HomeCelebs Update NewsInternationalအစားအသောက်ကြောင့်ပဲ လင်မယားရန်ဖြစ်ရတယ်ဆိုတဲ့ Meghan Trainor

အစားအသောက်ကြောင့်ပဲ လင်မယားရန်ဖြစ်ရတယ်ဆိုတဲ့ Meghan Trainor

နာမည်ကျော်အဆို‌တော် Meghan Trainor ကတော့ သူမခင်ပွန်းရဲ့ အစားအသောက်နဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့အကြောင်းတွေကို ဖောက်သည်ချလာပါတယ်။ အသက်(၂၉)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Meghan Trainor ဟာ Gaby Dalkin ရဲ့ QVC+ မှာ ထုတ်လွှင့်ပြသနေတဲ့ “My Best Friend’s Kitchen” အစီအစဉ်မှာ ပါဝင်ခဲ့တာဖြစ်ပြီး ဆော့စ်တွေ ပြင်ဆင်ချက်ပြုတ်နေရင်း သူမခင်ပွန်းရဲ့အကြောင်းကို ပြောပြသွားတာ ဖြစ်ပါတယ်။

အဲဒါကတော့ သူမရဲ့ခင်ပွန်းဖြစ်သူ Daryl Sabara ဟာ ဆော့စ်အားလုံးကို မုန်းတီးသူဖြစ်ပြီး ဆော့စ်နဲ့ တွဲဖက်စားသုံးရမယ့် အစားအစာတွေကိုလည်း ပလိန်းသပ်သပ်သာ စားတတ်တယ်လို့ ဆိုပါတယ်။

“ကျွန်မအခု ပြောပြလိုက်မယ်။ ကျွန်မယောက်ျားကလေ ကွင်းဆက်လူသတ်သမား ဖြစ်ချင်ဖြစ်နေမှာ သိလား။ ဘာလို့လည်းဆိုတော့ သူကလေ ဆော့စ်ကို လုံးဝမစားဘူး။ ကျွန်မတို့ အဲဒီကိစ္စနဲ့ပဲ အမြဲတမ်း ရန်သတ်နေရတာ …”လို့ Meghan က ဆိုပါတယ်။

Photo Credit: QVC+

“ဟင် … ဒါမျိုးကျတော့ ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး။ ဒါနဲ့ နေပါဦး။ သူက ketchup (ခရမ်းချဉ်သီးဆော့စ်)ကိုတောင် မစားဘူးလား …” လို့ နာမည်ကျော်ဆယ်လီ စားဖိုမှူးဖြစ်တဲ့ Gaby Dalkin က ပြန်မေးလိုက်ပါတယ်။

“ketchup ကိုလည်း ယဉ်ကျေးသမှုနဲ့ သဘောလောက်ပဲ စားတယ်လို့ ကျွန်မတော့ ထင်တယ်။ တစ်ခေါက်တုန်းကဆိုရင် ကျွန်မတို့ ဆူရှီဆိုင်မှာ ရန်ဖြစ်ကြသေးတယ်။ ကျွန်မက ဆူရှီကို soy sauce လေးနဲ့ တို့စားဖို့ ပြောတာလေ။ သူက အဲဒါကို အဖြူထည်ကြီးပဲ ကြိုက်တာတဲ့ …”

Photo: meghantrainor/ Instagram

“တကယ်လို့ သူ့ကိုသာ ကျွန်မ မသိခဲ့ရင်၊ ကလေးတွေအပေါ်မှာလည်း တကယ်ကောင်းပြီး မေတ္တာတရား ကြီးမားတဲ့ ဖခင်တစ်ယောက်လို့သာ မသိထားခဲ့ရင် သူ့အတွက် အတော်လေး စိုးရိမ်မကင်းဖြစ်မိမှာ အမှန်ပဲ …”လို့ Meghan Trainor က သူမခင်ပွန်းရဲ့ ထူးဆန်းတဲ့ စားသောက်ပုံနဲ့ ပတ်သက်ပြီး ပြောပြထားပါတယ်။

Meghan Trainor ကတော့ Daryl Sabara နဲ့ လက်ထပ်ထားသူ ဖြစ်ပြီး Riley ဆိုတဲ့ သားလေးတစ်ယောက်လည်း မွေးထားပါတယ်။ Daryl Sabara ကတော့ Spy Kids ဇာတ်ကားတွေထဲက အဓိကဇာတ်ကောင် Juni Cortez အဖြစ် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular