HomeEntertainmentFilmMeg 2: The Trench ရဲ့ ထွေလာထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

Meg 2: The Trench ရဲ့ ထွေလာထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

Meg 2: The Trench ရဲ့ထွေလာကတော့ မကြာခင်ကပဲ ထွက်ရှိလာပါတယ်။ ငါးမန်းရုပ်ရှင်တွေကတော့ ၁၉၇၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Jaws Franchise ပြီးကတည်းက ဟောလိဝုဒ်ရဲ့ အရေးပါတဲ့ တစ်စိတ်တစ်ပိုင်းမှာ ပါဝင်ခဲ့ပါတယ်။ Jaws ထဲက ငါးမန်းကတော့ (၂၅)ပေခန့် ကြီးမားပြီး Meg ထဲက ငါးမန်းကြီးကတော့ (၇၅)ပေခန့် ကြီးမားတယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပထမရုပ်ရှင်ကတော့ အတော်အသင့် အောင်မြင်မှုရရှိခဲ့ပြီး Sequel ထဲမှာတော့ ဘယ်လိုအံ့အားသင့်စရာတွေကို မြင်တွေ့ရဦးမလည်းဆိုတာ အတူတူ ရင်ခုန်ကြည့်လိုက်ရအောင်။

လွန်ခဲ့တဲ့နှစ်ပေါင်း (၆၅)သန်း

photo credit Warner Bros. Pictures

ဒီထွေလာရဲ့ အစမှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်း (၆၅)သန်းကို ပြသခဲ့ပါတယ်။ ဒိုင်နိုဆောအသေးလေးတစ်ကောင်ဟာ ပိုးကောင်လေးကို ဖမ်းထားပြီး အဲဒီဒိုင်နိုဆောအသေးလေးကိုတော့ နောက်ထပ် ဒိုင်နိုဆောအကြီးတစ်ကောင်က စားလိုက်ပါတယ်။ အဲဒီဒိုင်နိုဆောအကြီးကိုတော့ နာမည်ကြီး T-Rex ဒိုင်နိုဆောက စားပစ်ခဲ့ပြီး T-Rex ကိုတော့ ဇာတ်လိုက်ကျော် ငါးမန်းကြီးက စားသွားပါတယ်။ ပရိသတ်တွေကတော့ ဒီရုပ်ရှင်ထဲမှာ ငါးမန်းကြီးနဲ့ ဒိုင်နိုဆောတွေရဲ့ တိုက်ပွဲကို ထပ်မံမြင်တွေ့ချင်နေကြပါတယ်။

ပြန်လည်ပါဝင်လာမယ့် Jason Statham

photo credit Warner Bros. Pictures

ပထမရုပ်ရှင်ထဲမှာ အသက်ရှင်တယ်ဆိုရုံလေး ဖြစ်ခဲ့ပေမယ့် သရုပ်ဆောင် Jason Statham ရဲ့ ဇာတ်ကောင်ဖြစ်သူ Jonas Taylor ကတော့ အဓိကနေရာက ပါဝင်လာဦးမှာပါ။ ဒီထွေလာထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Jonas ဟာ ကြီးမားလွန်းတဲ့ လှိုင်းလုံးကြီးပေါ်ကနေ ငါးမန်းနဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်နေတာကိုလည်း တွေ့ရပါတယ်။

ငါးမန်းသုံးကောင် ပါဝင်လာပါမယ်။

photo credit Warner Bros. Pictures

ပထမရုပ်ရှင်ရဲ့ အဆုံးသတ်မှာတော့ ငါးမန်းကြီးတွေလည်း ရှိနေနိုင်သေးတာကို ပြသခဲ့ပါတယ်။ ဒီထွေလာထဲမှာတော့ ငါးမန်းကြီးသုံးကောင်ဟာ ရေအောက်ထဲကနေ ထွက်လာပြီး ကမ်းခြေကို လာရောက်တိုက်ခိုက်တာ တွေ့ရပါတယ်။ ဒီထွေလာထဲမှာတော့ ငါးမန်းသုံးကောင် တွေ့ခဲ့ရပေမယ့်လည်း တကယ့်ရုပ်ရှင်ထဲမှာတော့ ဒီထက်လည်း အရေအတွက် ပိုများနိုင်ပါတယ်။

ဧရာမကင်းမွန်ကြီး

photo credit Warner Bros. Pictures

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ သုတေသနအဖွဲ့တစ်ဖွဲ့ဟာ ပင်လယ်အောက်ခြေမှာ ဧရာမကင်းမွန်ကြီးတစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ဇာတ်လမ်းရဲ့ သဘောတရားအရ အလွန်ကြီးမားတဲ့ ငါးမန်းကြီးတွေ မထွက်လာခင်မှာ ဒီကင်းမွန်ကြီးက လူတွေအတွက် အလွန်အန္တရာယ်များတဲ့ပုံစံနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီထွေလာထဲမှာပဲ အဲဒီကင်းမွန်ကြီးဟာ လူတစ်ယောက်ကို သတ်လိုက်ပါသေးတယ်။

ရှေးတုန်းက ဒိုင်နိုဆောများ

photo credit Warner Bros. Pictures

ဒီရုပ်ရှင်ထဲက ငါးမန်းကြီးဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ရှိနေခဲ့တဲ့ ရှေးဟောင်း မွန်းစတားကြီးတစ်ကောင် ဖြစ်ပေမယ့်လည်း ဒီရုပ်ရှင်ဟာ Jurassic Park လိုမျိူး ဒိုင်နိုဆောရုပ်ရှင်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း Meg 2 ထဲမှာတော့ လူတွေဟာ ရေထဲက ငါးမန်းကြီးကိုလည်း ကြောက်ရ၊ ကုန်းပေါ်က ဒိုင်နိုဆောတွေကိုလည်း ကြောက်ရမယ့် အခြေအနေတွေ ဖြစ်လာမှာပါ။ ဇာတ်ဝင်ခန်းတစ်ခုထဲမှာတော့ ထွေလာအစမှာ T-Rex စားလိုက်တဲ့ ဒိုင်နိုဆောတွေက လူတွေကို တိုက်ခိုက်နေတာကို တွေ့ခဲ့ရပါတယ်။

ပထမရုပ်ရှင်ထဲကထက်တောင် ပိုကြီးနေတဲ့ ငါးမန်းကြီး

photo credit Warner Bros. Pictures

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ ဒီငါးမန်းကြီးဟာ မြင်ဖူးသမျှထဲမှာ အကြီးဆုံးပဲလို့ ပြောသွားပါတယ်။ သေချာတိုင်းတာပြထားတာမျိူး မရှိပေမယ့်လည်း ဒီငါးမန်းကြီးဟာ ပထမရုပ်ရှင်ထဲကထက်တောင် ကြီးမားတယ်ဆိုတာ သိသာစေပါတယ်။ ဒီလိုငါးမန်းကြီးကို လူသားတွေက ဘယ်လိုရင်ဆိုင်ကြမလည်းဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။

Wu Jing

photo credit Warner Bros. Pictures

တရုတ်သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ Wu Jing ဟာလည်း ဒီရုပ်ရှင်ထဲမှာ ပါဝင်ထားပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ဇာတ်ကောင်နာမည်ကိုတောင် မသိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီထွေလာထဲက ဇာတ်ဝင်ခန်းတွေမှာတော့ Wu Jing ရဲ့ဇာတ်ကောင်ဟာ လူတွေကို ကယ်တင်ဖို့ ကြိုးစားနေပြီး ဟီးရိုးတစ်ယောက်ပုံစံမျိူး ပါဝင်လာမယ်လို့ ယူဆရပါတယ်။

လူသားဗီလိန်တွေ မပါဝင်ပါဘူး။

photo credit Warner Bros. Pictures

ဒီထွေလာထဲမှာ မြင်ရသလောက်ဆိုရင်တော့ Meg 2 ထဲမှာ လူသားဗီလိန်တွေ မပါဝင်ပါဘူး။ ပထမရုပ်ရှင်ထဲက ဗီလိန်ကလည်း ဇာတ်လမ်းအဆုံးသတ်မှာ သေဆုံးသွားပြီး သူ့ရဲ့အဖွဲ့သားတွေကလည်း ငါးမန်းစားတာ ခံလိုက်ရပါတယ်။ ယခုထွေလာထဲမှာလည်း သူတို့အဖွဲ့ဝင်တွေက အသက်ရှင်နိုင်ခဲ့တယ်ဆိုတဲ့ ပုံစံမျိူး မပြသခဲ့ပါဘူး။ ဒါကြောင့်ပဲ Meg 2 ဟာ လူသားဗီလိန် မပါဝင်တဲ့ ငါးမန်းရုပ်ရှင် အနည်းငယ်ထဲကတစ်ကား ဖြစ်လာမှာပါ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular