HomeEntertainmentFilmလူပျောက်ဆုံးမှုတွေ အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းများ

လူပျောက်ဆုံးမှုတွေ အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကိုယ်ချစ်ခင်ရသူ တစ်ယောက် ပျောက်ဆုံးသွားတာဟာ အလွန်စိတ်ဆင်းရဲဖို့ကောင်းတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ရုပ်ရှင်တွေထဲမှာတော့ ဒီအချက်ကို အသုံးပြုပြီး စိတ်လှုပ်ရှားစရာကောင်းအောင်နဲ့ ဝမ်းနည်းဖို့ကောင်းအောင် ဇာတ်လမ်းတွေ ဖန်တီးလေ့ ရှိကြပါတယ်။ ဒီလိုမျိူး ရုပ်ရှင်တွေအများကြီးရှိပေမယ့်လည်း ဒီတစ်ခါမှာတော့ IMDb အများဆုံး ရုပ်ရှင်တွေကို ရွေးချယ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

(7) Flightplan
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ခဲ့ပြီး IMDb (6.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Kyle ဟာ သူမရဲ့ ခြောက်နှစ်အရွယ် သမီးလေးနဲ့အတူ နယူးယော့ခ်မြို့ကို သွားဖို့အတွက် လေယာဉ်စီးလာခဲ့ပါတယ်။ Kyle ဟာ လေယာဉ်ပေါ်မှာ ခဏအိပ်ပျော်သွားပြီး ပြန်နိုးလာတဲ့အချိန်မှာတော့ သူ့ရဲ့သမီးလေးက ပျောက်ဆုံးနေတာကို သိလိုက်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Jodie Foster ၊ Peter Sarsgaard နဲ့ Marlene Lawston တို့ ပါဝင်ထားပါတယ်။

(6) Breakdown
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၇ ခုနှစ်မှာ ထွက်ခဲ့ပြီး IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဇနီးမောင်နှံနှစ်ယောက်ဟာ ကယ်လီဖိုးနီးယားကို သွားဖို့အတွက် အလွန်ဝေးလံတဲ့ခရီးကို ကားနဲ့ထွက်လာခဲ့ပါတယ်။ လူသူမရှိတဲ့ နေရာကို ရောက်တဲ့အချိန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင် သူတို့ရဲ့ကားဟာ ပျက်သွားခဲ့ပါတယ်။ ဒါတင်မကသေးဘဲ သူ့ရဲ့ ဇနီးဟာလည်း ဘယ်ကိုရောက်သွားမှန်းမသိဘဲ ပျောက်ခြင်းမလှ ပျောက်သွားပါတော့တယ်။ Kurt Russell ၊ Kathleen Quinlan နဲ့ J. T. Walsh တို့ ပါဝင်ထားပါတယ်။

(5) Winter’s Bone
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ခဲ့ပြီး IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Ree Dolly ရဲ့အဖေဟာ ရာဇဝတ်သားတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့အမေဟာလည်း အမေတစ်ယောက်အနေနဲ့ တာဝန်ယူမှုမရှိသူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ အိမ်မှုကိစ္စတွေရော သူ့ရဲ့မောင်နှမတွေကိုပါ အတတ်နိုင်ဆုံးစောင့်ရှောက်ပြီး နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်နေ့မှာတော့ သူ့ရဲ့အဖေဟာ သူတို့ရဲ့အိမ်ကို ပေါင်ပြီးတော့ ပျောက်ဆုံးသွားတဲ့အခါမှာတော့…….။ Jennifer Lawrence ၊ John Hawkes နဲ့ Dale Dickey တို့ ပါဝင်ထားပြီး အော်စကာလေးဆုအတွက် စံကာတင်စာရင်းဝင်ထားပါတယ်။

(4) Searching
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ခဲ့ပြီး IMDb (7.6) ရရှိထားပါတယ်။ David Kim ကတော့ သူ့ရဲ့သမီးလေး ပျောက်ဆုံးသွားတာကြောင့် ရဲတိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ သူ့သမီးရဲ့ Laptop ကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ မယုံနိုင်စရာကောင်းတဲ့ အမှန်တရားတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သရုပ်ဆောင်တွေကတော့ John Cho ၊ Debra Messing နဲ့ Michelle La တို့ ပါဝင်ထားပါတယ်။

(3) Gone Baby Gone
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ခဲ့ပြီး IMDb (7.6) ရရှိထားပါတယ်။ လေးနှစ်သမီးလေး ပျောက်ဆုံးသွားတာကြောင့် သူ့ရဲ့အဒေါ်ဟာ အဲ့ဒီကလေးကို ရှာဖွေပေးဖို့ စုံထောက်နှစ်ယောက်ကို ငှားယမ်းခဲ့ပါတယ်။ ဒီစုံထောက်နှစ်ယောက်ကတော့ ပျောက်ဆုံးသွားတဲ့ ကလေးကို ရှာဖွေနေရင်းနဲ့ လူဆိုးဂိုဏ်းတွေနဲ့ မူးယစ်ဆေး ရောင်းဝယ်မှုတွေကိုပါ ကြုံတွေ့ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Casey Affleck ၊ Michelle Monaghan နဲ့ Amy Ryan တို့ ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်းဝင်ထားပါတယ်။

(2) Changeling
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ခဲ့ပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၂၀ခုနှစ်ဝန်းကျင် လော့စ်အိန်ဂျလိစ်မြို့မှာ အခြေတည်ထားပါတယ်။ Christine Collins လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ တစ်နေ့မှာတော့ သူမရဲ့တစ်ဦးတည်းသော သားလေးကို ပျောက်ဆုံးသွားခဲ့ရပါတယ်။ သားပျောက်လို့ ဆောက်တည်ရာမရ ခံစားနေရတဲ့ Christine ဟာ ရဲဌာနဆီကိုသွားပြီး လူပျောက်တိုင်ချက်ဖွင့်ခဲ့ပါတယ်။ ဒီလိုနဲ့ ငါးလအကြာမှာတော့ ရဲဌာနဟာ သူမရဲ့သားကို ပြန်တွေ့ပြီဆိုပြီး Christine ရဲ့လက်ထဲကို အပ်ခဲ့ပေမယ့် မိခင်ဖြစ်သူဟာ ဒီကလေးက သူ့ကလေးအစစ်မဟုတ်ဘူးလို့ ခံစားလိုက်ရတဲ့အခါမှာတော့ … ။ Angelina Jolie ၊ Gattlin Griffith နဲ့ Jeffrey Donovan တို့ ပါဝင်ထားပြီး အော်စကာသုံးဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(1) Prisoners
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ခဲ့ပြီး IMDb (8.1) ရရှိထားပါတယ်။ တစ်ရက်မှာတော့ Keller Dover ရဲ့ သမီးလေးနဲ့ သူမရဲ့သူငယ်ချင်းတွေနဲ့အတူ ပျောက်ဆုံးသွားခဲ့ပါတယ်။ ရဲတွေစုံစမ်းစစ်ဆေးမှုတွေနဲ့ ရှာဖွေမှုတွေကလည်း အချိန်တွေတဖြည်းဖြည်း ကုန်ဆုံးသွားပေမယ့် ဘာမှမထူးလာခဲ့ပါဘူး။ ဒါကြောင့်ပဲ Keller ဟာ သူကိုယ်တိုင်ပဲ ရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Hugh Jackman ၊ Jake Gyllenhaal နဲ့ Paul Dano တို့ ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ကိုယ္ခ်စ္ခင္ရသူ တစ္ေယာက္ ေပ်ာက္ဆုံးသြားတာဟာ အလြန္စိတ္ဆင္းရဲဖို႔ေကာင္းတဲ့ ကိစၥ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ႐ုပ္ရွင္ေတြထဲမွာေတာ့ ဒီအခ်က္ကို အသုံးျပဳၿပီး စိတ္လႈပ္ရွားစရာေကာင္းေအာင္နဲ႔ ဝမ္းနည္းဖို႔ေကာင္းေအာင္ ဇာတ္လမ္းေတြ ဖန္တီးေလ့ ရွိၾကပါတယ္။ ဒီလိုမ်ိဴး ႐ုပ္ရွင္ေတြအမ်ားႀကီးရွိေပမယ့္လည္း ဒီတစ္ခါမွာေတာ့ IMDb အမ်ားဆုံး ႐ုပ္ရွင္ေတြကို ေ႐ြးခ်ယ္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

(7) Flightplan
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၅ ခုႏွစ္မွာ ထြက္ခဲ့ၿပီး IMDb (6.3) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Kyle ဟာ သူမရဲ႕ ေျခာက္ႏွစ္အ႐ြယ္ သမီးေလးနဲ႔အတူ နယူးေယာ့ခ္ၿမိဳ႕ကို သြားဖို႔အတြက္ ေလယာဥ္စီးလာခဲ့ပါတယ္။ Kyle ဟာ ေလယာဥ္ေပၚမွာ ခဏအိပ္ေပ်ာ္သြားၿပီး ျပန္ႏိုးလာတဲ့အခ်ိန္မွာေတာ့ သူ႔ရဲ႕သမီးေလးက ေပ်ာက္ဆုံးေနတာကို သိလိုက္ရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Jodie Foster ၊ Peter Sarsgaard နဲ႔ Marlene Lawston တို႔ ပါဝင္ထားပါတယ္။

(6) Breakdown
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၁၉၉၇ ခုႏွစ္မွာ ထြက္ခဲ့ၿပီး IMDb (6.9) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ဇနီးေမာင္ႏွံႏွစ္ေယာက္ဟာ ကယ္လီဖိုးနီးယားကို သြားဖို႔အတြက္ အလြန္ေဝးလံတဲ့ခရီးကို ကားနဲ႔ထြက္လာခဲ့ပါတယ္။ လူသူမရွိတဲ့ ေနရာကို ေရာက္တဲ့အခ်ိန္မွာေတာ့ တိုက္တိုက္ဆိုင္ဆိုင္ သူတို႔ရဲ႕ကားဟာ ပ်က္သြားခဲ့ပါတယ္။ ဒါတင္မကေသးဘဲ သူ႔ရဲ႕ ဇနီးဟာလည္း ဘယ္ကိုေရာက္သြားမွန္းမသိဘဲ ေပ်ာက္ျခင္းမလွ ေပ်ာက္သြားပါေတာ့တယ္။ Kurt Russell ၊ Kathleen Quinlan နဲ႔ J. T. Walsh တို႔ ပါဝင္ထားပါတယ္။

(5) Winter’s Bone
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၀ ခုႏွစ္မွာ ထြက္ခဲ့ၿပီး IMDb (7.2) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Ree Dolly ရဲ႕အေဖဟာ ရာဇဝတ္သားတစ္ေယာက္ျဖစ္ၿပီးေတာ့ သူ႔ရဲ႕အေမဟာလည္း အေမတစ္ေယာက္အေနနဲ႔ တာဝန္ယူမႈမရွိသူတစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ အိမ္မႈကိစၥေတြေရာ သူ႔ရဲ႕ေမာင္ႏွမေတြကိုပါ အတတ္ႏိုင္ဆုံးေစာင့္ေရွာက္ၿပီး ေနထိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း တစ္ေန႔မွာေတာ့ သူ႔ရဲ႕အေဖဟာ သူတို႔ရဲ႕အိမ္ကို ေပါင္ၿပီးေတာ့ ေပ်ာက္ဆုံးသြားတဲ့အခါမွာေတာ့…….။ Jennifer Lawrence ၊ John Hawkes နဲ႔ Dale Dickey တို႔ ပါဝင္ထားၿပီး ေအာ္စကာေလးဆုအတြက္ စံကာတင္စာရင္းဝင္ထားပါတယ္။

(4) Searching
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ခဲ့ၿပီး IMDb (7.6) ရရွိထားပါတယ္။ David Kim ကေတာ့ သူ႔ရဲ႕သမီးေလး ေပ်ာက္ဆုံးသြားတာေၾကာင့္ ရဲတိုင္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူဟာ သူ႔သမီးရဲ႕ Laptop ကို ဖြင့္ၾကည့္လိုက္တဲ့အခ်ိန္မွာေတာ့ မယုံႏိုင္စရာေကာင္းတဲ့ အမွန္တရားေတြ ထြက္ေပၚလာခဲ့ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ John Cho ၊ Debra Messing နဲ႔ Michelle La တို႔ ပါဝင္ထားပါတယ္။

(3) Gone Baby Gone
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၇ ခုႏွစ္မွာ ထြက္ခဲ့ၿပီး IMDb (7.6) ရရွိထားပါတယ္။ ေလးႏွစ္သမီးေလး ေပ်ာက္ဆုံးသြားတာေၾကာင့္ သူ႔ရဲ႕အေဒၚဟာ အဲ့ဒီကေလးကို ရွာေဖြေပးဖို႔ စုံေထာက္ႏွစ္ေယာက္ကို ငွားယမ္းခဲ့ပါတယ္။ ဒီစုံေထာက္ႏွစ္ေယာက္ကေတာ့ ေပ်ာက္ဆုံးသြားတဲ့ ကေလးကို ရွာေဖြေနရင္းနဲ႔ လူဆိုးဂိုဏ္းေတြနဲ႔ မူးယစ္ေဆး ေရာင္းဝယ္မႈေတြကိုပါ ႀကဳံေတြ႕ရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Casey Affleck ၊ Michelle Monaghan နဲ႔ Amy Ryan တို႔ ပါဝင္ထားၿပီး ေအာ္စကာတစ္ဆုအတြက္ စံကာတင္စာရင္းဝင္ထားပါတယ္။

(2) Changeling
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၈ ခုႏွစ္မွာ ထြက္ခဲ့ၿပီး IMDb (7.7) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ၁၉၂၀ခုႏွစ္ဝန္းက်င္ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာ အေျခတည္ထားပါတယ္။ Christine Collins လို႔ေခၚတဲ့ အမ်ိဳးသမီးတစ္ဦးဟာ တစ္ေန႔မွာေတာ့ သူမရဲ႕တစ္ဦးတည္းေသာ သားေလးကို ေပ်ာက္ဆုံးသြားခဲ့ရပါတယ္။ သားေပ်ာက္လို႔ ေဆာက္တည္ရာမရ ခံစားေနရတဲ့ Christine ဟာ ရဲဌာနဆီကိုသြားၿပီး လူေပ်ာက္တိုင္ခ်က္ဖြင့္ခဲ့ပါတယ္။ ဒီလိုနဲ႔ ငါးလအၾကာမွာေတာ့ ရဲဌာနဟာ သူမရဲ႕သားကို ျပန္ေတြ႕ၿပီဆိုၿပီး Christine ရဲ႕လက္ထဲကို အပ္ခဲ့ေပမယ့္ မိခင္ျဖစ္သူဟာ ဒီကေလးက သူ႔ကေလးအစစ္မဟုတ္ဘူးလို႔ ခံစားလိုက္ရတဲ့အခါမွာေတာ့ … ။ Angelina Jolie ၊ Gattlin Griffith နဲ႔ Jeffrey Donovan တို႔ ပါဝင္ထားၿပီး ေအာ္စကာသုံးဆုအတြက္ စံကာတင္စာရင္း ဝင္ထားပါတယ္။

(1) Prisoners
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၃ ခုႏွစ္မွာ ထြက္ခဲ့ၿပီး IMDb (8.1) ရရွိထားပါတယ္။ တစ္ရက္မွာေတာ့ Keller Dover ရဲ႕ သမီးေလးနဲ႔ သူမရဲ႕သူငယ္ခ်င္းေတြနဲ႔အတူ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။ ရဲေတြစုံစမ္းစစ္ေဆးမႈေတြနဲ႔ ရွာေဖြမႈေတြကလည္း အခ်ိန္ေတြတျဖည္းျဖည္း ကုန္ဆုံးသြားေပမယ့္ ဘာမွမထူးလာခဲ့ပါဘူး။ ဒါေၾကာင့္ပဲ Keller ဟာ သူကိုယ္တိုင္ပဲ ရွာေဖြဖို႔ ဆုံးျဖတ္လိုက္ပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Hugh Jackman ၊ Jake Gyllenhaal နဲ႔ Paul Dano တို႔ ပါဝင္ထားၿပီး ေအာ္စကာတစ္ဆုအတြက္ စံကာတင္စာရင္း ဝင္ထားပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular