HomeCelebs Update NewsInternationalMCU (သို့မဟုတ်) DCEU မှာ ပါဝင်သရုပ်ဆောင်ချင်တယ်လို့ ပြောလာတဲ့ Megan Fox

MCU (သို့မဟုတ်) DCEU မှာ ပါဝင်သရုပ်ဆောင်ချင်တယ်လို့ ပြောလာတဲ့ Megan Fox

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကြီး မော်ဒယ်လ်၊ သရုပ်ဆောင်ဖြစ်သူ Megan Fox ကတော့ သူမဟာ ကောမစ်ပရိသတ် တစ်ယောက်ပါလို့ အင်တာဗျူးတစ်ခုမှာ ပြောပြသွားပါတယ်။ ဒါကြောင့်ပဲ သူမဟာ Marvel Cinematic Universe(MCU) ၊ သို့မဟုတ် DC Extended Universe(DCEU) ထဲမှာ ပါဝင်သရုပ်ဆောင်ချင်တယ်လို့လည်း ဆိုလာပါတယ်။

Megan Fox ဟာ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Holiday in the Sun ရုပ်ရှင်နဲ့ ဟောလိဝုဒ် ရုပ်ရှင်လောကထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ သူမဟာ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Transformers ရုပ်ရှင်မှာလည်း ပါဝင်ခဲ့ပြီး အဲ့ဒီနောက်ကစလို့  ရုပ်ရှင်လောကထဲမှာ ပိုမိုနာမည်ကြီးလာခဲ့ပါတယ်။

photo via screenrant

The Washington Post သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ Megan Fox ဟာ အတိတ်မှာ ကြုံတွေ့ခဲ့ရတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ အချစ်ရေးအကြောင်းတွေကို ပြောပြထားပါတယ်။ သူမဟာ အခုချိန်မှာတော့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်နေပေမယ့်လည်း ငယ်ရွယ်စဉ်အခါတုန်းကတော့ သရုပ်ဆောင်ဘဝနဲ့ ပတ်သက်ပြီး အခက်အခဲတွေများစွာ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူမဟာ ကောမစ်တွေ ဖတ်ပြီး ကြီးပြင်းလာသူတစ်ယောက် ဖြစ်ကြောင်း ဆိုကာ MCU နဲ့ DCEU နှစ်ခုထဲက တစ်ခုမှာ ပါဝင်ချင်တယ်လို့လည်း ဖွင့်ဟလာပါတယ်။

လောလောဆယ်မှာတော့ MCU နဲ့ DCEU နှစ်ခုလုံးဟာ ဟောလိဝုဒ်လောကရဲ့ အကြီးမားဆုံး franchise တွေကို ဖန်တီးနေကြတဲ့ စတူဒီယိုတွေ ဖြစ်ပါတယ်။ MCU ကတော့ Phase 4 ကို စတင်နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Disney+ က ပြသနေတဲ့ Loki ဇာတ်လမ်းတွဲ ထွက်ရှိနေပြီး သိပ်မကြာခင်မှာ Black Widow ရုပ်ရှင်လည်း ထွက်လာတော့မှာပါ။ DCEU ကတော့ လောလောဆယ်မှာ ဒါရိုက်တာ James Gunn ရိုက်ကူးထားတဲ့ Suicide Squad ရုပ်ရှင် ထွက်လာဖို့ ရှိပြီး တခြားရုပ်ရှင်အသစ်တွေအတွက်လည်း ရိုက်ကူးရေး စတင်နေပြီ ဖြစ်ပါတယ်။

photo via screenrant

တကယ်တော့ DC ဇာတ်ကောင်တွေကို အခြေခံပြီး ၂၀၁၀ ခုနှစ်မှာ ရိုက်ကူးထားတဲ့ Jonah Hex ထဲမှာလည်း Megan Fox ပါဝင်ခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ သူမဟာ MCU နဲ့ DCEU တစ်ခုခုမှာ ပါဝင်ခွင့်ရသွားမယ် ဆိုရင်တော့ သူမရဲ့ ဒုတိယအကြိမ်မြောက် ကောမစ်ဇာတ်ကောင်ကို သရုပ်ဆောင်ခွင့်ရသွားမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Megan Fox ဟာ တကယ်ပဲ MCU နဲ့ DCEU နှစ်ခုထဲက တစ်ခုမှာ ပါဝင်ခွင့်ရသွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

Legos

Source: Screenrant

(Zawgyi Version)

နာမည္ႀကီး ေမာ္ဒယ္လ္၊ သ႐ုပ္ေဆာင္ျဖစ္သူ Megan Fox ကေတာ့ သူမဟာ ေကာမစ္ပရိသတ္ တစ္ေယာက္ပါလို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာျပသြားပါတယ္။ ဒါေၾကာင့္ပဲ သူမဟာ Marvel Cinematic Universe(MCU) ၊ သို႔မဟုတ္ DC Extended Universe(DCEU) ထဲမွာ ပါဝင္သ႐ုပ္ေဆာင္ခ်င္တယ္လို႔လည္း ဆိုလာပါတယ္။

Megan Fox ဟာ ၂၀၀၁ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Holiday in the Sun ႐ုပ္ရွင္နဲ႔ ေဟာလိဝုဒ္ ႐ုပ္ရွင္ေလာကထဲကို စတင္ဝင္ေရာက္ခဲ့ပါတယ္။ သူမဟာ ၂၀၀၇ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Transformers ႐ုပ္ရွင္မွာလည္း ပါဝင္ခဲ့ၿပီး အဲ့ဒီေနာက္ကစလို႔  ႐ုပ္ရွင္ေလာကထဲမွာ ပိုမိုနာမည္ႀကီးလာခဲ့ပါတယ္။

photo via screenrant

The Washington Post သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာေတာ့ Megan Fox ဟာ အတိတ္မွာ ႀကဳံေတြ႕ခဲ့ရတဲ့ လုပ္ငန္းပိုင္းဆိုင္ရာ အခက္အခဲေတြနဲ႔ အခ်စ္ေရးအေၾကာင္းေတြကို ေျပာျပထားပါတယ္။ သူမဟာ အခုခ်ိန္မွာေတာ့ နာမည္ႀကီး သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ေနေပမယ့္လည္း ငယ္႐ြယ္စဥ္အခါတုန္းကေတာ့ သ႐ုပ္ေဆာင္ဘဝနဲ႔ ပတ္သက္ၿပီး အခက္အခဲေတြမ်ားစြာ ႀကဳံေတြ႕ခဲ့ရတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ သူမဟာ ေကာမစ္ေတြ ဖတ္ၿပီး ႀကီးျပင္းလာသူတစ္ေယာက္ ျဖစ္ေၾကာင္း ဆိုကာ MCU နဲ႔ DCEU ႏွစ္ခုထဲက တစ္ခုမွာ ပါဝင္ခ်င္တယ္လို႔လည္း ဖြင့္ဟလာပါတယ္။

ေလာေလာဆယ္မွာေတာ့ MCU နဲ႔ DCEU ႏွစ္ခုလုံးဟာ ေဟာလိဝုဒ္ေလာကရဲ႕ အႀကီးမားဆုံး franchise ေတြကို ဖန္တီးေနၾကတဲ့ စတူဒီယိုေတြ ျဖစ္ပါတယ္။ MCU ကေတာ့ Phase 4 ကို စတင္ေနၿပီ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ Disney+ က ျပသေနတဲ့ Loki ဇာတ္လမ္းတြဲ ထြက္ရွိေနၿပီး သိပ္မၾကာခင္မွာ Black Widow ႐ုပ္ရွင္လည္း ထြက္လာေတာ့မွာပါ။ DCEU ကေတာ့ ေလာေလာဆယ္မွာ ဒါ႐ိုက္တာ James Gunn ႐ိုက္ကူးထားတဲ့ Suicide Squad ႐ုပ္ရွင္ ထြက္လာဖို႔ ရွိၿပီး တျခား႐ုပ္ရွင္အသစ္ေတြအတြက္လည္း ႐ိုက္ကူးေရး စတင္ေနၿပီ ျဖစ္ပါတယ္။

photo via screenrantတကယ္ေတာ့ DC ဇာတ္ေကာင္ေတြကို အေျခခံၿပီး ၂၀၁၀ ခုႏွစ္မွာ ႐ိုက္ကူးထားတဲ့ Jonah Hex ထဲမွာလည္း Megan Fox ပါဝင္ခဲ့ပါေသးတယ္။ ဒါေၾကာင့္ပဲ သူမဟာ MCU နဲ႔ DCEU တစ္ခုခုမွာ ပါဝင္ခြင့္ရသြားမယ္ ဆိုရင္ေတာ့ သူမရဲ႕ ဒုတိယအႀကိမ္ေျမာက္ ေကာမစ္ဇာတ္ေကာင္ကို သ႐ုပ္ေဆာင္ခြင့္ရသြားမွာ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Megan Fox ဟာ တကယ္ပဲ MCU နဲ႔ DCEU ႏွစ္ခုထဲက တစ္ခုမွာ ပါဝင္ခြင့္ရသြားမလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular