲ့ သမီးတစ္ေယာက္လည္း ရွိပါေသးတယ္။

Linda December

Source: people

RELATED ARTICLES

Most Popular