HomeEntertainmentFilmMCU ထဲက Loki ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ စွမ်းအားများ

MCU ထဲက Loki ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ စွမ်းအားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Loki ဟာ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thor ရုပ်ရှင်မှာတည်းက စတင်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစပြီး ယခုအထိ Loki ဟာ သူ့ရဲ့စွမ်းအားပေါင်းစုံကို ပြသခဲ့ဖူးပါတယ်။ လောလောဆယ်မှာတော့ Disney+ က ထုတ်လွှင့်နေတဲ့ Loki ဇာတ်လမ်းတွဲဟာ (၃)ပိုင်း ထွက်ရှိထားပြီး Loki ရဲ့ စွမ်းအားတွေကိုလည်း သေသေချာချာ မြင်တွေ့ခဲ့ရပြီ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခေါက်တော့ MCU ထဲက Loki ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ စွမ်းအားတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

(1) Frost Giant
photo via screenrant

ပရိသတ်တွေအားလုံး သိထားကြတဲ့အတိုင်း Loki ဟာ Odin ရဲ့ သားအရင်း မဟုတ်ဘဲ Frost Giant တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Loki ဟာ Superhuman strength ၊ Stamina နဲ့ Agility တို့ကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် သူဟာ Healing Factor ကိုလည်း ပိုင်ဆိုင်ထားသလို နှစ်ထောင်နဲ့ချီပြီး အသက်ရှင်နေနိုင်ပါတယ်။

Loki ဟာ Superhuman strength ကို ပိုင်ဆိုင်ထားပေမယ့်လည်း Thor လောက်တော့ မသန်မာပါဘူး။ ဒါပေမယ့်လည်း သာမန်လူသားတွေနဲ့ ယှဉ်ရင်တော့ အဆပေါင်းများစွာ ပိုမိုသန်မာကာ Steve Rogers လိုမျိူး Super Soldier တွေထက်လည်း သန်မာပါတယ်။ ဒါ့အပြင် သူဟာ Frost Giant တစ်ယောက် ဖြစ်တာကြောင့် အအေးဓာတ်ဟာ သူ့အပေါ်မှာ သက်ရောက်မှု မရှိပါဘူး။ လူတွေကို ချက်ချင်း ရေခဲဖြစ်သွားအောင် ပြုလုပ်နိုင်တဲ့ Frost Giant တွေရဲ့ Cold Touch ကတောင် သူ့အပေါ်မှာ ဘာသက်ရောက်မှုမှ မရှိပါဘူး။

(2) ပုံရိပ်ယောင်
photo via screenrant

Loki ရဲ့ အကြီးမားဆုံး စွမ်းအားကတော့ သူ့ရဲ့ မှော်ပညာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူရဲ့ Frost Giant ဗီဇကို မှော်ပညာနဲ့ အသုံးပြုပြီး ဖုံးကွယ်ထားတာ ဖြစ်ပါတယ်။ Loki ဟာ ငယ်ဘဝတည်းက မှော်ပညာကို သင်ယူခဲ့တာ ဖြစ်ပြီး ပုံရိပ်ယောင်တွေကို ဖန်တီးတဲ့နေရာမှာ အလွန်ကျွမ်းကျင်ပါတယ်။ MCU ရုပ်ရှင်တွေထဲမှာ တွေ့ခဲ့ရသလိုပဲ Loki ဟာ သူ့ရဲ့ ပုံရိပ်ယောင်တွေကို အခြေအနေ အမျိူးမျိူးမှာ အသုံးပြုနိုင်တာ မြင်တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ပုံရိပ်ယောင်တွေကတော့ 3D ဖြစ်ပေမယ့်လည်း ပုံရိပ်ယောင် ဖြစ်တာကြောင့် တကယ် တည်ရှိနေတာတော့ မဟုတ်ပါဘူး။

(3) ကိုယ်ပျောက်နိုင်ခြင်း
photo via screenrant

Loki ဟာ မှော်ပညာကို အသုံးပြုကာ ပုံရိပ်ယောင်တွေကိုပဲ ဖန်တီးနိုင်တာ မဟုတ်ဘဲ သူ့ကိုယ်သူနဲ့ တခြားအရာတွေကိုလည်း ပျောက်ကွယ်သွားအောင် ပြုလုပ်နိုင်ပါတယ်။ Loki ရဲ့ အဲ့ဒီစွမ်းအားကိုတော့ အရာရာကို သိမြင်နိုင်တဲ့ Heimdall နဲ့ ရင်ဆိုင်တဲ့ အချိန်မှာ အသုံးပြုခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Loki ဟာ သူ့ကိုယ်သူ ကိုယ်ပျောက်အောင် ပြုလုပ်ထားရုံတင် မဟုတ်ဘဲ Frost Giant တွေများစွာကိုပါ ပျောက်ကွယ်အောင် ပြုလုပ်ပြီး Asgard ထဲကို ဝင်ရောက်စေခဲ့ပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် Loki ဟာ ကိုယ်ပျောက်ရုံတင် ပြုလုပ်နိုင်တာ မဟုတ်ဘဲ သူ့ရဲ့တည်ရှိမှုတစ်ခုလုံးကိုပါ ဖုံးကွယ်ထားနိုင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် Loki ဟာ တည်ရှိပြီးသား အရာဝတ္ထုတွေကိုလည်း ပျောက်ကွယ်သွားအောင် ပြုလုပ်နိုင်ပြီး ဘယ်အချိန်မှာမဆို ပြန်လည်ပေါ်လာအောင် ပြုလုပ်နိုင်ပါသေးတယ်။ Thor ရုပ်ရှင်တွေထဲမှာတော့ Loki ဟာ သူ့ရဲ့ဓားတိုကို လက်ထဲမှာ အလိုလိုပေါ်လာအောင် ပြုလုပ်ခဲ့တာတွေကို မြင်တွေ့ခဲ့ရပါတယ်။ Avengers: Infinity War ထဲမှာလည်း Thanos ကို ဓားနဲ့ထိုးဖို့ ကြိုးစားတဲ့အချိန်မှာ အလားတူပဲ ပြုလုပ်ခဲ့ပါသေးတယ်။ လောလောဆယ် ထွက်ရှိနေတဲ့ Loki ဇာတ်လမ်းတွဲထဲမှာတော့ သူဟာ ဓားတိုကို ဆန္ဒရှိသလို ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်အောင် ပြုလုပ်နိုင်ပြီး အချိန်ခရီးသွားနိုင်တဲ့ TVA ရဲ့ စက်ပစ္စည်းကိုလည်း အလားတူပဲ ပြုလုပ်ခဲ့ပါသေးတယ်။

(4) တခြားသူတွေရဲ့ စိတ်ကို ထိန်းချုပ်နိုင်ခြင်းနဲ့ Telekinesis
photo via screenrant

Loki ဟာ တခြားသူတွေရဲ့ စိတ်ကိုလည်း လိုသလို ထိန်းချုပ်နိုင်ပါသေးတယ်။ Thor ရုပ်ရှင်အဆုံးက Credit Scene မှာတော့ Loki ဟာ Tesseract ကို ရယူဖို့အတွက် Erik Selvig ကို စိတ်ထိန်းချုပ်ခဲ့ပါတယ်။ ဒါ့အပြင် Loki ဟာ Odin ကိုလည်း သူ့ကိုယ်သူ သာမန် အဘိုးကြီးတစ်ယောက်လို့ ထင်သွားအောင် လှည့်စားခဲ့ပါသေးတယ်။

ဒါ့အပြင် Loki ဟာ Telekinesis လို့ခေါ်တဲ့ အရာဝတ္ထုတွေကို စိတ်နဲ့ထိန်းချုပ်နိုင်စွမ်းကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒါပေမယ့်လည်း ဒီစွမ်းအားကိုတော့ MCU ထဲမှာ သိပ်ပြီး မမြင်တွေ့ခဲ့ရပါဘူး။ Loki ဟာ သူ့ရဲ့မိခင်ဖြစ်သူ Frigga သေဆုံးသွားတာကို သိလိုက်ရတဲ့အချိန်မှာတော့ သူ့ပတ်လည်မှာ ရှိနေတဲ့ ပရိဘောဂတွေအားလုံးဟာ ပျက်စီးကုန်တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီစွမ်းအားနဲ့အတူပဲ Loki ဟာ Energy တွေကိုလည်း သူ့လက်ကနေ ထုတ်လွှတ်နိုင်ပါသေးတယ်။

(5) အသွင်ပြောင်းလဲနိုင်ခြင်း
photo via screenrant

Loki ရဲ့ ပုံရိပ်ယောင်တွေကို ဖန်တီးတဲ့ စွမ်းရည်ဟာ သူ့အတွက် အတော်လေး အသုံးဝင်သလို အသွင်ပြောင်းလဲနိုင်တဲ့ စွမ်းရည်ကတော့ သူ့အတွက် ပိုပြီးအသုံးဝင်တဲ့ စွမ်းရည်တစ်ခုလို့တောင် ပြောလို့ရပါတယ်။ MCU ရုပ်ရှင်တွေထဲမှာတော့ Loki ဟာ Odin နဲ့ Captain America အပါအဝင် တခြားသူတွေအနေနဲ့လည်း အသွင်ပြောင်းလဲခဲ့ဖူးပါသေးတယ်။ ကောမစ်ထဲမှာဆိုရင်တော့ Loki ဟာ တခြားလူတွေရဲ့ ပုံစံအပြင် တိရစ္ဆာန်တွေရဲ့ ပုံစံအဖြစ်နဲ့ပါ ပြောင်းလဲနိုင်ပါတယ်။

ဒါကတော့ MCU ထဲမှာ မြင်တွေ့ရတဲ့ Loki ရဲ့ စိတ်ဝင်စားစရာ စွမ်းအားတွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Loki ဟာ ၂၀၁၁ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Thor ႐ုပ္ရွင္မွာတည္းက စတင္ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္ကစၿပီး ယခုအထိ Loki ဟာ သူ႔ရဲ႕စြမ္းအားေပါင္းစုံကို ျပသခဲ့ဖူးပါတယ္။ ေလာေလာဆယ္မွာေတာ့ Disney+ က ထုတ္လႊင့္ေနတဲ့ Loki ဇာတ္လမ္းတြဲဟာ (၃)ပိုင္း ထြက္ရွိထားၿပီး Loki ရဲ႕ စြမ္းအားေတြကိုလည္း ေသေသခ်ာခ်ာ ျမင္ေတြ႕ခဲ့ရၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ေခါက္ေတာ့ MCU ထဲက Loki ရဲ႕ စိတ္ဝင္စားဖို႔ေကာင္းတဲ့ စြမ္းအားေတြအေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Frost Giant
photo via screenrant

ပရိသတ္ေတြအားလုံး သိထားၾကတဲ့အတိုင္း Loki ဟာ Odin ရဲ႕ သားအရင္း မဟုတ္ဘဲ Frost Giant တစ္ေယာက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Loki ဟာ Superhuman strength ၊ Stamina နဲ႔ Agility တို႔ကို ပိုင္ဆိုင္ထားပါတယ္။ ဒါ့အျပင္ သူဟာ Healing Factor ကိုလည္း ပိုင္ဆိုင္ထားသလို ႏွစ္ေထာင္နဲ႔ခ်ီၿပီး အသက္ရွင္ေနႏိုင္ပါတယ္။

Loki ဟာ Superhuman strength ကို ပိုင္ဆိုင္ထားေပမယ့္လည္း Thor ေလာက္ေတာ့ မသန္မာပါဘူး။ ဒါေပမယ့္လည္း သာမန္လူသားေတြနဲ႔ ယွဥ္ရင္ေတာ့ အဆေပါင္းမ်ားစြာ ပိုမိုသန္မာကာ Steve Rogers လိုမ်ိဴး Super Soldier ေတြထက္လည္း သန္မာပါတယ္။ ဒါ့အျပင္ သူဟာ Frost Giant တစ္ေယာက္ ျဖစ္တာေၾကာင့္ အေအးဓာတ္ဟာ သူ႔အေပၚမွာ သက္ေရာက္မႈ မရွိပါဘူး။ လူေတြကို ခ်က္ခ်င္း ေရခဲျဖစ္သြားေအာင္ ျပဳလုပ္ႏိုင္တဲ့ Frost Giant ေတြရဲ႕ Cold Touch ကေတာင္ သူ႔အေပၚမွာ ဘာသက္ေရာက္မႈမွ မရွိပါဘူး။

(2) ပုံရိပ္ေယာင္
photo via screenrant

Loki ရဲ႕ အႀကီးမားဆုံး စြမ္းအားကေတာ့ သူ႔ရဲ႕ ေမွာ္ပညာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သူရဲ႕ Frost Giant ဗီဇကို ေမွာ္ပညာနဲ႔ အသုံးျပဳၿပီး ဖုံးကြယ္ထားတာ ျဖစ္ပါတယ္။ Loki ဟာ ငယ္ဘဝတည္းက ေမွာ္ပညာကို သင္ယူခဲ့တာ ျဖစ္ၿပီး ပုံရိပ္ေယာင္ေတြကို ဖန္တီးတဲ့ေနရာမွာ အလြန္ကြၽမ္းက်င္ပါတယ္။ MCU ႐ုပ္ရွင္ေတြထဲမွာ ေတြ႕ခဲ့ရသလိုပဲ Loki ဟာ သူ႔ရဲ႕ ပုံရိပ္ေယာင္ေတြကို အေျခအေန အမ်ိဴးမ်ိဴးမွာ အသုံးျပဳႏိုင္တာ ျမင္ေတြ႕ခဲ့ရပါတယ္။ သူ႔ရဲ႕ပုံရိပ္ေယာင္ေတြကေတာ့ 3D ျဖစ္ေပမယ့္လည္း ပုံရိပ္ေယာင္ ျဖစ္တာေၾကာင့္ တကယ္ တည္ရွိေနတာေတာ့ မဟုတ္ပါဘူး။

(3) ကိုယ္ေပ်ာက္ႏိုင္ျခင္း
photo via screenrant

Loki ဟာ ေမွာ္ပညာကို အသုံးျပဳကာ ပုံရိပ္ေယာင္ေတြကိုပဲ ဖန္တီးႏိုင္တာ မဟုတ္ဘဲ သူ႔ကိုယ္သူနဲ႔ တျခားအရာေတြကိုလည္း ေပ်ာက္ကြယ္သြားေအာင္ ျပဳလုပ္ႏိုင္ပါတယ္။ Loki ရဲ႕ အဲ့ဒီစြမ္းအားကိုေတာ့ အရာရာကို သိျမင္ႏိုင္တဲ့ Heimdall နဲ႔ ရင္ဆိုင္တဲ့ အခ်ိန္မွာ အသုံးျပဳခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Loki ဟာ သူ႔ကိုယ္သူ ကိုယ္ေပ်ာက္ေအာင္ ျပဳလုပ္ထား႐ုံတင္ မဟုတ္ဘဲ Frost Giant ေတြမ်ားစြာကိုပါ ေပ်ာက္ကြယ္ေအာင္ ျပဳလုပ္ၿပီး Asgard ထဲကို ဝင္ေရာက္ေစခဲ့ပါတယ္။ ဒီအခ်က္ကို ၾကည့္ျခင္းအားျဖင့္ Loki ဟာ ကိုယ္ေပ်ာက္႐ုံတင္ ျပဳလုပ္ႏိုင္တာ မဟုတ္ဘဲ သူ႔ရဲ႕တည္ရွိမႈတစ္ခုလုံးကိုပါ ဖုံးကြယ္ထားႏိုင္တာ ျဖစ္ပါတယ္။

ဒါ့အျပင္ Loki ဟာ တည္ရွိၿပီးသား အရာဝတၳဳေတြကိုလည္း ေပ်ာက္ကြယ္သြားေအာင္ ျပဳလုပ္ႏိုင္ၿပီး ဘယ္အခ်ိန္မွာမဆို ျပန္လည္ေပၚလာေအာင္ ျပဳလုပ္ႏိုင္ပါေသးတယ္။ Thor ႐ုပ္ရွင္ေတြထဲမွာေတာ့ Loki ဟာ သူ႔ရဲ႕ဓားတိုကို လက္ထဲမွာ အလိုလိုေပၚလာေအာင္ ျပဳလုပ္ခဲ့တာေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။ Avengers: Infinity War ထဲမွာလည္း Thanos ကို ဓားနဲ႔ထိုးဖို႔ ႀကိဳးစားတဲ့အခ်ိန္မွာ အလားတူပဲ ျပဳလုပ္ခဲ့ပါေသးတယ္။ ေလာေလာဆယ္ ထြက္ရွိေနတဲ့ Loki ဇာတ္လမ္းတြဲထဲမွာေတာ့ သူဟာ ဓားတိုကို ဆႏၵရွိသလို ေပၚလိုက္၊ ေပ်ာက္လိုက္ ျဖစ္ေအာင္ ျပဳလုပ္ႏိုင္ၿပီး အခ်ိန္ခရီးသြားႏိုင္တဲ့ TVA ရဲ႕ စက္ပစၥည္းကိုလည္း အလားတူပဲ ျပဳလုပ္ခဲ့ပါေသးတယ္။

(4) တျခားသူေတြရဲ႕ စိတ္ကို ထိန္းခ်ဳပ္ႏိုင္ျခင္းနဲ႔ Telekinesis
photo via screenrant

Loki ဟာ တျခားသူေတြရဲ႕ စိတ္ကိုလည္း လိုသလို ထိန္းခ်ဳပ္ႏိုင္ပါေသးတယ္။ Thor ႐ုပ္ရွင္အဆုံးက Credit Scene မွာေတာ့ Loki ဟာ Tesseract ကို ရယူဖို႔အတြက္ Erik Selvig ကို စိတ္ထိန္းခ်ဳပ္ခဲ့ပါတယ္။ ဒါ့အျပင္ Loki ဟာ Odin ကိုလည္း သူ႔ကိုယ္သူ သာမန္ အဘိုးႀကီးတစ္ေယာက္လို႔ ထင္သြားေအာင္ လွည့္စားခဲ့ပါေသးတယ္။

ဒါ့အျပင္ Loki ဟာ Telekinesis လို႔ေခၚတဲ့ အရာဝတၳဳေတြကို စိတ္နဲ႔ထိန္းခ်ဳပ္ႏိုင္စြမ္းကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္။ ဒါေပမယ့္လည္း ဒီစြမ္းအားကိုေတာ့ MCU ထဲမွာ သိပ္ၿပီး မျမင္ေတြ႕ခဲ့ရပါဘူး။ Loki ဟာ သူ႔ရဲ႕မိခင္ျဖစ္သူ Frigga ေသဆုံးသြားတာကို သိလိုက္ရတဲ့အခ်ိန္မွာေတာ့ သူ႔ပတ္လည္မွာ ရွိေနတဲ့ ပရိေဘာဂေတြအားလုံးဟာ ပ်က္စီးကုန္တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီစြမ္းအားနဲ႔အတူပဲ Loki ဟာ Energy ေတြကိုလည္း သူ႔လက္ကေန ထုတ္လႊတ္ႏိုင္ပါေသးတယ္။

(5) အသြင္ေျပာင္းလဲႏိုင္ျခင္း
photo via screenrant

Loki ရဲ႕ ပုံရိပ္ေယာင္ေတြကို ဖန္တီးတဲ့ စြမ္းရည္ဟာ သူ႔အတြက္ အေတာ္ေလး အသုံးဝင္သလို အသြင္ေျပာင္းလဲႏိုင္တဲ့ စြမ္းရည္ကေတာ့ သူ႔အတြက္ ပိုၿပီးအသုံးဝင္တဲ့ စြမ္းရည္တစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။ MCU ႐ုပ္ရွင္ေတြထဲမွာေတာ့ Loki ဟာ Odin နဲ႔ Captain America အပါအဝင္ တျခားသူေတြအေနနဲ႔လည္း အသြင္ေျပာင္းလဲခဲ့ဖူးပါေသးတယ္။ ေကာမစ္ထဲမွာဆိုရင္ေတာ့ Loki ဟာ တျခားလူေတြရဲ႕ ပုံစံအျပင္ တိရစာၦန္ေတြရဲ႕ ပုံစံအျဖစ္နဲ႔ပါ ေျပာင္းလဲႏိုင္ပါတယ္။

ဒါကေတာ့ MCU ထဲမွာ ျမင္ေတြ႕ရတဲ့ Loki ရဲ႕ စိတ္ဝင္စားစရာ စြမ္းအားေတြပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ေပးထားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular