HomeCelebs Update NewsInternationalSpoiler တွေ ပြောပြမိတဲ့အခါ MCU သရုပ်ဆောင်တွေ ဘာကိုကြုံတွေ့ကြရလဲ?

Spoiler တွေ ပြောပြမိတဲ့အခါ MCU သရုပ်ဆောင်တွေ ဘာကိုကြုံတွေ့ကြရလဲ?

MCU သရုပ်ဆောင်တွေဟာ ပရောဂျက်အသစ်တွေနဲ့ ပတ်သက်ပြီး Spoiler တွေ ပြောပြမိတဲ့အခါမှာ ဘာတွေဖြစ်တတ်လည်း ဆိုတာကိုတော့ Marvel စတူဒီယိုရဲ့ ထုတ်လုပ်ရေးဌာန ရှေ့နေချုပ်ဟောင်း ဖြစ်တဲ့ Paul Sarker က ပြောပြထားပါတယ်။ ၂၀၀၈ ခုနှစ်မှာ Iron Man ရုပ်ရှင်နဲ့ စတင်ခဲ့တဲ့ Marvel Cinematic Universe ဟာ တဖြည်းဖြည်းနဲ့ ကြီးမားလာပြီး ယခုအချိန်မှာတော့ ဟောလိဝုဒ်ရဲ့ အကြီးမားဆုံး Franchise တွေထဲကတစ်ခု ဖြစ်လာပါပြီ။ ဒါကြောင့်ပဲ Marvel စတူဒီယိုကတော့ သူတို့ရဲ့ပရောဂျက်တွေမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကို ထိန်းချုပ်ဖို့ နည်းလမ်းတွေ လိုအပ်လာပါတော့တယ်။

photo via screenrant

Marvel စတူဒီယိုဟာ ပရောဂျက်အသစ်တွေရဲ့ ဇာတ်ညွှန်းတွေကို အလွန်အမင်း ကာကွယ်ထားလေ့ရှိပြီး သရုပ်ဆောင်တွေကလည်း Marvel စတူဒီယိုဟာ ဒီလိုအရာတွေနဲ့ ပတ်သက်ရင် အလွန်တင်းကြပ်တယ်လို့ ပြောကြပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ သူတို့ရဲ့ ပရောဂျက်အသစ်တွေအကြောင်း Spoil လုပ်ခွင့်မရှိပါဘူး။ ဒါကြောင့်ပဲ သူတို့အတွက် အကြီးမားဆုံး စစ်ဆေးမှုကတော့ အဲဒီပရောဂျက်အတွက် ပရိုမိုးရှင်းလုပ်တဲ့အခါ အင်တာဗျူး ဖြေဆိုရတာပဲ ဖြစ်ပါတယ်။ အကယ်၍ ဒီလိုအချိန်တွေမှာသာ တစ်ယောက်ယောက်က Spoil မိသွားမယ်ဆိုရင်တော့ ပြဿနာကြီးကြီးမားမား ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ Reddit ပေါ်က ပရိသတ်တစ်ယောက်ဟာ MCU သရုပ်ဆောင်တွေ Spoil လုပ်မိလိုက်ရင် ဘာတွေဖြစ်လာမလည်းလို့ မေးမြန်းထားပြီး Marvel ရဲ့ရှေ့နေချုပ်ဟောင်း Paul Sarker ကတော့ ဒီမေးခွန်းကို ပြန်လည်ဖြေဆိုထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ပရောဂျက်အသစ်တစ်ခုကို Spoil လုပ်လိုက်မယ်ဆိုရင် စာချုပ်ဖောက်ဖျက်ရာရောက်ပြီး စတူဒီယိုက တရားစွဲနိုင်တယ်လို့ ဆိုပါတယ်။ တရားစွဲဆိုမှုကြောင့် ပေးချေရမယ့် ငွေပမာဏကတော့ အကြောင်းအရာပေါ် မူတည်တယ်လို့ သိရပြီး ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းကိုက်ရလောက်တဲ့ ငွေပမာဏမျိူးကို ပေးချေရမယ်လို့ ဆိုပါတယ်။

photo via screenrant

MCU သရုပ်ဆောင်တွေထဲမှာတော့ Tom Holland နဲ့ Mark Ruffalo တို့ဟာ Spoil လုပ်တယ်လို့ ပရိသတ်တွေကြားမှာ နာမည်ကြီးကြပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်လုံးဟာ ယခုအချိန်ထိ စတူဒီယိုဘက်က တရားစွဲဆိုတာမျိုးကို မခံရသေးပါဘူး။ အကြောင်းကတော့ ဒီလိုအဖြစ်အပျက်တွေ ဖြစ်လာရင် Kevin Feige နဲ့ ကုမ္ပဏီကအရာရှိတွေဟာ သူတို့ကို တရားစွဲဆိုဖို့ သင့်မသင့် ဆုံးဖြတ်ရမှာ ဖြစ်လို့ပါပဲ။

Tom Holland နဲ့ Mark Ruffalo တို့နှစ်ယောက်လုံးကတော့ တမင်တကာ spoil လုပ်တာမျိုးမဟုတ်ဘဲ မတော်တဆ ဖြစ်သွားခဲ့တာတွေကြောင့် တရားစွဲမခံရသေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုအချိန်ထိတော့ MCU သရုပ်ဆောင်တွေ Spoil လုပ်တယ်ဆိုတာဟာ စတူဒီယိုက လုပ်စေချင်တာကို လုပ်ခဲ့ကြတာသာ ဖြစ်ပြီး ပရိသတ်တွေကို စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာစေဖို့အတွက် ပြုလုပ်ခဲ့တာသာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular