HomeCelebs Update NewsInternationalMGK တွဲခုတ်ခဲ့ဖူးသမျှ ဟောလိဝုဒ်ရဲ့အချောအလှ အမျိုးသမီးများ 

MGK တွဲခုတ်ခဲ့ဖူးသမျှ ဟောလိဝုဒ်ရဲ့အချောအလှ အမျိုးသမီးများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

MGK ဟာ နာမည်ကျော် ရက်ပ်ပါတစ်ယောက် ဖြစ်တဲ့အလျောက် နာမည်ကြီးအမျိုးသမီးများစွာနဲ့ ပတ်သက်ဖူးသူ ဖြစ်ပါတယ်။ သူတွဲဖူးတဲ့ အမျိုးသမီးတွေဟာလည်း ဟောလိဝုဒ်မှာ၊ ဂီတလောကမှာ၊ မော်ဒယ်လ်လောကမှာ အောင်မြင်နေတဲ့ တကယ့်အလန်းစား၊ အမိုက်စား အမျိုးသမီးတွေချည်းပဲ ဖြစ်ပါတယ်။ လောလောဆယ်မှာလည်း ပုရိသတွေရဲ့ အသည်းခိုင် နာမည်ကျော်သရုပ်ဆောင် Megan Fox နဲ့ တွဲခုတ်နေတာကြောင့် MGK ရဲ့ dating ရာဇဝင်ကို ပြန်လှန်ကြည့်တဲ့အခါမှာတော့ …

Megan Fox
Photo: meganfox/ Instagram

မော်ဒယ်လ်၊ သရုပ်ဆောင် Megan Fox နဲ့ MGK တို့ တွဲနေပြီဆိုတဲ့သတင်းဟာ အမျိုးသားထုကြီးအတွက်တော့ အံ့အားသင့်စရာ သတင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ကို ပြီးခဲ့တဲ့ မေလ(၁၅)ရက်ကစပြီး အတူတူ တွေ့ခဲ့ရတာပါ။ အဲ့ဒီ့နောက် ရက်အနည်းငယ်အကြာမှာတော့ Megan Fox နဲ့ ဆယ်နှစ်ကြာ ပေါင်းသင်းခဲ့တဲ့ ခင်ပွန်းသည် Brian Austin Green ဟာ ၂၀၁၉ ဒီဇင်ဘာတည်းက သူတို့နှစ်ယောက် အိမ်ခွဲနေနေတဲ့အကြောင်းကို ပြောပြလာပါတယ်။

ဒီလိုနဲ့ မေလ(၂၀)ရက်နေ့ MGK ရဲ့ Bloody Valentine MV ထွက်ရှိလာတဲ့အခါမှာတော့ Megan Fox ရဲ့ အပြင်းစား ညှို့ဓာတ်တွေကို MV ထဲမှာ တွေ့ခဲ့ရတာကြောင့် နှစ်ယောက်သား တွဲနေပြီလားဆိုတဲ့ ကောလာဟလတွေ ဆူညံခဲ့ပါတယ်။ အဲ့ဒီ့နောက် ဇွန်လထဲ ရောက်တဲ့အခါမှာတော့ နှစ်ယောက်က တကယ်တွဲနေပြီဖြစ်တဲ့အကြောင်း အတည်ပြုခဲ့ကြပြီး လူတွေရှေ့မှာ လက်ချင်းချိတ် လမ်းလျှောက်တာ၊ အနမ်းမိုးခြွေတာတွေကိုပါ တွေ့ခဲ့ကြရပါသေးတယ်။ လောလောဆယ်မှာတော့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ အရှိန်တက်နေကြဆဲ ဖြစ်ပါတယ်။

Sommer Ray
Photo: sommerray/ Instagram

MGK ဟာ fitness မော်ဒယ်လ် Sommer Ray နဲ့ တွဲနေတဲ့အကြောင်းကို ယခုနှစ် မတ်လက အတည်ပြုပြောကြားခဲ့တာပါ။ ဒါပေမယ့်လည်း သိပ်အကြာကြီး တွဲလိုက်တာမျိုး မဟုတ်ဘဲ တစ်လလောက်အကြာမှာတော့ ပြတ်စဲခဲ့ကြပါတယ်။ Sommer Ray ဟာ MGK ရဲ့ မွေးနေ့မှာပဲ သူမရဲ့ပစ္စည်းတွေကို ပြန်လာသယ်သွားခဲ့တာ ဖြစ်ပါတယ်။

Kate Beckinsale
Photo: katebeckinsale/ Instagram

နာမည်ကျော်မင်းသမီးချော Kate Beckinsale နဲ့ တွဲနေတယ်ဆိုတဲ့ ကောလာဟလတွေလည်း ၂၀၂၀ခုနှစ် ဇန်နဝါရီလဆန်းလောက်မှာ ထွက်ခဲ့ပါသေးတယ်။ အဲ့ဒါကတော့ ရွှေကမ္ဘာလုံးဆုပေးပွဲအပြီး ညစာစားပွဲအခမ်းအနားမှာ နှစ်ယောက်အတူတွဲ ရိုက်ထားတဲ့ ဓာတ်ပုံတွေကနေ သတင်းထွက်ခဲ့တာပါ။ Kate ရဲ့ အဆက်ဟောင်း Pete Davinson နဲ့ MGK တို့ဟာ တကယ်ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ကြပါတယ်။ သတင်းတွေ ထွက်ခဲ့ပေမယ့် မင်းသမီးဘက်ကတော့ အလုပ်မရှိ အလုပ်မရှာကြပါနဲ့လို့ တုံ့ပြန်ခဲ့ပါတယ်။

Noah Cyrus
Photo: noahcyrus/ Instagram

အဆိုတော်၊ သရုပ်ဆောင် Miley Cyrus ရဲ့ ညီမလေး Noah Cyrus နဲ့လည်း MGK တစ်ယောက် သတင်းထွက်ခဲ့ပါသေးတယ်။ သတင်းထွက်ခဲ့တဲ့အချိန်ကတော့ ၂၀၂၀ခုနှစ် ဂရမ်မီဆုပေးပွဲအပြီးမှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဂရမ်မီဆုပေးပွဲအပြီး Sony Music Entertainment က ပြုလုပ်တဲ့ ပါတီပွဲကို တက်ရောက်ခဲ့ကြပြီး နှစ်ယောက်သား လက်ကိုင်ကာ၊ တွဲကာနဲ့ ဓာတ်ပုံတွေတောင် ပို့စ်တူတူပေးပြီး တွဲရိုက်ခဲ့ကြပါသေးတယ်။ အဲ့ဒီ့ပွဲအပြီး နောက်ထပ် ပါတီပွဲတစ်ခုမှာလည်း နှစ်ယောက်သား တပူးတွဲတွဲ မခွဲဘဲ ရှိနေကြတာကို ထပ်မံတွေ့ခဲ့ရပါတယ်။

Chantel Jeffries
Photo: chanteljefferies/ Instagram

MGK ဟာ ဒီဂျေတစ်ယောက်လည်းဖြစ်၊ music producer တစ်ယောက်လည်းဖြစ်တဲ့ Chantel Jeffries နဲ့လည်း ၂၀၁၉ခုနှစ် ဇူလိုင်လလောက်မှာ သတင်းထွက်ခဲ့ပါတယ်။ သို့ပေမယ့် တွဲနေတယ်ဆိုတဲ့အကြောင်းကိုတော့ နှစ်ဘက်စလုံးက တရားဝင် ဖွင့်ပြောခဲ့တာမျိုး မရှိပါဘူး။

Halsey
Photo: iamhalsey/ Instagram

နာမည်ကျော်အဆိုတော်မလေး Halsey နဲ့ကတော့ ၂၀၁၇ခုနှစ်မှာ ကမ်းခြေတစ်ခုမှာ အတူတွဲ တွေ့ခဲ့ရာက သတင်းစထွက်ခဲ့တာပါ။ ဒီလိုနဲ့ ၂၀၁၈ခုနှစ်မှာလည်း နှစ်ယောက်အတူ တပူးတွဲတွဲ လုပ်နေတာတွေ ထပ်မံတွေ့ရှိခဲ့ရပေမယ့် Halsey ဘက်ကတော့ မဟုတ်ဘူးဆိုပြီး ငြင်းချက်ထုတ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း MGK ဘက်ကတော့ သူတို့နှစ်ယောက်အကြောင်းကို ရက်ပ်ရွတ်ခဲ့ရုံသာမက The Breakfast Club နဲ့ အင်တာဗျူးမှာ တွဲခဲ့ဖူးတဲ့အကြောင်းတွေကိုပါ ဖောက်သည်ပြန်ချခဲ့ပါတယ်။

Amber Rose
Photo: amberrose/ Instagram

MGK ဟာ နာမည်ကျော်မော်ဒယ်လ် Amber Rose နဲ့လည်း ၂၀၁၅ခုနှစ် ဧပြီလကနေ ဇွန်လအထိ တွဲခဲ့ဖူးပါတယ်။ Amber Rose နဲ့ အချစ်ရေးကိုတော့ ပြင်ဆင်ထားတာမျိုးလည်းမဟုတ်၊ မျှော်လင့်ထားတာမျိုးလည်း မဟုတ်ဘဲ သူ့အလိုလျောက် ဖြစ်ပေါ်လာတဲ့အရာပါလို့ MGK က ပြောဖူးပါတယ်။

Emma Cannon
Photo: machinegunkelly/ Instagram

MGK တွဲခဲ့ဖူးသမျှ အမျိုးသမီးတွေထဲမှာ Emma Cannon ကတော့ နာမည်သာသိပြီး လူဟာ ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ တစ်ဦးတည်းသော အမျိုးသမီး ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ MGK မအောင်မြင်ခင်ဘဝက တွဲခဲ့ဖူးကြတာဖြစ်ပြီး သူတို့ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း သိုသိပ်ခဲ့ကြတာကြောင့် တိတိပပ၊ ရေရေရာရာ မသိရပါဘူး။ ထူးခြားတာဆိုလို့ Emma Cannon နဲ့ သမီးလေးတစ်ယောက် ထွန်းကားထားတာပဲ ဖြစ်ပါတယ်။ သမီးလေးရဲ့ နာမည်ကတော့ Casie လို့ အမည်ရပြီး အသက်ကတော့ (၁၂)နှစ် ရှိပါပြီ။

ဒါကတော့ နာမည်ကျော် ရက်ပ်ပါ MGK တွဲခုတ်ခဲ့ဖူးသမျှ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ ရုပ်ရှိ၊ ရေလျှံ၊ အောင်မြင်ကျော်ကြားမှုပါ ရှိနေတဲ့ သူ့အတွက် အခုလို ရှည်လျားတဲ့ ချစ်သူစာရင်းတွေ ရှိနေတာဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ အသက်ကလည်း ငယ်ငယ်လေး ရှိသေးတဲ့အတွက် MGK ရဲ့ dating list ဟာလည်း ဆက်လက်ပြီးတော့ တိုးနေဦးမယ်ဆိုတာ အသေအချာပါပဲ။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

MGK ဟာ နာမည္ေက်ာ္ ရက္ပ္ပါတစ္ေယာက္ ျဖစ္တဲ့အေလ်ာက္ နာမည္ႀကီးအမ်ိဳးသမီးမ်ားစြာနဲ႔ ပတ္သက္ဖူးသူ ျဖစ္ပါတယ္။ သူတြဲဖူးတဲ့ အမ်ိဳးသမီးေတြဟာလည္း ေဟာလိဝုဒ္မွာ၊ ဂီတေလာကမွာ၊ ေမာ္ဒယ္လ္ေလာကမွာ ေအာင္ျမင္ေနတဲ့ တကယ့္အလန္းစား၊ အမိုက္စား အမ်ိဳးသမီးေတြခ်ည္းပဲ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာလည္း ပုရိသေတြရဲ႕ အသည္းခိုင္ နာမည္ေက်ာ္သ႐ုပ္ေဆာင္ Megan Fox နဲ႔ တြဲခုတ္ေနတာေၾကာင့္ MGK ရဲ႕ dating ရာဇဝင္ကို ျပန္လွန္ၾကည့္တဲ့အခါမွာေတာ့ …

Megan Fox
Photo: meganfox/ Instagram

ေမာ္ဒယ္လ္၊ သ႐ုပ္ေဆာင္ Megan Fox နဲ႔ MGK တို႔ တြဲေနၿပီဆိုတဲ့သတင္းဟာ အမ်ိဳးသားထုႀကီးအတြက္ေတာ့ အံ့အားသင့္စရာ သတင္းတစ္ခု ျဖစ္ခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ကို ၿပီးခဲ့တဲ့ ေမလ(၁၅)ရက္ကစၿပီး အတူတူ ေတြ႕ခဲ့ရတာပါ။ အဲ့ဒီ့ေနာက္ ရက္အနည္းငယ္အၾကာမွာေတာ့ Megan Fox နဲ႔ ဆယ္ႏွစ္ၾကာ ေပါင္းသင္းခဲ့တဲ့ ခင္ပြန္းသည္ Brian Austin Green ဟာ ၂၀၁၉ ဒီဇင္ဘာတည္းက သူတို႔ႏွစ္ေယာက္ အိမ္ခြဲေနေနတဲ့အေၾကာင္းကို ေျပာျပလာပါတယ္။

ဒီလိုနဲ႔ ေမလ(၂၀)ရက္ေန႔ MGK ရဲ႕ Bloody Valentine MV ထြက္ရွိလာတဲ့အခါမွာေတာ့ Megan Fox ရဲ႕ အျပင္းစား ညႇိဳ႕ဓာတ္ေတြကို MV ထဲမွာ ေတြ႕ခဲ့ရတာေၾကာင့္ ႏွစ္ေယာက္သား တြဲေနၿပီလားဆိုတဲ့ ေကာလာဟလေတြ ဆူညံခဲ့ပါတယ္။ အဲ့ဒီ့ေနာက္ ဇြန္လထဲ ေရာက္တဲ့အခါမွာေတာ့ ႏွစ္ေယာက္က တကယ္တြဲေနၿပီျဖစ္တဲ့အေၾကာင္း အတည္ျပဳခဲ့ၾကၿပီး လူေတြေရွ႕မွာ လက္ခ်င္းခ်ိတ္ လမ္းေလွ်ာက္တာ၊ အနမ္းမိုးေႁခြတာေတြကိုပါ ေတြ႕ခဲ့ၾကရပါေသးတယ္။ ေလာေလာဆယ္မွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးဟာ အရွိန္တက္ေနၾကဆဲ ျဖစ္ပါတယ္။

Sommer Ray
Photo: sommerray/ Instagram

MGK ဟာ fitness ေမာ္ဒယ္လ္ Sommer Ray နဲ႔ တြဲေနတဲ့အေၾကာင္းကို ယခုႏွစ္ မတ္လက အတည္ျပဳေျပာၾကားခဲ့တာပါ။ ဒါေပမယ့္လည္း သိပ္အၾကာႀကီး တြဲလိုက္တာမ်ိဳး မဟုတ္ဘဲ တစ္လေလာက္အၾကာမွာေတာ့ ျပတ္စဲခဲ့ၾကပါတယ္။ Sommer Ray ဟာ MGK ရဲ႕ ေမြးေန႔မွာပဲ သူမရဲ႕ပစၥည္းေတြကို ျပန္လာသယ္သြားခဲ့တာ ျဖစ္ပါတယ္။

Kate Beckinsale
Photo: katebeckinsale/ Instagram

နာမည္ေက်ာ္မင္းသမီးေခ်ာ Kate Beckinsale နဲ႔ တြဲေနတယ္ဆိုတဲ့ ေကာလာဟလေတြလည္း ၂၀၂၀ခုႏွစ္ ဇန္နဝါရီလဆန္းေလာက္မွာ ထြက္ခဲ့ပါေသးတယ္။ အဲ့ဒါကေတာ့ ေ႐ႊကမာၻလုံးဆုေပးပြဲအၿပီး ညစာစားပြဲအခမ္းအနားမွာ ႏွစ္ေယာက္အတူတြဲ ႐ိုက္ထားတဲ့ ဓာတ္ပုံေတြကေန သတင္းထြက္ခဲ့တာပါ။ Kate ရဲ႕ အဆက္ေဟာင္း Pete Davinson နဲ႔ MGK တို႔ဟာ တကယ္ရင္းႏွီးတဲ့ မိတ္ေဆြေတြ ျဖစ္ၾကပါတယ္။ သတင္းေတြ ထြက္ခဲ့ေပမယ့္ မင္းသမီးဘက္ကေတာ့ အလုပ္မရွိ အလုပ္မရွာၾကပါနဲ႔လို႔ တုံ႔ျပန္ခဲ့ပါတယ္။

Noah Cyrus
Photo: noahcyrus/ Instagram

အဆိုေတာ္၊ သ႐ုပ္ေဆာင္ Miley Cyrus ရဲ႕ ညီမေလး Noah Cyrus နဲ႔လည္း MGK တစ္ေယာက္ သတင္းထြက္ခဲ့ပါေသးတယ္။ သတင္းထြက္ခဲ့တဲ့အခ်ိန္ကေတာ့ ၂၀၂၀ခုႏွစ္ ဂရမ္မီဆုေပးပြဲအၿပီးမွာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးဟာ ဂရမ္မီဆုေပးပြဲအၿပီး Sony Music Entertainment က ျပဳလုပ္တဲ့ ပါတီပြဲကို တက္ေရာက္ခဲ့ၾကၿပီး ႏွစ္ေယာက္သား လက္ကိုင္ကာ၊ တြဲကာနဲ႔ ဓာတ္ပုံေတြေတာင္ ပို႔စ္တူတူေပးၿပီး တြဲ႐ိုက္ခဲ့ၾကပါေသးတယ္။ အဲ့ဒီ့ပြဲအၿပီး ေနာက္ထပ္ ပါတီပြဲတစ္ခုမွာလည္း ႏွစ္ေယာက္သား တပူးတြဲတြဲ မခြဲဘဲ ရွိေနၾကတာကို ထပ္မံေတြ႕ခဲ့ရပါတယ္။

Chantel Jeffries
Photo: chanteljefferies/ Instagram

MGK ဟာ ဒီေဂ်တစ္ေယာက္လည္းျဖစ္၊ music producer တစ္ေယာက္လည္းျဖစ္တဲ့ Chantel Jeffries နဲ႔လည္း ၂၀၁၉ခုႏွစ္ ဇူလိုင္လေလာက္မွာ သတင္းထြက္ခဲ့ပါတယ္။ သို႔ေပမယ့္ တြဲေနတယ္ဆိုတဲ့အေၾကာင္းကိုေတာ့ ႏွစ္ဘက္စလုံးက တရားဝင္ ဖြင့္ေျပာခဲ့တာမ်ိဳး မရွိပါဘူး။

Halsey
Photo: iamhalsey/ Instagram

နာမည္ေက်ာ္အဆိုေတာ္မေလး Halsey နဲ႔ကေတာ့ ၂၀၁၇ခုႏွစ္မွာ ကမ္းေျခတစ္ခုမွာ အတူတြဲ ေတြ႕ခဲ့ရာက သတင္းစထြက္ခဲ့တာပါ။ ဒီလိုနဲ႔ ၂၀၁၈ခုႏွစ္မွာလည္း ႏွစ္ေယာက္အတူ တပူးတြဲတြဲ လုပ္ေနတာေတြ ထပ္မံေတြ႕ရွိခဲ့ရေပမယ့္ Halsey ဘက္ကေတာ့ မဟုတ္ဘူးဆိုၿပီး ျငင္းခ်က္ထုတ္ခဲ့ပါတယ္။ သို႔ေပမယ့္လည္း MGK ဘက္ကေတာ့ သူတို႔ႏွစ္ေယာက္အေၾကာင္းကို ရက္ပ္႐ြတ္ခဲ့႐ုံသာမက The Breakfast Club နဲ႔ အင္တာဗ်ဴးမွာ တြဲခဲ့ဖူးတဲ့အေၾကာင္းေတြကိုပါ ေဖာက္သည္ျပန္ခ်ခဲ့ပါတယ္။

Amber Rose
Photo: amberrose/ Instagram

MGK ဟာ နာမည္ေက်ာ္ေမာ္ဒယ္လ္ Amber Rose နဲ႔လည္း ၂၀၁၅ခုႏွစ္ ဧၿပီလကေန ဇြန္လအထိ တြဲခဲ့ဖူးပါတယ္။ Amber Rose နဲ႔ အခ်စ္ေရးကိုေတာ့ ျပင္ဆင္ထားတာမ်ိဳးလည္းမဟုတ္၊ ေမွ်ာ္လင့္ထားတာမ်ိဳးလည္း မဟုတ္ဘဲ သူ႔အလိုေလ်ာက္ ျဖစ္ေပၚလာတဲ့အရာပါလို႔ MGK က ေျပာဖူးပါတယ္။

Emma Cannon
Photo: machinegunkelly/ Instagram

MGK တြဲခဲ့ဖူးသမွ် အမ်ိဳးသမီးေတြထဲမွာ Emma Cannon ကေတာ့ နာမည္သာသိၿပီး လူဟာ ဘယ္သူဘယ္ဝါမွန္း မသိရတဲ့ တစ္ဦးတည္းေသာ အမ်ိဳးသမီး ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးဟာ MGK မေအာင္ျမင္ခင္ဘဝက တြဲခဲ့ဖူးၾကတာျဖစ္ၿပီး သူတို႔ရဲ႕အခ်စ္ေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း သိုသိပ္ခဲ့ၾကတာေၾကာင့္ တိတိပပ၊ ေရေရရာရာ မသိရပါဘူး။ ထူးျခားတာဆိုလို႔ Emma Cannon နဲ႔ သမီးေလးတစ္ေယာက္ ထြန္းကားထားတာပဲ ျဖစ္ပါတယ္။ သမီးေလးရဲ႕ နာမည္ကေတာ့ Casie လို႔ အမည္ရၿပီး အသက္ကေတာ့ (၁၂)ႏွစ္ ရွိပါၿပီ။

ဒါကေတာ့ နာမည္ေက်ာ္ ရက္ပ္ပါ MGK တြဲခုတ္ခဲ့ဖူးသမွ် အမ်ိဳးသမီးေတြပဲ ျဖစ္ပါတယ္။ ႐ုပ္ရွိ၊ ေရလွ်ံ၊ ေအာင္ျမင္ေက်ာ္ၾကားမႈပါ ရွိေနတဲ့ သူ႔အတြက္ အခုလို ရွည္လ်ားတဲ့ ခ်စ္သူစာရင္းေတြ ရွိေနတာဟာ အထူးအဆန္းေတာ့ မဟုတ္ပါဘူး။ အသက္ကလည္း ငယ္ငယ္ေလး ရွိေသးတဲ့အတြက္ MGK ရဲ႕ dating list ဟာလည္း ဆက္လက္ၿပီးေတာ့ တိုးေနဦးမယ္ဆိုတာ အေသအခ်ာပါပဲ။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular