HomeCelebs Update NewsInternationalLiam Hemsworth နဲ့ကွဲပြီးနောက် ဗီလိန်ဇာတ်သွင်းခံခဲ့ရတယ်လို့ ပြောလာတဲ့ Miley Cyrus 

Liam Hemsworth နဲ့ကွဲပြီးနောက် ဗီလိန်ဇာတ်သွင်းခံခဲ့ရတယ်လို့ ပြောလာတဲ့ Miley Cyrus 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အဆိုတော်၊ သရုပ်ဆောင် Miley Cyrus ဟာ Call Her Daddy ဆိုတဲ့ လက်ရှိရေပန်းစားနေတဲ့ podcast တစ်ခုမှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့ပြီး Liam Hemsworth နဲ့ သူမရဲ့ကြားထဲက အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ခံစားချက်တွေကို ဖွင့်ဟခဲ့ပါတယ်။

Miley Cyrus ဟာ နှစ်ပေါင်းများစွာ လူသိရှင်ကြား တွဲခဲ့ပြီး လက်ပါထပ်ခဲ့ဖူးတဲ့ ခင်ပွန်းဟောင်း Liam Hemsworth နဲ့ ပတ်သက်တဲ့ ခံစားချက်တွေနဲ့ သူမရဲ့ relationship အပေါ် အမြင်တွေကို Alexandra Cooper ရဲ့ podcast မှာ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

“အစတုန်းကတော့ နှစ်အကြာကြီး လက်တွဲခဲ့တဲ့ အချစ်ရေးတစ်ခုကနေ ကျောခိုင်းလာခဲ့ရတာဟာ အဆင်မပြေခဲ့ပါဘူး။ တကယ် သောကတွေလည်း ရောက်ခဲ့ပါတယ်… ” လို့ Miley က ဆိုပါတယ်။

Photo: mileycyrus/ Instagram

“အခုကျတော့ အဲ့ဒီ့အချိန်ကို ပြန်မြင်ယောင်ကြည့်လိုက်ရင် စိတ်ထဲမှာ နှစ်သက်တယ်။ လေးစားတယ်။ ဆယ်နှစ်လောက် ရှိခဲ့တဲ့ ကျွန်မရဲ့အချစ်ရေးဟာ ကျွန်မဘဝအတွက်တော့ တကယ် အံ့ဩဖို့ကောင်းခဲ့တဲ့ အချိန်တွေပါပဲ … ” လို့ ဆိုပြီး ၂၀၀၉ခုနှစ် The Last Song ရုပ်ရှင်ရိုက်ကွင်းမှာ စတင် ဆုံတွေ့ခဲ့တဲ့ သူမရဲ့ချစ်သူ၊ ခင်ပွန်းဟောင်း Liam Hemsworth နဲ့ အချစ်ရေးကို ပြန်ပြောင်း ပြောပြထားပါတယ်။

သူမဟာ ခင်ပွန်းသည် Liam နဲ့ လမ်းခွဲပြီး လအနည်းငယ်အကြာမှာပဲ အဆိုတော် Cody Simpson နဲ့ တွဲခုတ်ခဲ့တဲ့အပေါ်မှာလည်း လူထုရဲ့ဝေဖန်မှုများစွာကို ရရှိခဲ့ပါတယ်။ “ကျွန်မကတော့ သာမန် မိန်းမတစ်ယောက်လိုပဲ ခံစားခဲ့တာပါ။ ဒါပေမယ့် ကျွန်မက ကိုယ့်ဘဝကိုယ် ရှေ့ဆက်တဲ့အပေါ်မှာ လူတွေက ဗီလိန်တစ်ယောက်လို သတ်မှတ်ကြတာတော့ တကယ် လက်သင့်မခံနိုင်ဘူး… ” လို့ သူမကို ဝေဖန်ကြတဲ့အပေါ် သူမရဲ့အမြင်ကို ရင်ဖွင့်ထားပါတယ်။

Photo: mileycyrus/ Instagram

ဟောလိဝုဒ်ဟာ ကျား၊မ ခွဲခြားဆက်ဆံရေးတွေ မရှိဘူးလို့ ထင်ရပေမယ့် ယောက်ျားသားတွေဖြစ်တဲ့ George Clooney ၊ Brad Pitt ၊ Johnny Depp တို့လို မိန်းမတွေ တန်းစီပြီး တွဲထားကြသူတွေကိုတော့ ဂုဏ်ယူစရာတစ်ခုလို ပြောဆိုနေကြပေမယ့် အမျိုးသမီးတွေရဲ့ dating list က ရှည်နေရင်တော့ ပြောချင်ဆိုချင်ကြတာဟာ အဆင်မပြေဘူးလို့လည်း ဆိုပါတယ်။

Miley ဟာ လူတွေက သူမကို လိင်စိတ်ပြင်းထန်သူတစ်ယောက်လို့ တံဆိပ်ကပ်ကြတဲ့အပေါ်မှာလည်း အခုလို ပြောပြထားပါတယ်။ “လူတွေက ကျွန်မရဲ့ sexuality ကြောင့် ကျွန်မကို ဗီလိန်တစ်ယောက်လို ပိုပြီး မကောင်းပြောချင်ကြတယ်လို့ ကျွန်မတော့ ထင်ပါတယ်။ ဒါပေမယ့် သူတို့က ကျွန်မရဲ့ကိုယ်ပိုင်အကျင့်စရိုက်အပေါ် ကျွန်မက သစ္စာမရှိတဲ့ပုံစံမျိုး ပြောချင်ကြတယ်။ ကျွန်မရဲ့အကျင့်စရိုက်ဆိုတာ ကျွန်မအတွက်တော့ အရာရာပဲ။ အဲ့ဒါက ကျွန်မကို မောင်းနှင်ပေးနေတဲ့ အခြေခံအုတ်မြစ်ပဲ … ” လို့ Miley က ဆိုပါတယ်။

Photo: mileyandliamhem/ Instagram

ဒါ့အပြင် Miley ဟာ ရှော့ခ်ရစရာ အတွင်းရေးတစ်ခုကိုလည်း ထုတ်ပြောထားပါသေးတယ်။ အဲ့ဒါကတော့ သူမရဲ့အသက်(၁၆)နှစ်အရွယ်မှာ ချစ်သူ ဩစတျေးလျမင်းသားဆီမှာ သူမရဲ့အပျိုစင်ဘဝကို ဆုံးရှုံးခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။ “ကျွန်မအသက်(၁၆)နှစ်အထိ ဘယ်ယောက်ျားလေးနဲ့မှ အဲ့လိုမပတ်သက်ခဲ့ဖူးပါဘူး။ ဒါပေမယ့် ကျွန်မ ပတ်သက်မိသွားတဲ့သူနဲ့ကျတော့ လက်ပါထပ်ဖြစ်သွားတယ်… ” လို့ Miley က ပြောပြထားပါတယ်။

Miley ဟာ ၂၀၁၀ခုနှစ်က The Last Song ရုပ်ရှင်မှာ Liam နဲ့ တွေ့ဆုံခဲ့တုန်းက အသက်(၁၆)နှစ်ပဲ ရှိပါသေးတယ်။ ဒီလိုနဲ့ နှစ်နှစ်ကြာ ချစ်သူဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ စေ့စပ်ခဲ့ကြပါတယ်။ သို့ပေမယ့် ၂၀၁၃ခုနှစ်မှာ လမ်းခွဲခဲ့ကြပြန်ပါတယ်။ Miley ဟာ အဲ့ဒီ့ကာလမှာ လူတွေ အတော်လေး ဝေဖန်ခဲ့ကြတဲ့ အပြုအမူတွေကို တမင် ရည်ရွယ်ချက်နဲ့ ပြုလုပ်ပြခဲ့ပါတယ်။

Photo: mileycyrus/ Instagram

ဒါပေမယ့် ၂၀၁၅ခုနှစ် ဒီဇင်ဘာလလောက်မှာ Liam နဲ့ ပြန်ဆုံဖြစ်ပြီး ချစ်သူတွေအဖြစ် ပြန်တွဲခဲ့ကြပါတယ်။ ၂၀၁၆ခုနှစ်မှာတော့ နောက်ထပ်တစ်ခါ တိတ်တိတ်လေး စေ့စပ်ခဲ့ကြပြန်ပါတယ်။ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့မှာ Nashville က သူမရဲ့နေအိမ်မှာ လက်ထပ်ပြီး ရှစ်လအကြာမှာတော့ Liam နဲ့ ကွာရှင်းခဲ့ကြပါတယ်။

Liam နဲ့ ကွာရှင်းတဲ့တစ်ချိန်တည်းမှာပဲ ဘလော့ဂါ Kaitlynn Carter နဲ့ တွဲခဲ့ပြီး နောက်ထပ် လအနည်းငယ်အကြာ ၂၀၁၉ခုနှစ် အောက်တိုဘာလမှာတော့ အဆိုတော် Cody Simpson နဲ့ တွဲခဲ့ပါတယ်။ သို့ပေမယ့် လောလောလတ်လတ် အသစ်ထွက်ထားတဲ့ သူမရဲ့သီချင်း Midnight Sky ထဲမှာတော့ သူမဟာ ဘယ်သူနဲ့မှ မသက်ဆိုင်တဲ့အကြောင်း စပ်ဆိုထားတာကို တွေ့ရပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

အဆိုေတာ္၊ သ႐ုပ္ေဆာင္ Miley Cyrus ဟာ Call Her Daddy ဆိုတဲ့ လက္ရွိေရပန္းစားေနတဲ့ podcast တစ္ခုမွာ ဧည့္သည္အျဖစ္ ပါဝင္ခဲ့ၿပီး Liam Hemsworth နဲ႔ သူမရဲ႕ၾကားထဲက အခ်စ္ေရး၊ အိမ္ေထာင္ေရးနဲ႔ ပတ္သက္တဲ့ ခံစားခ်က္ေတြကို ဖြင့္ဟခဲ့ပါတယ္။

Miley Cyrus ဟာ ႏွစ္ေပါင္းမ်ားစြာ လူသိရွင္ၾကား တြဲခဲ့ၿပီး လက္ပါထပ္ခဲ့ဖူးတဲ့ ခင္ပြန္းေဟာင္း Liam Hemsworth နဲ႔ ပတ္သက္တဲ့ ခံစားခ်က္ေတြနဲ႔ သူမရဲ႕ relationship အေပၚ အျမင္ေတြကို Alexandra Cooper ရဲ႕ podcast မွာ ပြင့္ပြင့္လင္းလင္း ေျပာျပခဲ့တာ ျဖစ္ပါတယ္။

“အစတုန္းကေတာ့ ႏွစ္အၾကာႀကီး လက္တြဲခဲ့တဲ့ အခ်စ္ေရးတစ္ခုကေန ေက်ာခိုင္းလာခဲ့ရတာဟာ အဆင္မေျပခဲ့ပါဘူး။ တကယ္ ေသာကေတြလည္း ေရာက္ခဲ့ပါတယ္… ” လို႔ Miley က ဆိုပါတယ္။

Photo: mileycyrus/ Instagram

“အခုက်ေတာ့ အဲ့ဒီ့အခ်ိန္ကို ျပန္ျမင္ေယာင္ၾကည့္လိုက္ရင္ စိတ္ထဲမွာ ႏွစ္သက္တယ္။ ေလးစားတယ္။ ဆယ္ႏွစ္ေလာက္ ရွိခဲ့တဲ့ ကြၽန္မရဲ႕အခ်စ္ေရးဟာ ကြၽန္မဘဝအတြက္ေတာ့ တကယ္ အံ့ဩဖို႔ေကာင္းခဲ့တဲ့ အခ်ိန္ေတြပါပဲ … ” လို႔ ဆိုၿပီး ၂၀၀၉ခုႏွစ္ The Last Song ႐ုပ္ရွင္႐ိုက္ကြင္းမွာ စတင္ ဆုံေတြ႕ခဲ့တဲ့ သူမရဲ႕ခ်စ္သူ၊ ခင္ပြန္းေဟာင္း Liam Hemsworth နဲ႔ အခ်စ္ေရးကို ျပန္ေျပာင္း ေျပာျပထားပါတယ္။

သူမဟာ ခင္ပြန္းသည္ Liam နဲ႔ လမ္းခြဲၿပီး လအနည္းငယ္အၾကာမွာပဲ အဆိုေတာ္ Cody Simpson နဲ႔ တြဲခုတ္ခဲ့တဲ့အေပၚမွာလည္း လူထုရဲ႕ေဝဖန္မႈမ်ားစြာကို ရရွိခဲ့ပါတယ္။ “ကြၽန္မကေတာ့ သာမန္ မိန္းမတစ္ေယာက္လိုပဲ ခံစားခဲ့တာပါ။ ဒါေပမယ့္ ကြၽန္မက ကိုယ့္ဘဝကိုယ္ ေရွ႕ဆက္တဲ့အေပၚမွာ လူေတြက ဗီလိန္တစ္ေယာက္လို သတ္မွတ္ၾကတာေတာ့ တကယ္ လက္သင့္မခံႏိုင္ဘူး… ” လို႔ သူမကို ေဝဖန္ၾကတဲ့အေပၚ သူမရဲ႕အျမင္ကို ရင္ဖြင့္ထားပါတယ္။

Photo: mileycyrus/ Instagram

ေဟာလိဝုဒ္ဟာ က်ား၊မ ခြဲျခားဆက္ဆံေရးေတြ မရွိဘူးလို႔ ထင္ရေပမယ့္ ေယာက္်ားသားေတြျဖစ္တဲ့ George Clooney ၊ Brad Pitt ၊ Johnny Depp တို႔လို မိန္းမေတြ တန္းစီၿပီး တြဲထားၾကသူေတြကိုေတာ့ ဂုဏ္ယူစရာတစ္ခုလို ေျပာဆိုေနၾကေပမယ့္ အမ်ိဳးသမီးေတြရဲ႕ dating list က ရွည္ေနရင္ေတာ့ ေျပာခ်င္ဆိုခ်င္ၾကတာဟာ အဆင္မေျပဘူးလို႔လည္း ဆိုပါတယ္။

Miley ဟာ လူေတြက သူမကို လိင္စိတ္ျပင္းထန္သူတစ္ေယာက္လို႔ တံဆိပ္ကပ္ၾကတဲ့အေပၚမွာလည္း အခုလို ေျပာျပထားပါတယ္။ “လူေတြက ကြၽန္မရဲ႕ sexuality ေၾကာင့္ ကြၽန္မကို ဗီလိန္တစ္ေယာက္လို ပိုၿပီး မေကာင္းေျပာခ်င္ၾကတယ္လို႔ ကြၽန္မေတာ့ ထင္ပါတယ္။ ဒါေပမယ့္ သူတို႔က ကြၽန္မရဲ႕ကိုယ္ပိုင္အက်င့္စ႐ိုက္အေပၚ ကြၽန္မက သစၥာမရွိတဲ့ပုံစံမ်ိဳး ေျပာခ်င္ၾကတယ္။ ကြၽန္မရဲ႕အက်င့္စ႐ိုက္ဆိုတာ ကြၽန္မအတြက္ေတာ့ အရာရာပဲ။ အဲ့ဒါက ကြၽန္မကို ေမာင္းႏွင္ေပးေနတဲ့ အေျခခံအုတ္ျမစ္ပဲ … ” လို႔ Miley က ဆိုပါတယ္။

Photo: mileyandliamhem/ Instagram

ဒါ့အျပင္ Miley ဟာ ေရွာ့ခ္ရစရာ အတြင္းေရးတစ္ခုကိုလည္း ထုတ္ေျပာထားပါေသးတယ္။ အဲ့ဒါကေတာ့ သူမရဲ႕အသက္(၁၆)ႏွစ္အ႐ြယ္မွာ ခ်စ္သူ ဩစေတ်းလ်မင္းသားဆီမွာ သူမရဲ႕အပ်ိဳစင္ဘဝကို ဆုံးရႈံးခဲ့တဲ့အေၾကာင္း ျဖစ္ပါတယ္။ “ကြၽန္မအသက္(၁၆)ႏွစ္အထိ ဘယ္ေယာက္်ားေလးနဲ႔မွ အဲ့လိုမပတ္သက္ခဲ့ဖူးပါဘူး။ ဒါေပမယ့္ ကြၽန္မ ပတ္သက္မိသြားတဲ့သူနဲ႔က်ေတာ့ လက္ပါထပ္ျဖစ္သြားတယ္… ” လို႔ Miley က ေျပာျပထားပါတယ္။

Miley ဟာ ၂၀၁၀ခုႏွစ္က The Last Song ႐ုပ္ရွင္မွာ Liam နဲ႔ ေတြ႕ဆုံခဲ့တုန္းက အသက္(၁၆)ႏွစ္ပဲ ရွိပါေသးတယ္။ ဒီလိုနဲ႔ ႏွစ္ႏွစ္ၾကာ ခ်စ္သူျဖစ္ၿပီး ၂၀၁၂ခုႏွစ္မွာ ေစ့စပ္ခဲ့ၾကပါတယ္။ သို႔ေပမယ့္ ၂၀၁၃ခုႏွစ္မွာ လမ္းခြဲခဲ့ၾကျပန္ပါတယ္။ Miley ဟာ အဲ့ဒီ့ကာလမွာ လူေတြ အေတာ္ေလး ေဝဖန္ခဲ့ၾကတဲ့ အျပဳအမူေတြကို တမင္ ရည္႐ြယ္ခ်က္နဲ႔ ျပဳလုပ္ျပခဲ့ပါတယ္။

Photo: mileycyrus/ Instagram

ဒါေပမယ့္ ၂၀၁၅ခုႏွစ္ ဒီဇင္ဘာလေလာက္မွာ Liam နဲ႔ ျပန္ဆုံျဖစ္ၿပီး ခ်စ္သူေတြအျဖစ္ ျပန္တြဲခဲ့ၾကပါတယ္။ ၂၀၁၆ခုႏွစ္မွာေတာ့ ေနာက္ထပ္တစ္ခါ တိတ္တိတ္ေလး ေစ့စပ္ခဲ့ၾကျပန္ပါတယ္။ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ(၂၃)ရက္ေန႔မွာ Nashville က သူမရဲ႕ေနအိမ္မွာ လက္ထပ္ၿပီး ရွစ္လအၾကာမွာေတာ့ Liam နဲ႔ ကြာရွင္းခဲ့ၾကပါတယ္။

Liam နဲ႔ ကြာရွင္းတဲ့တစ္ခ်ိန္တည္းမွာပဲ ဘေလာ့ဂါ Kaitlynn Carter နဲ႔ တြဲခဲ့ၿပီး ေနာက္ထပ္ လအနည္းငယ္အၾကာ ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလမွာေတာ့ အဆိုေတာ္ Cody Simpson နဲ႔ တြဲခဲ့ပါတယ္။ သို႔ေပမယ့္ ေလာေလာလတ္လတ္ အသစ္ထြက္ထားတဲ့ သူမရဲ႕သီခ်င္း Midnight Sky ထဲမွာေတာ့ သူမဟာ ဘယ္သူနဲ႔မွ မသက္ဆိုင္တဲ့အေၾကာင္း စပ္ဆိုထားတာကို ေတြ႕ရပါတယ္။

Glasgow

Source: hollywood life

 

 

RELATED ARTICLES

Most Popular