HomeEntertainmentFilmMCU ရဲ့ ပထမဆုံးအကြိမ် Uncensored F-Bomb ပါဝင်သွားမယ့် GotG Vol.3

MCU ရဲ့ ပထမဆုံးအကြိမ် Uncensored F-Bomb ပါဝင်သွားမယ့် GotG Vol.3

မကြာခင်မှာ ထွက်ရှိလာတော့မယ့် Guardians of the Galaxy Vol.3 ထဲမှာတော့ MCU ရဲ့ ပထမဆုံးအကြိမ် ဆင်ဆာမဖြတ်ထားတဲ့ F-Bomb ပါဝင်သွားမယ်လို့ ဒါရိုက်တာ James Gunn က အတည်ပြုလိုက်ပါတယ်။ MCU ကတော့ သူတို့ရဲ့ပရောဂျက်တွေကို အမြဲတမ်း Family-Friendly ဖြစ်အောင် ဖန်တီးလေ့ရှိပြီး PG-13 Rating နဲ့ ကိုက်ညီမှာတွေကိုပဲ ထည့်သွင်းခဲ့ပါတယ်။

photo credit Marvel Studios

အခုနောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ ပြောင်းလဲမှုတွေ ဖြစ်လာပြီး Eternal ရုပ်ရှင်ထဲမှာ MCU ရဲ့ ပထမဆုံး Sex Scene ပါဝင်ခဲ့သလို Moon Knight ဇာတ်လမ်းတွဲထဲမှာလည်း Violence Level ကို မြှင့်တင်ခဲ့ပါတယ်။ ဒါ့အပြင် Doctor Strange in the Multiverse ထဲမှာတော့ Horror ဆန်ဆန် ဖန်တီးထားပြီး Guardians of the Galaxy Vol.3 ဟာလည်း အရင်ကပရောဂျက်တွေနဲ့ မတူညီအောင် Boundary တွေကို ကျော်ဖြတ်သွားဦးမယ်လို့ ယူဆရပါတယ်။

မကြာသေးခင်ကပဲ GOTG 3 ရဲ့ Video Clip တစ်ခု ထွက်ရှိလာခဲ့ပြီး ဒါရိုက်တာ James Gunn ကတော့ ဒီရုပ်ရှင်ထဲမှာ MCU ရဲ့ ပထမဆုံး ဆင်ဆာမဖြတ်ထားတဲ့ F-Bomb ပါဝင်လာမယ်လို့ တွစ်တာပေါ်ကနေ ပြောလိုက်ပါတယ်။ ဒီဗွီဒီယိုထဲမှာတော့ Nebula ဟာ ကားတံခါးကို မဖွင့်တတ်လို့ တိုင်ပတ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ Star-Lord ဟာ “Open the f***ing Door” လို့ ပြောလိုက်ပါတယ်။ ဒီဗွီဒီယိုထဲမှာတော့ အဲဒီဒိုင်ယာလော့ခ်ကို ဆင်ဆာဖြတ်ထားပါတယ်။

MCU ကတော့ အရင်ကတည်းက ရုပ်ရှင်တိုင်းလိုလိုမှာ ဆဲဆိုတဲ့ ဒိုင်ယာလော့ခ်တစ်ခုကို ထည့်သွင်းလေ့ရှိပြီး အဲဒီစကားလုံးကို အပြည့်အစုံမပါအောင် ဆင်ဆာဖြတ်လေ့ ရှိပါတယ်။ လူသိများကြတဲ့ ဇာတ်ဝင်ခန်းတစ်ခုကတော့ Infinity War ရဲ့ Credit Scene မှာ Nick Fury က Captain Marvel ကို ဆက်သွယ်ဖို့ ကြိုးစားနေရင်း အမှုန့်ဖြစ်သွားတာကြောင့် “Motherf*****” လို့ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။ PG-13 Rating မှာတော့ ဆဲဆိုတဲ့ စကားလုံးတစ်လုံး ထည့်သွင်းခွင့်ရှိပြီး တစ်လုံးထက်ပိုသွားမယ်ဆိုရင်တော့ R-Rated ဖြစ်သွားမှာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular