HomeCelebs Update NewsInternationalLiam ကို ချစ်နေဆဲဖြစ်ပြီး ဘာကြောင့်လမ်းခွဲခဲ့ရတယ်ဆိုတာ ပြောပြလာတဲ့ Miley Cyrus 

Liam ကို ချစ်နေဆဲဖြစ်ပြီး ဘာကြောင့်လမ်းခွဲခဲ့ရတယ်ဆိုတာ ပြောပြလာတဲ့ Miley Cyrus 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Miley Cyrus ဟာ ခင်ပွန်းဟောင်းဖြစ်သူ Liam Hemsworth ကို ချစ်နေဆဲဖြစ်ပြီး အမြဲတမ်းလည်း ချစ်သွားဦးမှာပါလို့ ဆိုလိုက်ပါတယ်။ ဒါ့အပြင် ရုတ်တရက် လက်ထပ်လိုက်ရတဲ့ အကြောင်းရင်းနဲ့ လအနည်းငယ်အတွင်းမှာပဲ ကွာရှင်းပြတ်စဲတဲ့အထိ ဖြစ်ခဲ့ရတဲ့ နောက်ကွယ်က အကြောင်းရင်းကိုလည်း ရင်ဖွင့်လာပါတယ်။

Miley ဟာ ၂၀၁၈ခုနှစ်က လောင်ကျွမ်းခဲ့တဲ့ ကယ်လီဖိုးနီးယားတောမီးကြောင့် သူမရဲ့ မာလီဘူးကမ်းခြေက အိမ်ကြီးနဲ့ ပိုင်ဆိုင်သမျှ အရာအားလုံးကို ဆုံးရှုံးရပြီးတဲ့နောက်မှာ အဖြစ်အပျက်တွေက ထင်ထားသလို မဖြစ်လာဘဲ သူမ သိပ်ချစ်ရတဲ့ Liam နဲ့ပါ လမ်းခွဲပြတ်စဲရတဲ့အထိ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ Howard Stern ရဲ့ SiriusXM radio show မှာ ဒီဇင်ဘာလ(၂)ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ Miley က ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo: mileycyrus/ Instagram

၂၀၁၈ခုနှစ်က လောင်ကျွမ်းခဲ့တဲ့ ကယ်လီဖိုးနီးယားတောမီးဟာ နေအိမ်ပေါင်းများစွာကိုပါ လောင်ကျွမ်းပျက်စီးစေခဲ့ပြီး နာမည်ကျော် အများအပြားရဲ့ နေအိမ်တွေကိုပါ လောင်ကျွမ်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီထဲမှာ Miley ရဲ့ နေအိမ်လည်း ပါဝင်ခဲ့ပြီး အိမ်ထဲမှာ ရှိတဲ့ သူမရဲ့အဖိုးဖျက်မရတဲ့ ပိုင်ဆိုင်မှုတွေအားလုံးဟာလည်း မီးထဲမှာ ပါသွားခဲ့တာ ဖြစ်ပါတယ်။

သူမ တန်ဖိုးထားရတဲ့ အရာအားလုံးကို တောမီးကြောင့် ဆုံးရှုံးလိုက်ရတဲ့ Miley ဟာ စိတ်ဒဏ်ရာကြီးမားစွာ ရရှိခဲ့ပြီး ကျန်ရှိနေခဲ့တဲ့ တစ်ခုတည်းသောဖြစ်တဲ့ ချစ်သူ Liam ကို လိုအပ်တာထက် ပိုမိုတွယ်တာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တောမီးလောင်ကျွမ်းပြီး ခြောက်ပတ်အကြာမှာ Nashville က သူမရဲ့နေအိမ်မှာ အလျင်စလို လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သို့ပေမယ့် အဲ့ဒီ့ဆုံးဖြတ်ချက်ကြောင့်ပဲ သူမတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းဟာ ပျက်စီးသွားခဲ့ရတာလည်း ဖြစ်ပါတယ်။

Photo: mileycyrus/ Instagram

“ကျွန်မတို့က အသက်(၁၆)နှစ်အရွယ်တည်းက အတူတူ ရှိနေခဲ့ကြတာပါ။ ကျွန်မတို့အိမ်က မီးလောင်ပြီး ကုန်သွားတယ်။ အဲ့အချိန်မှာ ကျွန်မတို့က စေ့စပ်ထားတာလေ။ ကျွန်မတို့နှစ်ယောက်လုံးက တကယ် လက်ထပ်ဖို့ကို တွေးခဲ့ကြရဲ့လားတောင် မသိပါဘူး … ” လို့ Miley က ရှင်းပြထားပါတယ်။

Miley နဲ့ Liam တို့ဟာ ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တဲ့ The Last Song ရုပ်ရှင်ရိုက်ကွင်းမှာ စတင်တွေ့ဆုံရင်း ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ Miley ရော၊ Liam ရော နှစ်ယောက်စလုံးမှာ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ရင် ကြွယ်ဝကြတာ မှန်ပေမယ့် မာလီဘူးကမ်းခြေက သူတို့ရဲ့ ချစ်စံအိမ်လေးကတော့ သူတို့နှစ်ယောက်အတွက် အဓိပ္ပာယ်များစွာရှိတဲ့ အိမ်လေး ဖြစ်ခဲ့တာပါ။

Photo: liamhemsworth/ Instagram

Miley တစ်ယောက် စိတ်တိုင်းကျ ဆိုးသွမ်းပြီး Liam ရဲ့ ရင်ခွင်မှာ နောက်ဆုံးတစ်ခေါက် ပြန်လည်ခိုလှုံတုန်းက Malibu ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကို သီဆိုခဲ့ဖူးသလိုပဲ အဲ့ဒီ့အိမ်လေးဟာ သူမရဲ့နားခိုရာ၊ သူမ တန်ဖိုးထားတဲ့အရာတွေအားလုံး ရှိနေခဲ့တဲ့ အိမ်လေး ဖြစ်ခဲ့တာကြောင့်လည်း အခုလို ပျက်စီးဆုံးရှုံးသွားတဲ့အခါ သူမအတွက် ကြီးမားတဲ့ စိတ်ဒဏ်ရာတွေ ဖြစ်စေခဲ့တယ်လို့ တွေးကြည့်နိုင်ပါတယ်။

“မာလီဘူးက ကျွန်မတို့အိမ်ကို ဆုံးရှုံးခဲ့ရတယ်။ ကျွန်မအသံကို နားထောင်နေတဲ့သူတွေဆို သိလိမ့်မယ်။ မီးမလောင်ခင်ကအသံနဲ့ မီးလောင်ပြီးနောက် အသံက မတူတော့ဘူး။ ကျွန်မ ရလိုက်တဲ့ စိတ်ဒဏ်ရာက ကျွန်မအသံကိုတောင် ထိခိုက်စေခဲ့ပါတယ်။ အိမ်မီးလောင်တော့ ကျွန်မက တောင်အာဖရိကမှာ ရောက်နေတာ။ အဲ့တော့ ပြန်လာလို့လည်း မရဘူး။ ကျွန်မ မွေးထားတဲ့ တိရစာ္ဆန်လေးတွေက ကမ်းခြေနားမှာ ကြိုးနဲ့ချည်ထားတာ …” လို့ Miely က ဆိုပါတယ်။

Photo: liamhemsworth/ Instagram

အဲ့ဒီ့အချိန် Liam ဟာ မီးတွေလောင်နေတဲ့ကြားထဲက သူရဲကောင်းဆန်စွာနဲ့ သူတို့နှစ်ဦးမွေးထားတဲ့ တိရစာ္ဆန်လေးတွေကို ကယ်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မ အကုန်လုံး ဆုံးရှုံးခဲ့ရတယ်။ ကျွန်မမှာ Elvis Presley ရဲ့ ဓာတ်ပုံတွေ အများကြီးပဲ။ ကျွန်မကိုချစ်တဲ့ အဘွားတွေက သူတို့လက်ထက်က ရိုက်ထားတဲ့ Elvis ရဲ့ ဓာတ်ပုံတွေကို ကျွန်မကို ပေးထားခဲ့ကြတာ။ ကျွန်မက ကျွန်မသူငယ်ချင်းတွေရဲ့ အဘွားတွေနဲ့ဆို အရမ်းရင်းနှီးတာ။ အဲ့တော့ သူတို့က သူတို့စုဆောင်းထားတဲ့ artist တွေရဲ့ ဓာတ်ပုံတွေ ကျွန်မကို လက်ဆောင်ပေးကြတယ်။ အဲ့ဒါတွေ အကုန် မီးထဲပါသွားတာ … ”

Photo: mileycyrus/ Instagram

“ကျွန်မ အများကြီး ပိုင်ဆိုင်ထားခဲ့တာ။ ပြီးတော့ အကုန်ဆုံးရှုံးလိုက်ရရော။ ကျွန်မ ရေးထားသမျှ သီချင်းတွေအကုန်လုံး အဲ့ဒီ့အိမ်ထဲမှာပဲ။ အဖေတို့၊ အမေတို့ ပေးထားတဲ့ ကျွန်မရဲ့ဓာတ်ပုံတွေ၊ ကျွန်မရဲ့ စာမူတွေ၊ ဇာတ်ညွှန်းတွေ၊ အကုန်လုံးပဲ ပါသွားတာ။ အဲ့တော့လည်း တစ်ခုတွေးမိတာ ရှိတယ်။ ကျွန်မကိုယ်တိုင်က လုံးဝစွန့်လွှတ်နိုင်မှာ မဟုတ်တဲ့အရာတွေကို သဘာဝတရားကြီးက သူ့အလိုလို စွန့်လွှတ်ပြီးသား ဖြစ်သွားအောင် လုပ်သွားတာပါလားလို့လေ … ”

“ကျွန်မအနေနဲ့ကတော့ မီးထဲကို ကိုယ်တိုင် တိုးဝင်မိသလိုပဲ ခံစားရတယ်။ တိရစာ္ဆန်အများစုလည်း အဲ့လိုပဲလေ။ မီးလောင်နေရင် မီးနဲ့လွတ်ရာကို မပြေးဘဲ အပူဒဏ်က ဆွဲဆောင်နေတာကြောင့် မီးဆီကို တည့်တည့် ဝင်ပြေးသလိုပေါ့။ ကျွန်မလို အရမ်းစိတ်ထက်ပြီး ပြင်းပြတဲ့ လူမျိုးကလည်း အဲ့လိုပဲလေ။ ထိုင်လည်းကြည့်မနေနိုင်ဘူး။ ထွက်လည်းမသွားနိုင်ဘူး။ မီးထဲကိုပဲ ဝင်တိုးသလိုပေါ့ … ” လို့ Miley က သူမရဲ့ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။

Photo: mileyandliamfam/ Instagram

Miley ဟာ သူမ တန်ဖိုးထားသမျှ အရာအားလုံးကို ဆုံးရှုံးလိုက်ရပြီး ချစ်သူဖြစ်တဲ့ Liam တစ်ယောက်တည်းကသာ သူမဆီမှာ ရှိနေတော့တဲ့အတွက် ကောက်ရိုးတစ်မျှင်လို အမိအရ ဆုပ်ကိုင်မိလိုက်ပါတော့တယ်။ ဒါကြောင့်လည်း မီးလောင်ပြီး သိပ်မကြာခင်မှာပဲ ရုတ်တရက် လက်ထပ်ပြီး ပရိသတ်တွေကိုပါ အံ့ဩအောင် ပြုလုပ်လိုက်ကြတာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ သူတို့ရဲ့အချစ်ခရီးဟာ တစစီ ဖဲ့ခြွေခံနေရတာကို ဘယ်သူကမှ သတိမထားမိခဲ့ကြပါဘူး။

“အဲ့ဒီ့အိမ်ကနေ ကျန်ရှိခဲ့တဲ့အရာက ကျွန်မနဲ့ သူ နှစ်ယောက်တည်းပဲ။ အဲ့တော့ ကျန်နေတဲ့အရာကို ကျွန်မ ကပ်တွယ်ထားမိတယ်။ ကျွန်မ သူ့ကို သိပ် သိပ်ချစ်ခဲ့ပါတယ်။ အခုလည်း ချစ်နေဆဲပါ။ နောင်ကိုလည်း အမြဲတမ်း ချစ်သွားဦးမှာပါ … ” လို့ Miley က သူမရဲ့ရင်တွင်းခံစားချက်တွေကို ထုတ်ဖော်ပြောပြလာပါတယ်။

Photo: mileyandliamfam/ Instagram

လက်ထပ်ပြီး လအတော်ကြာတဲ့အချိန်မှာတော့ ဇနီးမောင်နှံနှစ်ယောက်ဟာ ကမ္ဘာကြီးရဲ့ မတူညီတဲ့ နှစ်နေရာမှာ တစ်ကွဲစီ ခရီးထွက်နေတာကို တွေ့ခဲ့ရပါတယ်။ Miley က အီတလီက Lake Como မှာ ဘလော့ဂါ Kaitlynn Carter နဲ့ အပန်းဖြေခရီး ထွက်နေတဲ့အချိန် Liam ကတော့ မွေးရပ်မြေ ဩစတျေးလျကို ပြန်သွားခဲ့ပါတယ်။ နှစ်ယောက်ကွဲသွားတဲ့ သတင်းကို Miley ရဲ့ ကိုယ်စားလှယ်က အရင်ဆုံး ထုတ်ပြန်ပေးခဲ့ပြီး နှစ်ပတ်ခန့်အကြာမှာ Liam ဘက်က အရင်ဆုံး ကွာရှင်းခွင့် လျှောက်ထားခဲ့ပါတယ်။

Miley ဟာ Kaitlynn Carter နဲ့ နှစ်လခန့် တွဲခုတ်ပြီးမှာ အဆိုတော် Cody Simpson နဲ့ ဆယ်လခန့် တွဲခဲ့ပါတယ်။ Liam ကတော့ မနှစ်က စတင်ပြီး မော်ဒယ်လ် Gabriella Brooks နဲ့ တွဲလိုက်၊ ပြတ်လိုက် ဖြစ်နေတာ တွေ့ရပါတယ်။ မာလီဘူးက မီးလောင်သွားတဲ့ အိမ်ကိုတော့ နှစ်ယောက်စလုံးက ပြန်လည်တည်ဆောက်ဖို့ စိတ်ကူးရှိကြပုံ မရတော့ပါဘူး။ အခုလက်ရှိမှာ Miley က ကယ်လီဖိုးနီးယားက Hidden Hills မှာ နေထိုင်နေပြီး Liam ကတော့ သူ့အစ်ကို Chris Hemsworth နဲ့ နီးတဲ့ ဩစတျေးလျက Byron Bay မှာ အိမ်တစ်လုံး ဝယ်ယူလိုက်ပြီ ဖြစ်ပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

Miley Cyrus ဟာ ခင္ပြန္းေဟာင္းျဖစ္သူ Liam Hemsworth ကို ခ်စ္ေနဆဲျဖစ္ၿပီး အၿမဲတမ္းလည္း ခ်စ္သြားဦးမွာပါလို႔ ဆိုလိုက္ပါတယ္။ ဒါ့အျပင္ ႐ုတ္တရက္ လက္ထပ္လိုက္ရတဲ့ အေၾကာင္းရင္းနဲ႔ လအနည္းငယ္အတြင္းမွာပဲ ကြာရွင္းျပတ္စဲတဲ့အထိ ျဖစ္ခဲ့ရတဲ့ ေနာက္ကြယ္က အေၾကာင္းရင္းကိုလည္း ရင္ဖြင့္လာပါတယ္။

Miley ဟာ ၂၀၁၈ခုႏွစ္က ေလာင္ကြၽမ္းခဲ့တဲ့ ကယ္လီဖိုးနီးယားေတာမီးေၾကာင့္ သူမရဲ႕ မာလီဘူးကမ္းေျခက အိမ္ႀကီးနဲ႔ ပိုင္ဆိုင္သမွ် အရာအားလုံးကို ဆုံးရႈံးရၿပီးတဲ့ေနာက္မွာ အျဖစ္အပ်က္ေတြက ထင္ထားသလို မျဖစ္လာဘဲ သူမ သိပ္ခ်စ္ရတဲ့ Liam နဲ႔ပါ လမ္းခြဲျပတ္စဲရတဲ့အထိ ျဖစ္လာခဲ့တယ္လို႔ ဆိုပါတယ္။ ဒီအေၾကာင္းကိုေတာ့ Howard Stern ရဲ႕ SiriusXM radio show မွာ ဒီဇင္ဘာလ(၂)ရက္ေန႔တုန္းက ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ Miley က ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

Photo: mileycyrus/ Instagram

၂၀၁၈ခုႏွစ္က ေလာင္ကြၽမ္းခဲ့တဲ့ ကယ္လီဖိုးနီးယားေတာမီးဟာ ေနအိမ္ေပါင္းမ်ားစြာကိုပါ ေလာင္ကြၽမ္းပ်က္စီးေစခဲ့ၿပီး နာမည္ေက်ာ္ အမ်ားအျပားရဲ႕ ေနအိမ္ေတြကိုပါ ေလာင္ကြၽမ္းသြားခဲ့တာ ျဖစ္ပါတယ္။ ဒီထဲမွာ Miley ရဲ႕ ေနအိမ္လည္း ပါဝင္ခဲ့ၿပီး အိမ္ထဲမွာ ရွိတဲ့ သူမရဲ႕အဖိုးဖ်က္မရတဲ့ ပိုင္ဆိုင္မႈေတြအားလုံးဟာလည္း မီးထဲမွာ ပါသြားခဲ့တာ ျဖစ္ပါတယ္။

သူမ တန္ဖိုးထားရတဲ့ အရာအားလုံးကို ေတာမီးေၾကာင့္ ဆုံးရႈံးလိုက္ရတဲ့ Miley ဟာ စိတ္ဒဏ္ရာႀကီးမားစြာ ရရွိခဲ့ၿပီး က်န္ရွိေနခဲ့တဲ့ တစ္ခုတည္းေသာျဖစ္တဲ့ ခ်စ္သူ Liam ကို လိုအပ္တာထက္ ပိုမိုတြယ္တာခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ေတာမီးေလာင္ကြၽမ္းၿပီး ေျခာက္ပတ္အၾကာမွာ Nashville က သူမရဲ႕ေနအိမ္မွာ အလ်င္စလို လက္ထပ္ခဲ့ၾကတာျဖစ္ပါတယ္။ သို႔ေပမယ့္ အဲ့ဒီ့ဆုံးျဖတ္ခ်က္ေၾကာင့္ပဲ သူမတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ခရီးလမ္းဟာ ပ်က္စီးသြားခဲ့ရတာလည္း ျဖစ္ပါတယ္။

Photo: mileycyrus/ Instagram

“ကြၽန္မတို႔က အသက္(၁၆)ႏွစ္အ႐ြယ္တည္းက အတူတူ ရွိေနခဲ့ၾကတာပါ။ ကြၽန္မတို႔အိမ္က မီးေလာင္ၿပီး ကုန္သြားတယ္။ အဲ့အခ်ိန္မွာ ကြၽန္မတို႔က ေစ့စပ္ထားတာေလ။ ကြၽန္မတို႔ႏွစ္ေယာက္လုံးက တကယ္ လက္ထပ္ဖို႔ကို ေတြးခဲ့ၾကရဲ႕လားေတာင္ မသိပါဘူး … ” လို႔ Miley က ရွင္းျပထားပါတယ္။

Miley နဲ႔ Liam တို႔ဟာ ၂၀၁၀ခုႏွစ္က ထြက္ရွိခဲ့တဲ့ The Last Song ႐ုပ္ရွင္႐ိုက္ကြင္းမွာ စတင္ေတြ႕ဆုံရင္း ခ်စ္သူေတြ ျဖစ္ခဲ့ၾကတာပါ။ Miley ေရာ၊ Liam ေရာ ႏွစ္ေယာက္စလုံးမွာ ပစၥည္းဥစၥာ ပိုင္ဆိုင္မႈေတြနဲ႔ ပတ္သက္ရင္ ႂကြယ္ဝၾကတာ မွန္ေပမယ့္ မာလီဘူးကမ္းေျခက သူတို႔ရဲ႕ ခ်စ္စံအိမ္ေလးကေတာ့ သူတို႔ႏွစ္ေယာက္အတြက္ အဓိပၸာယ္မ်ားစြာရွိတဲ့ အိမ္ေလး ျဖစ္ခဲ့တာပါ။

Photo: liamhemsworth/ Instagram

Miley တစ္ေယာက္ စိတ္တိုင္းက် ဆိုးသြမ္းၿပီး Liam ရဲ႕ ရင္ခြင္မွာ ေနာက္ဆုံးတစ္ေခါက္ ျပန္လည္ခိုလႈံတုန္းက Malibu ဆိုတဲ့ သီခ်င္းေလးတစ္ပုဒ္ကို သီဆိုခဲ့ဖူးသလိုပဲ အဲ့ဒီ့အိမ္ေလးဟာ သူမရဲ႕နားခိုရာ၊ သူမ တန္ဖိုးထားတဲ့အရာေတြအားလုံး ရွိေနခဲ့တဲ့ အိမ္ေလး ျဖစ္ခဲ့တာေၾကာင့္လည္း အခုလို ပ်က္စီးဆုံးရႈံးသြားတဲ့အခါ သူမအတြက္ ႀကီးမားတဲ့ စိတ္ဒဏ္ရာေတြ ျဖစ္ေစခဲ့တယ္လို႔ ေတြးၾကည့္ႏိုင္ပါတယ္။

“မာလီဘူးက ကြၽန္မတို႔အိမ္ကို ဆုံးရႈံးခဲ့ရတယ္။ ကြၽန္မအသံကို နားေထာင္ေနတဲ့သူေတြဆို သိလိမ့္မယ္။ မီးမေလာင္ခင္ကအသံနဲ႔ မီးေလာင္ၿပီးေနာက္ အသံက မတူေတာ့ဘူး။ ကြၽန္မ ရလိုက္တဲ့ စိတ္ဒဏ္ရာက ကြၽန္မအသံကိုေတာင္ ထိခိုက္ေစခဲ့ပါတယ္။ အိမ္မီးေလာင္ေတာ့ ကြၽန္မက ေတာင္အာဖရိကမွာ ေရာက္ေနတာ။ အဲ့ေတာ့ ျပန္လာလို႔လည္း မရဘူး။ ကြၽန္မ ေမြးထားတဲ့ တိရစာၦန္ေလးေတြက ကမ္းေျခနားမွာ ႀကိဳးနဲ႔ခ်ည္ထားတာ …” လို႔ Miely က ဆိုပါတယ္။

Photo: liamhemsworth/ Instagram

အဲ့ဒီ့အခ်ိန္ Liam ဟာ မီးေတြေလာင္ေနတဲ့ၾကားထဲက သူရဲေကာင္းဆန္စြာနဲ႔ သူတို႔ႏွစ္ဦးေမြးထားတဲ့ တိရစာၦန္ေလးေတြကို ကယ္ထုတ္ေပးခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္မ အကုန္လုံး ဆုံးရႈံးခဲ့ရတယ္။ ကြၽန္မမွာ Elvis Presley ရဲ႕ ဓာတ္ပုံေတြ အမ်ားႀကီးပဲ။ ကြၽန္မကိုခ်စ္တဲ့ အဘြားေတြက သူတို႔လက္ထက္က ႐ိုက္ထားတဲ့ Elvis ရဲ႕ ဓာတ္ပုံေတြကို ကြၽန္မကို ေပးထားခဲ့ၾကတာ။ ကြၽန္မက ကြၽန္မသူငယ္ခ်င္းေတြရဲ႕ အဘြားေတြနဲ႔ဆို အရမ္းရင္းႏွီးတာ။ အဲ့ေတာ့ သူတို႔က သူတို႔စုေဆာင္းထားတဲ့ artist ေတြရဲ႕ ဓာတ္ပုံေတြ ကြၽန္မကို လက္ေဆာင္ေပးၾကတယ္။ အဲ့ဒါေတြ အကုန္ မီးထဲပါသြားတာ … ”

Photo: mileycyrus/ Instagram

“ကြၽန္မ အမ်ားႀကီး ပိုင္ဆိုင္ထားခဲ့တာ။ ၿပီးေတာ့ အကုန္ဆုံးရႈံးလိုက္ရေရာ။ ကြၽန္မ ေရးထားသမွ် သီခ်င္းေတြအကုန္လုံး အဲ့ဒီ့အိမ္ထဲမွာပဲ။ အေဖတို႔၊ အေမတို႔ ေပးထားတဲ့ ကြၽန္မရဲ႕ဓာတ္ပုံေတြ၊ ကြၽန္မရဲ႕ စာမူေတြ၊ ဇာတ္ၫႊန္းေတြ၊ အကုန္လုံးပဲ ပါသြားတာ။ အဲ့ေတာ့လည္း တစ္ခုေတြးမိတာ ရွိတယ္။ ကြၽန္မကိုယ္တိုင္က လုံးဝစြန႔္လႊတ္ႏိုင္မွာ မဟုတ္တဲ့အရာေတြကို သဘာဝတရားႀကီးက သူ႔အလိုလို စြန႔္လႊတ္ၿပီးသား ျဖစ္သြားေအာင္ လုပ္သြားတာပါလားလို႔ေလ … ”

“ကြၽန္မအေနနဲ႔ကေတာ့ မီးထဲကို ကိုယ္တိုင္ တိုးဝင္မိသလိုပဲ ခံစားရတယ္။ တိရစာၦန္အမ်ားစုလည္း အဲ့လိုပဲေလ။ မီးေလာင္ေနရင္ မီးနဲ႔လြတ္ရာကို မေျပးဘဲ အပူဒဏ္က ဆြဲေဆာင္ေနတာေၾကာင့္ မီးဆီကို တည့္တည့္ ဝင္ေျပးသလိုေပါ့။ ကြၽန္မလို အရမ္းစိတ္ထက္ၿပီး ျပင္းျပတဲ့ လူမ်ိဳးကလည္း အဲ့လိုပဲေလ။ ထိုင္လည္းၾကည့္မေနႏိုင္ဘူး။ ထြက္လည္းမသြားႏိုင္ဘူး။ မီးထဲကိုပဲ ဝင္တိုးသလိုေပါ့ … ” လို႔ Miley က သူမရဲ႕ခံစားခ်က္ေတြကို ေျပာျပခဲ့ပါတယ္။

Photo: mileyandliamfam/ Instagram

Miley ဟာ သူမ တန္ဖိုးထားသမွ် အရာအားလုံးကို ဆုံးရႈံးလိုက္ရၿပီး ခ်စ္သူျဖစ္တဲ့ Liam တစ္ေယာက္တည္းကသာ သူမဆီမွာ ရွိေနေတာ့တဲ့အတြက္ ေကာက္႐ိုးတစ္မွ်င္လို အမိအရ ဆုပ္ကိုင္မိလိုက္ပါေတာ့တယ္။ ဒါေၾကာင့္လည္း မီးေလာင္ၿပီး သိပ္မၾကာခင္မွာပဲ ႐ုတ္တရက္ လက္ထပ္ၿပီး ပရိသတ္ေတြကိုပါ အံ့ဩေအာင္ ျပဳလုပ္လိုက္ၾကတာ ျဖစ္ပါတယ္။ တစ္ဖက္မွာေတာ့ သူတို႔ရဲ႕အခ်စ္ခရီးဟာ တစစီ ဖဲ့ေႁခြခံေနရတာကို ဘယ္သူကမွ သတိမထားမိခဲ့ၾကပါဘူး။

“အဲ့ဒီ့အိမ္ကေန က်န္ရွိခဲ့တဲ့အရာက ကြၽန္မနဲ႔ သူ ႏွစ္ေယာက္တည္းပဲ။ အဲ့ေတာ့ က်န္ေနတဲ့အရာကို ကြၽန္မ ကပ္တြယ္ထားမိတယ္။ ကြၽန္မ သူ႔ကို သိပ္ သိပ္ခ်စ္ခဲ့ပါတယ္။ အခုလည္း ခ်စ္ေနဆဲပါ။ ေနာင္ကိုလည္း အၿမဲတမ္း ခ်စ္သြားဦးမွာပါ … ” လို႔ Miley က သူမရဲ႕ရင္တြင္းခံစားခ်က္ေတြကို ထုတ္ေဖာ္ေျပာျပလာပါတယ္။

Photo: mileyandliamfam/ Instagram

လက္ထပ္ၿပီး လအေတာ္ၾကာတဲ့အခ်ိန္မွာေတာ့ ဇနီးေမာင္ႏွံႏွစ္ေယာက္ဟာ ကမာၻႀကီးရဲ႕ မတူညီတဲ့ ႏွစ္ေနရာမွာ တစ္ကြဲစီ ခရီးထြက္ေနတာကို ေတြ႕ခဲ့ရပါတယ္။ Miley က အီတလီက Lake Como မွာ ဘေလာ့ဂါ Kaitlynn Carter နဲ႔ အပန္းေျဖခရီး ထြက္ေနတဲ့အခ်ိန္ Liam ကေတာ့ ေမြးရပ္ေျမ ဩစေတ်းလ်ကို ျပန္သြားခဲ့ပါတယ္။ ႏွစ္ေယာက္ကြဲသြားတဲ့ သတင္းကို Miley ရဲ႕ ကိုယ္စားလွယ္က အရင္ဆုံး ထုတ္ျပန္ေပးခဲ့ၿပီး ႏွစ္ပတ္ခန႔္အၾကာမွာ Liam ဘက္က အရင္ဆုံး ကြာရွင္းခြင့္ ေလွ်ာက္ထားခဲ့ပါတယ္။

Miley ဟာ Kaitlynn Carter နဲ႔ ႏွစ္လခန႔္ တြဲခုတ္ၿပီးမွာ အဆိုေတာ္ Cody Simpson နဲ႔ ဆယ္လခန႔္ တြဲခဲ့ပါတယ္။ Liam ကေတာ့ မႏွစ္က စတင္ၿပီး ေမာ္ဒယ္လ္ Gabriella Brooks နဲ႔ တြဲလိုက္၊ ျပတ္လိုက္ ျဖစ္ေနတာ ေတြ႕ရပါတယ္။ မာလီဘူးက မီးေလာင္သြားတဲ့ အိမ္ကိုေတာ့ ႏွစ္ေယာက္စလုံးက ျပန္လည္တည္ေဆာက္ဖို႔ စိတ္ကူးရွိၾကပုံ မရေတာ့ပါဘူး။ အခုလက္ရွိမွာ Miley က ကယ္လီဖိုးနီးယားက Hidden Hills မွာ ေနထိုင္ေနၿပီး Liam ကေတာ့ သူ႔အစ္ကို Chris Hemsworth နဲ႔ နီးတဲ့ ဩစေတ်းလ်က Byron Bay မွာ အိမ္တစ္လုံး ဝယ္ယူလိုက္ၿပီ ျဖစ္ပါတယ္။

Glasgow

Source: hollywood life

 

 

RELATED ARTICLES

Most Popular