HomeEntertainmentFilmTeaser ထွက်ရှိလာတဲ့ MCU ဇာတ်လမ်းတွဲအသစ်များ

Teaser ထွက်ရှိလာတဲ့ MCU ဇာတ်လမ်းတွဲအသစ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney ဟာ နိုဝင်ဘာလ(၁၂)ရက်နေ့ညမှာပဲ Disney+ Day လို့ အမည်ပေးထားတဲ့ event တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ event မှာတော့ MCU ပရိသတ်တွေအတွက် သတင်းကောင်းတွေများစွာ ယူဆောင်လာပါတယ်။

အဲဒါကတော့ ဇာတ်လမ်းတွဲအသစ်တွေကို ကြေညာခဲ့တာအပြင် ကြေညာခဲ့ပြီးသား ဇာတ်လမ်းတွဲတချို့ရဲ့ Teaser တွေကိုပါ ထပ်မံ ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲတွေကတော့ Moon Knight ၊ She-Hulk နဲ့ Ms. Marvel တို့ပဲ ဖြစ်ပြီး Secret Invasion မှာ ပါဝင်လာမယ့် Nick Fury ရဲ့ First Look ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

သို့သော်လည်း ဒီဇာတ်လမ်းတွဲ(၄)ခုဟာ ဘယ်အချိန်မှာ ထွက်ရှိလာမယ်ဆိုတဲ့ နေ့ရက်အတိအကျကိုတော့ မသိရသေးပါဘူး။ Ms. Marvel ကတော့ ၂၀၂၂ ခုနှစ် နွေရာသီမှာ ထွက်ရှိလာမယ်လို့ သိရပြီး Hawkeye ဇာတ်လမ်းတွဲပြီးတဲ့အခါ နောက်ထပ်အသစ်လာမယ့် ဇာတ်လမ်းတွဲဟာ Moon Knight ဖြစ်မလား၊ She-Hulk ဖြစ်မလား ဆိုတာကိုလည်း မသိရသေးပါဘူး။ အဲ့ဒီ Teaser တွေနဲ့ Nick Fury ရဲ့ First Look ကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

(1) Moon Knight Teaser

(2) She-Hulk Teaser

(3) Ms. Marvel Teaser

(4) Secret Invasion ထဲက Nick Fury ရဲ့ First Look
photo via screenrant

အသစ်ထွက်ရှိလာတဲ့ ဗွီဒီယိုတွေဟာ ထွေလာ မဟုတ်ဘဲ Teaser တွေပဲ ရှိသေးတာကြောင့် စက္ကန့်ပိုင်းစာလောက်ပဲ ကြာမြင့်ပါတယ်။ အဲ့ဒီစက္ကန့်ပိုင်းစာ ဗွီဒီယိုထဲမှာတော့ She-Hulk ရဲ့ ဝတ်စုံနဲ့ ပုံစံတွေကို မြင်တွေ့ခဲ့ရသလို Bruce Banner ကိုလည်း Smart Hulk အနေနဲ့ ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ Ms, Marvel Teaser ထဲမှာတော့ Kamala Khan ရဲ့ စွမ်းအားတွေကို မြင်တွေ့ခဲ့ရပြီး Nick Fury ရဲ့ First Look ကတော့ ယခင်ကပုံစံနဲ့ အတော်လေး ပြောင်းလဲနေတာ တွေ့ရပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Disney ဟာ နိုဝင္ဘာလ(၁၂)ရက္ေန႔ညမွာပဲ Disney+ Day လို႔ အမည္ေပးထားတဲ့ event တစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ အဆိုပါ event မွာေတာ့ MCU ပရိသတ္ေတြအတြက္ သတင္းေကာင္းေတြမ်ားစြာ ယူေဆာင္လာပါတယ္။

အဲဒါကေတာ့ ဇာတ္လမ္းတြဲအသစ္ေတြကို ေၾကညာခဲ့တာအျပင္ ေၾကညာခဲ့ၿပီးသား ဇာတ္လမ္းတြဲတခ်ိဳ႕ရဲ့ Teaser ေတြကိုပါ ထပ္မံ ထုတ္လုပ္ေပးခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီဇာတ္လမ္းတြဲေတြကေတာ့ Moon Knight ၊ She-Hulk နဲ႔ Ms. Marvel တို႔ပဲ ျဖစ္ၿပီး Secret Invasion မွာ ပါဝင္လာမယ့္ Nick Fury ရဲ့ First Look ကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

သို႔ေသာ္လည္း ဒီဇာတ္လမ္းတြဲ(၄)ခုဟာ ဘယ္အခ်ိန္မွာ ထြက္ရွိလာမယ္ဆိုတဲ့ ေန႔ရက္အတိအက်ကိုေတာ့ မသိရေသးပါဘူး။ Ms. Marvel ကေတာ့ ၂၀၂၂ ခုႏွစ္ ေႏြရာသီမွာ ထြက္ရွိလာမယ္လို႔ သိရၿပီး Hawkeye ဇာတ္လမ္းတြဲၿပီးတဲ့အခါ ေနာက္ထပ္အသစ္လာမယ့္ ဇာတ္လမ္းတြဲဟာ Moon Knight ျဖစ္မလား၊ She-Hulk ျဖစ္မလား ဆိုတာကိုလည္း မသိရေသးပါဘူး။ အဲ့ဒီ Teaser ေတြနဲ႔ Nick Fury ရဲ့ First Look ကိုေတာ့ ေအာက္မွာ ၾကည့္ရွုနိုင္ပါတယ္။

(1) Moon Knight Teaser

(2) She-Hulk Teaser

(3) Ms. Marvel Teaser

(4) Secret Invasion ထဲက Nick Fury ရဲ႕ First Look
photo via screenrant

အသစ္ထြက္ရွိလာတဲ့ ဗြီဒီယိုေတြဟာ ေထြလာ မဟုတ္ဘဲ Teaser ေတြပဲ ရွိေသးတာေၾကာင့္ စကၠန႔္ပိုင္းစာေလာက္ပဲ ၾကာျမင့္ပါတယ္။ အဲ့ဒီစကၠန႔္ပိုင္းစာ ဗြီဒီယိုထဲမွာေတာ့ She-Hulk ရဲ့ ဝတ္စုံနဲ႔ ပုံစံေတြကို ျမင္ေတြ႕ခဲ့ရသလို Bruce Banner ကိုလည္း Smart Hulk အေနနဲ႔ ျပန္လည္ျမင္ေတြ႕ခဲ့ရပါတယ္။ Ms, Marvel Teaser ထဲမွာေတာ့ Kamala Khan ရဲ့ စြမ္းအားေတြကို ျမင္ေတြ႕ခဲ့ရၿပီး Nick Fury ရဲ့ First Look ကေတာ့ ယခင္ကပုံစံနဲ႔ အေတာ္ေလး ေျပာင္းလဲေနတာ ေတြ႕ရပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular