HomeEntertainmentFilmMCU မှာ ပါဝင်လာခဲ့တဲ့ ဆယ်နှစ်ကျော်ကာလမှာ Screen Time နှစ်ဆတိုး ရသွားတဲ့ Loki 

MCU မှာ ပါဝင်လာခဲ့တဲ့ ဆယ်နှစ်ကျော်ကာလမှာ Screen Time နှစ်ဆတိုး ရသွားတဲ့ Loki 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Loki ဇာတ်ကောင်ဟာ MCU မှာ ပါဝင်လာခဲ့တာ ဆယ်နှစ်ကျော်လာပြီ ဖြစ်ပေမယ့် ယခု Phase 4 အရောက်မှာတော့ အရှေ့က MCU ဇာတ်ကားတွေမှာ ရရှိထားတဲ့ Screen Time ရဲ့ နှစ်ဆကို ရရှိသွားပြီ ဖြစ်ပါတယ်။

လှည့်စားခြင်းနတ်ဘုရားဟာ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Thor ရုပ်ရှင်နဲ့ စတင်ပြီး ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Avengers: Endgame ရုပ်ရှင်အထိ စုစုပေါင်း MCU ရုပ်ရှင် ခြောက်ကားမှာ ပါဝင်ခဲ့ပြီး ဖြစ်ပါတယ်။ သူ့ရဲ့ ခုနှစ်ခုမြောက် ဇာတ်ကားကတော့ ရုပ်ရှင်မဟုတ်ဘဲ Disney+ က ထုတ်လွှင့်ခဲ့တဲ့ Loki ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

Photo via IMDb

ကုန်လွန်ခဲ့ပြီးတဲ့ နှစ်တွေတလျှောက်မှာ Loki ဟာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဒုတိယဗီလိန်နေရာကလည်း ပါဝင်ခဲ့ဖူးသလို Avengers တွေနဲ့ တွဲပြီး အလုပ်လုပ်ခဲ့ရတဲ့ anti-hero အဖြစ်လည်း ပါဝင်ခဲ့တာပါ။ Avengers: Infinity War မှာ အသတ်ခံလိုက်ရပေမယ့် နောက်ထပ် timeline  တစ်ခုက ဗားရှင်းတစ်မျိုးအနေနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးအပြီးမှာတော့ Marvel ဟာ Loki အနေနဲ့ အောင်မြင်တဲ့ ကိုယ်ပိုင်ရှိုးတစ်ခုကို ပိုင်ဆိုင်နိုင်ကြောင်း သက်သေပြပေးလိုက်ပါတယ်။

ယခုလို ကိုယ်ပိုင်ပရောဂျက် ရရှိသွားတဲ့အတွက် ပရိသတ်တွေ ယခင်က မြင်တွေ့ခဲ့ကြရတဲ့ Loki ထက် ပိုပြီး နက်နဲရှုပ်ထွေးတဲ့ Loki ရဲ့ အတွင်းကျကျ ဇာတ်လမ်းတွေကိုပါ မြင်တွေ့လာရပြီ ဖြစ်ပါတယ်။ အပိုင်း(၆)ပိုင်း ပါဝင်တဲ့ Loki ဇာတ်လမ်းတွဲကို ထုတ်လွှင့်အပြီးမှာတော့ MCU ထဲက Loki ရဲ့ အနာဂတ်ဟာလည်း ပိုမိုတောက်ပလာခဲ့ပြီ ဖြစ်ပါတယ်။

Photo via IMDb

Loki ဇာတ်လမ်းတွဲရဲ့ executive producer ဖြစ်တဲ့ Kevin R. Wright ရဲ့ မကြာသေးမီက ပြောကြားချက်အရ ယခုရှိုးမတိုင်မီ MCU ဇာတ်ကားတွေမှာ ရရှိခဲ့တဲ့ Loki ရဲ့ စုစုပေါင်း screen time ဟာ နှစ်နာရီတောင် မပြည့်ဘူးလို့ သိရပါတယ်။ ဒါကြောင့် ယခု Loki ဇာတ်လမ်းတွဲ ထွက်ရှိလာအပြီးမှာတော့ Loki ရရှိလိုက်တဲ့ screen time ဟာ ယခင်ကထက် နှစ်ဆခန့် ရှိနေတယ်လို့ သိရပါတယ်။ ဒါဟာ Phase 4 ရဲ့ အစောပိုင်းမှာတင် ရရှိထားတဲ့ screen time လည်း ဖြစ်ပါတယ်။

ပြန်လည် နှိုင်းယှဉ်သုံးသပ်ကြည့်မယ်ဆိုရင်တော့ အရှေ့က ထွက်ရှိပြီးသား MCU ဇာတ်ကားတွေထဲမှာ Loki ရရှိခဲ့တဲ့ screen time ဟာ (၂၁)မိနစ်ထက် ဘယ်တော့မှ မပိုခဲ့ဘူးလို့ သိရပါတယ်။ ဒါဟာ Loki လို ကာရိုက်တာအတွက်ဆိုရင်တော့ အံ့ဩစရာပဲ screen time က နည်းနေတယ်လို့ ခံစားရမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ သူဟာ Thor ရဲ့ကမ္ဘာမှာ အရေးကြီးနေရာက ပါဝင်ခဲ့သူ ဖြစ်ပြီး MCU ထဲမှာ ဆက်တိုက် ပါရှိနေခဲ့ရုံမက ပထမဆုံး Avengers ရုပ်ရှင်ထဲမှာဆိုရင် မိန်းဗီလိန်အဖြစ် ပါဝင်ခဲ့တာကြောင့်ပါပဲ။

Photo via IMDb

သို့သော်လည်း Infinity War နဲ့ Endgame တို့ထဲမှာတော့ သူ့ရဲ့ ပါဝင်မှုဟာ အနည်းငယ်မျှသာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရှေ့က ထွက်ရှိခဲ့တဲ့ လေးကားထဲမှာတော့ Loki ဟာ အဓိကကျတဲ့ ကာရိုက်တာအဖြစ် ပါဝင်ခဲ့တာပါ။ ဒါဟာ တချို့ဟီးရိုးတွေလောက် အရေးမပါခဲ့ဘူးဆိုပေမယ့် အခြားသော ဗီလိန်တွေထက်တော့ အများကြီးပိုတာကို ပရိသတ်တိုင်း ခံစားရမှာပါ။

ဒါဟာ MCU ရဲ့ Phase 4 မှာ Loki ရဲ့ ပါဝင်မှုဟာ ပိုမိုအရေးပါလာတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Marvel ရဲ့ Disney+ ရုပ်သံလိုင်းမှာ ဇာတ်လမ်းတွဲတွေ ထုတ်လွှင့် ပြသမယ့် အစီအစဉ်ကြောင့်လည်း MCU ရဲ့ ကာရိုက်တာတွေနဲ့ ဇာတ်လမ်းတွေဟာ ပိုမိုအသက်ဝင် ထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။

Photo via IMDb

ပုံမှန်အတိုင်း ရုပ်ရှင်တွေချည်းပဲ ရိုက်ကူး ထုတ်လုပ်သွားမယ်ဆိုရင် ဘယ်သောအခါမှ ဆိုလိုပရောဂျက် ရရှိမှာ မဟုတ်တဲ့ ဇာတ်ကောင်တွေဟာ Disney+ က ပေးလိုက်တဲ့ အခွင့်အရေးကြောင့် အခုလို ဆိုလိုပရောဂျက်တွေ ရရှိလာတာ ဖြစ်ပါတယ်။ ဒါဟာ ပရိသတ်တွေအတွက်ရော၊ Marvel စတူဒီယိုအတွက်ပါ နှစ်ဦးနှစ်ဘက် အကျိုးရှိတဲ့ အစီအစဉ်တစ်ခုလည်း ဖြစ်တာကြောင့် ရှေ့လျှောက်မှာလည်း MCU ကာရိုက်တာတွေရဲ့ ဇာတ်လမ်းတွဲတွေကို မြင်တွေ့ရဖို့ ရှိနေပါတယ်။

Glasgow

Source: screenrant

(Zawgyi Version)

Loki ဇာတ္ေကာင္ဟာ MCU မွာ ပါဝင္လာခဲ့တာ ဆယ္ႏွစ္ေက်ာ္လာၿပီ ျဖစ္ေပမယ့္ ယခု Phase 4 အေရာက္မွာေတာ့ အေရွ႕က MCU ဇာတ္ကားေတြမွာ ရရွိထားတဲ့ Screen Time ရဲ႕ ႏွစ္ဆကို ရရွိသြားၿပီ ျဖစ္ပါတယ္။

လွည့္စားျခင္းနတ္ဘုရားဟာ ၂၀၁၁ ခုႏွစ္က ထြက္ရွိခဲ့တဲ့ Thor ႐ုပ္ရွင္နဲ႔ စတင္ၿပီး ၂၀၁၉ ခုႏွစ္က ထြက္ရွိခဲ့တဲ့ Avengers: Endgame ႐ုပ္ရွင္အထိ စုစုေပါင္း MCU ႐ုပ္ရွင္ ေျခာက္ကားမွာ ပါဝင္ခဲ့ၿပီး ျဖစ္ပါတယ္။ သူ႔ရဲ႕ ခုႏွစ္ခုေျမာက္ ဇာတ္ကားကေတာ့ ႐ုပ္ရွင္မဟုတ္ဘဲ Disney+ က ထုတ္လႊင့္ခဲ့တဲ့ Loki ဇာတ္လမ္းတြဲပဲ ျဖစ္ပါတယ္။

Photo via IMDb

ကုန္လြန္ခဲ့ၿပီးတဲ့ ႏွစ္ေတြတေလွ်ာက္မွာ Loki ဟာ ပုံသ႑ာန္အမ်ိဳးမ်ိဳးနဲ႔ ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။ သူဟာ ဒုတိယဗီလိန္ေနရာကလည္း ပါဝင္ခဲ့ဖူးသလို Avengers ေတြနဲ႔ တြဲၿပီး အလုပ္လုပ္ခဲ့ရတဲ့ anti-hero အျဖစ္လည္း ပါဝင္ခဲ့တာပါ။ Avengers: Infinity War မွာ အသတ္ခံလိုက္ရေပမယ့္ ေနာက္ထပ္ timeline  တစ္ခုက ဗားရွင္းတစ္မ်ိဳးအေနနဲ႔ ပရိသတ္ေတြကို မိတ္ဆက္ေပးအၿပီးမွာေတာ့ Marvel ဟာ Loki အေနနဲ႔ ေအာင္ျမင္တဲ့ ကိုယ္ပိုင္ရႈိးတစ္ခုကို ပိုင္ဆိုင္ႏိုင္ေၾကာင္း သက္ေသျပေပးလိုက္ပါတယ္။

ယခုလို ကိုယ္ပိုင္ပေရာဂ်က္ ရရွိသြားတဲ့အတြက္ ပရိသတ္ေတြ ယခင္က ျမင္ေတြ႕ခဲ့ၾကရတဲ့ Loki ထက္ ပိုၿပီး နက္နဲရႈပ္ေထြးတဲ့ Loki ရဲ႕ အတြင္းက်က် ဇာတ္လမ္းေတြကိုပါ ျမင္ေတြ႕လာရၿပီ ျဖစ္ပါတယ္။ အပိုင္း(၆)ပိုင္း ပါဝင္တဲ့ Loki ဇာတ္လမ္းတြဲကို ထုတ္လႊင့္အၿပီးမွာေတာ့ MCU ထဲက Loki ရဲ႕ အနာဂတ္ဟာလည္း ပိုမိုေတာက္ပလာခဲ့ၿပီ ျဖစ္ပါတယ္။

Photo via IMDb

Loki ဇာတ္လမ္းတြဲရဲ႕ executive producer ျဖစ္တဲ့ Kevin R. Wright ရဲ႕ မၾကာေသးမီက ေျပာၾကားခ်က္အရ ယခုရႈိးမတိုင္မီ MCU ဇာတ္ကားေတြမွာ ရရွိခဲ့တဲ့ Loki ရဲ႕ စုစုေပါင္း screen time ဟာ ႏွစ္နာရီေတာင္ မျပည့္ဘူးလို႔ သိရပါတယ္။ ဒါေၾကာင့္ ယခု Loki ဇာတ္လမ္းတြဲ ထြက္ရွိလာအၿပီးမွာေတာ့ Loki ရရွိလိုက္တဲ့ screen time ဟာ ယခင္ကထက္ ႏွစ္ဆခန႔္ ရွိေနတယ္လို႔ သိရပါတယ္။ ဒါဟာ Phase 4 ရဲ႕ အေစာပိုင္းမွာတင္ ရရွိထားတဲ့ screen time လည္း ျဖစ္ပါတယ္။

ျပန္လည္ ႏႈိင္းယွဥ္သုံးသပ္ၾကည့္မယ္ဆိုရင္ေတာ့ အေရွ႕က ထြက္ရွိၿပီးသား MCU ဇာတ္ကားေတြထဲမွာ Loki ရရွိခဲ့တဲ့ screen time ဟာ (၂၁)မိနစ္ထက္ ဘယ္ေတာ့မွ မပိုခဲ့ဘူးလို႔ သိရပါတယ္။ ဒါဟာ Loki လို ကာ႐ိုက္တာအတြက္ဆိုရင္ေတာ့ အံ့ဩစရာပဲ screen time က နည္းေနတယ္လို႔ ခံစားရမွာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ သူဟာ Thor ရဲ႕ကမာၻမွာ အေရးႀကီးေနရာက ပါဝင္ခဲ့သူ ျဖစ္ၿပီး MCU ထဲမွာ ဆက္တိုက္ ပါရွိေနခဲ့႐ုံမက ပထမဆုံး Avengers ႐ုပ္ရွင္ထဲမွာဆိုရင္ မိန္းဗီလိန္အျဖစ္ ပါဝင္ခဲ့တာေၾကာင့္ပါပဲ။

Photo via IMDb

သို႔ေသာ္လည္း Infinity War နဲ႔ Endgame တို႔ထဲမွာေတာ့ သူ႔ရဲ႕ ပါဝင္မႈဟာ အနည္းငယ္မွ်သာ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ေရွ႕က ထြက္ရွိခဲ့တဲ့ ေလးကားထဲမွာေတာ့ Loki ဟာ အဓိကက်တဲ့ ကာ႐ိုက္တာအျဖစ္ ပါဝင္ခဲ့တာပါ။ ဒါဟာ တခ်ိဳ႕ဟီး႐ိုးေတြေလာက္ အေရးမပါခဲ့ဘူးဆိုေပမယ့္ အျခားေသာ ဗီလိန္ေတြထက္ေတာ့ အမ်ားႀကီးပိုတာကို ပရိသတ္တိုင္း ခံစားရမွာပါ။

ဒါဟာ MCU ရဲ႕ Phase 4 မွာ Loki ရဲ႕ ပါဝင္မႈဟာ ပိုမိုအေရးပါလာတာကိုလည္း ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Marvel ရဲ႕ Disney+ ႐ုပ္သံလိုင္းမွာ ဇာတ္လမ္းတြဲေတြ ထုတ္လႊင့္ ျပသမယ့္ အစီအစဥ္ေၾကာင့္လည္း MCU ရဲ႕ ကာ႐ိုက္တာေတြနဲ႔ ဇာတ္လမ္းေတြဟာ ပိုမိုအသက္ဝင္ ထင္ရွားလာခဲ့တာ ျဖစ္ပါတယ္။

Photo via IMDb

ပုံမွန္အတိုင္း ႐ုပ္ရွင္ေတြခ်ည္းပဲ ႐ိုက္ကူး ထုတ္လုပ္သြားမယ္ဆိုရင္ ဘယ္ေသာအခါမွ ဆိုလိုပေရာဂ်က္ ရရွိမွာ မဟုတ္တဲ့ ဇာတ္ေကာင္ေတြဟာ Disney+ က ေပးလိုက္တဲ့ အခြင့္အေရးေၾကာင့္ အခုလို ဆိုလိုပေရာဂ်က္ေတြ ရရွိလာတာ ျဖစ္ပါတယ္။ ဒါဟာ ပရိသတ္ေတြအတြက္ေရာ၊ Marvel စတူဒီယိုအတြက္ပါ ႏွစ္ဦးႏွစ္ဘက္ အက်ိဳးရွိတဲ့ အစီအစဥ္တစ္ခုလည္း ျဖစ္တာေၾကာင့္ ေရွ႕ေလွ်ာက္မွာလည္း MCU ကာ႐ိုက္တာေတြရဲ႕ ဇာတ္လမ္းတြဲေတြကို ျမင္ေတြ႕ရဖို႔ ရွိေနပါတယ္။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular