HomeCharacterThanos နဲ့ ယှဉ်ပြီး တိုက်ခိုက်နိုင်မယ့် MCU Phase 4 ထဲက ဇာတ်ကောင်အသစ်များ

Thanos နဲ့ ယှဉ်ပြီး တိုက်ခိုက်နိုင်မယ့် MCU Phase 4 ထဲက ဇာတ်ကောင်အသစ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Avengers: Infinity War နဲ့ Endgame ထဲမှာတော့ Thanos နဲ့ တိုက်ခိုက်ရတာဟာ Avengers တွေအတွက် အတော်လေး ခက်ခဲပြီး Thanos ကို အနိုင်ယူဖို့အတွက် စူပါဟီးရိုးတွေများစွာ ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာကိုလည်း မြင်ခဲ့ရပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲမှာ စူပါဟီးရိုး အများစုဟာ Thanos နဲ့ မယှဉ်နိုင်ကြဘဲ စူပါဟီးရိုး အနည်းငယ်လောက်ကပဲ ယှဉ်ပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဥပမာပြောရရင် Mjolnir ကို ကိုင်ဆောင်ထားတဲ့ Cap ၊ Thor ၊ Captain Marvel နဲ့ Scarlet Witch တို့လောက်ပဲ ယှဉ်နိုင်တာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ယခုလာမယ့် MCU Phase 4 ထဲမှာ ပါဝင်လာမယ့် ဇာတ်ကောင်အသစ် အနည်းငယ်ကတော့ Thanos နဲ့တောင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်းရှိသူတွေ ဖြစ်ပါတယ်။

(1) Black Knight
photo via screenrant

Black Knight ကတော့ Eternals ထဲမှာ Kit Harington သရုပ်ဆောင်သွားမယ့် ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။ Black Knight ဟာ ဘာစွမ်းအားမှ မရှိတဲ့ သာမန်လူသားတစ်ယောက် ဖြစ်တာကြောင့် Thanos နဲ့ တိုက်ခိုက်ရင်တော့ သူ့အတွက် ရှုံးနိုင်ချေ များပါတယ်။ ဒါပေမယ့်လည်း သူ ကိုင်ဆောင်ထားတဲ့ Ebony Blade နဲ့ မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်ခဲ့မယ် ဆိုရင်တော့ သူဟာ Thanos ကိုတောင် သတ်နိုင်ချေရှိသူ ဖြစ်ပါတယ်။

ကောမစ်ထဲမှာ ဆိုရင်တော့ Ebony Blade ဟာ မှော်ဆရာ Merlin ကိုယ်တိုင် အစီအရင် လုပ်ထားတဲ့ မှော်ဓားတစ်လက် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Ebony Blade ဓားဟာ အရာအားလုံးနီးပါးကို ခုတ်ဖြတ်ပစ်နိုင်ပြီး Iron Man ရဲ့ ဝတ်စုံကိုတောင် အလွယ်တကူ ခုတ်ပစ်နိုင်ပါတယ်။ ဒီအချက်ကြောင့်ပဲ Black Knight ဟာ လျင်လျင်မြန်မြန်နဲ့ Thanos ထက် အရင် လှုပ်ရှားနိုင်မယ် ဆိုရင်တော့ Thanos ကို သတ်နိုင်မယ်ဆိုတာ သေချာသလောက် ရှိပါတယ်။ ဒါပေမယ့်လည်း Avengers: Infinity War ထဲမှာ Thor ပြုလုပ်ခဲ့တဲ့ အမှားလိုမျိူး ခေါင်းကို မခုတ်ဘဲ ခန္ဓာကိုယ်ကို ခုတ်မယ် ဆိုရင်တော့ Black Knight ရှုံးသွားနိုင်ချေ များပါတယ်။

(2) Gilgamesh
photo via screenrant

အပေါ်မှာ ဖော်ပြသွားတဲ့ Black Knight လို မဟုတ်ဘဲ Gilgamesh ကတော့ Thanos နဲ့ တစ်ယောက်ချင်းတောင် ယှဉ်တိုက်ခိုက်နိုင်ပါတယ်။ Gigamesh ဟာ မျက်လုံးကန်းနေတဲ့ အချိန်မှာတောင် Thor ကို နိုင်လုနီးပါး တိုက်ခိုက်နိုင်ခဲ့ပြီး ခွန်အားအရဆိုရင် Thor နဲ့ Hercules တို့နဲ့တောင် ယှဉ်ပြိုင်နိုင်သူ ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ Eternal တစ်ယောက် ဖြစ်တာကြောင့် လေပေါ်ပျံနိုင်ခြင်း ၊ ဒြပ်ဝတ္ထုတွေကို လိုသလို ပြောင်းလဲနိုင်ခြင်း၊ သူ့ရဲ့မျက်လုံးနဲ့ လက်တွေကနေ cosmic energy တွေ ထုတ်လွှတ်နိုင်ခြင်းတို့ အပါအဝင် တခြားလုပ်နိုင်စွမ်းတွေလည်း ရှိပါသေးတယ်။ အဲ့ဒီအချက်တွေကြောင့်ပဲ Gilgamesh နဲ့ Thanos သာ တိုက်ခိုက်မယ် ဆိုရင်တော့ အဲ့ဒီတိုက်ပွဲဟာ Thanos အတွက် အခက်ခဲဆုံး တိုက်ပွဲတစ်ခု ဖြစ်လာမှာပါ။ Eternals ထဲမှာတော့ Gilgamesh နေရာမှာ Ma Dong-Seok က သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

(3) Gorr the God Butcher
photo via screenrant

Thor 4 ထဲမှာတော့ Christian Bale ဟာ ဗီလိန်တစ်ယောက်ဖြစ်တဲ့ Gorr the God Butcher နေရာမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ Gorr ကတော့ နတ်ဘုရားတွေအားလုံးကို သတ်ပစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စကြဝဠာတစ်ခုလုံးကို ခရီးထွက်နေတဲ့ ဂြိုဟ်သားတစ်ယောက် ဖြစ်ပါတယ်။ သူဟာ Thor ကိုတောင် အခက်အခဲ သိပ်မရှိဘဲ အနိုင်ယူနိုင်သူ ဖြစ်သလို နတ်ဘုရားတွေကိုတောင် သတ်ပစ်နိုင်သူ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ သူဟာ Thanos နဲ့ ညီတူညီမျှ မဟုတ်ရင်တောင် သိပ်မကွာတဲ့ အခြေအနေမှာ ရှိနေပါတယ်။

(4) Sersi
photo via screenrant

Eternal တွေဟာ Marvel နဲ့ MCU ထဲက စွမ်းအားအကြီးမားဆုံး ဟီးရိုးတွေထဲမှာ ပါဝင်ကြပါတယ်။ ဒါပေမယ့်လည်း Sersi နဲ့ Gilgamesh တို့ နှစ်ယောက်ကလွဲပြီး တခြား Eternal တွေသာ Thanos နဲ့ တစ်ယောက်ချင်း တိုက်ခိုက်မယ်ဆိုရင် Eternal တွေ ရှုံးနိမ့်နိုင်ချေ များပါတယ်။ အပေါ်မှာဖော်ပြခဲ့သလို Gilgamesh ကတော့ သူ့ရဲ့ခွန်အားကို အဓိကထားကာ တိုက်ခိုက်ပေမယ့်လည်း Sersi ကတော့ မတူညီတဲ့ နည်းလမ်းတစ်ခုကို အသုံးပြုပါတယ်။

Eternal တွေအားလုံးဟာ ဒြပ်ဝတ္ထုတွေကို ထိန်းချုပ်ပြီး လိုသလို ပြောင်းလဲနိုင်ပေမယ့်လည်း Sersi ကတော့ အဲ့ဒီစွမ်းရည်ကို တခြား Eternal တွေထက် အဆပေါင်းများစွာ ပိုပြီးကျွမ်းကျင်ပါတယ်။ Sersi ဟာ သူမ ရွေးချယ်ထားတဲ့ အရာတစ်ခုရဲ့ မော်လီကျူးတွေကိုပါ လုံးဝပြောင်းလဲပစ်လိုက်နိုင်ပါတယ်။ ဒီအချက်ကြောင့်ပဲ သူမဟာ Thanos ကို အချိန်ခဏလေးအတွင်းမှာ အကူအညီမဲ့သွားအောင် ပြုလုပ်လိုက်နိုင်ပါတယ်။ အသစ်ထွက်ရှိလာမယ့် Eternal ရုပ်ရှင်ထဲမှာတော့ အခုလိုမျိူး Eternal တွေရဲ့ တကယ့် စွမ်းအားအစစ်အမှန်တွေကို ပြသသွားမလား ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

(5) Zeus
photo via screenrant

ကောမစ်ထဲက စွမ်းအားတွေအတိုင်းသာ MCU မှာ မြင်တွေ့ရမယ် ဆိုရင်တော့ Thor ရဲ့ အဖေဖြစ်သူ Odin ဟာ Thanos ကို အလွယ်တကူ အနိုင်ယူနိုင်တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ Odin ဟာ Thanos ထက် ခွန်အားအရာမှာရော၊ ခံနိုင်ရည်မှာပါ များစွာသာလွန်ပြီး Odin ရဲ့ တိုက်ခိုက်မှုကြောင့် ဘေးထွက်ဆိုးကျိူးအနေနဲ့ Galaxy ကြီးတစ်ခုလုံးတောင် ပျက်စီးသွားနိုင်ပါတယ်။ Thor 4 ထဲမှာ ပါဝင်လာမယ့် Zeus ကလည်း Odin နဲ့ ယှဉ်ပြိုင်နိုင်သူ ဖြစ်ပြီး စွမ်းအားကလည်း ဆင်တူနေတာကြောင့် သူဟာလည်း Thanos ကို အလွယ်တကူ အနိုင်ယူနိုင်ပါတယ်။ Thor 4 ထဲမှာတော့ Zeus နေရာမှာ Russell Crowe က ပါဝင်သွားမှာ ဖြစ်ပါတယ်။

(6) Mighty Thor (Jane Foster)
photo via screenrant

MCU ထဲမှာတော့ Jane Foster ဟာ Mjolnir ကို ကိုင်ဆောင်နိုင်တဲ့ တတိယမြောက် ဇာတ်ကောင်အဖြစ် Thor 4 မှာ မြင်ရတော့မှာ ဖြစ်ပါတယ်။ Jane ဟာ Mighty Thor အနေနဲ့ Thor ရဲ့ကြီးမားတဲ့ ခွန်အားအပါအဝင် တခြားစွမ်းအားတွေကိုပါ ရရှိခဲ့ပါတယ်။ ဒီအချက်ကြောင့်ပဲ Avengers: Endgame ထဲမှာ Cap က Mjolnir ကိုကိုင်ပြီး Thanos နဲ့ တိုက်ခိုက်နိုင်ခဲ့သလို Jane ဟာလည်း အလားတူပဲ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မူလ Thor နဲ့ Cap တို့ဟာ Thanos ကို တိုက်ခိုက်နိုင်ခဲ့ပေမယ့် အနိုင်တော့ မယူနိုင်ခဲ့တာကြောင့် သူမဟာလည်း Thanos ကို အနိုင်ယူဖို့တော့ မဖြစ်နိုင်ပါဘူး။ Jane Foster နေရာမှာတော့ Natalie Portman ကပဲ ဆက်လက် သရုပ်ဆောင်သွားဦးမှာ ဖြစ်ပါတယ်။

ဒါကတော့ လာမယ့် MCU Phase 4 ထဲမှာ ပါဝင်လာမယ့် ဇာတ်ကောင်အသစ်တွေထဲက Thanos နဲ့ ယှဉ်ပြိုင်တိုက်ခိုင်နိုင်မယ့် ဇာတ်ကောင်တွေကို ခန့်မှန်း ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Avengers: Infinity War နဲ႔ Endgame ထဲမွာေတာ့ Thanos နဲ႔ တိုက္ခိုက္ရတာဟာ Avengers ေတြအတြက္ အေတာ္ေလး ခက္ခဲၿပီး Thanos ကို အႏိုင္ယူဖို႔အတြက္ စူပါဟီး႐ိုးေတြမ်ားစြာ ဝိုင္းဝန္းတိုက္ခိုက္ခဲ့တာကိုလည္း ျမင္ခဲ့ရပါတယ္။ အဲ့ဒီတိုက္ပြဲေတြထဲမွာ စူပါဟီး႐ိုး အမ်ားစုဟာ Thanos နဲ႔ မယွဥ္ႏိုင္ၾကဘဲ စူပါဟီး႐ိုး အနည္းငယ္ေလာက္ကပဲ ယွဥ္ၿပီး တိုက္ခိုက္ႏိုင္ခဲ့ပါတယ္။ ဥပမာေျပာရရင္ Mjolnir ကို ကိုင္ေဆာင္ထားတဲ့ Cap ၊ Thor ၊ Captain Marvel နဲ႔ Scarlet Witch တို႔ေလာက္ပဲ ယွဥ္ႏိုင္တာကို ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္လည္း ယခုလာမယ့္ MCU Phase 4 ထဲမွာ ပါဝင္လာမယ့္ ဇာတ္ေကာင္အသစ္ အနည္းငယ္ကေတာ့ Thanos နဲ႔ေတာင္ ယွဥ္ၿပိဳင္ တိုက္ခိုက္ႏိုင္စြမ္းရွိသူေတြ ျဖစ္ပါတယ္။

(1) Black Knight
photo via screenrant

Black Knight ကေတာ့ Eternals ထဲမွာ Kit Harington သ႐ုပ္ေဆာင္သြားမယ့္ ဇာတ္ေကာင္ပဲ ျဖစ္ပါတယ္။ Black Knight ဟာ ဘာစြမ္းအားမွ မရွိတဲ့ သာမန္လူသားတစ္ေယာက္ ျဖစ္တာေၾကာင့္ Thanos နဲ႔ တိုက္ခိုက္ရင္ေတာ့ သူ႔အတြက္ ရႈံးႏိုင္ေခ် မ်ားပါတယ္။ ဒါေပမယ့္လည္း သူ ကိုင္ေဆာင္ထားတဲ့ Ebony Blade နဲ႔ ျမန္ျမန္ဆန္ဆန္ လႈပ္ရွားႏိုင္ခဲ့မယ္ ဆိုရင္ေတာ့ သူဟာ Thanos ကိုေတာင္ သတ္ႏိုင္ေခ်ရွိသူ ျဖစ္ပါတယ္။

ေကာမစ္ထဲမွာ ဆိုရင္ေတာ့ Ebony Blade ဟာ ေမွာ္ဆရာ Merlin ကိုယ္တိုင္ အစီအရင္ လုပ္ထားတဲ့ ေမွာ္ဓားတစ္လက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Ebony Blade ဓားဟာ အရာအားလုံးနီးပါးကို ခုတ္ျဖတ္ပစ္ႏိုင္ၿပီး Iron Man ရဲ႕ ဝတ္စုံကိုေတာင္ အလြယ္တကူ ခုတ္ပစ္ႏိုင္ပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ Black Knight ဟာ လ်င္လ်င္ျမန္ျမန္နဲ႔ Thanos ထက္ အရင္ လႈပ္ရွားႏိုင္မယ္ ဆိုရင္ေတာ့ Thanos ကို သတ္ႏိုင္မယ္ဆိုတာ ေသခ်ာသေလာက္ ရွိပါတယ္။ ဒါေပမယ့္လည္း Avengers: Infinity War ထဲမွာ Thor ျပဳလုပ္ခဲ့တဲ့ အမွားလိုမ်ိဴး ေခါင္းကို မခုတ္ဘဲ ခႏၶာကိုယ္ကို ခုတ္မယ္ ဆိုရင္ေတာ့ Black Knight ရႈံးသြားႏိုင္ေခ် မ်ားပါတယ္။

(2) Gilgamesh
photo via screenrant

အေပၚမွာ ေဖာ္ျပသြားတဲ့ Black Knight လို မဟုတ္ဘဲ Gilgamesh ကေတာ့ Thanos နဲ႔ တစ္ေယာက္ခ်င္းေတာင္ ယွဥ္တိုက္ခိုက္ႏိုင္ပါတယ္။ Gigamesh ဟာ မ်က္လုံးကန္းေနတဲ့ အခ်ိန္မွာေတာင္ Thor ကို ႏိုင္လုနီးပါး တိုက္ခိုက္ႏိုင္ခဲ့ၿပီး ခြန္အားအရဆိုရင္ Thor နဲ႔ Hercules တို႔နဲ႔ေတာင္ ယွဥ္ၿပိဳင္ႏိုင္သူ ျဖစ္ပါတယ္။

ဒါ့အျပင္ သူဟာ Eternal တစ္ေယာက္ ျဖစ္တာေၾကာင့္ ေလေပၚပ်ံႏိုင္ျခင္း ၊ ျဒပ္ဝတၳဳေတြကို လိုသလို ေျပာင္းလဲႏိုင္ျခင္း၊ သူ႔ရဲ႕မ်က္လုံးနဲ႔ လက္ေတြကေန cosmic energy ေတြ ထုတ္လႊတ္ႏိုင္ျခင္းတို႔ အပါအဝင္ တျခားလုပ္ႏိုင္စြမ္းေတြလည္း ရွိပါေသးတယ္။ အဲ့ဒီအခ်က္ေတြေၾကာင့္ပဲ Gilgamesh နဲ႔ Thanos သာ တိုက္ခိုက္မယ္ ဆိုရင္ေတာ့ အဲ့ဒီတိုက္ပြဲဟာ Thanos အတြက္ အခက္ခဲဆုံး တိုက္ပြဲတစ္ခု ျဖစ္လာမွာပါ။ Eternals ထဲမွာေတာ့ Gilgamesh ေနရာမွာ Ma Dong-Seok က သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

(3) Gorr the God Butcher
photo via screenrant

Thor 4 ထဲမွာေတာ့ Christian Bale ဟာ ဗီလိန္တစ္ေယာက္ျဖစ္တဲ့ Gorr the God Butcher ေနရာမွာ ပါဝင္လာမွာ ျဖစ္ပါတယ္။ Gorr ကေတာ့ နတ္ဘုရားေတြအားလုံးကို သတ္ပစ္ရမယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ စၾကဝဠာတစ္ခုလုံးကို ခရီးထြက္ေနတဲ့ ၿဂိဳဟ္သားတစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ Thor ကိုေတာင္ အခက္အခဲ သိပ္မရွိဘဲ အႏိုင္ယူႏိုင္သူ ျဖစ္သလို နတ္ဘုရားေတြကိုေတာင္ သတ္ပစ္ႏိုင္သူ ျဖစ္ပါတယ္။ ဒီအခ်က္ေတြေၾကာင့္ပဲ သူဟာ Thanos နဲ႔ ညီတူညီမွ် မဟုတ္ရင္ေတာင္ သိပ္မကြာတဲ့ အေျခအေနမွာ ရွိေနပါတယ္။

(4) Sersi
photo via screenrant

Eternal ေတြဟာ Marvel နဲ႔ MCU ထဲက စြမ္းအားအႀကီးမားဆုံး ဟီး႐ိုးေတြထဲမွာ ပါဝင္ၾကပါတယ္။ ဒါေပမယ့္လည္း Sersi နဲ႔ Gilgamesh တို႔ ႏွစ္ေယာက္ကလြဲၿပီး တျခား Eternal ေတြသာ Thanos နဲ႔ တစ္ေယာက္ခ်င္း တိုက္ခိုက္မယ္ဆိုရင္ Eternal ေတြ ရႈံးနိမ့္ႏိုင္ေခ် မ်ားပါတယ္။ အေပၚမွာေဖာ္ျပခဲ့သလို Gilgamesh ကေတာ့ သူ႔ရဲ႕ခြန္အားကို အဓိကထားကာ တိုက္ခိုက္ေပမယ့္လည္း Sersi ကေတာ့ မတူညီတဲ့ နည္းလမ္းတစ္ခုကို အသုံးျပဳပါတယ္။

Eternal ေတြအားလုံးဟာ ျဒပ္ဝတၳဳေတြကို ထိန္းခ်ဳပ္ၿပီး လိုသလို ေျပာင္းလဲႏိုင္ေပမယ့္လည္း Sersi ကေတာ့ အဲ့ဒီစြမ္းရည္ကို တျခား Eternal ေတြထက္ အဆေပါင္းမ်ားစြာ ပိုၿပီးကြၽမ္းက်င္ပါတယ္။ Sersi ဟာ သူမ ေ႐ြးခ်ယ္ထားတဲ့ အရာတစ္ခုရဲ႕ ေမာ္လီက်ဴးေတြကိုပါ လုံးဝေျပာင္းလဲပစ္လိုက္ႏိုင္ပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ သူမဟာ Thanos ကို အခ်ိန္ခဏေလးအတြင္းမွာ အကူအညီမဲ့သြားေအာင္ ျပဳလုပ္လိုက္ႏိုင္ပါတယ္။ အသစ္ထြက္ရွိလာမယ့္ Eternal ႐ုပ္ရွင္ထဲမွာေတာ့ အခုလိုမ်ိဴး Eternal ေတြရဲ႕ တကယ့္ စြမ္းအားအစစ္အမွန္ေတြကို ျပသသြားမလား ဆိုတာေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

(5) Zeus
photo via screenrant

ေကာမစ္ထဲက စြမ္းအားေတြအတိုင္းသာ MCU မွာ ျမင္ေတြ႕ရမယ္ ဆိုရင္ေတာ့ Thor ရဲ႕ အေဖျဖစ္သူ Odin ဟာ Thanos ကို အလြယ္တကူ အႏိုင္ယူႏိုင္တဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။ Odin ဟာ Thanos ထက္ ခြန္အားအရာမွာေရာ၊ ခံႏိုင္ရည္မွာပါ မ်ားစြာသာလြန္ၿပီး Odin ရဲ႕ တိုက္ခိုက္မႈေၾကာင့္ ေဘးထြက္ဆိုးက်ိဴးအေနနဲ႔ Galaxy ႀကီးတစ္ခုလုံးေတာင္ ပ်က္စီးသြားႏိုင္ပါတယ္။ Thor 4 ထဲမွာ ပါဝင္လာမယ့္ Zeus ကလည္း Odin နဲ႔ ယွဥ္ၿပိဳင္ႏိုင္သူ ျဖစ္ၿပီး စြမ္းအားကလည္း ဆင္တူေနတာေၾကာင့္ သူဟာလည္း Thanos ကို အလြယ္တကူ အႏိုင္ယူႏိုင္ပါတယ္။ Thor 4 ထဲမွာေတာ့ Zeus ေနရာမွာ Russell Crowe က ပါဝင္သြားမွာ ျဖစ္ပါတယ္။

(6) Mighty Thor (Jane Foster)
photo via screenrant

MCU ထဲမွာေတာ့ Jane Foster ဟာ Mjolnir ကို ကိုင္ေဆာင္ႏိုင္တဲ့ တတိယေျမာက္ ဇာတ္ေကာင္အျဖစ္ Thor 4 မွာ ျမင္ရေတာ့မွာ ျဖစ္ပါတယ္။ Jane ဟာ Mighty Thor အေနနဲ႔ Thor ရဲ႕ႀကီးမားတဲ့ ခြန္အားအပါအဝင္ တျခားစြမ္းအားေတြကိုပါ ရရွိခဲ့ပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ Avengers: Endgame ထဲမွာ Cap က Mjolnir ကိုကိုင္ၿပီး Thanos နဲ႔ တိုက္ခိုက္ႏိုင္ခဲ့သလို Jane ဟာလည္း အလားတူပဲ ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း မူလ Thor နဲ႔ Cap တို႔ဟာ Thanos ကို တိုက္ခိုက္ႏိုင္ခဲ့ေပမယ့္ အႏိုင္ေတာ့ မယူႏိုင္ခဲ့တာေၾကာင့္ သူမဟာလည္း Thanos ကို အႏိုင္ယူဖို႔ေတာ့ မျဖစ္ႏိုင္ပါဘူး။ Jane Foster ေနရာမွာေတာ့ Natalie Portman ကပဲ ဆက္လက္ သ႐ုပ္ေဆာင္သြားဦးမွာ ျဖစ္ပါတယ္။

ဒါကေတာ့ လာမယ့္ MCU Phase 4 ထဲမွာ ပါဝင္လာမယ့္ ဇာတ္ေကာင္အသစ္ေတြထဲက Thanos နဲ႔ ယွဥ္ၿပိဳင္တိုက္ခိုင္ႏိုင္မယ့္ ဇာတ္ေကာင္ေတြကို ခန႔္မွန္း ေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular