HomeEntertainmentFilmMCU ရုပ်ရှင်တွေမှာ ကောလာဟလကနေ တကယ်ဖြစ်လာခဲ့တဲ့အရာများ

MCU ရုပ်ရှင်တွေမှာ ကောလာဟလကနေ တကယ်ဖြစ်လာခဲ့တဲ့အရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel Cinematic Universe ဟာ အခုချိန်မှာ တစ်ကမ္ဘာလုံးက ပရိသတ်တွေကြားထဲမှာ အောင်မြင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် MCU က ထွက်သမျှ ရုပ်ရှင်ကားတွေဟာ Marvel ရဲ့ကောမစ်တွေအပေါ်မှာ အခြေခံပြီး ဖန်တီးထားတာ ကြောင့် ကောမစ်ထဲက အကြောင်းအရာတွေနဲ့ ရုပ်ရှင်တွေထဲက အကြောင်းအရာတွေဟာ အနည်းငယ်တော့ တူနေလေ့ရှိပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေဟာ ရုပ်ရှင်အသစ် ထွက်လာတော့မယ်ဆိုရင် ပါဝင်လာမယ့် အကြောင်းအရာတွေကို ခန့်မှန်းလေ့ရှိပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ MCU ရုပ်ရှင်တွေအတွက် ခန့်မှန်းခဲ့တဲ့ ကောလာဟလ၊ သတင်းတွေထဲက တကယ် အမှန်ဖြစ်လာတဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Odin ကမ္ဘာပေါ်ကို ရောက်လာမယ်။
photo via screenrant

Geek ဝက်ဘ်ဆိုဒ်ဟာ ၂၀၁၆ခုနှစ်တုန်းက Thor: Ragnarok အတွက် သတင်းတစ်ခုကို ဖော်ပြခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက Thor: Ragnarok ဟာ ရိုက်ကူးရေးတောင် မစရသေးပါဘူး။ အဲ့ဒီဝက်ဘ်ဆိုဒ်က ဖော်ပြခဲ့တာကတော့ Odin ဟာ ပြန်လည်ပါဝင်လာပြီး Asgard နဲ့ အဝေးကြီးဖြစ်တဲ့ ကမ္ဘာပေါ်ကို ရောက်လာမယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် Odin ဟာ Norse Apocalypse အကြောင်းကို သတိပေးသွားမှာပါလို့ ပြောခဲ့ပေမယ့် အဲ့ဒီအချက်ကတော့ အတိအကျ မမှန်ခဲ့ပါဘူး။

(2) Thor ဟာ Stormbreaker ကို ကိုင်ဆောင်မယ်။
photo via screenrant

ဇာတ်ကောင်တွေနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေနဲ့ အရုပ်တွေဟာလည်း Marvel အတွက် ဝင်ငွေများစွာ ရှာပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း အသစ်ထွက်လာတဲ့ အရုပ်တစ်ချို့ကြောင့် Avengers: Infinity War ထဲမှာ Thor က Stormbreaker ကို ကိုင်ဆောင်မယ်ဆိုပြီးတော့ သတင်းထွက်လာခဲ့ပါတယ်။ အကြောင်းကတော့ Stormbreaker ကိုင်ဆောင်ထားတဲ့ Thor ရဲ့ပုံစံတူအရုပ် ထွက်လာတာ ဖြစ်ပြီးတော့ The Funko Pop Figure က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

(3) Bruce ဟာ Hulkbuster ကို ဝတ်ဆင်ပါမယ်။
photo via screenrant

Avengers: Infinity War ထွေလာ ထွက်လာတဲ့အချိန်မှာ Hulkbuster ကို မြင်တွေ့ခဲ့ရပြီး အဲ့ဒီဝတ်စုံကို Tony Stark က ဝတ်ဆင်မှာ မဟုတ်ဘူးလို့ သတင်းထွက်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီအချိန်မှာပဲ Bruce ဟာ Hulkbuster ကို ဝတ်ဆင်ပြီး တိုက်ခိုက်မှာပါဆိုတဲ့ ဟောလာဟလတွေ ထွက်လာခဲ့ပါတယ်။ ဒီအချက်ကို ပိုပြီးသေချာစေတာကတော့ ရုပ်ရှင်ထွက်မလာခင်မှာပဲ Hulkbuster ဝတ်စုံကို ဝတ်ဆင်ထားတဲ့ Bruce ရဲ့ပုံစံတူအရုပ် ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

(4) Vulture နဲ့ Chitauri တို့ဟာ Spider-Man: Homecoming ထဲမှာ ပါဝင်မယ်။
photo via screenrant

ဒီတစ်ချက်ကတော့ Devin Faraci လို့ခေါ်တဲ့ ဘလော့ဂါတစ်ယောက်က ပြောခဲ့တာ ဖြစ်ပါတယ်။ သူဟာ Tom Holland သရုပ်ဆောင်မယ့် Spider-Man ပထမဆုံးဇာတ်ကားရဲ့ ခေါင်းစဉ်ကို ခန့်မှန်းတာ မှန်ခဲ့ရုံသာမကဘဲ ဗီလိန်တွေကို ခန့်မှန်းတာပါ မှန်ကန်ခဲ့ပါတယ်။ အဲ့ဒါတွေကတော့ ဒီဇာတ်ကားထဲမှာ Spider-Man ရဲ့ဗီလိန်ဟာ Vulture ဖြစ်ပြီးတော့ သူဟာ Chitauri ရဲ့ နည်းပညာတွေကို အသုံးပြုပြီးတော့ Vulture ဖြစ်လာမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

(5) Vision နဲ့ Loki ရဲ့ သေဆုံးမှု
photo via screenrant

Vision ဟာ Infinity War ထဲမှာ သေချာပေါက် သေဆုံးပါမယ်ဆိုတဲ့ အချက်ကတော့ တော်တော်လေးကို လူပြောများခဲ့တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ Thanos ဟာ Mind Stone ကို လိုချင်နေတာကြောင့် Vision ကတော့ သေချာပေါက်ကို သေဆုံးမယ်ဆိုပြီး ပြောခဲ့ကြတာ ဖြစ်ပါတယ်။ Loki ကတော့ အမြဲတမ်း သေချင်ယောင်ဆောင်ပြီး နောက်ပိုင်းမှ ပြန်လည်ပါဝင်လာတတ်တာကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့်လည်း ဒီတစ်ခါမှာတော့ Loki ဟာ တကယ်သေဆုံးသွားမှာပါ ဆိုပြီးတော့ Screencrush ဝက်ဘ်ဆိုဒ်က ဖော်ပြခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ Live Action မှာ သေဆုံးသွားကြပေမယ့်လည်း အခုချိန်မှာတော့ နှစ်ယောက်လုံးဟာ ကိုယ်ပိုင်ဇာတ်လမ်းတွဲတွေ ရရှိသွားကြပြီ ဖြစ်ပါတယ်။

(6) Endgame ထဲမှာ အချိန်ခရီးသွားခြင်းဟာ အဓိကနေရာက ပါဝင်မယ်။
photo via screenrant

Endgame ရဲ့ ရိုက်ကွင်းပေါ်က ဓာတ်ပုံတွေ ထွက်လာတဲ့အချိန်မှာတော့ Captain America ရဲ့ဝတ်စုံအဟောင်းနဲ့ နယူးယော့ခ်မြို့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲပုံစံတွေကို ပြန်လည်တွေ့မြင်ခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ ပရိသတ်တွေအများစုဟာ အချိန်ခရီးသွားခြင်းဟာ Endgame ရဲ့ အဓိကကျတဲ့ နေရာမှာ ပါဝင်နေလိမ့်မယ်ဆိုပြီးတော့ သတင်းထွက်လာပါတော့တယ်။ Endgame ရုပ်ရှင် ထွက်လာတဲ့အချိန်မှာလည်း အဲ့ဒီသတင်းဟာ အမှန်ဖြစ်လာခဲ့ပါတယ်။

(7) Hail Hydra
photo via screenrant

Endgame အတွက် ကောလာဟလတွေ အများကြီး ထွက်လာတဲ့အထဲမှာမှ ဒီတစ်ချက်ကိုတော့ Roger Wardell လို့ခေါ်တဲ့ Twitter အကောင့်တစ်ခုက တင်ခဲ့တာ ဖြစ်ပါတယ်။ သူပြောခဲ့တာကတော့ Cap ဟာ Endgame ထဲမှာ Hail Hydra ဆိုတဲ့ စကားလုံးကို ပြောမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အဲ့ဒီသတင်းထွက်လာတော့ ပရိသတ်တွေအများစုဟာ စိတ်ပူသွားကြပြီး Marvel ရဲ့ Secret Empire ဆိုတဲ့ ကောမစ်စီးရီးထဲကလို ဖြစ်သွားမှာ စိုးရိမ်ခဲ့ကြပါတယ်။ အဲ့ဒီကောမစ်ထဲမှာဆိုရင် Cap ဟာ Hydra ရဲ့သူလျှိုတစ်ယောက် ဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကံကောင်းစွာနဲ့ Endgame ထဲမှာတော့ အဲ့ဒီလို မဟုတ်ခဲ့ပါဘူး။

ဒါကတော့ MCU ရဲ့ ရုပ်ရှင်တွေအတွက် ပရိသတ်တွေ ကြိုတင်ခန့်မှန်းခဲ့တဲ့ အရာတွေထဲက တကယ်ဖြစ်လာခဲ့တဲ့အရာတွေပဲ ဖြစ်ပါတယ်။ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် ဒီလိုစိတ်ဝင်စားစရာ ဆောင်းပါးတွေ အမြဲတမ်း ဖတ်ရှုနိုင်ဖို့ ဒီပေ့ချ်ကို Like & Follow လုပ်ထားပါလို့ တိုက်တွန်းလိုက်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Marvel Cinematic Universe ဟာ အခုခ်ိန္မွာ တစ္ကမာၻလုံးက ပရိသတ္ေတြၾကားထဲမွာ ေအာင္ျမင္ေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ MCU က ထြက္သမွ် ႐ုပ္ရွင္ကားေတြဟာ Marvel ရဲ႕ေကာမစ္ေတြအေပၚမွာ အေျခခံၿပီး ဖန္တီးထားတာ ေၾကာင့္ ေကာမစ္ထဲက အေၾကာင္းအရာေတြနဲ႔ ႐ုပ္ရွင္ေတြထဲက အေၾကာင္းအရာေတြဟာ အနည္းငယ္ေတာ့ တူေနေလ့ရွိပါတယ္။ ဒါေၾကာင့္လည္း ပရိသတ္ေတြဟာ ႐ုပ္ရွင္အသစ္ ထြက္လာေတာ့မယ္ဆိုရင္ ပါဝင္လာမယ့္ အေၾကာင္းအရာေတြကို ခန႔္မွန္းေလ့ရွိပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ MCU ႐ုပ္ရွင္ေတြအတြက္ ခန႔္မွန္းခဲ့တဲ့ ေကာလာဟလ၊ သတင္းေတြထဲက တကယ္ အမွန္ျဖစ္လာတဲ့ အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(1) Odin ကမာၻေပၚကို ေရာက္လာမယ္။
photo via screenrant

Geek ဝက္ဘ္ဆိုဒ္ဟာ ၂၀၁၆ခုႏွစ္တုန္းက Thor: Ragnarok အတြက္ သတင္းတစ္ခုကို ေဖာ္ျပခဲ့ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက Thor: Ragnarok ဟာ ႐ိုက္ကူးေရးေတာင္ မစရေသးပါဘူး။ အဲ့ဒီဝက္ဘ္ဆိုဒ္က ေဖာ္ျပခဲ့တာကေတာ့ Odin ဟာ ျပန္လည္ပါဝင္လာၿပီး Asgard နဲ႔ အေဝးႀကီးျဖစ္တဲ့ ကမာၻေပၚကို ေရာက္လာမယ္လို႔ ေျပာခဲ့ပါတယ္။ ဒါ့အျပင္ Odin ဟာ Norse Apocalypse အေၾကာင္းကို သတိေပးသြားမွာပါလို႔ ေျပာခဲ့ေပမယ့္ အဲ့ဒီအခ်က္ကေတာ့ အတိအက် မမွန္ခဲ့ပါဘူး။

(2) Thor ဟာ Stormbreaker ကို ကိုင္ေဆာင္မယ္။
photo via screenrant

ဇာတ္ေကာင္ေတြနဲ႔ ပတ္သက္တဲ့ ပစၥည္းေတြနဲ႔ အ႐ုပ္ေတြဟာလည္း Marvel အတြက္ ဝင္ေငြမ်ားစြာ ရွာေပးႏိုင္ပါတယ္။ ဒါေပမယ့္လည္း အသစ္ထြက္လာတဲ့ အ႐ုပ္တစ္ခ်ိဳ႕ေၾကာင့္ Avengers: Infinity War ထဲမွာ Thor က Stormbreaker ကို ကိုင္ေဆာင္မယ္ဆိုၿပီးေတာ့ သတင္းထြက္လာခဲ့ပါတယ္။ အေၾကာင္းကေတာ့ Stormbreaker ကိုင္ေဆာင္ထားတဲ့ Thor ရဲ႕ပုံစံတူအ႐ုပ္ ထြက္လာတာ ျဖစ္ၿပီးေတာ့ The Funko Pop Figure က ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။

(3) Bruce ဟာ Hulkbuster ကို ဝတ္ဆင္ပါမယ္။
photo via screenrant

Avengers: Infinity War ေထြလာ ထြက္လာတဲ့အခ်ိန္မွာ Hulkbuster ကို ျမင္ေတြ႕ခဲ့ရၿပီး အဲ့ဒီဝတ္စုံကို Tony Stark က ဝတ္ဆင္မွာ မဟုတ္ဘူးလို႔ သတင္းထြက္ခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီအခ်ိန္မွာပဲ Bruce ဟာ Hulkbuster ကို ဝတ္ဆင္ၿပီး တိုက္ခိုက္မွာပါဆိုတဲ့ ေဟာလာဟလေတြ ထြက္လာခဲ့ပါတယ္။ ဒီအခ်က္ကို ပိုၿပီးေသခ်ာေစတာကေတာ့ ႐ုပ္ရွင္ထြက္မလာခင္မွာပဲ Hulkbuster ဝတ္စုံကို ဝတ္ဆင္ထားတဲ့ Bruce ရဲ႕ပုံစံတူအ႐ုပ္ ထြက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

(4) Vulture နဲ႔ Chitauri တို႔ဟာ Spider-Man: Homecoming ထဲမွာ ပါဝင္မယ္။
photo via screenrant

ဒီတစ္ခ်က္ကေတာ့ Devin Faraci လို႔ေခၚတဲ့ ဘေလာ့ဂါတစ္ေယာက္က ေျပာခဲ့တာ ျဖစ္ပါတယ္။ သူဟာ Tom Holland သ႐ုပ္ေဆာင္မယ့္ Spider-Man ပထမဆုံးဇာတ္ကားရဲ႕ ေခါင္းစဥ္ကို ခန႔္မွန္းတာ မွန္ခဲ့႐ုံသာမကဘဲ ဗီလိန္ေတြကို ခန႔္မွန္းတာပါ မွန္ကန္ခဲ့ပါတယ္။ အဲ့ဒါေတြကေတာ့ ဒီဇာတ္ကားထဲမွာ Spider-Man ရဲ႕ဗီလိန္ဟာ Vulture ျဖစ္ၿပီးေတာ့ သူဟာ Chitauri ရဲ႕ နည္းပညာေတြကို အသုံးျပဳၿပီးေတာ့ Vulture ျဖစ္လာမယ္လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။

(5) Vision နဲ႔ Loki ရဲ႕ ေသဆုံးမႈ
photo via screenrant

Vision ဟာ Infinity War ထဲမွာ ေသခ်ာေပါက္ ေသဆုံးပါမယ္ဆိုတဲ့ အခ်က္ကေတာ့ ေတာ္ေတာ္ေလးကို လူေျပာမ်ားခဲ့တဲ့ အရာတစ္ခုပဲ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Thanos ဟာ Mind Stone ကို လိုခ်င္ေနတာေၾကာင့္ Vision ကေတာ့ ေသခ်ာေပါက္ကို ေသဆုံးမယ္ဆိုၿပီး ေျပာခဲ့ၾကတာ ျဖစ္ပါတယ္။ Loki ကေတာ့ အၿမဲတမ္း ေသခ်င္ေယာင္ေဆာင္ၿပီး ေနာက္ပိုင္းမွ ျပန္လည္ပါဝင္လာတတ္တာကို လူတိုင္းသိၾကပါတယ္။ ဒါေပမယ့္လည္း ဒီတစ္ခါမွာေတာ့ Loki ဟာ တကယ္ေသဆုံးသြားမွာပါ ဆိုၿပီးေတာ့ Screencrush ဝက္ဘ္ဆိုဒ္က ေဖာ္ျပခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္လုံးဟာ Live Action မွာ ေသဆုံးသြားၾကေပမယ့္လည္း အခုခ်ိန္မွာေတာ့ ႏွစ္ေယာက္လုံးဟာ ကိုယ္ပိုင္ဇာတ္လမ္းတြဲေတြ ရရွိသြားၾကၿပီ ျဖစ္ပါတယ္။

(6) Endgame ထဲမွာ အခ်ိန္ခရီးသြားျခင္းဟာ အဓိကေနရာက ပါဝင္မယ္။
photo via screenrant

Endgame ရဲ႕ ႐ိုက္ကြင္းေပၚက ဓာတ္ပုံေတြ ထြက္လာတဲ့အခ်ိန္မွာေတာ့ Captain America ရဲ႕ဝတ္စုံအေဟာင္းနဲ႔ နယူးေယာ့ခ္ၿမိဳ႕မွာ ျဖစ္ခဲ့တဲ့ တိုက္ပြဲပုံစံေတြကို ျပန္လည္ေတြ႕ျမင္ခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ ပရိသတ္ေတြအမ်ားစုဟာ အခ်ိန္ခရီးသြားျခင္းဟာ Endgame ရဲ႕ အဓိကက်တဲ့ ေနရာမွာ ပါဝင္ေနလိမ့္မယ္ဆိုၿပီးေတာ့ သတင္းထြက္လာပါေတာ့တယ္။ Endgame ႐ုပ္ရွင္ ထြက္လာတဲ့အခ်ိန္မွာလည္း အဲ့ဒီသတင္းဟာ အမွန္ျဖစ္လာခဲ့ပါတယ္။

(7) Hail Hydra
photo via screenrant

Endgame အတြက္ ေကာလာဟလေတြ အမ်ားႀကီး ထြက္လာတဲ့အထဲမွာမွ ဒီတစ္ခ်က္ကိုေတာ့ Roger Wardell လို႔ေခၚတဲ့ Twitter အေကာင့္တစ္ခုက တင္ခဲ့တာ ျဖစ္ပါတယ္။ သူေျပာခဲ့တာကေတာ့ Cap ဟာ Endgame ထဲမွာ Hail Hydra ဆိုတဲ့ စကားလုံးကို ေျပာမယ္ဆိုတဲ့ အခ်က္ပဲ ျဖစ္ပါတယ္။ အဲ့ဒီသတင္းထြက္လာေတာ့ ပရိသတ္ေတြအမ်ားစုဟာ စိတ္ပူသြားၾကၿပီး Marvel ရဲ႕ Secret Empire ဆိုတဲ့ ေကာမစ္စီးရီးထဲကလို ျဖစ္သြားမွာ စိုးရိမ္ခဲ့ၾကပါတယ္။ အဲ့ဒီေကာမစ္ထဲမွာဆိုရင္ Cap ဟာ Hydra ရဲ႕သူလွ်ိဳတစ္ေယာက္ ျဖစ္ေနတာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကံေကာင္းစြာနဲ႔ Endgame ထဲမွာေတာ့ အဲ့ဒီလို မဟုတ္ခဲ့ပါဘူး။

ဒါကေတာ့ MCU ရဲ႕ ႐ုပ္ရွင္ေတြအတြက္ ပရိသတ္ေတြ ႀကိဳတင္ခန႔္မွန္းခဲ့တဲ့ အရာေတြထဲက တကယ္ျဖစ္လာခဲ့တဲ့အရာေတြပဲ ျဖစ္ပါတယ္။ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ ဒီလိုစိတ္ဝင္စားစရာ ေဆာင္းပါးေတြ အၿမဲတမ္း ဖတ္ရႈႏိုင္ဖို႔ ဒီေပ့ခ်္ကို Like & Follow လုပ္ထားပါလို႔ တိုက္တြန္းလိုက္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular