HomeEntertainmentFilmMCU ရဲ့ Black Panther အသစ်ကို Spoil လိုက်တဲ့ Wakanda Forever Lego Set

MCU ရဲ့ Black Panther အသစ်ကို Spoil လိုက်တဲ့ Wakanda Forever Lego Set

Black Panther: Wakanda Forever ရုပ်ရှင်ကတော့ မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ T’Challa နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Chadwick Boseman ကတော့ ကွယ်လွန်သွားပြီ ဖြစ်တာကြောင့် ဒီရုပ်ရှင်ထဲမှာလည်း T’Challa ဟာ အကြောင်းတစ်ခုခုကြောင့် ကွယ်လွန်သွားတဲ့ပုံစံ ဖန်တီးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာတော့ Black Panther အသစ် ပါဝင်လာမှာ ဖြစ်ပြီး ဒီရုပ်ရှင်အတွက် ထွက်ရှိလာမယ့် Lego Set ဟာ Black Panther အသစ်က ဘယ်သူဖြစ်မလည်းဆိုတာကို Spoil လုပ်သွားပါတယ်။

photo via screenrant

လောလောဆယ်မှာတော့ MCU ဟာ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကြောင်းကို ဖုံးကွယ်ထားပါတယ်။ သိရသလောက်ဆိုရင်တော့ ဒီရုပ်ရှင်ထဲမှာ T’Challa မရှိတော့တဲ့နောက် တခြားနိုင်ငံတွေဟာ Wakanda ရဲ့ Vibranium တွေကို လိုချင်နေကြပြီး တစ်ချိန်တည်းမှာပဲ Wakanda နိုင်ငံမှာ Namor တို့ရဲ့ Atlantean တွေနဲ့ စစ်ဖြစ်နေတာကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ ဒီလိုမျိူး Wakanda နိုင်ငံဟာ အခက်အခဲကြုံနေရတဲ့ အချိန်မှာတော့ ဇာတ်ကောင်တစ်ယောက်ဟာ Black Panther ဆိုတဲ့ နာမည်ကို ဆက်လက်ခံယူပြီး Wakanda ကို ကာကွယ်သွားမှာ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ Under Score Zeus ဆိုတဲ့ အင်စတာဂရမ်အကောင့်ကနေ Black Panther: Wakanda Forever အတွက် ထွက်ရှိလာမယ့် Lego Set ရဲ့ ဓာတ်ပုံကို မျှဝေထားပါတယ်။ ဒီ Lego Set ကိုတော့ War on the Water လို့ နာမည်ပေးထားပြီး Shuri ၊ M’Baku ၊ Okoye နဲ့ Namor တို့ ပါဝင်နေပါတယ်။ ဒီဇာတ်ကောင်တွေထဲမှာ အထူးခြားဆုံးက Shuri ပဲ ဖြစ်ပြီး ဒီ Lego Set ဘူးရဲ့ နောက်ကျောမှာတော့ Shuri ဟာ Black Panther ဝတ်စုံကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။

 

View this post on Instagram

 

A post shared by 12 Angry Men (@underscorezeus)

Shuri ဟာ ကောမစ်ထဲမှာလည်း Black Panther ဖြစ်ခဲ့ဖူးသူတစ်ယောက် ဖြစ်တာကြောင့် Black Panther: Wakanda Forever ထဲမှာလည်း ကောမစ်ထဲကအတိုင်း ဖန်တီးထားတာ ဖြစ်နိုင်ပါတယ်။ ဒီအချက်ဟာ Black Panther 2 အတွက် Spoiler ကြီးကြီးမားမား ဖြစ်ပေမယ့်လည်း MCU ရုပ်ရှင်တွေရဲ့ Spoiler တွေကို Merchandise တွေကနေတဆင့် သိရတာဟာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် MCU ဟာ Chadwick Boseman မပါဝင်တော့တဲ့ Black Panther ရုပ်ရှင်ကို ဘယ်လိုဖန်တီးသွားမလည်း ဆိုတာတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular