HomeEntertainmentFilmThe Batman ထဲက Pattinson ရဲ့ အိုင်းလိုင်နာနဲ့ ပတ်သက်ပြီး ပြောပြလာတဲ့ ဒါရိုက်တာ Matt Reeves 

The Batman ထဲက Pattinson ရဲ့ အိုင်းလိုင်နာနဲ့ ပတ်သက်ပြီး ပြောပြလာတဲ့ ဒါရိုက်တာ Matt Reeves 

The Batman ရုပ်ရှင်ထဲက Robert Pattinson ရဲ့ အိုင်းလိုင်နာတွေနဲ့ ပတ်သက်ပြီး ပရိသတ်အချို့အတွက်ကတော့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း ဒါရိုက်တာ Matt Reeves ရဲ့ ရှင်းပြချက်အရ ဒီပုံစံဟာ သူစိတ်ကူးပုံဖော်ထားတဲ့ ပုံစံနဲ့ ကိုက်ညီတယ်လို့ ဆိုပါတယ်။

The Batman ရုပ်ရှင်ဟာ DC ရဲ့ အထင်ကရ စူပါဟီးရိုးကို နောက်ထပ် reboot ပြန်ရိုက်မယ့် ရုပ်ရှင်တစ်ကား ဖြစ်ပြီး Batman အပေါ် ပရိသတ်တွေ ရှုမြင်တဲ့ အမြင်ကိုပါ နောက်ထပ်ပုံစံတစ်မျိုးနဲ့ ပွဲထုတ်သွားဖို့ ရှိနေပါတယ်။ ဒီရုပ်ရှင်ဟာ မူလကတော့ DCEU ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပုံဖော်ဖို့ ရှိခဲ့တာ ဖြစ်ပေမယ့် Ben Affleck ရဲ့ Batman ဇာတ်ကောင်ကနေ နှုတ်ထွက်သွားတဲ့နောက်မှာတော့ Robert Pattinson နဲ့ Matt Reeves တို့က လက်တွဲဖို့ ဖြစ်လာခဲ့ပါတယ်။

Photo Credit: Warner Bros.

အခုဆိုရင်တော့ The Batman ဟာ DCEU နဲ့ မသက်ဆိုင်တော့ဘဲ သီး‌ခြား universe တစ်ခုအဖြစ် ရပ်တည်သွားမှာ ဖြစ်ပြီး လူသတ်မှုတွေကြားက Bruce Wayne ရဲ့ စုံစမ်းထောက်လှမ်းရေးအပိုင်းကို ပြသသွားမှာ ဖြစ်ပါတယ်။

ရှေ့မှာ သရုပ်ဆောင်သွားကြတဲ့ Ben Affleck နဲ့ Christian Bale တို့ရဲ့ နေရာကို ဝင်ရောက်ရမယ့် Robert Pattinson ကတော့ Batman ဇာတ်ရုပ်ကို သရုပ်ဆောင်ဖို့ စိန်ခေါ်မှု ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကနဦး သရုပ်ဆောင်ရွေးချယ်မှုအကြောင်း ထုတ်ပြန်တုန်းက အချို့သော ပရိသတ်‌တွေရဲ့ ဝေဖန်မှုတွေကို ရရှိခဲ့ပါသေးတယ်။ သို့သော်လည်း ပရိသတ်အများစုကတော့ Pattinson ရဲ့ Batman ကို မြင်တွေ့ချင်နေကြပါတယ်။

Photo Credit: Warner Bros.

ပထမဆုံးထွေလာ ထွက်ရှိလာပြီးနောက်မှာတော့ Pattinson ရဲ့ Batman အပေါ် ဝေဖန်မှုတွေ လျော့ကျသွားပြီး အကောင်းမြင်တဲ့ မှတ်ချက်တွေ ပိုမိုရရှိလာပါတယ်။ အဆိုပါထွေလာထဲမှာတော့ Batman ရဲ့ first look နဲ့အတူ အသံနဲ့ မိတ်ကပ်တွေကိုပါ မြင်တွေ့ခွင့် ရခဲ့ကြပါတယ်။ ဒီထဲကမှ ပရိသတ်အများစုကို မေးခွန်းထုတ်စေခဲ့တာကတော့ Batman ရဲ့ အီမိုဆန်တဲ့ အိုင်းလိုင်နာအမည်းတွေပဲ ဖြစ်ပါတယ်။

Batman ကို အီမိုဆန်ဆန် အိုင်းလိုင်နာတွေနဲ့ ပုံဖော်ထားရတဲ့ နောက်ကွယ်က အကြောင်းရင်းကိုတော့ ဒါရိုက်တာ Matt Reeves က Esquire မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရှင်းပြထားပါတယ်။

Photo Credit: Warner Bros.

“အိုင်းလိုင်နာ မပါဘဲ Batman ရဲ့ မျက်နှာဖုံးကို ဝတ်လို့ မရပါဘူး။ Batman တွေအားလုံး အိုင်းလိုင်နာ ဆိုးကြပါတယ်။ ကျုပ် သဘောကျတာက မျက်နှာဖုံးကို ချွတ်လိုက်တဲ့အချိန်မှာ ချွေးတွေနဲ့ လိုင်နာတွေက အကုန်လုံး ပျံ့နေတဲ့ပုံစံပေါ့။ ဒီဟာက ရုပ်ရှင်သဘောတရားအရ ဒီကာရိုက်တာ ဖြစ်လာတဲ့ပုံစံမျိုးပေါ့ … ” လို့ Matt Reeves က ဆိုပါတယ်။

ဒါရိုက်တာ Matt Reeves ပြောသလိုပဲ ယခင် Batman တွေအားလုံး မျက်နှာဖုံးဝတ်ဆင်တိုင်း အိုင်းလိုင်နာအမည်း ဆိုးထားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့သော်လည်း Pattinson လောက်တော့ ဘယ်သူကမှ သိသိသာသာကြီး ဖြစ်မနေတာ အမှန်ပါပဲ။ ဒါရိုက်တာ Matt Reeves ပြောသလိုပဲ Batman ရဲ့ ဒီ look ဟာ ပရိသတ်တွေ မြင်တွေ့ရမယ့် Bruce Wayne ရဲ့ ပုံစံအသစ်တစ်ခုကို တကယ် ခံစားရမလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular