HomeEntertainmentFilmMarvel ဒါရိုက်တာတွေ ရိုက်ကူးထားတဲ့ Horror ဇာတ်ကားကောင်းများ

Marvel ဒါရိုက်တာတွေ ရိုက်ကူးထားတဲ့ Horror ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel ရဲ့ စူပါဟီးရိုးရုပ်ရှင်တွေကို ရိုက်ကူးရတာနဲ့ Horror ရုပ်ရှင်တွေကို ရိုက်ကူးရတာဟာ လုံးဝမတူညီပါဘူး။ Marvel ရုပ်ရှင်အများစုဟာ rating အနေနဲ့ PG-13 တွေ ဖြစ်ကြပြီး ဟာသတွေလည်း ပါဝင်လေ့ရှိပါတယ်။ Horror ရုပ်ရှင်တွေကတော့ ဒီလိုမဟုတ်ဘဲ ဇာတ်လမ်းပေါ် မူတည်ပြီး Dark ဆန်ဆန်တွေ ဖန်တီးရတာမျိူး ပါဝင်ပါတယ်။ ဒါပေမယ့်လည်း တချို့ဒါရိုက်တာတွေကတော့ Marvel ရုပ်ရှင်တွေကိုလည်း ကောင်းမွန်စွာ ရိုက်ကူးနိုင်သလို Horror ရုပ်ရှင်တွေကိုလည်း ကောင်းကောင်းဖန်တီးနိုင်ကြပါတယ်။ Marvel ဒါရိုက်တာတွေ ရိုက်ကူးထားတဲ့ Horror ဇာတ်ကားကောင်းတွေကတော့ …

(7) Berlin Syndrome (Cate Shortland)
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကောင်မလေးတစ်ယောက်ဟာ ပိတ်ရက်မှာ ယောကျာ်းလေးတစ်ယောက်နဲ့ ပျော်ပါးခဲ့ပြီး အဲ့ဒီလူရဲ့အိမ်မှာပဲ ညအိပ်ခဲ့ပါတယ်။ နောက်တစ်နေ့မနက် သူမ အိပ်ရာက နိုးလာတဲ့အချိန်မှာတော့ အဲ့ဒီအိမ်ကနေ ထွက်သွားလို့ မရတော့တာကို သိလိုက်ရပါတော့တယ်။ မကြာသေးခင်က ထွက်ရှိထားတဲ့ Black Widow ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Cate Shortland က ဒီဇာတ်လမ်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။

(6) Drag Me to Hell (Sam Raimi)
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အဘွားအိုကြီးတစ်ယောက်ဟာ သူမရဲ့ချေးငွေကာလကို သက်တမ်းတိုးပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဘဏ်ဝန်ထမ်းဖြစ်သူ Christine ကတော့ ငြင်းဆိုခဲ့ပါတယ်။ ဒါကြောင့်ပဲ သူမကို အဲ့ဒီအဘွားအိုကြီးက ကျိန်စာတိုက်သွားပြီး အဲ့ဒီအချိန်ကစပြီး Christine ရဲ့ ဘဝဟာ မထင်မှတ်ထားတဲ့ ဖြစ်ရပ်ဆိုးတွေမျိူးစုံနဲ့ ကြုံတွေ့ရပါတော့တယ်။ ဒီဇာတ်လမ်းကိုတော့ Tobey Maguire ရဲ့ Spider-Man Trilogy ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Sam Raimi က ဖန်တီးထားတာ ဖြစ်ပါတယ်။

(5) Slither (James Gunn)
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မြို့ငယ်လေးတစ်မြို့ကို ဂြိုဟ်သားတွေ ကျူးကျော်လာတဲ့အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဂြိုဟ်သားတွေကြောင့် သာမန်လူသားတွေဟာ မကောင်းဆိုးဝါးတွေအဖြစ် ပြောင်းလဲသွားပြီး ဘာတွေဆက်ဖြစ်ကြမလည်း ဆိုတာကို မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ကိုတော့ Guardians of the Galaxy ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ James Gunn က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

(4) The Exorcism of Emily Rose (Scott Derrickson)
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဘုန်းတော်ကြီးတစ်ပါးဟာ ဝိဉာဉ်ပူးကပ်နေတဲ့ ကောင်မလေးတစ်ယောက်ကို အပနှင်နေရင်းနဲ့ အဲဒီကောင်မလေးဟာ သေဆုံးသွားပါတယ်။ အဲ့ဒါကြောင့်ပဲ အမှုဖြစ်ပွားပြီး အဲ့ဒီဘုန်းတော်ကြီးဟာ တရားရင်ဆိုင်ရပါတော့တယ်။ ဇာတ်လမ်းအဖွင့်မှာတော့ တရားခွင်မှာ ဘုန်းတော်ကြီးကို စစ်ဆေးနေတဲ့ အခန်းက စပြထားပြီး ဘုန်းတော်ကြီးက ပြန်ဖြေတာတွေကို နောက်ကြောင်းပြန်ရင်းနဲ့ ဘာတွေဖြစ်ခဲ့တာလည်း ဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Scott Derrickson ကတော့ Doctor Strange ရုပ်ရှင်ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။

(3) Sinister (Scott Derrickson)
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.8) ရရှိထားပါတယ်။ Ellison Oswald ဆိုတဲ့ ဖြစ်ရပ်မှန်မှုခင်းအကြောင်းတွေ ရေးသားတဲ့ စာရေးဆရာတစ်ယောက်ဟာ တဖြည်းဖြည်းနဲ့ သူ့ရဲ့စာအုပ်တွေဟာ မအောင်မြင်ခဲ့တာ ဆယ်နှစ်လောက် ရှိခဲ့ပါပြီ။ အဲ့ဒါကြောင့်ပဲ သူဟာ လူကြိုက်များလောက်တဲ့ စာအုပ်ကို ရေးသားဖို့အတွက် ကုန်ကြမ်း ရှာဖွေနေတဲ့အချိန်မှာ မိသားစုတစ်စုရဲ့ သေဆုံးမှုကို မှတ်တမ်းတင်ထားတာ တွေ့လိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ အဲ့ဒီမိသားစု ဘယ်လိုသေဆုံးသွားလည်းဆိုတာကို ဖြေရှင်းဖို့အတွက် ကြိုးစားမယ်ဆိုပြီး သူနဲ့သူ့မိသားစုတွေကိုယ်တိုင် အဲ့ဒီသေသွားတဲ့ မိသားစုနေခဲ့တဲ့ အိမ်ကို ပြောင်းရွှေ့ပြီး နေထိုင်လိုက်ပါတော့တယ်။

(2) The Evil Dead (Sam Raimi)
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၈၁ ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ သူငယ်ချင်းငါးယောက်ဟာ ဝေးလံတဲ့ နေရာမှာရှိတဲ့ သစ်လုံးအိမ်လေးကို ခရီးထွက်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့တွေ ကြိုမမြင်ထားတဲ့ ဖြစ်ရပ်ဆိုးတွေဟာ စောင့်ကြိုနေပြီး အသက်ရှင်သန်နိုင်ဖို့ ကြိုးစားရပါတော့တယ်။ ဒီရုပ်ရှင်ကတော့ ဘတ်ဂျက်အနည်းငယ်နဲ့ ရိုက်ကူးထားပေမယ့်လည်း Sam Raimi ရဲ့ Masterpiece လို့တောင် ပြောလို့ရပါတယ်။

(1) What We Do in the Shadows (Taika Waititi)
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားပါတယ်။ Taika Waititi ကတော့ Thor: Ragnarok ကို ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သက်တမ်းရင့်နေတဲ့ သွေးစုပ်ဖုတ်ကောင်အုပ်စုက အခုခေတ်ကြီးနဲ့အညီ လိုက်ရောညီထွေစွာ နေထိုင်ဖို့အတွက် ကြိုးစားကြပုံကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ အခုမှ ပြောင်းလဲခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်အသစ်လေးကို သွေးစုပ်ဖုတ်ကောင်တွေမှာပဲ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို သင်ပြပေးနေကြပါတယ်။

ဒါကတော့ Marvel ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတွေ လက်စွမ်းပြထားတဲ့ horror ဇာတ်ကားကောင်းတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဇာတ်ကားကောင်းတွေ ရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Marvel ရဲ႕ စူပါဟီး႐ိုး႐ုပ္ရွင္ေတြကို ႐ိုက္ကူးရတာနဲ႔ Horror ႐ုပ္ရွင္ေတြကို ႐ိုက္ကူးရတာဟာ လုံးဝမတူညီပါဘူး။ Marvel ႐ုပ္ရွင္အမ်ားစုဟာ rating အေနနဲ႔ PG-13 ေတြ ျဖစ္ၾကၿပီး ဟာသေတြလည္း ပါဝင္ေလ့ရွိပါတယ္။ Horror ႐ုပ္ရွင္ေတြကေတာ့ ဒီလိုမဟုတ္ဘဲ ဇာတ္လမ္းေပၚ မူတည္ၿပီး Dark ဆန္ဆန္ေတြ ဖန္တီးရတာမ်ိဴး ပါဝင္ပါတယ္။ ဒါေပမယ့္လည္း တခ်ိဳ႕ဒါ႐ိုက္တာေတြကေတာ့ Marvel ႐ုပ္ရွင္ေတြကိုလည္း ေကာင္းမြန္စြာ ႐ိုက္ကူးႏိုင္သလို Horror ႐ုပ္ရွင္ေတြကိုလည္း ေကာင္းေကာင္းဖန္တီးႏိုင္ၾကပါတယ္။ Marvel ဒါ႐ိုက္တာေတြ ႐ိုက္ကူးထားတဲ့ Horror ဇာတ္ကားေကာင္းေတြကေတာ့ …

(7) Berlin Syndrome (Cate Shortland)
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၇ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (6.3) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ေကာင္မေလးတစ္ေယာက္ဟာ ပိတ္ရက္မွာ ေယာက်ာ္းေလးတစ္ေယာက္နဲ႔ ေပ်ာ္ပါးခဲ့ၿပီး အဲ့ဒီလူရဲ႕အိမ္မွာပဲ ညအိပ္ခဲ့ပါတယ္။ ေနာက္တစ္ေန႔မနက္ သူမ အိပ္ရာက ႏိုးလာတဲ့အခ်ိန္မွာေတာ့ အဲ့ဒီအိမ္ကေန ထြက္သြားလို႔ မရေတာ့တာကို သိလိုက္ရပါေတာ့တယ္။ မၾကာေသးခင္က ထြက္ရွိထားတဲ့ Black Widow ႐ုပ္ရွင္ကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ Cate Shortland က ဒီဇာတ္လမ္းကို ဖန္တီးထားတာ ျဖစ္ပါတယ္။

(6) Drag Me to Hell (Sam Raimi)
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၉ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (6.5) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ အဘြားအိုႀကီးတစ္ေယာက္ဟာ သူမရဲ႕ေခ်းေငြကာလကို သက္တမ္းတိုးေပးဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ဘဏ္ဝန္ထမ္းျဖစ္သူ Christine ကေတာ့ ျငင္းဆိုခဲ့ပါတယ္။ ဒါေၾကာင့္ပဲ သူမကို အဲ့ဒီအဘြားအိုႀကီးက က်ိန္စာတိုက္သြားၿပီး အဲ့ဒီအခ်ိန္ကစၿပီး Christine ရဲ႕ ဘဝဟာ မထင္မွတ္ထားတဲ့ ျဖစ္ရပ္ဆိုးေတြမ်ိဴးစုံနဲ႔ ႀကဳံေတြ႕ရပါေတာ့တယ္။ ဒီဇာတ္လမ္းကိုေတာ့ Tobey Maguire ရဲ႕ Spider-Man Trilogy ကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ Sam Raimi က ဖန္တီးထားတာ ျဖစ္ပါတယ္။

(5) Slither (James Gunn)
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၆ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (6.5) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕ကို ၿဂိဳဟ္သားေတြ က်ဴးေက်ာ္လာတဲ့အေၾကာင္း ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ၿဂိဳဟ္သားေတြေၾကာင့္ သာမန္လူသားေတြဟာ မေကာင္းဆိုးဝါးေတြအျဖစ္ ေျပာင္းလဲသြားၿပီး ဘာေတြဆက္ျဖစ္ၾကမလည္း ဆိုတာကို ျမင္ေတြ႕ရမွာပါ။ ဒီ႐ုပ္ရွင္ကိုေတာ့ Guardians of the Galaxy ႐ုပ္ရွင္ေတြကို ႐ိုက္ကူးခဲ့တဲ့ James Gunn က ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

(4) The Exorcism of Emily Rose (Scott Derrickson)
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၅ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.7) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ဘုန္းေတာ္ႀကီးတစ္ပါးဟာ ဝိဉာဥ္ပူးကပ္ေနတဲ့ ေကာင္မေလးတစ္ေယာက္ကို အပႏွင္ေနရင္းနဲ႔ အဲဒီေကာင္မေလးဟာ ေသဆုံးသြားပါတယ္။ အဲ့ဒါေၾကာင့္ပဲ အမႈျဖစ္ပြားၿပီး အဲ့ဒီဘုန္းေတာ္ႀကီးဟာ တရားရင္ဆိုင္ရပါေတာ့တယ္။ ဇာတ္လမ္းအဖြင့္မွာေတာ့ တရားခြင္မွာ ဘုန္းေတာ္ႀကီးကို စစ္ေဆးေနတဲ့ အခန္းက စျပထားၿပီး ဘုန္းေတာ္ႀကီးက ျပန္ေျဖတာေတြကို ေနာက္ေၾကာင္းျပန္ရင္းနဲ႔ ဘာေတြျဖစ္ခဲ့တာလည္း ဆိုတာကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ Scott Derrickson ကေတာ့ Doctor Strange ႐ုပ္ရွင္ကို ဖန္တီးခဲ့တဲ့ ဒါ႐ိုက္တာ ျဖစ္ပါတယ္။

(3) Sinister (Scott Derrickson)
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၂ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (6.8) ရရွိထားပါတယ္။ Ellison Oswald ဆိုတဲ့ ျဖစ္ရပ္မွန္မႈခင္းအေၾကာင္းေတြ ေရးသားတဲ့ စာေရးဆရာတစ္ေယာက္ဟာ တျဖည္းျဖည္းနဲ႔ သူ႔ရဲ႕စာအုပ္ေတြဟာ မေအာင္ျမင္ခဲ့တာ ဆယ္ႏွစ္ေလာက္ ရွိခဲ့ပါၿပီ။ အဲ့ဒါေၾကာင့္ပဲ သူဟာ လူႀကိဳက္မ်ားေလာက္တဲ့ စာအုပ္ကို ေရးသားဖို႔အတြက္ ကုန္ၾကမ္း ရွာေဖြေနတဲ့အခ်ိန္မွာ မိသားစုတစ္စုရဲ႕ ေသဆုံးမႈကို မွတ္တမ္းတင္ထားတာ ေတြ႕လိုက္ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ အဲ့ဒီမိသားစု ဘယ္လိုေသဆုံးသြားလည္းဆိုတာကို ေျဖရွင္းဖို႔အတြက္ ႀကိဳးစားမယ္ဆိုၿပီး သူနဲ႔သူ႔မိသားစုေတြကိုယ္တိုင္ အဲ့ဒီေသသြားတဲ့ မိသားစုေနခဲ့တဲ့ အိမ္ကို ေျပာင္းေ႐ႊ႕ၿပီး ေနထိုင္လိုက္ပါေတာ့တယ္။

(2) The Evil Dead (Sam Raimi)
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၁၉၈၁ ခုႏွစ္တုန္းက ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (7.5) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ သူငယ္ခ်င္းငါးေယာက္ဟာ ေဝးလံတဲ့ ေနရာမွာရွိတဲ့ သစ္လုံးအိမ္ေလးကို ခရီးထြက္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ေတြ ႀကိဳမျမင္ထားတဲ့ ျဖစ္ရပ္ဆိုးေတြဟာ ေစာင့္ႀကိဳေနၿပီး အသက္ရွင္သန္ႏိုင္ဖို႔ ႀကိဳးစားရပါေတာ့တယ္။ ဒီ႐ုပ္ရွင္ကေတာ့ ဘတ္ဂ်က္အနည္းငယ္နဲ႔ ႐ိုက္ကူးထားေပမယ့္လည္း Sam Raimi ရဲ႕ Masterpiece လို႔ေတာင္ ေျပာလို႔ရပါတယ္။

(1) What We Do in the Shadows (Taika Waititi)
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.7) ရရွိထားပါတယ္။ Taika Waititi ကေတာ့ Thor: Ragnarok ကို ႐ိုက္ကူးခဲ့သူ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ သက္တမ္းရင့္ေနတဲ့ ေသြးစုပ္ဖုတ္ေကာင္အုပ္စုက အခုေခတ္ႀကီးနဲ႔အညီ လိုက္ေရာညီေထြစြာ ေနထိုင္ဖို႔အတြက္ ႀကိဳးစားၾကပုံကို ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူတို႔ဟာ အခုမွ ေျပာင္းလဲခဲ့တဲ့ ေသြးစုပ္ဖုတ္ေကာင္အသစ္ေလးကို ေသြးစုပ္ဖုတ္ေကာင္ေတြမွာပဲ ရရွိႏိုင္တဲ့ အက်ိဳးေက်းဇူးေတြကို သင္ျပေပးေနၾကပါတယ္။

ဒါကေတာ့ Marvel ႐ုပ္ရွင္ေတြကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာေတြ လက္စြမ္းျပထားတဲ့ horror ဇာတ္ကားေကာင္းေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားဇာတ္ကားေကာင္းေတြ ရွိရင္လည္း ျပန္လည္မွ်ေဝေပးခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular