HomeCelebs Update NewsInternationalသားဦးလေးကို အောင်မြင်စွာ မွေးဖွားလိုက်တဲ့ Supergirl သရုပ်ဆောင် Melissa Benoist 

သားဦးလေးကို အောင်မြင်စွာ မွေးဖွားလိုက်တဲ့ Supergirl သရုပ်ဆောင် Melissa Benoist 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Supergirl စီးရီးနဲ့ Glee စီးရီးတို့ရဲ့ သရုပ်ဆောင် မင်းသမီးလေး Melissa Benoist ဟာ သားဦးကလေးကို အောင်မြင်စွာ မွေးဖွားပေးလိုက်ပြီ ဖြစ်ပါတယ်။ သူမရဲ့ ခင်ပွန်းကတော့ The Vampire Diaries ဇာတ်လမ်းတွဲထဲက သရုပ်ဆောင် Chris Wood ဖြစ်ပါတယ်။

Melissa နဲ့ Chris တို့ဟာ သူတို့ရဲ့ ပထမဦးဆုံး သားဦးလေး မွေးဖွားပြီးဖြစ်တဲ့သတင်းကို စက်တင်ဘာလ(၂၅)ရက်နေ့က အင်စတာဂရမ်မှာ အသိပေးခဲ့တာ ဖြစ်ပါတယ်။ ကလေးရဲ့နာမည်ကိုတော့ Huxley Robert Wood လို့ အမည်မှည့်ထားပါတယ်။

Photo: melissabenoist/ Instagram

“Huxley Robert Wood လေးဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က လူ့လောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဒီကလေးလေးဟာ ကျွန်မဘဝရဲ့အရာရာပါပဲ…” လို့ အသစ်စက်စက် မိခင်ဖြစ်သူ Melissa က သူမရဲ့အင်စတာဂရမ်မှာ ကလေးရဲ့လက်ပုံလေးနဲ့အတူ အသိပေးခဲ့တာ ဖြစ်ပါတယ်။

ပူပူနွေးနွေး ဖခင်ဖြစ်သွားတဲ့ Chris Wood ကလည်း သားလေး မွေးဖွားလာတဲ့အကြောင်းကို သူ့ရဲ့အကောင့်ကနေ မိတ်ဆွေတွေဆီကို ဝေမျှအသိပေးခဲ့ပါသေးတယ်။ “ကျွန်တော်တို့ သားလေး မွေးပြီဗျ။ နာမည်ကတော့ Huxley လို့ခေါ်ပါတယ်။ ဒါ ခင်ဗျားတို့ အလုပ်တော့ မဟုတ်ဘူးပေါ့ဗျာ။ နောက်ထပ် (၁၈)နှစ်လောက်နေမှ ပြန်လာခဲ့ပါမယ်…” လို့ စနောက်ပြီး ရေးသားထားပါတယ်။

Photo: melissabenoist/ Instagram

Melissa နဲ့ Chris တို့မောင်နှံဟာ သူတို့နှစ်ယောက်ရဲ့ အတွင်းရေးကိစ္စတွေနဲ့ ပတ်သက်ပြီး သိုသိုသိပ်သိပ် နေလေ့ရှိပြီး ကိုယ်ဝန်ရှိနေတဲ့အကြောင်းကိုတော့ မတ်လ(၄)ရက်နေ့က အသိပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့တုန်းကလည်း ဗိုက်တုကြီးတပ်ထားတဲ့ Chris ရဲ့ဓာတ်ပုံနဲ့ စစနောက်နောက် အသိပေးခဲ့တာပါ။ “ဓာတ်ပုံကတော့ အပြောင်အပျက်လုပ်ထားတာပါ။ ဒါပေမယ့် သတင်းကတော့ အမှန်ပဲဗျ…” ဆိုပြီး ပို့စ်ရေးကာ အသိပေးခဲ့တာ ဖြစ်ပါတယ်။

ဒီမောင်နှံဟာ ၂၀၁၉ခုနှစ် စက်တင်ဘာလမှာ လက်ထပ်သွားခဲ့တုန်းကလည်း ပရိသတ်တွေအတွက် အံ့အားသင့်ခဲ့ရပါသေးတယ်။ အဲ့ဒီ့တုန်းကလည်း ကယ်လီဖိုးနီးယားပြည်နယ်မှာ မိသားစု၊ မိတ်ဆွေတွေနဲ့ CW က Vampire Diaries အဖွဲ့ဝင်အချို့နဲ့ တိတ်တဆိတ် မင်္ဂလာပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Photo: melissabenoist/ Instagram

ဒါဟာ Melissa အတွက်တော့ ပထမဆုံးအိမ်ထောင် မဟုတ်ပါဘူး။ သူမဟာ ယခင်က Glee ဇာတ်လမ်းတွဲက သရုပ်ဆောင်ဖက် Blake Jenner နဲ့ ၂၀၁၃ခုနှစ်မှာ လက်ထပ်ခဲ့ဖူးပါသေးတယ်။ အစပိုင်းမှာ ပျော်ရွှင်နေကြတယ်လို့ ထင်ခဲ့ရပေမယ့် ၂၀၁၇ခုနှစ်မှာတော့ ကွာရှင်းပြတ်စဲခဲ့ကြတာပါ။ အဲ့ဒီ့ကာလမှာပဲ ယခုခင်ပွန်း Chris Wood နဲ့ အချစ်ဇာတ်လမ်းကလည်း စတင်ခဲ့တာ ဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ အခုဆိုရင်တော့ သားလေးတစ်ယောက်ပါ ရလာပြီမို့ ပိုပြီးသာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ရရှိနိုင်ပါစေလို့ ဆုမွန်ခြွေလိုက်ရပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

Supergirl စီးရီးနဲ႔ Glee စီးရီးတို႔ရဲ႕ သ႐ုပ္ေဆာင္ မင္းသမီးေလး Melissa Benoist ဟာ သားဦးကေလးကို ေအာင္ျမင္စြာ ေမြးဖြားေပးလိုက္ၿပီ ျဖစ္ပါတယ္။ သူမရဲ႕ ခင္ပြန္းကေတာ့ The Vampire Diaries ဇာတ္လမ္းတြဲထဲက သ႐ုပ္ေဆာင္ Chris Wood ျဖစ္ပါတယ္။

Melissa နဲ႔ Chris တို႔ဟာ သူတို႔ရဲ႕ ပထမဦးဆုံး သားဦးေလး ေမြးဖြားၿပီးျဖစ္တဲ့သတင္းကို စက္တင္ဘာလ(၂၅)ရက္ေန႔က အင္စတာဂရမ္မွာ အသိေပးခဲ့တာ ျဖစ္ပါတယ္။ ကေလးရဲ႕နာမည္ကိုေတာ့ Huxley Robert Wood လို႔ အမည္မွည့္ထားပါတယ္။

Photo: melissabenoist/ Instagram

“Huxley Robert Wood ေလးဟာ လြန္ခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္က လူ႔ေလာကထဲကို ဝင္ေရာက္လာခဲ့ပါတယ္။ ဒီကေလးေလးဟာ ကြၽန္မဘဝရဲ႕အရာရာပါပဲ…” လို႔ အသစ္စက္စက္ မိခင္ျဖစ္သူ Melissa က သူမရဲ႕အင္စတာဂရမ္မွာ ကေလးရဲ႕လက္ပုံေလးနဲ႔အတူ အသိေပးခဲ့တာ ျဖစ္ပါတယ္။

ပူပူေႏြးေႏြး ဖခင္ျဖစ္သြားတဲ့ Chris Wood ကလည္း သားေလး ေမြးဖြားလာတဲ့အေၾကာင္းကို သူ႔ရဲ႕အေကာင့္ကေန မိတ္ေဆြေတြဆီကို ေဝမွ်အသိေပးခဲ့ပါေသးတယ္။ “ကြၽန္ေတာ္တို႔ သားေလး ေမြးၿပီဗ်။ နာမည္ကေတာ့ Huxley လို႔ေခၚပါတယ္။ ဒါ ခင္ဗ်ားတို႔ အလုပ္ေတာ့ မဟုတ္ဘူးေပါ့ဗ်ာ။ ေနာက္ထပ္ (၁၈)ႏွစ္ေလာက္ေနမွ ျပန္လာခဲ့ပါမယ္…” လို႔ စေနာက္ၿပီး ေရးသားထားပါတယ္။

Photo: melissabenoist/ Instagram

Melissa နဲ႔ Chris တို႔ေမာင္ႏွံဟာ သူတို႔ႏွစ္ေယာက္ရဲ႕ အတြင္းေရးကိစၥေတြနဲ႔ ပတ္သက္ၿပီး သိုသိုသိပ္သိပ္ ေနေလ့ရွိၿပီး ကိုယ္ဝန္ရွိေနတဲ့အေၾကာင္းကိုေတာ့ မတ္လ(၄)ရက္ေန႔က အသိေပးခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီ့တုန္းကလည္း ဗိုက္တုႀကီးတပ္ထားတဲ့ Chris ရဲ႕ဓာတ္ပုံနဲ႔ စစေနာက္ေနာက္ အသိေပးခဲ့တာပါ။ “ဓာတ္ပုံကေတာ့ အေျပာင္အပ်က္လုပ္ထားတာပါ။ ဒါေပမယ့္ သတင္းကေတာ့ အမွန္ပဲဗ်…” ဆိုၿပီး ပို႔စ္ေရးကာ အသိေပးခဲ့တာ ျဖစ္ပါတယ္။

ဒီေမာင္ႏွံဟာ ၂၀၁၉ခုႏွစ္ စက္တင္ဘာလမွာ လက္ထပ္သြားခဲ့တုန္းကလည္း ပရိသတ္ေတြအတြက္ အံ့အားသင့္ခဲ့ရပါေသးတယ္။ အဲ့ဒီ့တုန္းကလည္း ကယ္လီဖိုးနီးယားျပည္နယ္မွာ မိသားစု၊ မိတ္ေဆြေတြနဲ႔ CW က Vampire Diaries အဖြဲ႕ဝင္အခ်ိဳ႕နဲ႔ တိတ္တဆိတ္ မဂၤလာပြဲ က်င္းပခဲ့တာ ျဖစ္ပါတယ္။

Photo: melissabenoist/ Instagram

ဒါဟာ Melissa အတြက္ေတာ့ ပထမဆုံးအိမ္ေထာင္ မဟုတ္ပါဘူး။ သူမဟာ ယခင္က Glee ဇာတ္လမ္းတြဲက သ႐ုပ္ေဆာင္ဖက္ Blake Jenner နဲ႔ ၂၀၁၃ခုႏွစ္မွာ လက္ထပ္ခဲ့ဖူးပါေသးတယ္။ အစပိုင္းမွာ ေပ်ာ္႐ႊင္ေနၾကတယ္လို႔ ထင္ခဲ့ရေပမယ့္ ၂၀၁၇ခုႏွစ္မွာေတာ့ ကြာရွင္းျပတ္စဲခဲ့ၾကတာပါ။ အဲ့ဒီ့ကာလမွာပဲ ယခုခင္ပြန္း Chris Wood နဲ႔ အခ်စ္ဇာတ္လမ္းကလည္း စတင္ခဲ့တာ ျဖစ္ပါတယ္။ မည္သို႔ပင္ျဖစ္ေစ အခုဆိုရင္ေတာ့ သားေလးတစ္ေယာက္ပါ ရလာၿပီမို႔ ပိုၿပီးသာယာေပ်ာ္႐ႊင္တဲ့ မိသားစုဘဝေလးကို ရရွိႏိုင္ပါေစလို႔ ဆုမြန္ေႁခြလိုက္ရပါတယ္။

Glasgow

Source: hollywood life

RELATED ARTICLES

Most Popular