HomeCelebs Update NewsInternationalMGK နဲ့ relationship မှာ ဖောက်ပြန်တာ မပါဝင်ပါဘူးဆိုတဲ့ Megan Fox

MGK နဲ့ relationship မှာ ဖောက်ပြန်တာ မပါဝင်ပါဘူးဆိုတဲ့ Megan Fox

Megan Fox တစ်ယောက်ကတော့ Instagram ပေါ်ကို ပြန်ရောက်လာပါပြီ။ အသက်(၃၆)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသမီးဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ IG ပေါ်က သူမနဲ့ MGK တို့ရဲ့ စုံတွဲဓာတ်ပုံတွေအားလုံးကို ဖျက်ပစ်ခဲ့ပြီး အဲဒီနောက် မကြာခင်မှာပဲ သူမအကောင့်ကိုပါ ဖျက်သွားတာ ဖြစ်ပါတယ်။

သို့သော်လည်း ရက်အနည်းငယ် ကြာပြီးနောက်မှာတော့ IG မှာ ပြန်ပေါ်လာပြီ ဖြစ်ပါတယ်။ IG ကို ပြန်ရောက်ရောက်ချင်းမှာပဲ သူမနဲ့ ချစ်သူ MGK တို့ရဲ့ကိစ္စမှာ ဖောက်ပြန်တဲ့ကိစ္စတွေ၊ တတိယလူတွေ မပါဝင်ဘူးလို့ ပြောလာပါတယ်။

Photo: meganfox_italy/ Instagram

“ဒီ relationship မှာ တတိယလူဆိုတာ မရှိပါဘူး။ အဲဒီလိုကြားဝင်ခံရတဲ့ ဘယ်လိုကိစ္စမျိုးမှလည်း မရှိပါဘူး။ လူသားအစစ်တွေလည်း မပါသလို၊ မက်ဆေ့ချ်ကို ပို့လာတဲ့စာတွေ၊ AI bot တွေ၊ နတ်ဆိုးတွေလည်း မပါဝင်ပါဘူး …”

“အခြေအမြစ်မရှိတဲ့ သတင်းတွေ လျှောက်ရေးနေကြတာကို တားရမှာလည်း မုန်းပါတယ်။ အဲဒါတွေထက်စာရင် ChatGPT က ရေးတဲ့ဟာကမှ ပိုမှန်ဦးမယ်။ အဲဒါကြောင့် ကျွန်မတို့ရဲ့ဒီဇာတ်လမ်းကို ဒီအတိုင်းလေး ပြီးသွားအောင် ထားထားပြီး ဘာအပြစ်မှမရှိတဲ့လူတွေကိုလည်း လွှတ်ပေးလိုက်ကြပါလို့နော် …”လို့ Megan Fox က သူမရဲ့ IG မှာ ပြောထားပါတယ်။

Photo: meganfox_italy/ Instagram

Megan ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကတော့ သူမနဲ့စေ့စပ်ထားတဲ့ MGK တို့ လမ်းခွဲဖို့ ဖြစ်လာနိုင်တဲ့အကြောင်း အရိပ်အမြွက် ပြောပြီးနောက် အကောင့်ကို ဖျက်သွားတာ ဖြစ်ပါတယ်။ အဆိုပါပို့စ်မှာတော့ Megan ဟာ သူမရဲ့ဓာတ်ပုံတွေနဲ့တကွ စာအိတ်တစ်ခုကို မီးရှို့နေတဲ့ ဗွီဒီယိုတစ်ခုကိုပါ တင်ခဲ့ပါတယ်။ ဒါ့အပြင် caption မှာတော့ Beyonce ရဲ့ ၂၀၁၆ ခုနှစ်က ထွက်ရှိထားတဲ့ Lemonade အယ်လ်ဘမ်ထဲက “You can taste the dishonesty … it’s all in your breath …”လို့ ရေးထားပါတယ်။

Photo: meganfox_italy/ Instagram

Megan နဲ့ MGK တို့ဟာ သောကြာနေ့မှာ ပြုလုပ်ခဲ့တဲ့ Drake ရဲ့ပါတီကို စုံတွဲလိုက် တက်ရောက်ခဲ့ပေမယ့် MGK ကိုယ်တိုင် ဖျော်ဖြေခဲ့တဲ့ စနေနေ့ညက Super Bowl Party ကိုတော့ Megan တစ်ယောက် လိုက်ပါလာခဲ့ခြင်း မရှိပါဘူး။ ဒ့ါအပြင် တနင်္လာနေ့ကို ရောက်တဲ့အခါမှာတော့ သူတို့နှစ်ယောက် ရန်ဖြစ်ထားကြပြီး Megan ဟာ MGK နဲ့ စကားမပြောဘူးလို့လည်း အတွင်းသတင်းအချို့က ဆိုနေကြပါတယ်။

အခုလက်ရှိအချိန်အထိ သူတို့နှစ်ယောက်ဟာ စေ့စပ်ထားတာကို မဖျက်ကြသေးပေမယ့် Megan ကတော့ စေ့စပ်လက်စွပ်ကို ချွတ်ထားတယ်လို့လည်း အတွင်းစကားအချို့က ဆိုထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular