HomeEntertainmentFilmMCU ရဲ့ Young Avengers မှာ မြင်ရနိုင်ချေရှိတဲ့ ဇာတ်ကောင်များနဲ့ သရုပ်ဆောင်များ 

MCU ရဲ့ Young Avengers မှာ မြင်ရနိုင်ချေရှိတဲ့ ဇာတ်ကောင်များနဲ့ သရုပ်ဆောင်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

MCU ဟာ ပရိသတ်တွေနဲ့ စူပါဟီးရိုး မျိူးဆက်သစ်တွေကို မိတ်ဆက်ပေးဖို့အတွက် တဖြည်းဖြည်းချင်း စီစဉ်ထားခဲ့ပြီး Young Avengers အဖွဲ့ဝင်တချို့ဟာလည်း MCU ထဲမှာ ပါဝင်ခဲ့ကြပြီး ဖြစ်ပါတယ်။ Avengers အဖွဲ့ဟာလည်း Captain America ၊ Black Widow နဲ့ Iron Man တို့ မရှိတော့တာကြောင့် လူစားထိုးဖို့အတွက် လိုအပ်လာမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သိပ်မကြာခင်မှာ မျိူးဆက်သစ်တွေနဲ့ သွေးသစ်လောင်းထားတဲ့ Young Avengers အဖွဲ့ ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။

ကောမစ်ထဲမှာတော့ Young Avengers တွေကို ၂၀၀၅ခုနှစ်မှာ ပထမဆုံး မိတ်ဆက်ပေးခဲ့ပြီး အတွေ့အကြုံမရှိသေးတဲ့ စူပါဟီးရိုး အဖွဲ့အနေနဲ့ ပုံဖော်ခဲ့ပါတယ်။ ဒါကြောင့်လည်း လူအများစုဟာ သူတို့ကို စူပါဟီးရိုးတွေလို့ အသိအမှတ် မပြုခဲ့ကြလို့ ဘေးထွက်နေခဲ့ရပါတယ်။ နောက်ပိုင်းကျမှသာ သူတို့တွေဟာ စူပါဟီးရိုး ဖြစ်လာဖို့အတွက် ထိုက်တန်တယ်ဆိုတာကို သက်သေပြခဲ့ကြတာကြောင့် သူတို့ဟာ တရားဝင်စူပါဟီးရိုးအဖွဲ့ ဖြစ်လာခဲ့ပါတယ်။

ယခင်က ထွက်ရှိခဲ့ဖူးတဲ့ MCU ရဲ့ဇာတ်ကားတွေထဲမှာ Young Avengers ဖြစ်လာမယ့်သူတွေကို အရိပ်အမြွက်အနေနဲ့ ဇာတ်ပို့၊ဇာတ်ဆောင်နေရာတွေမှာ ထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့် Phase 4 သို့မဟုတ် Phase 5 လောက်မှာတော့ Young Avengers အဖွဲ့ကို Live Action အဖြစ် ဖန်တီးမယ်လို့ ခန့်မှန်းနိုင်ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Young Avengers ထဲမှာ ပါဝင်လာမယ့် အဖွဲ့ဝင်တွေနဲ့ သရုပ်ဆောင်သွားမယ့်သူတွေကို လက်ရှိမှာ သိထားရသလောက် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Kate Bishop (Hawkeye)
photo via screenrant

Avengers: Endgame ထဲမှာ Clint ဟာ သူ့ရဲ့သမီး Lila ကို မြားပစ်သင်ပေးနေတဲ့အခန်းကို ပြသွားခဲ့ပါတယ်။ Lila ဟာ ဘယ်လောက်ပဲ မြားပစ်တော်စေကာမူ၊ ကောမစ်ထဲမှာ Hawkeye နေရာကို ဆက်ခံပြီး ဟီးရိုးလုပ်ခဲ့သူကတော့ Kate Bishop ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Disney+ မှာ ပြသသွားမယ့် Hawkeye စီးရီးထဲမှာတော့ Hailee Steinfeld ဟာ Jeremy Renner နဲ့အတူ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲ့ဒီစီးရီးရဲ့ ဇာတ်လမ်းကိုတော့ Clint က Kate ကို စောင့်ရှောက်ပြီး Hawkeye ဖြစ်လာအောင် လေ့ကျင့်ပေးခဲ့တဲ့အကြောင်း ပုံဖော်ထားတဲ့ ၂၀၁၂ခုနှစ်က Hawkeye ကောမစ်ကို အခြေခံပြီး ရိုက်ကူးသွားမယ်လို့လည်း သိရပါတယ်။

Kamala Khan (Ms. Marvel)
photo via screenrant

Iman Vellani ဟာ Disney+ မှာ ပြသသွားမယ့် Ms. Marvel ဇာတ်လမ်းတွဲထဲမှာ Kamala Khan အနေနဲ့ သူမရဲ့ပထမဆုံး သရုပ်ဆောင်ဘဝကို စတင်သွားမှာ ဖြစ်ပါတယ်။ Kamala ဟာ ကောမစ်ထဲမှာ တစ်ခြားစူပါဟီးရိုးအဖွဲ့တွေထဲမှာလည်း ပါဝင်ခဲ့ဖူးပေမယ့် Marvel ကတော့ အစပိုင်းလောက်မှာ မျိူးဆက်သစ်ဟီးရိုးတွေကို အဖွဲ့တစ်ခုတည်းမှာ အတူတူထားလောက်ပါတယ်။ Ms. Marvel ဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်းအကျဉ်းကတော့ Kamala ဟာ သူမရဲ့ idol ဖြစ်သူ Captain Marvel အတိုင်း နေထိုင်ဖို့ ကြိုးစားပုံနဲ့ နောက်ပိုင်းမှာ စွမ်းအားတွေ ရလာတဲ့အကြောင်းကို ရိုက်ကူးသွားမယ်လို့ ခန့်မှန်းရပါတယ်။

ဒါ့အပြင် Kamala ရဲ့ စွမ်းအားတွေကတော့ သူမရဲ့တစ်ကိုယ်လုံးကို ရာဘာလိုမျိူး အသုံးပြုလို့ရသလို သူမရဲ့ပုံစံကိုလည်း တစ်ခြားသူတစ်ယောက်အဖြစ် ပြောင်းလဲလိုက်လို့ရပါတယ်။ အဲ့ဒါတင်မကသေးဘဲ သူမရဲ့ခန္ဓာကိုယ် အရွယ်အစားကိုလည်း လိုအပ်သလို သေးလို့၊ ကြီးလို့ ရပါသေးတယ်။ အလွယ်ပြောရရင်တော့ သူမရဲ့စွမ်းအားတွေဟာ Mr. Fantastic ၊ Mystique နဲ့ Ant-Man တို့ရဲ့ စွမ်းအားတွေကို ရောစပ်ထားတာပဲ ဖြစ်ပါတယ်။

Cassie Lang (Stature)
photo via screenrant

Cassie ကတော့ Scott Lang ရဲ့သမီး ဖြစ်ပြီးတော့ Ant-Man ပထမဆုံးကားကတည်းက ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Thanos ကြောင့် universe တစ်ဝက် ဖြစ်တည်မှုက ပျောက်ကွယ်သွားတဲ့အချိန်မှာ Scott ဟာ Quantum Realm ထဲမှာ ပိတ်မိသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Cassie ဟာ သူမရဲ့အဖေမရှိဘဲ ငါးနှစ်လောက် နေထိုင်ခဲ့ရပါတယ်။ Scott ဟာ Quantum Realm ထဲက ထွက်လာနိုင်ပြီး သူ့ရဲ့သမီးကို ပထမဆုံး တွေ့တဲ့အချိန်မှာတော့ “Wow …  မင်းတော်တော်ကြီးလာတာပဲ ” ဆိုပြီးတော့ ပြောခဲ့ပါတယ်။

Cassie ကလည်း နောက်ပိုင်းမှာ သူမရဲ့ခန္ဓာကိုယ်ကို သေးလို့၊ ကြီးလို့ ရတဲ့အစွမ်းရှိတဲ့ Stature ဆိုတဲ့ ဟီးရိုးဖြစ်လာခဲ့ပါတယ်။ ကောမစ်ထဲမှာတော့ Scott သေသွားပြီးနောက်မှာ သူမဟာ Young Avengers ထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဒီဇာတ်ရုပ်ကိုတော့ အရွယ်ရောက်သွားတဲ့ Cassie နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Emma Fuhrmann က သရုပ်ဆောင်သွားနိုင်ပါတယ်။

Morgan Stark (Ironheart)
photo via screenrant

Morgan ကတော့ ကောမစ်ထဲက ပုံစံနဲ့ လုံးဝကို ကွဲလွဲနေတာကြောင့် သူမကတော့ တစ်ခြားသူတွေထက် ထူးခြားပါတယ်။ Morgan ဟာ Tony ရဲ့သမီးအဖြစ်နဲ့ Avengers: Endgame ထဲမှာ ပထမဆုံး ပါဝင်လာခဲ့ပါတယ်။ Tony သေဆုံးပြီးနောက်မှာလည်း သူမဟာ ဖခင်ရဲ့ ချမ်းသာကြွယ်ဝမှုတွေနဲ့ နည်းပညာတွေ အကုန်လုံးကို အမွေရခဲ့ပါတယ်။ ဒါပေမယ့်လည်း ထူးခြားတဲ့ တစ်ချက်ကတော့ ကောမစ်ထဲက Morgan Stark ဟာ Tony ရဲ့ ဗီလိန်ဆန်တဲ့ ဦးလေးပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ကောမစ်ထဲမှာလည်း Riri Williams ဟာ Iron Man နေရာကို ဆက်ခံပြီးတော့ သူ့ကိုယ်သူ Ironheart လို့ ခေါ်ပါတယ်။ MCU ထဲက Morgan ကတော့ သူ့အဖေရဲ့ အနစ်နာခံမှု အပြီးမှာ သူ့အဖေလိုမျိူး အန္တရာယ်များတဲ့ လမ်းကိုတော့ ရွေးချင်မှ ရွေးပါလိမ့်မယ်။ ဒါပေမယ့်လည်း သူမဟာ နည်းပညာတွေရော၊ ချမ်းသာကြွယ်ဝမှုတွေကိုပါ ပိုင်ဆိုင်ထားတာကြောင့် သူမသာ ဆန္ဒရှိမယ်ဆိုရင် Iron Man နေရာကို ဆက်ခံလို့ရပါတယ်။ Morgan က သူမရဲ့ အဖေနေရာကို ဆက်ခံခဲ့မယ်ဆိုရင်တော့ Riri Williams ကလည်း ပုံစံတစ်မျိူးမျိူးနဲ့ ပါဝင်လာနိုင်ပါသေးတယ်။

Harley Keener (Iron Lad)
photo via screenrant

Harley ဟာလည်း Iron Man နေရာမှာ ဆက်ခံဖို့ အလားအလာရှိသူတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ Harley ဟာ Iron Man 3 ထဲမှာ စတင်ပါဝင်လာပြီး Tony ရဲ့ အသုဘ အခမ်းအနားမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ Tony ဒဏ်ရာရနေတဲ့အချိန်မှာ သူ့ဘက်က တန်ဖိုးဖြတ်လို့ မရတဲ့ အကူအညီကို ပေးခဲ့တာကြောင့် Tony က ကျေးဇူးတင်တဲ့အနေနဲ့ သူ့ရဲ့နည်းပညာတချို့ကို ပေးခဲ့ပါတယ်။ အဲ့ဒီအချက်ကြောင့်ပဲ သူဟာ Iron Lad ဖြစ်လာမယ်လို့ ယူဆလို့ ရတာပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Iron Lad ဟာ Nathaniel Richards ဖြစ်ပြီးတော့ (၃၀)ရာစုနှစ်က စူပါဟီးရိုးဖြစ်ကာ အကြောင်းတစ်ခုကြောင့် အတိတ်ကို ပြန်ရောက်လာခဲ့သူ ဖြစ်ပါတယ်။

Miles Morales (Spider-Man)
photo via screenrant

Miles ကတော့ Peter Parker ရဲ့ဆက်ခံသူတစ်ယောက် ဖြစ်ပြီးတော့ MCU ထဲမှာ ပါဝင်လာဖို့အတွက် အရိပ်အမြွက်ဖော်ပြခဲ့ဖူးပါတယ်။ အဲ့ဒါကတော့ Spider-Man: Home Coming ထဲမှာ Aaron Davis ဟာ “ဒီအနီးနားမှာ တူလေးတစ်ယောက် ရှိတယ်… ” ဆိုပြီးတော့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

အကြောင်းကတော့ ကောမစ်ထဲမှာရော ၊ Spider-Man: Into the Spider-Verse နဲ့ Marvel’s Spider-Man: Miles Morales ဆိုတဲ့ ဗွီဒီယိုဂိမ်းထဲမှာပါ Aaron ဟာ The Prowler လို့ခေါ်တဲ့ ဗီလိန်တစ်ယောက် ဖြစ်ပြီးတော့ Miles ရဲ့ဦးလေးလည်း ဖြစ်ပါတယ်။ Miles ကတော့ Brooklyn မြို့မှာနေထိုင်တဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး Spider-Man ရဲ့စွမ်းအားတွေကို ရရှိခဲ့ပါတယ်။ Peter သေဆုံးသွားပြီးတဲ့နောက်မှာတော့ သူဟာ Spider-Man နေရာကို ဆက်ခံခဲ့ပါတယ်။

America Chavez (Ms. America)
photo via screenrant

Doctor Strange in the Multiverse of Madness ထဲမှာတော့ Xochitl Gomez ဟာ America Chavez နေရာမှာ သရုပ်ဆောင်သွားမယ်လို့ သတင်းထွက်နေပါတယ်။ သူမဟာ အလွန်ကြီးမားတဲ့ ခွန်အားနဲ့ လေပေါ်ပျံနိုင်စွမ်းတွေ ရှိရုံတင်မကဘဲ multiverse တွေကြားမှာ သွားလာလို့ရတဲ့အစွမ်းပါ ရှိပါတယ်။ ကောမစ်ထဲမှာတော့ အသက်ပြန်ရှင်လာတဲ့ Loki ဟာ သူမကို Wanda ရဲ့သားလည်း ဖြစ်သလို၊ Young Avengers အဖွဲ့ဝင်လည်း ဖြစ်တဲ့ Wiccan ကို သတ်ဖို့ လှည့်စားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူမဟာ Young Avengers အဖွဲ့ဝင်တစ်ယောက် ဖြစ်လာပြီး MCU ရဲ့အနာဂတ်ကာလမှာ စွမ်းအားအကြီးဆုံး ဟီးရိုးတွေထဲကတစ်ယောက် ဖြစ်လာမှာ ဖြစ်ပါတယ်။

Thomas & William (Wiccan & Speed)
photo via screenrant

Thomas Shepherd နဲ့ William Kaplan တို့ဟာ အမွှာညီအစ်ကို ဖြစ်ပြီးတော့  Wanda နဲ့ Vision တို့ရဲ့ သားတွေလည်း ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ William ဟာ မှော်ပညာကို အသုံးပြုတဲ့ Young Avengers အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီး Wiccan ဆိုတဲ့ နာမည်နဲ့ နေထိုင်ပါတယ်။ Thomas ကတော့ speedster တစ်ယောက် ဖြစ်ပြီး Speed ဆိုတဲ့နာမည်နဲ့ နေထိုင်ပါတယ်။

ဒါ့အပြင် WandaVision ဇာတ်လမ်းတွဲရဲ့ အဓိကအချက်တွေထဲမှာ သူတို့နှစ်ယောက်လည်း ပါဝင်ပြီးတော့ Wanda နဲ့ Vision တို့ တစ်ခြား reality တစ်ခုမှာ အဲ့ဒီအမွှာနှစ်ယောက်ကို ဘယ်လိုမျိူး ပျိူးထောင်သွားမလည်း ဆိုတာကို မြင်တွေ့ရမှာပါ။ ဒါ့အပြင် ကောမစ်ထဲမှာတော့ သူတို့နှစ်ယောက်ဟာ Wanda ရဲ့ reality ကို ပြောင်းလဲတဲ့ အစွမ်းနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။

Kid Loki
photo via screenrant

Disney+ က ထုတ်လွှင့်သွားမယ့် Loki ဇာတ်လမ်းတွဲထဲမှာတော့ Loki ကို နေရာပေါင်းစုံ ၊ timeline ပေါင်းစုံ၊ identity ပေါင်းစုံနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာ Loki ဟာ Lady Loki နဲ့ Old Loki တို့လို တစ်ခြားဗားရှင်းတွေလည်း ရှိပြီးတော့ အဲ့ဒီထဲက စိတ်ဝင်စားဖို့ အကောင်းဆုံးကတော့ Kid Loki ပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Loki ဟာ သူ့ကိုယ်သူ အနစ်နာခံပြီး အသေခံသွားတဲ့ နောက်မှာ သူ့ရဲ့အရင်ဘဝကို မမှတ်မိတဲ့ ကောင်လေးတစ်ယောက်အဖြစ် ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Young Avengers အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒါကတော့ Young Avengers အဖွဲ့ဝင် ဖြစ်လာနိုင်တဲ့ ဇာတ်ကောင်တွေနဲ့ ပါဝင်လာနိုင်တဲ့ သရုပ်ဆောင်တွေကို လက်ရှိ သိထားရသလောက်နဲ့ ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေကို ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဒီပေ့ချ်ကို Like & See First လုပ်ထားပေးပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

MCU ဟာ ပရိသတ္ေတြနဲ႔ စူပါဟီး႐ိုး မ်ိဴးဆက္သစ္ေတြကို မိတ္ဆက္ေပးဖို႔အတြက္ တျဖည္းျဖည္းခ်င္း စီစဥ္ထားခဲ့ၿပီး Young Avengers အဖြဲ႕ဝင္တခ်ိဳ႕ဟာလည္း MCU ထဲမွာ ပါဝင္ခဲ့ၾကၿပီး ျဖစ္ပါတယ္။ Avengers အဖြဲ႕ဟာလည္း Captain America ၊ Black Widow နဲ႔ Iron Man တို႔ မရွိေတာ့တာေၾကာင့္ လူစားထိုးဖို႔အတြက္ လိုအပ္လာမွာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ သိပ္မၾကာခင္မွာ မ်ိဴးဆက္သစ္ေတြနဲ႔ ေသြးသစ္ေလာင္းထားတဲ့ Young Avengers အဖြဲ႕ ေပၚေပါက္လာေတာ့မွာ ျဖစ္ပါတယ္။

ေကာမစ္ထဲမွာေတာ့ Young Avengers ေတြကို ၂၀၀၅ခုႏွစ္မွာ ပထမဆုံး မိတ္ဆက္ေပးခဲ့ၿပီး အေတြ႕အႀကဳံမရွိေသးတဲ့ စူပါဟီး႐ိုး အဖြဲ႕အေနနဲ႔ ပုံေဖာ္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း လူအမ်ားစုဟာ သူတို႔ကို စူပါဟီး႐ိုးေတြလို႔ အသိအမွတ္ မျပဳခဲ့ၾကလို႔ ေဘးထြက္ေနခဲ့ရပါတယ္။ ေနာက္ပိုင္းက်မွသာ သူတို႔ေတြဟာ စူပါဟီး႐ိုး ျဖစ္လာဖို႔အတြက္ ထိုက္တန္တယ္ဆိုတာကို သက္ေသျပခဲ့ၾကတာေၾကာင့္ သူတို႔ဟာ တရားဝင္စူပါဟီး႐ိုးအဖြဲ႕ ျဖစ္လာခဲ့ပါတယ္။

ယခင္က ထြက္ရွိခဲ့ဖူးတဲ့ MCU ရဲ႕ဇာတ္ကားေတြထဲမွာ Young Avengers ျဖစ္လာမယ့္သူေတြကို အရိပ္အႁမြက္အေနနဲ႔ ဇာတ္ပို႔၊ဇာတ္ေဆာင္ေနရာေတြမွာ ထည့္သြင္းခဲ့ပါတယ္။ ဒါေၾကာင့္ Phase 4 သို႔မဟုတ္ Phase 5 ေလာက္မွာေတာ့ Young Avengers အဖြဲ႕ကို Live Action အျဖစ္ ဖန္တီးမယ္လို႔ ခန႔္မွန္းႏိုင္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Young Avengers ထဲမွာ ပါဝင္လာမယ့္ အဖြဲ႕ဝင္ေတြနဲ႔ သ႐ုပ္ေဆာင္သြားမယ့္သူေတြကို လက္ရွိမွာ သိထားရသေလာက္ ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

Kate Bishop (Hawkeye)
photo via screenrant

Avengers: Endgame ထဲမွာ Clint ဟာ သူ႔ရဲ႕သမီး Lila ကို ျမားပစ္သင္ေပးေနတဲ့အခန္းကို ျပသြားခဲ့ပါတယ္။ Lila ဟာ ဘယ္ေလာက္ပဲ ျမားပစ္ေတာ္ေစကာမူ၊ ေကာမစ္ထဲမွာ Hawkeye ေနရာကို ဆက္ခံၿပီး ဟီး႐ိုးလုပ္ခဲ့သူကေတာ့ Kate Bishop ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Disney+ မွာ ျပသသြားမယ့္ Hawkeye စီးရီးထဲမွာေတာ့ Hailee Steinfeld ဟာ Jeremy Renner နဲ႔အတူ သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အဲ့ဒီစီးရီးရဲ႕ ဇာတ္လမ္းကိုေတာ့ Clint က Kate ကို ေစာင့္ေရွာက္ၿပီး Hawkeye ျဖစ္လာေအာင္ ေလ့က်င့္ေပးခဲ့တဲ့အေၾကာင္း ပုံေဖာ္ထားတဲ့ ၂၀၁၂ခုႏွစ္က Hawkeye ေကာမစ္ကို အေျခခံၿပီး ႐ိုက္ကူးသြားမယ္လို႔လည္း သိရပါတယ္။

Kamala Khan (Ms. Marvel)
photo via screenrant

Iman Vellani ဟာ Disney+ မွာ ျပသသြားမယ့္ Ms. Marvel ဇာတ္လမ္းတြဲထဲမွာ Kamala Khan အေနနဲ႔ သူမရဲ႕ပထမဆုံး သ႐ုပ္ေဆာင္ဘဝကို စတင္သြားမွာ ျဖစ္ပါတယ္။ Kamala ဟာ ေကာမစ္ထဲမွာ တစ္ျခားစူပါဟီး႐ိုးအဖြဲ႕ေတြထဲမွာလည္း ပါဝင္ခဲ့ဖူးေပမယ့္ Marvel ကေတာ့ အစပိုင္းေလာက္မွာ မ်ိဴးဆက္သစ္ဟီး႐ိုးေတြကို အဖြဲ႕တစ္ခုတည္းမွာ အတူတူထားေလာက္ပါတယ္။ Ms. Marvel ဇာတ္လမ္းတြဲရဲ႕ ဇာတ္လမ္းအက်ဥ္းကေတာ့ Kamala ဟာ သူမရဲ႕ idol ျဖစ္သူ Captain Marvel အတိုင္း ေနထိုင္ဖို႔ ႀကိဳးစားပုံနဲ႔ ေနာက္ပိုင္းမွာ စြမ္းအားေတြ ရလာတဲ့အေၾကာင္းကို ႐ိုက္ကူးသြားမယ္လို႔ ခန႔္မွန္းရပါတယ္။

ဒါ့အျပင္ Kamala ရဲ႕ စြမ္းအားေတြကေတာ့ သူမရဲ႕တစ္ကိုယ္လုံးကို ရာဘာလိုမ်ိဴး အသုံးျပဳလို႔ရသလို သူမရဲ႕ပုံစံကိုလည္း တစ္ျခားသူတစ္ေယာက္အျဖစ္ ေျပာင္းလဲလိုက္လို႔ရပါတယ္။ အဲ့ဒါတင္မကေသးဘဲ သူမရဲ႕ခႏၶာကိုယ္ အ႐ြယ္အစားကိုလည္း လိုအပ္သလို ေသးလို႔၊ ႀကီးလို႔ ရပါေသးတယ္။ အလြယ္ေျပာရရင္ေတာ့ သူမရဲ႕စြမ္းအားေတြဟာ Mr. Fantastic ၊ Mystique နဲ႔ Ant-Man တို႔ရဲ႕ စြမ္းအားေတြကို ေရာစပ္ထားတာပဲ ျဖစ္ပါတယ္။

Cassie Lang (Stature)
photo via screenrant

Cassie ကေတာ့ Scott Lang ရဲ႕သမီး ျဖစ္ၿပီးေတာ့ Ant-Man ပထမဆုံးကားကတည္းက ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Thanos ေၾကာင့္ universe တစ္ဝက္ ျဖစ္တည္မႈက ေပ်ာက္ကြယ္သြားတဲ့အခ်ိန္မွာ Scott ဟာ Quantum Realm ထဲမွာ ပိတ္မိသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Cassie ဟာ သူမရဲ႕အေဖမရွိဘဲ ငါးႏွစ္ေလာက္ ေနထိုင္ခဲ့ရပါတယ္။ Scott ဟာ Quantum Realm ထဲက ထြက္လာႏိုင္ၿပီး သူ႔ရဲ႕သမီးကို ပထမဆုံး ေတြ႕တဲ့အခ်ိန္မွာေတာ့ “Wow …  မင္းေတာ္ေတာ္ႀကီးလာတာပဲ ” ဆိုၿပီးေတာ့ ေျပာခဲ့ပါတယ္။

Cassie ကလည္း ေနာက္ပိုင္းမွာ သူမရဲ႕ခႏၶာကိုယ္ကို ေသးလို႔၊ ႀကီးလို႔ ရတဲ့အစြမ္းရွိတဲ့ Stature ဆိုတဲ့ ဟီး႐ိုးျဖစ္လာခဲ့ပါတယ္။ ေကာမစ္ထဲမွာေတာ့ Scott ေသသြားၿပီးေနာက္မွာ သူမဟာ Young Avengers ထဲကို ဝင္ေရာက္ခဲ့ပါတယ္။ ဒီဇာတ္႐ုပ္ကိုေတာ့ အ႐ြယ္ေရာက္သြားတဲ့ Cassie ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Emma Fuhrmann က သ႐ုပ္ေဆာင္သြားႏိုင္ပါတယ္။

Morgan Stark (Ironheart)
photo via screenrant

Morgan ကေတာ့ ေကာမစ္ထဲက ပုံစံနဲ႔ လုံးဝကို ကြဲလြဲေနတာေၾကာင့္ သူမကေတာ့ တစ္ျခားသူေတြထက္ ထူးျခားပါတယ္။ Morgan ဟာ Tony ရဲ႕သမီးအျဖစ္နဲ႔ Avengers: Endgame ထဲမွာ ပထမဆုံး ပါဝင္လာခဲ့ပါတယ္။ Tony ေသဆုံးၿပီးေနာက္မွာလည္း သူမဟာ ဖခင္ရဲ႕ ခ်မ္းသာႂကြယ္ဝမႈေတြနဲ႔ နည္းပညာေတြ အကုန္လုံးကို အေမြရခဲ့ပါတယ္။ ဒါေပမယ့္လည္း ထူးျခားတဲ့ တစ္ခ်က္ကေတာ့ ေကာမစ္ထဲက Morgan Stark ဟာ Tony ရဲ႕ ဗီလိန္ဆန္တဲ့ ဦးေလးပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ ေကာမစ္ထဲမွာလည္း Riri Williams ဟာ Iron Man ေနရာကို ဆက္ခံၿပီးေတာ့ သူ႔ကိုယ္သူ Ironheart လို႔ ေခၚပါတယ္။ MCU ထဲက Morgan ကေတာ့ သူ႔အေဖရဲ႕ အနစ္နာခံမႈ အၿပီးမွာ သူ႔အေဖလိုမ်ိဴး အႏၲရာယ္မ်ားတဲ့ လမ္းကိုေတာ့ ေ႐ြးခ်င္မွ ေ႐ြးပါလိမ့္မယ္။ ဒါေပမယ့္လည္း သူမဟာ နည္းပညာေတြေရာ၊ ခ်မ္းသာႂကြယ္ဝမႈေတြကိုပါ ပိုင္ဆိုင္ထားတာေၾကာင့္ သူမသာ ဆႏၵရွိမယ္ဆိုရင္ Iron Man ေနရာကို ဆက္ခံလို႔ရပါတယ္။ Morgan က သူမရဲ႕ အေဖေနရာကို ဆက္ခံခဲ့မယ္ဆိုရင္ေတာ့ Riri Williams ကလည္း ပုံစံတစ္မ်ိဴးမ်ိဴးနဲ႔ ပါဝင္လာႏိုင္ပါေသးတယ္။

Harley Keener (Iron Lad)
photo via screenrant

Harley ဟာလည္း Iron Man ေနရာမွာ ဆက္ခံဖို႔ အလားအလာရွိသူေတြထဲက တစ္ေယာက္ ျဖစ္ပါတယ္။ Harley ဟာ Iron Man 3 ထဲမွာ စတင္ပါဝင္လာၿပီး Tony ရဲ႕ အသုဘ အခမ္းအနားမွာလည္း ပါဝင္ခဲ့ပါေသးတယ္။ Tony ဒဏ္ရာရေနတဲ့အခ်ိန္မွာ သူ႔ဘက္က တန္ဖိုးျဖတ္လို႔ မရတဲ့ အကူအညီကို ေပးခဲ့တာေၾကာင့္ Tony က ေက်းဇူးတင္တဲ့အေနနဲ႔ သူ႔ရဲ႕နည္းပညာတခ်ိဳ႕ကို ေပးခဲ့ပါတယ္။ အဲ့ဒီအခ်က္ေၾကာင့္ပဲ သူဟာ Iron Lad ျဖစ္လာမယ္လို႔ ယူဆလို႔ ရတာပဲ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ Iron Lad ဟာ Nathaniel Richards ျဖစ္ၿပီးေတာ့ (၃၀)ရာစုႏွစ္က စူပါဟီး႐ိုးျဖစ္ကာ အေၾကာင္းတစ္ခုေၾကာင့္ အတိတ္ကို ျပန္ေရာက္လာခဲ့သူ ျဖစ္ပါတယ္။

Miles Morales (Spider-Man)
photo via screenrant

Miles ကေတာ့ Peter Parker ရဲ႕ဆက္ခံသူတစ္ေယာက္ ျဖစ္ၿပီးေတာ့ MCU ထဲမွာ ပါဝင္လာဖို႔အတြက္ အရိပ္အႁမြက္ေဖာ္ျပခဲ့ဖူးပါတယ္။ အဲ့ဒါကေတာ့ Spider-Man: Home Coming ထဲမွာ Aaron Davis ဟာ “ဒီအနီးနားမွာ တူေလးတစ္ေယာက္ ရွိတယ္… ” ဆိုၿပီးေတာ့ ေျပာခဲ့တာပဲ ျဖစ္ပါတယ္။

အေၾကာင္းကေတာ့ ေကာမစ္ထဲမွာေရာ ၊ Spider-Man: Into the Spider-Verse နဲ႔ Marvel’s Spider-Man: Miles Morales ဆိုတဲ့ ဗြီဒီယိုဂိမ္းထဲမွာပါ Aaron ဟာ The Prowler လို႔ေခၚတဲ့ ဗီလိန္တစ္ေယာက္ ျဖစ္ၿပီးေတာ့ Miles ရဲ႕ဦးေလးလည္း ျဖစ္ပါတယ္။ Miles ကေတာ့ Brooklyn ၿမိဳ႕မွာေနထိုင္တဲ့ လူငယ္တစ္ေယာက္ျဖစ္ၿပီး Spider-Man ရဲ႕စြမ္းအားေတြကို ရရွိခဲ့ပါတယ္။ Peter ေသဆုံးသြားၿပီးတဲ့ေနာက္မွာေတာ့ သူဟာ Spider-Man ေနရာကို ဆက္ခံခဲ့ပါတယ္။

America Chavez (Ms. America)
photo via screenrant

Doctor Strange in the Multiverse of Madness ထဲမွာေတာ့ Xochitl Gomez ဟာ America Chavez ေနရာမွာ သ႐ုပ္ေဆာင္သြားမယ္လို႔ သတင္းထြက္ေနပါတယ္။ သူမဟာ အလြန္ႀကီးမားတဲ့ ခြန္အားနဲ႔ ေလေပၚပ်ံႏိုင္စြမ္းေတြ ရွိ႐ုံတင္မကဘဲ multiverse ေတြၾကားမွာ သြားလာလို႔ရတဲ့အစြမ္းပါ ရွိပါတယ္။ ေကာမစ္ထဲမွာေတာ့ အသက္ျပန္ရွင္လာတဲ့ Loki ဟာ သူမကို Wanda ရဲ႕သားလည္း ျဖစ္သလို၊ Young Avengers အဖြဲ႕ဝင္လည္း ျဖစ္တဲ့ Wiccan ကို သတ္ဖို႔ လွည့္စားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာပဲ သူမဟာ Young Avengers အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္လာၿပီး MCU ရဲ႕အနာဂတ္ကာလမွာ စြမ္းအားအႀကီးဆုံး ဟီး႐ိုးေတြထဲကတစ္ေယာက္ ျဖစ္လာမွာ ျဖစ္ပါတယ္။

Thomas & William (Wiccan & Speed)
photo via screenrant

Thomas Shepherd နဲ႔ William Kaplan တို႔ဟာ အမႊာညီအစ္ကို ျဖစ္ၿပီးေတာ့  Wanda နဲ႔ Vision တို႔ရဲ႕ သားေတြလည္း ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ William ဟာ ေမွာ္ပညာကို အသုံးျပဳတဲ့ Young Avengers အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ၿပီး Wiccan ဆိုတဲ့ နာမည္နဲ႔ ေနထိုင္ပါတယ္။ Thomas ကေတာ့ speedster တစ္ေယာက္ ျဖစ္ၿပီး Speed ဆိုတဲ့နာမည္နဲ႔ ေနထိုင္ပါတယ္။

ဒါ့အျပင္ WandaVision ဇာတ္လမ္းတြဲရဲ႕ အဓိကအခ်က္ေတြထဲမွာ သူတို႔ႏွစ္ေယာက္လည္း ပါဝင္ၿပီးေတာ့ Wanda နဲ႔ Vision တို႔ တစ္ျခား reality တစ္ခုမွာ အဲ့ဒီအမႊာႏွစ္ေယာက္ကို ဘယ္လိုမ်ိဴး ပ်ိဴးေထာင္သြားမလည္း ဆိုတာကို ျမင္ေတြ႕ရမွာပါ။ ဒါ့အျပင္ ေကာမစ္ထဲမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ Wanda ရဲ႕ reality ကို ေျပာင္းလဲတဲ့ အစြမ္းနဲ႔ ဖန္တီးထားတာ ျဖစ္ပါတယ္။

Kid Loki
photo via screenrant

Disney+ က ထုတ္လႊင့္သြားမယ့္ Loki ဇာတ္လမ္းတြဲထဲမွာေတာ့ Loki ကို ေနရာေပါင္းစုံ ၊ timeline ေပါင္းစုံ၊ identity ေပါင္းစုံနဲ႔ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာ Loki ဟာ Lady Loki နဲ႔ Old Loki တို႔လို တစ္ျခားဗားရွင္းေတြလည္း ရွိၿပီးေတာ့ အဲ့ဒီထဲက စိတ္ဝင္စားဖို႔ အေကာင္းဆုံးကေတာ့ Kid Loki ပဲ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ Loki ဟာ သူ႔ကိုယ္သူ အနစ္နာခံၿပီး အေသခံသြားတဲ့ ေနာက္မွာ သူ႔ရဲ႕အရင္ဘဝကို မမွတ္မိတဲ့ ေကာင္ေလးတစ္ေယာက္အျဖစ္ ျပန္လည္ရွင္သန္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Young Avengers အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

ဒါကေတာ့ Young Avengers အဖြဲ႕ဝင္ ျဖစ္လာႏိုင္တဲ့ ဇာတ္ေကာင္ေတြနဲ႔ ပါဝင္လာႏိုင္တဲ့ သ႐ုပ္ေဆာင္ေတြကို လက္ရွိ သိထားရသေလာက္နဲ႔ ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ အခုလိုေဆာင္းပါးေတြကို ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဒီေပ့ခ်္ကို Like & See First လုပ္ထားေပးပါလို႔ တိုက္တြန္းလိုက္ရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular