HomeEntertainmentFilmMCU ရဲ့ Spider-Gwen အဖြစ် ဘယ်သူ ပါဝင်သရုပ်ဆောင်သွားနိုင်မလဲ?

MCU ရဲ့ Spider-Gwen အဖြစ် ဘယ်သူ ပါဝင်သရုပ်ဆောင်သွားနိုင်မလဲ?

MCU ကတော့ ယခုအချိန်မှာ Multiverse Saga ကို စတင်နေပြီ ဖြစ်တာကြောင့် ဇာတ်ကောင်တွေရဲ့ မတူညီတဲ့ ဗားရှင်းတွေကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ MCU ရဲ့ Spider-Man ဟာလည်း နောက်ထပ် Trilogy သုံးကား ထပ်မံထွက်ရှိလာဖို့ ကျန်ရှိနေပါသေးတယ်။ ဒါကြောင့်ပဲ အဲဒီ Trilogy ထဲက တစ်ကားမှာတော့ နာမည်ကြီး ဇာတ်ကောင်တစ်ယောက် ဖြစ်တဲ့ Spider-Gwen လည်း ပါဝင်လာနိုင်ပါတယ်။ ဒါကြောင့်ပဲ ယခုအချိန်မှာတော့ Spider-Gwen နေရာက ဘယ်သရုပ်ဆောင်တွေ ပါဝင်လာနိုင်မလည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

Milly Alcock

photo via imdb

Milly Alcock ကတော့ လောလောဆယ်မှာ ထွက်ရှိနေတဲ့ House of Dragon ဇာတ်လမ်းတွဲထဲမှာ Rhaenyra Targaryen ရဲ့ ငယ်ဘဝမှာ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Milly Alcock ကတော့ သရုပ်ဆောင်ကောင်းတာကြောင့် ပရိသတ်တွေရဲ့ ချီးမွမ်းမှုတွေကို ရရှိထားပြီး ယခုအချိန်မှာတော့ ပရိသတ်အများစုဟာ သူမကို MCU ရဲ့ Spider-Gwen အဖြစ် မြင်တွေ့နေချင်ကြပါတယ်။

Anya Taylor-Joy

photo via screenrant

Anya Taylor-Joy ကတော့ A24 စတူဒီယိုရဲ့ The Witch ရုပ်ရှင်နဲ့ သရုပ်ဆောင်ဘဝကို စတင်ခဲ့သူ ဖြစ်ပြီး အဲဒီအချိန်ကတည်းက တဖြည်းဖြည်းနဲ့ အောင်မြင်မှုတွေ ရရှိလာသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ကောင်းမွန်တဲ့ သရုပ်ဆောင်မှုတွေကိုတော့ Split နဲ့ Last Night in Soho တို့လို Horror ရုပ်ရှင်တွေမှာ မြင်တွေ့နိုင်ပါတယ်။ Netflix က ဖန်တီးခဲ့တဲ့ The Queen’s Gambit ဇာတ်လမ်းတွဲထဲမှာ ပါဝင်ပြီးနောက်မှာတော့ သူမဟာ ပိုပြီးနာမည်ကြီးလာခဲ့ပါတယ်။ သူမဟာ MCU ရဲ့ The New Mutants ထဲမှာ ပါဝင်ခဲ့ဖူးပေမယ့်လည်း သူမကို Spider-Gwen အဖြစ် မြင်ချင်နေကြတဲ့ ပရိသတ်တွေများစွာလည်း ရှိပါသေးတယ်။

Joey King

photo via screenrant

Joey King ကတော့ ကလေးဘဝကတည်းက သရုပ်ဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး The Dark Knight Rises ထဲမှာတောင် ပါဝင်ခဲ့ပါသေးတယ်။ သူမဟာ ဆယ်ကျော်သက်အရွယ်မှာတော့ Netflix ရဲ့ Kissing Booth Trilogy ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နာမည်ကြီးလာပါတယ်။ မကြာသေးခင်ကလည်း သူမဟာ အက်ရှင်ဇာတ်လမ်းတွေဖြစ်တဲ့ Bullet Train ရုပ်ရှင်နဲ့ Hulu ရဲ့ The Princess ရုပ်ရှင်တို့မှာ ပါဝင်ခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ Spider-Gwen ဇာတ်ကောင်ဟာ သူမနဲ့ လိုက်ဖက်မှု ရှိနေပါတယ်။

Camila Mendes

photo via screenrant

MCU ဟာ လူဖြူဇာတ်ကောင်တွေကို ပုံစံပြောင်းလဲမှုတွေ ပြုလုပ်နေပြီး Spider-Man: Home Coming Trilogy ထဲက MJ ဟာလည်း ကောမစ်ထဲမှာတော့ လူဖြူဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ Camila Mendes လိုမျိူး Latin American တွေကိုလည်း MCU က Spider-Gwen အဖြစ် ရွေးချယ်သွားနိုင်ပါတယ်။ Camila Mendes ကတော့ Riverdale ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးလာသူ ဖြစ်ပြီး Talent ရှိတဲ့ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။

Millie Bobby Brown

photo via screenrant

Millie Bobby Brown ကတော့ Netflix ရဲ့ Stranger Things ဇာတ်လမ်းတွဲထဲက Eleven အဖြစ် လူသိများကြပါတယ်။ သူမဟာလည်း အချိန်တွေ ကြာလာတာနဲ့အမျှ ပိုမိုအောင်မြင်လာပြီး ပရိသတ်တွေကလည်း သူမကို MCU ထဲမှာ ပါဝင်စေချင်နေကြပါတယ်။ ဒါ့အပြင် သူမဟာ Eternals ရုပ်ရှင်ထဲမှာတောင် ပါဝင်လာမယ်ဆိုပြီး ကောလာဟလတွေလည်း ထွက်ခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ Millie ကို Spider-Gwen အဖြစ် မြင်တွေ့ရမယ် ဆိုရင်တော့ ပရိသတ်များစွာရဲ့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular