HomeEntertainmentFilmSeason 5 မှာ Eddie ပြန်ပါလာနိုင်မလားဆိုတာ ပြောပြလာတဲ့ Maya Hawke

Season 5 မှာ Eddie ပြန်ပါလာနိုင်မလားဆိုတာ ပြောပြလာတဲ့ Maya Hawke

Stranger Things သရုပ်ဆောင် Maya Hawke ကတော့ လာမယ့် season 5 မှာ ပရိသတ်အချစ်တော် ဇာတ်ကောင် Eddie Munson ပြန်လည် ပါဝင်လာနိုင်ဖို့ ဖြစ်နိုင်ချေကို ပြောပြလာပါတယ်။ Eddie Munson ကတော့ season 4 မှာမှ အသစ်ပါဝင်လာတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပေမယ့် သူ့ရဲ့ထူးခြားတဲ့ ဇာတ်ကောင်စရိုက်နဲ့ အများအတွက် အနစ်နာခံသွားတဲ့ ရွေးချယ်မှုကြောင့် ပရိသတ်အချစ်တော် ဇာတ်ကောင် ဖြစ်လာပါတယ်။

သို့သော်လည်း season 4 အဆုံးသတ်မှာ ခွဲခွာသွားတဲ့ Eddie Munson ကြောင့် ပရိသတ်များစွာဟာ စိတ်ထိခိုက်ခဲ့ကြရပြီး နောက်လာမယ့် season 5 မှာလည်း သူ့ကို ပြန်လည် မြင်တွေ့ချင်နေကြပါတယ်။ Joseph Quinn သရုပ်ဆောင်ထားတဲ့ Eddie Munson ဇာတ်ကောင် ပြန်လည် ပါဝင်လာနိုင်ချေ ရှိ၊မရှိကိုတော့ Maya Hawke က သူမရဲ့အမြင်ကို အခုလို ပြောပြထားပါတယ်။

Photo via IMDb

“သူ့ကို ဒီထက်ပိုပြီး မြင်တွေ့ချင်ကြသေးတဲ့ ပရိသတ်တွေရဲ့ဆန္ဒကို ကျွန်မ စာနာမိပါတယ်။ ကျွန်မခံစားမိတာတော့ ဇာတ်ကောင်တွေကို သတ်လိုက်ပြီးမှ ပြန်ပြန်ခေါ်နေလို့ မရဘူးဆိုတာပါပဲ။ ဒီလိုလုပ်လိုက်ရင် အခုအားပေးနေတဲ့ ပရိသတ်တွေကပဲ စိတ်အနှောင့်အယှက် ပြန်ဖြစ်သွားကြမှာပါ …”

“ဒါပေမယ့် Eddie ရဲ့ဝိဉာဉ်ကို တစ်ခုခုနဲ့ ရောသမမွှေပြီး ပုံစံအသစ်တစ်မျိုးနဲ့ ပြန်ခေါ်မှာမျိုးကိုတော့ ကျွန်မလည်း မြင်ချင်မိပါတယ်။ Joe Quinn ကလည်း အရမ်းမိုက်တဲ့ လူတစ်ယောက်မဟုတ်လား။ သူနဲ့က ရိုက်ကွင်းပေါ်မှာလည်း အရမ်းပျော်ဖို့ကောင်းသလို တကယ်လည်းတော်တဲ့ သရုပ်ဆောင်တစ်ယောက်ပါ …” လို့ Maya Hawke က ပြောထားပါတယ်။ သူမကတော့ Stranger Things ဇာတ်လမ်းတွဲထဲမှာ Robin Buckley အဖြစ် သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular