HomeEntertainmentFilmAunt May အဖြစ် ပြန်လည်ပါဝင်ချင်သေးတယ်လို့ ဆိုလာတဲ့ Marisa Tomei

Aunt May အဖြစ် ပြန်လည်ပါဝင်ချင်သေးတယ်လို့ ဆိုလာတဲ့ Marisa Tomei

Peter Parker ရဲ့ အဒေါ်ဖြစ်သူ Aunt May နေရာမှာ ပါဝင်ထားတဲ့ သရုပ်ဆောင် Marisa Tomei ကတော့ MCU ထဲမှာ ပြန်လည် ပါဝင်ချင်သေးတယ်လို့ ဆိုပါတယ်။ Marisa ကတော့ Aunt May အဖြစ်နဲ့ Captain America: Civil War မှာ စတင်ပါဝင်ခဲ့ပြီး နောက်ဆုံး ထွက်ရှိထားတဲ့ Spider-Man: No Way Home ထဲမှာတော့ နောက်ဆုံးအနေနဲ့ ပါဝင်ခဲ့ရပါတယ်။ သူမဟာ Peter Parker ရဲ့ မိဘတွေ သေဆုံးသွားပြီး နောက်ပိုင်းကစလို့ Peter ရဲ့ အုပ်ထိန်းသူအဖြစ် နေထိုင်ခဲ့သူ ဖြစ်ပါတယ်။

photo via screenrant

No Way Home ထဲမှာတော့ Tom Holland ရဲ့ Spider-Man ဟာ အခက်အခဲတွေများစွာကို ကြုံတွေ့ခဲ့ရပါတယ်။ တခြား Universe က ရောက်ရှိလာတဲ့ ဗီလိန်ငါးယောက်ကိုလည်း တားဆီးဖို့ ကြိုးစားခဲ့ရပြီး သူ့အတွက် အခက်ခဲဆုံးကတော့ သူ့ရဲ့နောက်ဆုံးကျန်ရှိတဲ့ သွေးသားရင်းချာကို ဆုံးရှုံးလိုက်ရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအဖြစ်အပျက်တွေ အပြီးမှာလည်း Universe တစ်ခုလုံးဟာ Peter Parker က Spider-Man ဆိုတာကိုလည်း မေ့ပျောက်သွားခဲ့ကြပါသေးတယ်။

The Tonight Show Starring Jimmy Fallon အစီအစဉ်ကို အလည်လာရောက်ခဲ့တဲ့ Marisa Tomei ကတော့ Aunt May အဖြစ် ပြန်လည် ပါဝင်ချင်ကြောင်း ပြောသွားတာ ဖြစ်ပါတယ်။

“Multiverse ဆိုတာ ရှိသေးတယ်လေ။ အစတုန်းကတော့ ဒါက လျှို့ဝှက်ချက် ဖြစ်ခဲ့ပေမယ့် အခုတော့ လူတိုင်း သိနေပါပြီ။ ကျွန်မကို မေးရင်တော့ အဲ့ဒီ Multiverse ဆိုတာ သေချာနားမလည်ပါဘူး။ ကျွန်မတို့ရဲ့ ဒါရိုက်တာ Jon ကလည်း အဲ့ဒါနဲ့ ပတ်သက်ပြီး ခဏခဏ ရှင်းပြဖူးပါတယ်။ ကျွန်မလည်း အဲ့ဒီ Multiverse ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ချင်ပါတယ်။ ကောမစ်ထဲမှာလည်း May Parker က Ant-man နဲ့ တွဲခဲ့ဖူးသေးတယ် မဟုတ်လား။ အခုချိန်ထိ သူမရဲ့ ဇာတ်လမ်းတွေက များများစားစား မရှိဘူးလေ။ အဲ့ဒီတော့ ဒီဇာတ်ကောင်နဲ့ ပတ်သက်ပြီး နောက်ထပ် ဖန်တီးလို့ ရတာတွေ ရှိပါသေးတယ် … “

photo via screenrant

သူမ ပြောသွားသလိုပဲ ယခုအချိန်မှာတော့ MCU ထဲမှာ Multiverse တွေ ပါဝင်လာပြီ ဖြစ်ပြီး သေဆုံးသွားတဲ့ ဇာတ်ကောင်တွေကိုလည်း ပြန်လည် မြင်တွေ့ရနိုင်ချေ ရှိပါသေးတယ်။ MJ အဖြစ် သရုပ်ဆောင်ထားတဲ့ Zendaya ကလည်း Aunt May ဟာ သူ့ဇာတ်ကောင်အတွက် ထိုက်သင့်သလောက် Credit မရခဲ့ဘူးလို့ ဆိုထားပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Marisa Tomei ကို Aunt May အနေနဲ့ ပြန်လည် မြင်တွေ့ရဦးမှာလား ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular