HomeCharacterStranger Things ဇာတ်လမ်းတွဲထဲက Mind Flayer ကြီးရဲ့ စွမ်းအားများ

Stranger Things ဇာတ်လမ်းတွဲထဲက Mind Flayer ကြီးရဲ့ စွမ်းအားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Mind Flayer ဟာ Stranger Things စီးရီးထဲမှာ မြင်တွေ့ခဲ့ရသမျှ ဗီလိန်တွေထဲမှာ အန္တရာယ်အများဆုံးနဲ့ စွမ်းအားအကြီးဆုံး ဗီလိန်တစ်ယောက် ဖြစ်ပါတယ်။ သူဟာ ဒုတိယ season မှာ ပထမဆုံးအနေနဲ့ ပါဝင်လာခဲ့ပြီး Shadow Monster လို့လည်း ခေါ်ပါသေးတယ်။ စတင်ပါဝင်လာခဲ့တုန်းကတော့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မရှိဘဲ တတိယ season မှာမှ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပါ ရှိလာတာကြောင့် ပိုပြီးတော့ အန္တရာယ်များလာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Mind Flayer (Shadow Monster)ရဲ့ စွမ်းအားတွေကို season 3 အပြီးထိ သိထားသရလောက် ဖော်ပြပေးချင်ပါတယ်။

Hive Mind
photo via screenrant

Mind Flayer ကိုတော့ ဒုတိယ season မှာ ပထမဆုံး မြင်တွေ့ခဲ့ရပြီး သူဟာ Upside Down ထဲက တစ်ခြားသတ္တဝါတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားရှိပါတယ်။ အဲ့ဒါကြောင့် Demogorgon နဲ့ Demodog တို့ကို လိုသလို ထိန်းချုပ်နိုင်တဲ့အပြင် သူတို့အားလုံးနဲ့ စိတ်ချင်းဆက်သွယ်နေပါတယ်။ ဒါကြောင့်လည်း Demogorgon တွေနဲ့ Demodog တွေအားလုံး ကြုံတွေ့ရသမျှ အရာတိုင်းကို Mind Flayer က သိရှိနေတာ ဖြစ်ပါတယ်။

လူသားတွေကို ပူးကပ်နိုင်ခြင်း
photo via screenrant

Mind Flayer ဟာ လူသားကို လက်ခံကောင်အဖြစ် အသုံးပြုနိုင်ဖို့အတွက် လူသားတွေကိုလည်း ပူးကပ်လို့ရပါတယ်။ သူ့ရဲ့ဒီအစွမ်းကိုတော့ ဒုတိယ season မှာ Will နဲ့ တတိယ season မှာ Billy ကို ပူးကပ်ခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ လူတစ်ယောက်ဟာ Mind Flayer ပူးကပ်ခံလိုက်ရရင် အစပိုင်းမှာ ဘာမှသိပ်မဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အဲ့ဒီလူရဲ့စိတ်နဲ့ ခန္ဓာကိုယ်ကိုပါ သူက ထိန်းချုပ်လို့ ရသွားပါတယ်။ တတိယ season ထဲမှာဆိုရင် Mind Flayer ဟာ လူတွေအများကြီးကို ပူးကပ်ခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင်စစ်တပ်အဖြစ် ထူထောင်ခဲ့ပါတယ်။ ဒါ့အပြင် ပူးကပ်ခံလိုက်ရတဲ့ လူတွေအပေါ်မှာလည်း သူ့ရဲ့ Hive Mind ဟာ သက်ရောက်မှု ရှိပါတယ်။

Biokinesis
photo via screenrant

ဒုတိယ season ထဲမှာ Eleven ဟာ ဂိတ်ပေါက်ကို ပိတ်ပြီးသွားတဲ့နောက်မှာ Will ကို ပူးကပ်ထားတဲ့ Mind Flayer ရဲ့ အပိုင်းအစဟာ Hawkins မြို့မှာ ကျန်နေခဲ့ပါတယ်။ တတိယ season ထဲမှာတော့ Starcourt Mall ရဲ့အောက်မှာ ဂိတ်ပေါက်ဝအသစ် ပွင့်လာတဲ့အချိန်မှာ တစ်ခြားဒိုင်မေးရှင်းထဲမှာ ရှိနေတဲ့ Mind Flayer ရဲ့ အစိတ်အပိုင်းတွေဟာ Hawkins မြို့ပေါ်ကို ရောက်လာခဲ့ပါတယ်။

အဲ့ဒီအစိတ်အပိုင်းတွေဟာ အစတုန်းကတော့ ကြွက်တွေကို ပူးကပ်ခဲ့ပြီး နောက်ပိုင်းမှာ လူတွေကိုပါ ပူးကပ်ခဲ့ပါတယ်။ အဲ့ဒီကြွက်တွေဟာ အရည်ပျော်ကျသွားပြီး Mind Flayer ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဆေးရုံထဲမှာ လူနှစ်ယောက် အရည်ပျော်ကျသွားပြီး ပေါင်းစပ်သွားတဲ့အချိန်မှာတော့ ပင့်ကူလိုပုံစံ မကောင်းဆိုးဝါး ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ပူးကပ်ခံထားရတဲ့ လူတွေအကုန်လုံး ပေါင်းစပ်သွားတဲ့အချိန်မှာတော့ Mind Flayer အတွက် ဧရာမ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကြီး ရရှိလာခဲ့ပါတယ်။

စွမ်းအားစုပ်ယူခြင်း
photo via screenrant

တတိယ season ပြီးကာနီး အချိန်လောက်မှာတော့ Mind Flayer ဟာ Eleven နဲ့ သူ့ရဲ့သူငယ်ချင်းတွေကို Hopper ရဲ့သစ်လုံးအိမ်ထဲမှာ တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Mind Flayer ရဲ့ ရေဘဝဲလက်တံလို အရာတစ်ခုဟာ Eleven ကို ကိုက်သွားပြီး သူ့ရဲ့အပိုင်းအစတစ်ခုကို ခြေထောက်ထဲမှာ ထားခဲ့ပါတယ်။

အဲ့ဒီဒဏ်ရာကြောင့်ပဲ Eleven ဟာ အားနည်းလာပြီး သူမရဲ့စွမ်းအားတွေကလည်း တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားခဲ့ပါတယ်။ Mind Flayer ကို အနိုင်ယူပြီးလို့ လတွေကြာသွားတဲ့အချိန်မှာတောင် Eleven ဟာ သူမရဲ့စွမ်းအားတွေကို ပြန်မရရှိသေးပါဘူး။ အဲ့ဒါကြောင့် Mind Flayer ဟာ Eleven ကို ကိုက်ပြီးနောက်မှာ တစ်နည်းနည်းနဲ့ စွမ်းအားတွေကို စုပ်ယူသွားတယ်လို့ ယူဆလို့ရပါတယ်။

ရာသီဥတုကို ထိန်းချုပ်နိုင်ခြင်း
photo via screenrant

ဒုတိယ season ထဲမှာဆိုရင်လည်း Will ဟာ Mind Flayer ကို မြင်လိုက်ရတဲ့အချိန်တိုင်းမှာ Mind Flayer ရဲ့ ပတ်ပတ်လည်မှာ မုန်တိုင်းတိုက်ကာနီး တိမ်တိုက်တွေနဲ့ အနီရောင် လျှပ်စီးကြောင်းတွေကို မြင်ရလေ့ ရှိပါတယ်။ ဒါ့အပြင် Billy ဟာ Mind Flayer ရဲ့ ထိန်းချုပ်မှုကို ခံထားရတာကြောင့် Eleven က သူ့ရဲ့စိတ်ထဲကို ဝင်ကြည့်တဲ့အခါမှာလည်း အဲ့ဒီပုံစံအတိုင်း တစ်ထပ်တည်း မြင်တွေ့ခဲ့ရပါတယ်။ အခုလိုမျိူး ရာသီဥတုပြောင်းလဲမှုဟာ Upside Down ထဲမှာပဲ ဖြစ်ပေမယ့်လည်း ဒါဟာ Mind Flayer နဲ့တော့ ဆက်စပ်နေမှာ သေချာပါတယ်။

ဒါကတော့ Stranger Things စီးရီးထဲက ထူးဆန်းတဲ့အရာတွေထဲက တစ်ခုဖြစ်တဲ့ Upside Down ထဲက Mind Flayer ရဲ့ အစွမ်းတွေ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ နှစ်သက်တယ်ဆိုရင် ဒီလိုစိတ်ဝင်စားစရာ ဆောင်းပါးတွေ အမြဲတမ်း ဖတ်ရှုနိုင်ဖို့ ဒီပေ့ချ်လေးကို Like & See First လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

The Mind Flayer ဟာ Stranger Things စီးရီးထဲမွာ ျမင္ေတြ႕ခဲ့ရသမွ် ဗီလိန္ေတြထဲမွာ အႏၲရာယ္အမ်ားဆုံးနဲ႔ စြမ္းအားအႀကီးဆုံး ဗီလိန္တစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ ဒုတိယ season မွာ ပထမဆုံးအေနနဲ႔ ပါဝင္လာခဲ့ၿပီး Shadow Monster လို႔လည္း ေခၚပါေသးတယ္။ စတင္ပါဝင္လာခဲ့တုန္းကေတာ့ ႐ုပ္ပိုင္းဆိုင္ရာ ခႏၶာကိုယ္မရွိဘဲ တတိယ season မွာမွ ႐ုပ္ပိုင္းဆိုင္ရာ ခႏၶာကိုယ္ပါ ရွိလာတာေၾကာင့္ ပိုၿပီးေတာ့ အႏၲရာယ္မ်ားလာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Mind Flayer (Shadow Monster)ရဲ႕ စြမ္းအားေတြကို season 3 အၿပီးထိ သိထားသရေလာက္ ေဖာ္ျပေပးခ်င္ပါတယ္။

Hive Mind
photo via screenrant

Mind Flayer ကိုေတာ့ ဒုတိယ season မွာ ပထမဆုံး ျမင္ေတြ႕ခဲ့ရၿပီး သူဟာ Upside Down ထဲက တစ္ျခားသတၱဝါေတြကို ထိန္းခ်ဳပ္ႏိုင္တဲ့ စြမ္းအားရွိပါတယ္။ အဲ့ဒါေၾကာင့္ Demogorgon နဲ႔ Demodog တို႔ကို လိုသလို ထိန္းခ်ဳပ္ႏိုင္တဲ့အျပင္ သူတို႔အားလုံးနဲ႔ စိတ္ခ်င္းဆက္သြယ္ေနပါတယ္။ ဒါေၾကာင့္လည္း Demogorgon ေတြနဲ႔ Demodog ေတြအားလုံး ႀကဳံေတြ႕ရသမွ် အရာတိုင္းကို Mind Flayer က သိရွိေနတာ ျဖစ္ပါတယ္။

လူသားေတြကို ပူးကပ္ႏိုင္ျခင္း
photo via screenrant

Mind Flayer ဟာ လူသားကို လက္ခံေကာင္အျဖစ္ အသုံးျပဳႏိုင္ဖို႔အတြက္ လူသားေတြကိုလည္း ပူးကပ္လို႔ရပါတယ္။ သူ႔ရဲ႕ဒီအစြမ္းကိုေတာ့ ဒုတိယ season မွာ Will နဲ႔ တတိယ season မွာ Billy ကို ပူးကပ္ခဲ့တာ ျမင္ေတြ႕ခဲ့ရပါတယ္။ လူတစ္ေယာက္ဟာ Mind Flayer ပူးကပ္ခံလိုက္ရရင္ အစပိုင္းမွာ ဘာမွသိပ္မျဖစ္ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အဲ့ဒီလူရဲ႕စိတ္နဲ႔ ခႏၶာကိုယ္ကိုပါ သူက ထိန္းခ်ဳပ္လို႔ ရသြားပါတယ္။ တတိယ season ထဲမွာဆိုရင္ Mind Flayer ဟာ လူေတြအမ်ားႀကီးကို ပူးကပ္ခဲ့ၿပီး သူ႔ရဲ႕ကိုယ္ပိုင္စစ္တပ္အျဖစ္ ထူေထာင္ခဲ့ပါတယ္။ ဒါ့အျပင္ ပူးကပ္ခံလိုက္ရတဲ့ လူေတြအေပၚမွာလည္း သူ႔ရဲ႕ Hive Mind ဟာ သက္ေရာက္မႈ ရွိပါတယ္။

Biokinesis
photo via screenrant

ဒုတိယ season ထဲမွာ Eleven ဟာ ဂိတ္ေပါက္ကို ပိတ္ၿပီးသြားတဲ့ေနာက္မွာ Will ကို ပူးကပ္ထားတဲ့ Mind Flayer ရဲ႕ အပိုင္းအစဟာ Hawkins ၿမိဳ႕မွာ က်န္ေနခဲ့ပါတယ္။ တတိယ season ထဲမွာေတာ့ Starcourt Mall ရဲ႕ေအာက္မွာ ဂိတ္ေပါက္ဝအသစ္ ပြင့္လာတဲ့အခ်ိန္မွာ တစ္ျခားဒိုင္ေမးရွင္းထဲမွာ ရွိေနတဲ့ Mind Flayer ရဲ႕ အစိတ္အပိုင္းေတြဟာ Hawkins ၿမိဳ႕ေပၚကို ေရာက္လာခဲ့ပါတယ္။

အဲ့ဒီအစိတ္အပိုင္းေတြဟာ အစတုန္းကေတာ့ ႂကြက္ေတြကို ပူးကပ္ခဲ့ၿပီး ေနာက္ပိုင္းမွာ လူေတြကိုပါ ပူးကပ္ခဲ့ပါတယ္။ အဲ့ဒီႂကြက္ေတြဟာ အရည္ေပ်ာ္က်သြားၿပီး Mind Flayer ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ ခႏၶာကိုယ္ ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ ေဆး႐ုံထဲမွာ လူႏွစ္ေယာက္ အရည္ေပ်ာ္က်သြားၿပီး ေပါင္းစပ္သြားတဲ့အခ်ိန္မွာေတာ့ ပင့္ကူလိုပုံစံ မေကာင္းဆိုးဝါး ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ ပူးကပ္ခံထားရတဲ့ လူေတြအကုန္လုံး ေပါင္းစပ္သြားတဲ့အခ်ိန္မွာေတာ့ Mind Flayer အတြက္ ဧရာမ ႐ုပ္ပိုင္းဆိုင္ရာ ခႏၶာကိုယ္ႀကီး ရရွိလာခဲ့ပါတယ္။

စြမ္းအားစုပ္ယူျခင္း
photo via screenrant

တတိယ season ၿပီးကာနီး အခ်ိန္ေလာက္မွာေတာ့ Mind Flayer ဟာ Eleven နဲ႔ သူ႔ရဲ႕သူငယ္ခ်င္းေတြကို Hopper ရဲ႕သစ္လုံးအိမ္ထဲမွာ တိုက္ခိုက္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Mind Flayer ရဲ႕ ေရဘဝဲလက္တံလို အရာတစ္ခုဟာ Eleven ကို ကိုက္သြားၿပီး သူ႔ရဲ႕အပိုင္းအစတစ္ခုကို ေျခေထာက္ထဲမွာ ထားခဲ့ပါတယ္။

အဲ့ဒီဒဏ္ရာေၾကာင့္ပဲ Eleven ဟာ အားနည္းလာၿပီး သူမရဲ႕စြမ္းအားေတြကလည္း တျဖည္းျဖည္းနဲ႔ ေပ်ာက္ကြယ္သြားခဲ့ပါတယ္။ Mind Flayer ကို အႏိုင္ယူၿပီးလို႔ လေတြၾကာသြားတဲ့အခ်ိန္မွာေတာင္ Eleven ဟာ သူမရဲ႕စြမ္းအားေတြကို ျပန္မရရွိေသးပါဘူး။ အဲ့ဒါေၾကာင့္ Mind Flayer ဟာ Eleven ကို ကိုက္ၿပီးေနာက္မွာ တစ္နည္းနည္းနဲ႔ စြမ္းအားေတြကို စုပ္ယူသြားတယ္လို႔ ယူဆလို႔ရပါတယ္။

ရာသီဥတုကို ထိန္းခ်ဳပ္ႏိုင္ျခင္း
photo via screenrant

ဒုတိယ season ထဲမွာဆိုရင္လည္း Will ဟာ Mind Flayer ကို ျမင္လိုက္ရတဲ့အခ်ိန္တိုင္းမွာ Mind Flayer ရဲ႕ ပတ္ပတ္လည္မွာ မုန္တိုင္းတိုက္ကာနီး တိမ္တိုက္ေတြနဲ႔ အနီေရာင္ လွ်ပ္စီးေၾကာင္းေတြကို ျမင္ရေလ့ ရွိပါတယ္။ ဒါ့အျပင္ Billy ဟာ Mind Flayer ရဲ႕ ထိန္းခ်ဳပ္မႈကို ခံထားရတာေၾကာင့္ Eleven က သူ႔ရဲ႕စိတ္ထဲကို ဝင္ၾကည့္တဲ့အခါမွာလည္း အဲ့ဒီပုံစံအတိုင္း တစ္ထပ္တည္း ျမင္ေတြ႕ခဲ့ရပါတယ္။ အခုလိုမ်ိဴး ရာသီဥတုေျပာင္းလဲမႈဟာ Upside Down ထဲမွာပဲ ျဖစ္ေပမယ့္လည္း ဒါဟာ Mind Flayer နဲ႔ေတာ့ ဆက္စပ္ေနမွာ ေသခ်ာပါတယ္။

ဒါကေတာ့ Stranger Things စီးရီးထဲက ထူးဆန္းတဲ့အရာေတြထဲက တစ္ခုျဖစ္တဲ့ Upside Down ထဲက Mind Flayer ရဲ႕ အစြမ္းေတြ ျဖစ္ပါတယ္။ ဖတ္ၿပီးလို႔ ႏွစ္သက္တယ္ဆိုရင္ ဒီလိုစိတ္ဝင္စားစရာ ေဆာင္းပါးေတြ အၿမဲတမ္း ဖတ္ရႈႏိုင္ဖို႔ ဒီေပ့ခ်္ေလးကို Like & See First လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular