HomeEntertainmentFilmFan Theory အရ Mutant တွေဟာ အစတည်းက MCU ထဲမှာ ရှိနေပါတယ် ...

Fan Theory အရ Mutant တွေဟာ အစတည်းက MCU ထဲမှာ ရှိနေပါတယ် …

အသစ်ထွက်ရှိလာမယ့် Doctor Strange in the Multiverse of Madness ထဲမှာတော့ Patrick Stewart ရဲ့ဇာတ်ကောင် ဖြစ်တဲ့ Professor X ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ Disney ဟာ Fox ကို ၂၀၁၉ ခုနှစ်တည်းက ဝယ်ယူလိုက်ပြီ ဖြစ်ပေမယ့်လည်း MCU ထဲမှာ Mutant တွေ စတင်ပါဝင်လာမှာကတော့ Doctor Strange 2 မှာမှ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Fan Theory တစ်ခုအရ ဆိုရင်တော့ MCU ထဲမှာ အစတည်းက Mutant တွေ ရှိနေတယ်လို့ ဆိုပါတယ်။

photo via screenrant

ဒီသီအိုရီအရ ဆိုရင်တော့ Professor X ဟာ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Iron Man ရုပ်ရှင်မတိုင်ခင်မှာ Cerebro ကို အသုံးပြုပြီး တစ်ကမ္ဘာလုံးကို ဦးနှောက်ဆေးခဲ့တာလို့ ဆိုထားပါတယ်။ အကြောင်းကတော့ လူသားတွေနဲ့ Mutant တွေကြားထဲမှာ ပြဿနာ ကြီးကြီးမားမား ဖြစ်ခဲ့ပြီး လူသားတွေနဲ့ Mutant တွေဟာ သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။

အဲ့ဒီသဘောတူညီမှုကတော့ Mutant တွေကလည်း မထင်မရှားနဲ့ နေထိုင်ပြီး လူသားတွေကို အနှောင့်အယှက် မပေးသလို လူသားတွေကလည်း Mutant တွေရဲ့ တည်ရှိမှုကို မေ့ပျောက်သွားရမယ်လို့ ဆိုပါတယ်။ ဒီသဘောတူညီမှုကြောင့်လည်း Magneto ဟာ သူ့ရဲ့သားသမီးတွေ ဖြစ်တဲ့ Wanda နဲ့ Pietro တို့ကို ငြိမ်းငြိမ်းချမ်းချမ်း အသက်ရှင်နိုင်ဖို့အတွက် လူသားမိသားစုလက်ထဲကို ထည့်ခဲ့တာလို့ ဆိုပါတယ်။

photo via screenrant

Professor X ရဲ့ ကျောင်းကတော့ တည်ရှိနေဆဲ ဖြစ်ပြီး Mutant လူငယ်တွေကို လျှို့ဝှက်စွာနဲ့ ကူညီနေပါတယ်။ ဒါပေမယ့်လည်း Blip ဖြစ်ပေါ်လာတဲ့အချိန်မှာတော့ Mutant တွေရဲ့ မျိူးရိုးဗီဇတွေကို မတည်မငြိမ် ဖြစ်သွားစေပြီး လူသားတွေဟာ Mutant တွေကို ပြန်လည် သိရှိသွားမယ်လို့ ဆိုပါတယ်။ Eternals ရုပ်ရှင်နဲ့ Spider-Man: No Way Home ရုပ်ရှင်တွေထဲမှာ မှတ်ဉာဏ်ဖျောက်ပစ်တာတွေ ပါဝင်ခဲ့တာကြောင့် ဒီသီအိုရီကလည်း တကယ် ဖြစ်လာနိုင်ချေ ရှိပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular