HomeCelebs Update NewsInternationalMegan Fox နဲ့မင်္ဂလာပွဲမှာ BTS အဖွဲ့ကို လာဖျော်ဖြေစေချင်တယ်ဆိုတဲ့ MGK

Megan Fox နဲ့မင်္ဂလာပွဲမှာ BTS အဖွဲ့ကို လာဖျော်ဖြေစေချင်တယ်ဆိုတဲ့ MGK

MGK ဟာလည်း ကေပေါ့ပ် ပရိသတ်တစ်ယောက် ဖြစ်ပြီး မကြာခင် ကျင်းပပြုလုပ်တော့မယ့် Megan Fox နဲ့ သူ့ရဲ့မင်္ဂလာပွဲ အခမ်းအနားမှာတော့ BTS အဖွဲ့ကို လာရောက် ဖျော်ဖြေပေးစေချင်တယ်လို့ ပြောထားပါတယ်။

အသက်(၃၁)နှစ်အရွယ် MGK ဟာ ဒီအကြောင်းကိုတော့ မတ်လ(၇)ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ The Ellen DeGeneres Show မှာ ဧည့်သည်အဖြစ် လာရောက်တုန်းက ပြောသွားတာ ဖြစ်ပါတယ်။ သူကတော့ BTS အဖွဲ့ဟာ တကယ် talent ရှိတဲ့ boy band တစ်ခုပါလို့ ပြောထားပြီး သူ့ရဲ့ဇနီးလောင်း Megan Fox နဲ့ လက်ထပ်တဲ့နေ့ကျရင် BTS အဖွဲ့ကို လာရောက် ဖျော်ဖြေပေးစေချင်သလို သူကိုယ်တိုင်လည်း ပါဝင်ပြီး အတူတူ သီဆို၊ ဖျော်ဖြေချင်တယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

Photo: bts.bighitoffical/ Instagram

သူ့ရဲ့မင်္ဂလာပွဲမှာ BTS ကို ပါစေချင်တဲ့ စိတ်ကူးကိုတော့ Billboard Music Awards ဆုပေးပွဲမှာ သူတို့အဖွဲ့နဲ့ ဆုံတွေ့တုန်းက တွေးမိသွားတာလို့ ဆိုပါတယ်။

“သူတို့အဖွဲ့နဲ့ Billboard Awards ပွဲမှာ ဆုံဖြစ်တာလေ။ ကျွန်တော့်ကို တွေ့တော့ သူတို့ စိတ်တွေ အရမ်းလှုပ်ရှားနေကြတာ။ BTS အဖွဲ့လာဖို့ ပိုကောင်းတဲ့ အိုင်ဒီယာတစ်ခု ကျွန်တော့်မှာရှိတယ်လို့ ထင်တယ် … ” လို့ The Ellen DeGeneres Show ရဲ့ Burning Questions ကဏ္ဍမှာ MGK က ပြောသွားတာ ဖြစ်ပါတယ်။

Photo: machinegunkelly/ Instagram

boy band တွေထဲမှာ သီချင်းတော်တော်များများကို သိနေ၊ ရနေတာကတော့ NSYNC အဖွဲ့ ဖြစ်တယ်လို့ MGK က ဆိုထားပါသေးတယ်။ ဒါ့အပြင် သူဟာ အံ့ဩစရာကောင်းလောက်အောင်ပဲ BTS အဖွဲ့အကြောင်းကိုလည်း တော်တော်လေး သိထားပါသေးတယ်။ BTS အဖွဲ့ကတော့ MGK နဲ့ လူချင်းတွေ့တာတောင် စိတ်လှုပ်ရှားနေကြတဲ့အတွက် သူ့ရဲ့မင်္ဂလာပွဲမှာ ဖျော်ဖြေပေးဖို့သာ ဖိတ်ကြားခံရရင်တော့ သေချာပေါက် လာရောက်ပေးကြမှာ ဖြစ်ပါတယ်။

MGK နဲ့ Megan Fox တို့ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကပဲ စေ့စပ်ပြီးပြီ ဖြစ်တဲ့အတွက် မကြာခင်မှာ မင်္ဂလာပွဲကို ကျင်းပသွားကြမယ်လို့ မျှော်လင့်ရပါတယ်။ မကြာသေးခင်ကလည်း MGK ဟာ သူ့ရဲ့မင်္ဂလာပွဲကို gothic စတိုင်လ်နဲ့ ကျင်းပ ပြုလုပ်ချင်ကြောင်း James Corden နဲ့ တွေ့ဆုံတုန်းက ပြောပြထားပါသေးတယ်။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular