HomeCelebs Update NewsInternationalဘယ်အချက်တွေကြောင့် ခင်ပွန်းသည်ကို ကြွေမိတယ်ဆိုတာ ဖွင့်ဟလာတဲ့ Michelle Obama 

ဘယ်အချက်တွေကြောင့် ခင်ပွန်းသည်ကို ကြွေမိတယ်ဆိုတာ ဖွင့်ဟလာတဲ့ Michelle Obama 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Barack Obama ဟာ တကယ်ကို ရှားပါးတဲ့ယောက်ျားတစ်ယောက်ပါလို့ ဇနီးသည်ဖြစ်တဲ့ Michelle Obama က စက်တင်ဘာလ(၂)ရက်နေ့မှာ သူမရဲ့ Spotify podcast ကနေ ပြောကြားလိုက်ပါတယ်။

သမ္မတကတော်ဟောင်းတစ်ယောက်ဖြစ်တဲ့ Michelle ဟာ သူမရဲ့ podcast မှာ အိမ်ထောင်သက်(၂၇)နှစ်ကြာ ပေါင်းသင်းခဲ့တဲ့ ခင်ပွန်းသည် သမ္မတဟောင်း Barack Obama နဲ့ အမှတ်တရတွေ၊ အိမ်ထောင်ရေးမှာ ရုန်းကန်ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်။

Photo: michelleobama/ Instagram

သူမရဲ့အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ Barack ရဲ့ အဓိက ဆွဲဆောင်မှုကတော့ Barack ရဲ့ confidence ပါလို့ Michelle က ဆိုပါတယ်။ Barack ဟာ သူတို့ရဲ့သမီးရည်းစားဘဝ အစတည်းက ယုံကြည်မှုအပြည့်နဲ့ ပုံအောထားခဲ့တဲ့ လူတစ်ယောက်ဖြစ်တယ်လို့လည်း ပြောပြထားပါတယ်။

“တစ်ချိန်တုန်းကပေါ့။ Barack နဲ့ ကျွန်မ စကားတွေ စပြောဖြစ်ကြပြီး မိတ်ဆွေတွေ ဖြစ်သွားခဲ့ကြတယ်။ သူကတော့ လုံးဝကို သေချာနေတဲ့ပုံစံပဲ။ သိတယ်မှတ်လား။ မင်းကို ငါ တွဲချင်တယ်ဆိုတဲ့ ပုံစံမျိုး အပြည့်နဲ့ပေါ့။ အဲ့ဒီ့မတိုင်ခင်အထိ ကျွန်မရဲ့အတွေ့အကြုံမှာ ယောက်ျားတွေဟာ အတုအယောင်တွေ၊ လိမ်ညာမယ်လို့ပဲ သိခဲ့တာ …” လို့ Michelle က ဆိုပါတယ်။

Photo: michelleobama/ Instagram

Michelle ဟာ တစ်ချိန်မှာ သူမရဲ့ခင်ပွန်းဖြစ်လာမယ့်သူကို ၁၉၈၉ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီ့တုန်းက သူတို့နှစ်ယောက်လုံးဟာ ချီကာဂိုက ရှေ့နေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ တစ်ချိန်မှာ အမေရိကန်နိုင်ငံရဲ့ သမ္မတတစ်ဦးပါ ဖြစ်လာမယ့် Barack ဟာ အခြားယောက်ျားတွေနဲ့ လားလားမှ မတူဘဲ အစတည်းက တည်ကြည်ဖြောင့်မတ်ခဲ့တယ်လို့ ဆိုပါတယ်။ ယောက်ျားအများစု လုပ်လေ့ရှိတဲ့ လှည့်ဖြားတာတွေ၊ ကစားတာတွေ တစ်ခုမှ မလုပ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

“Barack နဲ့ ပတ်သက်လို့ ကျွန်မကို ကြွေစေတဲ့ အချက်တစ်ချက်ကတော့ သူက ဘယ်တော့မှ ဟန်မဆောင်တာပဲ။ ကျွန်မ ဆိုလိုချင်တာက သူကလေ သူ့ကိုယ်သူ အရမ်းသိတဲ့လူ။ သူ ဘာလိုချင်လည်းဆိုတာ သူ့ဘာသာ ရှင်းရှင်းလင်းလင်း သိတယ်။ ပြီးတော့ အဲ့ဒါကို ထုတ်ပြောဖို့လည်း ဝန်မလေးတဲ့သူ။ အဲ့တော့ ကျွန်မ တွေးမိတဲ့ပုံစံက … ဪ သူက သူ့ရဲ့စိတ်ခံစားချက်တွေအားလုံးကို ဒီလောက် ရှင်းရှင်းလင်းလင်း သိပြီးတော့ တခြားဘာမှမသိတဲ့ လူတစ်ယောက်ကိုပါ အဲ့ဒီ့ခံစားချက်တွေကို ထုတ်ပြောရဲတဲ့၊ သတ္တိရှိတဲ့လူတစ်ယောက်ပါလားဆိုတာ သိသွားတယ်… ”

Photo: michelleobama/ Instagram

“အဲ့ဒီ့တုန်းက ကျွန်မက သူ့ကို ပြန်ကြိုက်မလားဆိုတာတောင် သူ သိသေးတာ မဟုတ်ဘူး။ ဒါပေမယ့် သူကလေ တန်းပြီးပြောချလိုက်တာ။ ဒီမှာ မင်းကို ငါ တစ်ခုပြောပါရစေ။ မင်းနဲ့ ပတ်သက်ပြီး ငါ တွေးမိတာကတော့ မင်းဟာ ထူးခြားတယ်။ မင်းဟာ တခြားသူတွေနဲ့ မတူဘူး။ ပြီးတော့ မင်းကို ကိုယ်တွဲချင်တယ်ဆိုပြီး ပြောလာတာ သူက။ ဒါမျိုးက ရှားတယ်လေ။ ပြီးတော့ ဆွဲဆောင်မှုလည်း ရှိတယ်… ” လို့ Michelle က သူမတို့ဇနီးမောင်နှံရဲ့ ချစ်သူဘဝ အစောပိုင်းကာလကို ပြန်ပြောင်း ပြောပြထားပါတယ်။

Michelle ဟာ မြင်မြင်ချင်းအချစ်ကို အယုံအကြည် မရှိပေမယ့် သူမခင်ပွန်းကိုတော့ မြင်ပြီးကတည်းက ဆွဲဆောင်ခံနေရပြီး စိတ်မှာလည်း စွဲလမ်းနေမိခဲ့တယ်လို့ ဝန်ခံထားပါတယ်။ Michelle တို့ ဇနီးမောင်နှံဟာ ဆယ်စုနှစ်သုံးခုနီးပါး ဖြတ်သန်းလာပြီးချိန်မှာ သာမန်ဇနီးမောင်နှံတွေလိုပဲ အတက်အကျမျိုးစုံနဲ့ သဘောထား မတိုက်ဆိုင်မှုတွေလည်း အကြီးအကျယ် ဖြစ်ခဲ့ဖူးပါတယ်။ နှစ်ယောက်စလုံးက ရှေ့နေတွေ ဖြစ်နေကြတဲ့အတွက် ကိုယ့်ဘက်ကိုယ် အပြိုင်အဆိုင် ရှေ့နေလိုက်ခဲ့ကြဖူးတယ်လို့လည်း ဆိုပါတယ်။

Photo: michelleobama/ Instagram

“နှစ်ယောက်လုံးက အငြင်းအခုန်တစ်ခုကို ဘယ်လိုအနိုင်ယူရမလည်းဆိုတာ သိထားကြတော့ တစ်ခါတစ်လေကျရင် ကိုယ့်ဘက်ကိုယ် အသေအကျေ ရှေ့နေလိုက်နေကြသလိုတောင် ခံစားမိတာတွေ ရှိတယ် … ” လို့ ပြောပြပြီး တစ်ခါတုန်းကဆိုရင် စေ့စပ်လက်စွပ်ကို လွှင့်ပစ်တဲ့အထိတောင် ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

“ကျွန်မတို့က ကားထဲမှာလေ။ လက်စွပ်ကို တကယ်ကြီး လွှင့်ပစ်တာတော့ မဟုတ်ဘူးပေါ့။ ကျွန်မ ပြန်ရှာလို့ရမယ့်နေရာကိုပဲ ပစ်လိုက်တာ.. ” လို့ ရန်ဖြစ်ရင်း လက်စွပ်လွှင့်ပစ်ခဲ့တဲ့ အမှတ်တရကို ပြောပြထားပါတယ်။

Photo: michelleobama/ Instagram

အိမ်ထောင်တစ်ခုရဲ့ အကောင်းဆုံး လက်တွဲဖော်ကို ရှာဖွေရာမှာတော့ လူတစ်ယောက်အနေနဲ့ ကိစ္စတော်တော်များများကို အနိုင်ယူနိုင်မယ့်သူကို ရွေးချယ်သင့်ကြောင်း Michelle က အကြံပေးထားပါတယ်။

“တကယ်အရေးကြီးဆုံးက ကိုယ့်ဘေးမှာ အမြဲရှိနေမယ့်သူက ကိစ္စတွေကို အနိုင်ရယူနိုင်မယ့်သူ ဖြစ်ဖို့ လိုတယ်။ ကိုယ်က ပြန်လွှမ်းမိုးနိုင်မယ့်သူ၊ အားနည်းတဲ့သူမျိုးကို ဘယ်သူမှ လိုချင်မယ် မထင်ဘူး။ ပြောရရင် အရှုံးသမားတစ်ယောက်ကို ဘယ်သူမှ လက်တွဲဖော် မလုပ်ချင်ဘူးလေ။ ဟုတ်တယ်မှတ်လား။ အရေးကြုံလာရင် ခံစစ်မှာလည်း မရတဲ့သူ၊ ထိုးစစ်မှာလည်း အဆင်မပြေတဲ့သူ၊ ဘေးကနေ ဒီတိုင်းလေး လိုက်မယ့်သူဆို အဆင်မပြေဘူး။ အိမ်ထောင်တစ်ခုကို အသင်းအဖွဲ့တစ်ခုလို့ မြင်လိုက်မယ်ဆိုရင် ကိုယ့်အသင်းဖော်ဟာ အနိုင်ရယူနိုင်မယ့်သူပဲ ဖြစ်ဖို့ လိုတယ်… ” လို့ Michelle က ဆိုထားပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

Barack Obama ဟာ တကယ္ကို ရွားပါးတဲ့ေယာက္်ားတစ္ေယာက္ပါလို႔ ဇနီးသည္ျဖစ္တဲ့ Michelle Obama က စက္တင္ဘာလ(၂)ရက္ေန႔မွာ သူမရဲ႕ Spotify podcast ကေန ေျပာၾကားလိုက္ပါတယ္။

သမၼတကေတာ္ေဟာင္းတစ္ေယာက္ျဖစ္တဲ့ Michelle ဟာ သူမရဲ႕ podcast မွာ အိမ္ေထာင္သက္(၂၇)ႏွစ္ၾကာ ေပါင္းသင္းခဲ့တဲ့ ခင္ပြန္းသည္ သမၼတေဟာင္း Barack Obama နဲ႔ အမွတ္တရေတြ၊ အိမ္ေထာင္ေရးမွာ ႐ုန္းကန္ခဲ့ရတဲ့ အေတြ႕အႀကဳံေတြကို ျပန္လည္မွ်ေဝထားတာ ျဖစ္ပါတယ္။

Photo: michelleobama/ Instagram

သူမရဲ႕အသည္းႏွလုံးကို သိမ္းပိုက္ႏိုင္ခဲ့တဲ့ Barack ရဲ႕ အဓိက ဆြဲေဆာင္မႈကေတာ့ Barack ရဲ႕ confidence ပါလို႔ Michelle က ဆိုပါတယ္။ Barack ဟာ သူတို႔ရဲ႕သမီးရည္းစားဘဝ အစတည္းက ယုံၾကည္မႈအျပည့္နဲ႔ ပုံေအာထားခဲ့တဲ့ လူတစ္ေယာက္ျဖစ္တယ္လို႔လည္း ေျပာျပထားပါတယ္။

“တစ္ခ်ိန္တုန္းကေပါ့။ Barack နဲ႔ ကြၽန္မ စကားေတြ စေျပာျဖစ္ၾကၿပီး မိတ္ေဆြေတြ ျဖစ္သြားခဲ့ၾကတယ္။ သူကေတာ့ လုံးဝကို ေသခ်ာေနတဲ့ပုံစံပဲ။ သိတယ္မွတ္လား။ မင္းကို ငါ တြဲခ်င္တယ္ဆိုတဲ့ ပုံစံမ်ိဳး အျပည့္နဲ႔ေပါ့။ အဲ့ဒီ့မတိုင္ခင္အထိ ကြၽန္မရဲ႕အေတြ႕အႀကဳံမွာ ေယာက္်ားေတြဟာ အတုအေယာင္ေတြ၊ လိမ္ညာမယ္လို႔ပဲ သိခဲ့တာ …” လို႔ Michelle က ဆိုပါတယ္။

Photo: michelleobama/ Instagram

Michelle ဟာ တစ္ခ်ိန္မွာ သူမရဲ႕ခင္ပြန္းျဖစ္လာမယ့္သူကို ၁၉၈၉ခုႏွစ္မွာ စတင္ေတြ႕ရွိခဲ့တာျဖစ္ၿပီး အဲ့ဒီ့တုန္းက သူတို႔ႏွစ္ေယာက္လုံးဟာ ခ်ီကာဂိုက ေရွ႕ေနကုမၸဏီတစ္ခုမွာ အလုပ္လုပ္ေနၾကတာ ျဖစ္ပါတယ္။ တစ္ခ်ိန္မွာ အေမရိကန္ႏိုင္ငံရဲ႕ သမၼတတစ္ဦးပါ ျဖစ္လာမယ့္ Barack ဟာ အျခားေယာက္်ားေတြနဲ႔ လားလားမွ မတူဘဲ အစတည္းက တည္ၾကည္ေျဖာင့္မတ္ခဲ့တယ္လို႔ ဆိုပါတယ္။ ေယာက္်ားအမ်ားစု လုပ္ေလ့ရွိတဲ့ လွည့္ျဖားတာေတြ၊ ကစားတာေတြ တစ္ခုမွ မလုပ္ခဲ့ဘူးလို႔လည္း ဆိုပါတယ္။

“Barack နဲ႔ ပတ္သက္လို႔ ကြၽန္မကို ေႂကြေစတဲ့ အခ်က္တစ္ခ်က္ကေတာ့ သူက ဘယ္ေတာ့မွ ဟန္မေဆာင္တာပဲ။ ကြၽန္မ ဆိုလိုခ်င္တာက သူကေလ သူ႔ကိုယ္သူ အရမ္းသိတဲ့လူ။ သူ ဘာလိုခ်င္လည္းဆိုတာ သူ႔ဘာသာ ရွင္းရွင္းလင္းလင္း သိတယ္။ ၿပီးေတာ့ အဲ့ဒါကို ထုတ္ေျပာဖို႔လည္း ဝန္မေလးတဲ့သူ။ အဲ့ေတာ့ ကြၽန္မ ေတြးမိတဲ့ပုံစံက … ဪ သူက သူ႔ရဲ႕စိတ္ခံစားခ်က္ေတြအားလုံးကို ဒီေလာက္ ရွင္းရွင္းလင္းလင္း သိၿပီးေတာ့ တျခားဘာမွမသိတဲ့ လူတစ္ေယာက္ကိုပါ အဲ့ဒီ့ခံစားခ်က္ေတြကို ထုတ္ေျပာရဲတဲ့၊ သတၱိရွိတဲ့လူတစ္ေယာက္ပါလားဆိုတာ သိသြားတယ္… ”

Photo: michelleobama/ Instagram

“အဲ့ဒီ့တုန္းက ကြၽန္မက သူ႔ကို ျပန္ႀကိဳက္မလားဆိုတာေတာင္ သူ သိေသးတာ မဟုတ္ဘူး။ ဒါေပမယ့္ သူကေလ တန္းၿပီးေျပာခ်လိုက္တာ။ ဒီမွာ မင္းကို ငါ တစ္ခုေျပာပါရေစ။ မင္းနဲ႔ ပတ္သက္ၿပီး ငါ ေတြးမိတာကေတာ့ မင္းဟာ ထူးျခားတယ္။ မင္းဟာ တျခားသူေတြနဲ႔ မတူဘူး။ ၿပီးေတာ့ မင္းကို ကိုယ္တြဲခ်င္တယ္ဆိုၿပီး ေျပာလာတာ သူက။ ဒါမ်ိဳးက ရွားတယ္ေလ။ ၿပီးေတာ့ ဆြဲေဆာင္မႈလည္း ရွိတယ္… ” လို႔ Michelle က သူမတို႔ဇနီးေမာင္ႏွံရဲ႕ ခ်စ္သူဘဝ အေစာပိုင္းကာလကို ျပန္ေျပာင္း ေျပာျပထားပါတယ္။

Michelle ဟာ ျမင္ျမင္ခ်င္းအခ်စ္ကို အယုံအၾကည္ မရွိေပမယ့္ သူမခင္ပြန္းကိုေတာ့ ျမင္ၿပီးကတည္းက ဆြဲေဆာင္ခံေနရၿပီး စိတ္မွာလည္း စြဲလမ္းေနမိခဲ့တယ္လို႔ ဝန္ခံထားပါတယ္။ Michelle တို႔ ဇနီးေမာင္ႏွံဟာ ဆယ္စုႏွစ္သုံးခုနီးပါး ျဖတ္သန္းလာၿပီးခ်ိန္မွာ သာမန္ဇနီးေမာင္ႏွံေတြလိုပဲ အတက္အက်မ်ိဳးစုံနဲ႔ သေဘာထား မတိုက္ဆိုင္မႈေတြလည္း အႀကီးအက်ယ္ ျဖစ္ခဲ့ဖူးပါတယ္။ ႏွစ္ေယာက္စလုံးက ေရွ႕ေနေတြ ျဖစ္ေနၾကတဲ့အတြက္ ကိုယ့္ဘက္ကိုယ္ အၿပိဳင္အဆိုင္ ေရွ႕ေနလိုက္ခဲ့ၾကဖူးတယ္လို႔လည္း ဆိုပါတယ္။

Photo: michelleobama/ Instagram

“ႏွစ္ေယာက္လုံးက အျငင္းအခုန္တစ္ခုကို ဘယ္လိုအႏိုင္ယူရမလည္းဆိုတာ သိထားၾကေတာ့ တစ္ခါတစ္ေလက်ရင္ ကိုယ့္ဘက္ကိုယ္ အေသအေက် ေရွ႕ေနလိုက္ေနၾကသလိုေတာင္ ခံစားမိတာေတြ ရွိတယ္ … ” လို႔ ေျပာျပၿပီး တစ္ခါတုန္းကဆိုရင္ ေစ့စပ္လက္စြပ္ကို လႊင့္ပစ္တဲ့အထိေတာင္ ျဖစ္ခဲ့ဖူးတယ္လို႔ ဆိုပါတယ္။

“ကြၽန္မတို႔က ကားထဲမွာေလ။ လက္စြပ္ကို တကယ္ႀကီး လႊင့္ပစ္တာေတာ့ မဟုတ္ဘူးေပါ့။ ကြၽန္မ ျပန္ရွာလို႔ရမယ့္ေနရာကိုပဲ ပစ္လိုက္တာ.. ” လို႔ ရန္ျဖစ္ရင္း လက္စြပ္လႊင့္ပစ္ခဲ့တဲ့ အမွတ္တရကို ေျပာျပထားပါတယ္။

Photo: michelleobama/ Instagram

အိမ္ေထာင္တစ္ခုရဲ႕ အေကာင္းဆုံး လက္တြဲေဖာ္ကို ရွာေဖြရာမွာေတာ့ လူတစ္ေယာက္အေနနဲ႔ ကိစၥေတာ္ေတာ္မ်ားမ်ားကို အႏိုင္ယူႏိုင္မယ့္သူကို ေ႐ြးခ်ယ္သင့္ေၾကာင္း Michelle က အႀကံေပးထားပါတယ္။

“တကယ္အေရးႀကီးဆုံးက ကိုယ့္ေဘးမွာ အၿမဲရွိေနမယ့္သူက ကိစၥေတြကို အႏိုင္ရယူႏိုင္မယ့္သူ ျဖစ္ဖို႔ လိုတယ္။ ကိုယ္က ျပန္လႊမ္းမိုးႏိုင္မယ့္သူ၊ အားနည္းတဲ့သူမ်ိဳးကို ဘယ္သူမွ လိုခ်င္မယ္ မထင္ဘူး။ ေျပာရရင္ အရႈံးသမားတစ္ေယာက္ကို ဘယ္သူမွ လက္တြဲေဖာ္ မလုပ္ခ်င္ဘူးေလ။ ဟုတ္တယ္မွတ္လား။ အေရးႀကဳံလာရင္ ခံစစ္မွာလည္း မရတဲ့သူ၊ ထိုးစစ္မွာလည္း အဆင္မေျပတဲ့သူ၊ ေဘးကေန ဒီတိုင္းေလး လိုက္မယ့္သူဆို အဆင္မေျပဘူး။ အိမ္ေထာင္တစ္ခုကို အသင္းအဖြဲ႕တစ္ခုလို႔ ျမင္လိုက္မယ္ဆိုရင္ ကိုယ့္အသင္းေဖာ္ဟာ အႏိုင္ရယူႏိုင္မယ့္သူပဲ ျဖစ္ဖို႔ လိုတယ္… ” လို႔ Michelle က ဆိုထားပါတယ္။

Glasgow

Source: hollywood life

RELATED ARTICLES

Most Popular