HomeCelebs Update NewsInternational2020 ရဲ့ ဆွဲဆောင်မှုအရှိဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ Michael B Jordan 

2020 ရဲ့ ဆွဲဆောင်မှုအရှိဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ Michael B Jordan 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အမေရိကန် သရုပ်ဆောင်မင်းသားတစ်လက်ဖြစ်တဲ့ Michael B Jordan ဟာ People မဂ္ဂဇင်းက နှစ်စဉ်ရွေးချယ်ပေးနေကျ ဆွဲဆောင်မှုအရှိဆုံး အမျိုးသားစာရင်းမှာ ပါဝင်သွားပြီ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ၂၀၂၀ခုနှစ်ရဲ့ ဆွဲဆောင်မှုအရှိဆုံး အမျိုးသားအဖြစ် People မဂ္ဂဇင်းရဲ့ ရွေးချယ်မှုကို ခံလိုက်ရတာပဲ ဖြစ်ပါတယ်။

Michael ဟာ People ရဲ့ နောက်ဆုံးထွက်မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ပါဝင်ထားပြီး အခုလို ရွေးချယ်ခံရတဲ့အပေါ် ဂုဏ်ယူကြောင်းလည်း ဖွင့်ဟထားပါတယ်။ “ဒါဟာ တကယ်မိုက်တဲ့ ခံစားချက်ပဲပေါ့ဗျာ။ လူတွေက ကျွန်တော့်ကို အမြဲတမ်း စနောက်နေကျဗျ။ သိတယ်မှတ်လား။ ဒါမျိုးက မင်းဘယ်တော့မှ ရမယ့်ဟာမျိုး မဟုတ်ဘူးဆိုပြီးတော့လေ။ ဒါပေမယ့် People ရဲ့ ကိုယ်လူချောအဖွဲ့ဝင် ဖြစ်ရတာ ကောင်းပါတယ်ဗျ … ” လို့ Michael က ဆိုထားပါတယ်။

Photo: michaelbjordan/ Instagram

Michael ဟာ မကြာသေးခင်ကလည်း Time မဂ္ဂဇင်းက ဖော်ပြတဲ့ ၂၀၂၀ခုနှစ်ရဲ့ ဩဇာအလွှမ်းမိုးဆုံး ပုဂ္ဂိုလ်(၁၀၀)ထဲမှာ ပါဝင်ဖော်ပြခံခဲ့ရပါသေးတယ်။

Michael ဟာ Fruitvale Station ၊ Just Mercy ရုပ်ရှင်ဇာတ်ကားတွေနဲ့ ရုပ်ရှင်ဝေဖန်သူတွေရဲ့ ချီးမွမ်းမှုကို ရရှိထားသူ ဖြစ်ပါတယ်။ ဒါတင်မက သူ့ကို နာမည်ကျော်ကြားစေခဲ့တာကတော့ Creed ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ကမ္ဘာကျော်တဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ လူသိများစေခဲ့တာကတော့ ၂၀၁၈ခုနှစ်က ထွက်ရှိခဲ့တဲ့ Black Panther ဇာတ်ကားထဲမှာ Erik Killmonger ဆိုတဲ့ ဗီလိန်နေရာကနေ ပါဝင်ခဲ့တုန်းက ဖြစ်ပါတယ်။

Photo: michaelbjordan/ Instagram

Michael ကိုတော့ စာရေးဆရာကြီး Tom Clancy ရဲ့ Without Remorse ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားမှာ John Clark ဆိုတဲ့ ယူအက်စ် လေတပ်သားတစ်ယောက်အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါဇာတ်ကားကိုတော့ Amazon Prime Video မှာ streaming ပြသသွားမယ်လို့ သိရပါတယ်။

Glasgow

Source: indian express

(Zawgyi Version)

အေမရိကန္ သ႐ုပ္ေဆာင္မင္းသားတစ္လက္ျဖစ္တဲ့ Michael B Jordan ဟာ People မဂၢဇင္းက ႏွစ္စဥ္ေ႐ြးခ်ယ္ေပးေနက် ဆြဲေဆာင္မႈအရွိဆုံး အမ်ိဳးသားစာရင္းမွာ ပါဝင္သြားၿပီ ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ ၂၀၂၀ခုႏွစ္ရဲ႕ ဆြဲေဆာင္မႈအရွိဆုံး အမ်ိဳးသားအျဖစ္ People မဂၢဇင္းရဲ႕ ေ႐ြးခ်ယ္မႈကို ခံလိုက္ရတာပဲ ျဖစ္ပါတယ္။

Michael ဟာ People ရဲ႕ ေနာက္ဆုံးထြက္မဂၢဇင္းမွာ မ်က္ႏွာဖုံးရွင္အျဖစ္ ပါဝင္ထားၿပီး အခုလို ေ႐ြးခ်ယ္ခံရတဲ့အေပၚ ဂုဏ္ယူေၾကာင္းလည္း ဖြင့္ဟထားပါတယ္။ “ဒါဟာ တကယ္မိုက္တဲ့ ခံစားခ်က္ပဲေပါ့ဗ်ာ။ လူေတြက ကြၽန္ေတာ့္ကို အၿမဲတမ္း စေနာက္ေနက်ဗ်။ သိတယ္မွတ္လား။ ဒါမ်ိဳးက မင္းဘယ္ေတာ့မွ ရမယ့္ဟာမ်ိဳး မဟုတ္ဘူးဆိုၿပီးေတာ့ေလ။ ဒါေပမယ့္ People ရဲ႕ ကိုယ္လူေခ်ာအဖြဲ႕ဝင္ ျဖစ္ရတာ ေကာင္းပါတယ္ဗ် … ” လို႔ Michael က ဆိုထားပါတယ္။

Photo: michaelbjordan/ Instagram

Michael ဟာ မၾကာေသးခင္ကလည္း Time မဂၢဇင္းက ေဖာ္ျပတဲ့ ၂၀၂၀ခုႏွစ္ရဲ႕ ဩဇာအလႊမ္းမိုးဆုံး ပုဂၢိဳလ္(၁၀၀)ထဲမွာ ပါဝင္ေဖာ္ျပခံခဲ့ရပါေသးတယ္။

Michael ဟာ Fruitvale Station ၊ Just Mercy ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ ႐ုပ္ရွင္ေဝဖန္သူေတြရဲ႕ ခ်ီးမြမ္းမႈကို ရရွိထားသူ ျဖစ္ပါတယ္။ ဒါတင္မက သူ႔ကို နာမည္ေက်ာ္ၾကားေစခဲ့တာကေတာ့ Creed ဇာတ္ကားေတြပဲ ျဖစ္ပါတယ္။ သို႔ေပမယ့္ ကမာၻေက်ာ္တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ လူသိမ်ားေစခဲ့တာကေတာ့ ၂၀၁၈ခုႏွစ္က ထြက္ရွိခဲ့တဲ့ Black Panther ဇာတ္ကားထဲမွာ Erik Killmonger ဆိုတဲ့ ဗီလိန္ေနရာကေန ပါဝင္ခဲ့တုန္းက ျဖစ္ပါတယ္။

Photo: michaelbjordan/ Instagram

Michael ကိုေတာ့ စာေရးဆရာႀကီး Tom Clancy ရဲ႕ Without Remorse ဝတၳဳကို ျပန္လည္႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားမွာ John Clark ဆိုတဲ့ ယူအက္စ္ ေလတပ္သားတစ္ေယာက္အျဖစ္ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ အဆိုပါဇာတ္ကားကိုေတာ့ Amazon Prime Video မွာ streaming ျပသသြားမယ္လို႔ သိရပါတယ္။

Glasgow

Source: indian express

 

RELATED ARTICLES

Most Popular