HomeEntertainmentFilmMission Impossible 7 ဟာ အခြေခံလုပ်သားတွေကို လစာလျှော့ပေးနေတယ်လို့ စွပ်စွဲခံထားရ

Mission Impossible 7 ဟာ အခြေခံလုပ်သားတွေကို လစာလျှော့ပေးနေတယ်လို့ စွပ်စွဲခံထားရ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လက်ရှိ ရိုက်ကူးနေဆဲဖြစ်တဲ့ Mission Impossible 7 ရုပ်ရှင်ဟာ အခြေခံလုပ်သားတွေကို လုပ်ခတွေ လျှော့ပေါ့ပေးနေတယ်လို့ နော်ဝေ အလုပ်သမားသမဂ္ဂက စွပ်စွဲလိုက်ပါတယ်။

Mission Impossible 7 ဟာ ကိုဗစ်ကြောင့် ရိုက်ကူးရေးတွေ ရပ်နားထားရာကနေ ပြန်လည်စတင်ပြီး မကြာခင်မှာပဲ အခုလိုပြဿနာနဲ့ တွေ့ကြုံလိုက်ရတာ ဖြစ်ပါတယ်။ ကမ္ဘာကျော်တဲ့ အက်ရှင်ရုပ်ရှင်စီးရီးတစ်ခုဖြစ်တဲ့ Mission Impossible ဟာ ယခုရိုက်ကူးနေတဲ့ ခုနှစ်ကားမြောက်ကစလို့ ပြဿနာတွေ၊ အရှုပ်အထွေးတွေနဲ့ ဆက်တိုက်ဆိုသလို ကြုံတွေ့နေရတာပါ။

Mission Impossible 7 နဲ့ 8 နှစ်ကားကို ဆက်တိုက် ရိုက်ကူးသွားဖို့ ဒါရိုက်တာ Christopher McQuarrie က ဆုံးဖြတ်ချက် ချပြီးတည်းက စိန်ခေါ်မှုတွေဟာ ပိုမိုမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ Mission Impossible လို အက်ရှင်တွေ၊ စတန့်တွေနဲ့ နိုင်ငံပေါင်းစုံမှာ လိုက်လံရိုက်ကူးရတဲ့ အက်ရှင်ကားတွေအတွက်ဆိုရင် ကိုဗစ်ရဲ့ နှောင့်ယှက်မှုဟာ မျှော်မှန်းထားတာထက် ပိုမိုကြီးမားပါတယ်။

Photo via IMDb

ကိုဗစ်ကြောင့် လပေါင်းများစွာ ရိုက်ကူးရေးတွေ ရပ်နားထားခဲ့ရလို့ မင်းသား Tom Cruise ကိုယ်တိုင်ကတောင် အင်္ဂလန်က အစိုးရအရာရှိတွေနဲ့ တွေ့ဆုံပြီး တင်းကြပ်မှုတွေ ဖြေလျှော့ပေးနိုင်မလားလို့ တွေ့ဆုံဆွေးနွေးခဲ့ရတဲ့အထိပါပဲ။ သို့ပေမယ့် ကံကောင်းစွာနဲ့ပဲ မကြာသေးခင်ကမှ အင်္ဂလန်နိုင်ငံမှာ ရိုက်ကူးရေး ပြန်လည်စတင်ခဲ့ပြီး လက်ရှိမှာတော့ နော်ဝေနိုင်ငံမှာ ရိုက်ကူးရေးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ ရိုက်ကူးရေးအဖွဲ့သားတွေရဲ့ နေထိုင်ရေးကို ဟိုတယ်တွေမှာပဲ စီစဉ်ပေးလိုက်ရင် ရောဂါကူးစက်နိုင်ချေ များတဲ့အတွက် Hurtigruten ကုမ္ပဏီပိုင် သင်္ဘောနှစ်စင်းကို ငှားရမ်းကာ နေထိုင်စေတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ယခုတစ်ပတ်အစောပိုင်းက ထွက်ရှိလာတဲ့သတင်းများအရ အဆိုပါ သင်္ဘောနှစ်စင်း ငှားရမ်းခဖြစ်တဲ့ ဒေါ်လာခုနှစ်သိန်းကို Tom Cruise က အိတ်စိုက်ပြီး ငှားရမ်းပေးခဲ့တာလို့လည်း သိရပါတယ်။

Photo via IMDb

မင်းသားဟာ ရုပ်ရှင်ရိုက်ကူးရေး ပြီးမြောက်ဖို့ကိုသာ အာရုံစိုက်ထားတာကြောင့် အဖွဲ့သား တစ်ဦးတစ်လေက ရောဂါကူးစက်ခံရပြီး တစ်ဖွဲ့လုံး ရိုက်ကူးရေး နားလိုက်ရမှာမျိုးကို မလိုလားတာကြောင့် အခုလို လုပ်ပေးတာလို့လည်း ယူဆရပါတယ်။

သို့ပေမယ့် နော်ဝေအခြေစိုက် အလုပ်သမားသမဂ္ဂနှစ်ခုဖြစ်တဲ့ Fellesforbundet နဲ့ Sjømannsforbundet တို့က Hurtigruten သင်္ဘောကုမ္ပဏီဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်ထားတယ်လို့ ဆိုထားကြပါတယ်။ ဒါ့အပြင် သင်္ဘောပေါ်က ဖိလစ်ပိုင်လူမျိုး အလုပ်သမားတွေဟာ သတ်မှတ်လစာထက် လျော့နည်းစွာ ရရှိနေကြပြီး တစ်နာရီကို (၃.၃)ဒေါ်လာသာ ရရှိနေကြတယ်လို့လည်း အဆိုပါသမဂ္ဂနှစ်ခုက စွပ်စွဲထားကြပါတယ်။

ဒါဟာ ဘတ်ဂျက်တွေ အများကြီး စိုက်ထုတ်ပြီး ရိုက်ကူးနေတဲ့ franchise ရုပ်ရှင်ကြီးတစ်ခုအတွက် မဖြစ်နိုင်ဘူးလို့ ထင်စရာရှိပေမယ့် အရင်တုန်းကလည်း ဒီလိုကိစ္စတွေဟာ ရုပ်ရှင်လောကမှာ ရှိခဲ့ဖူးပါတယ်။ ၂၀၁၆ခုနှစ်က ထွက်ရှိခဲ့တဲ့ animated ရုပ်ရှင် Sausage Party တုန်းကလည်း အချိန်ပိုလုပ်အားခတွေ မပေးချေခဲ့ဘူးဆိုတဲ့ ကိစ္စတွေ ပေါ်ထွက်ခဲ့ဖူးတာဟာ ဥပမာတစ်ခုပါပဲ။

Photo via IMDb

မရှေးမနှောင်းကာလတုန်းကလည်း MI 7 ရုပ်ရှင်ဟာ အကျပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ အဲ့ဒါကတော့ ပိုလန်နိုင်ငံက သက်တမ်းတစ်ရာကျော် ရှိနေပြီဖြစ်တဲ့ တံတားဟောင်းတစ်ခုကို ရုပ်ရှင်ထဲက စတန့်အတွက် တကယ်ဖောက်ခွဲဖို့ စီစဉ်ရာမှာ အဆိုပါတံတားကို သမိုင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းလိုတဲ့ ဒေသခံပြည်သူတွေနဲ့ အချေအတင်တွေ ဖြစ်ခဲ့ရပါသေးတယ်။

လောလောဆယ်မှာ ကိုဗစ်ကြောင့်ရော၊ တစ်ခြားအကြောင်းတွေကြောင့်ရော ရိုက်ကူးရေးမှာ ခဏခဏ အနှောင့်အယှက်တွေ ဖြစ်နေရပေမယ့် MI 7 နဲ့ MI 8 နှစ်ကားစလုံးရဲ့ ရုံတင်ရက်တွေကို အတိအကျ ထုတ်ပြန်ကြေညာပြီး ဖြစ်ပါတယ်။ Mission Impossible 7 ကိုတော့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၉)ရက်နေ့မှာ ရုံတင်ဖို့ စီစဉ်ထားပြီး Mission Impossible 8 ကိုတော့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၄)ရက်နေ့မှာ ရုံတင်ဖို့ စီစဉ်ထားပါတယ်။

Glasgow

Source: variety, screenrant

(Zawgyi Version)

လက္ရွိ ႐ိုက္ကူးေနဆဲျဖစ္တဲ့ Mission Impossible 7 ႐ုပ္ရွင္ဟာ အေျခခံလုပ္သားေတြကို လုပ္ခေတြ ေလွ်ာ့ေပါ့ေပးေနတယ္လို႔ ေနာ္ေဝ အလုပ္သမားသမဂၢက စြပ္စြဲလိုက္ပါတယ္။

Mission Impossible 7 ဟာ ကိုဗစ္ေၾကာင့္ ႐ိုက္ကူးေရးေတြ ရပ္နားထားရာကေန ျပန္လည္စတင္ၿပီး မၾကာခင္မွာပဲ အခုလိုျပႆနာနဲ႔ ေတြ႕ႀကဳံလိုက္ရတာ ျဖစ္ပါတယ္။ ကမာၻေက်ာ္တဲ့ အက္ရွင္႐ုပ္ရွင္စီးရီးတစ္ခုျဖစ္တဲ့ Mission Impossible ဟာ ယခု႐ိုက္ကူးေနတဲ့ ခုႏွစ္ကားေျမာက္ကစလို႔ ျပႆနာေတြ၊ အရႈပ္အေထြးေတြနဲ႔ ဆက္တိုက္ဆိုသလို ႀကဳံေတြ႕ေနရတာပါ။

Mission Impossible 7 နဲ႔ 8 ႏွစ္ကားကို ဆက္တိုက္ ႐ိုက္ကူးသြားဖို႔ ဒါ႐ိုက္တာ Christopher McQuarrie က ဆုံးျဖတ္ခ်က္ ခ်ၿပီးတည္းက စိန္ေခၚမႈေတြဟာ ပိုမိုျမင့္တက္လာခဲ့တာ ျဖစ္ပါတယ္။ Mission Impossible လို အက္ရွင္ေတြ၊ စတန႔္ေတြနဲ႔ ႏိုင္ငံေပါင္းစုံမွာ လိုက္လံ႐ိုက္ကူးရတဲ့ အက္ရွင္ကားေတြအတြက္ဆိုရင္ ကိုဗစ္ရဲ႕ ေႏွာင့္ယွက္မႈဟာ ေမွ်ာ္မွန္းထားတာထက္ ပိုမိုႀကီးမားပါတယ္။

Photo via IMDb

ကိုဗစ္ေၾကာင့္ လေပါင္းမ်ားစြာ ႐ိုက္ကူးေရးေတြ ရပ္နားထားခဲ့ရလို႔ မင္းသား Tom Cruise ကိုယ္တိုင္ကေတာင္ အဂၤလန္က အစိုးရအရာရွိေတြနဲ႔ ေတြ႕ဆုံၿပီး တင္းၾကပ္မႈေတြ ေျဖေလွ်ာ့ေပးႏိုင္မလားလို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ရတဲ့အထိပါပဲ။ သို႔ေပမယ့္ ကံေကာင္းစြာနဲ႔ပဲ မၾကာေသးခင္ကမွ အဂၤလန္ႏိုင္ငံမွာ ႐ိုက္ကူးေရး ျပန္လည္စတင္ခဲ့ၿပီး လက္ရွိမွာေတာ့ ေနာ္ေဝႏိုင္ငံမွာ ႐ိုက္ကူးေရးေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

Variety သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ႐ိုက္ကူးေရးအဖြဲ႕သားေတြရဲ႕ ေနထိုင္ေရးကို ဟိုတယ္ေတြမွာပဲ စီစဥ္ေပးလိုက္ရင္ ေရာဂါကူးစက္ႏိုင္ေခ် မ်ားတဲ့အတြက္ Hurtigruten ကုမၸဏီပိုင္ သေဘၤာႏွစ္စင္းကို ငွားရမ္းကာ ေနထိုင္ေစတယ္လို႔ ဆိုပါတယ္။ သို႔ေပမယ့္ ယခုတစ္ပတ္အေစာပိုင္းက ထြက္ရွိလာတဲ့သတင္းမ်ားအရ အဆိုပါ သေဘၤာႏွစ္စင္း ငွားရမ္းချဖစ္တဲ့ ေဒၚလာခုႏွစ္သိန္းကို Tom Cruise က အိတ္စိုက္ၿပီး ငွားရမ္းေပးခဲ့တာလို႔လည္း သိရပါတယ္။

Photo via IMDb

မင္းသားဟာ ႐ုပ္ရွင္႐ိုက္ကူးေရး ၿပီးေျမာက္ဖို႔ကိုသာ အာ႐ုံစိုက္ထားတာေၾကာင့္ အဖြဲ႕သား တစ္ဦးတစ္ေလက ေရာဂါကူးစက္ခံရၿပီး တစ္ဖြဲ႕လုံး ႐ိုက္ကူးေရး နားလိုက္ရမွာမ်ိဳးကို မလိုလားတာေၾကာင့္ အခုလို လုပ္ေပးတာလို႔လည္း ယူဆရပါတယ္။

သို႔ေပမယ့္ ေနာ္ေဝအေျခစိုက္ အလုပ္သမားသမဂၢႏွစ္ခုျဖစ္တဲ့ Fellesforbundet နဲ႔ Sjømannsforbundet တို႔က Hurtigruten သေဘၤာကုမၸဏီဟာ လူဝင္မႈႀကီးၾကပ္ေရးဥပေဒကို ခ်ိဳးေဖာက္ထားတယ္လို႔ ဆိုထားၾကပါတယ္။ ဒါ့အျပင္ သေဘၤာေပၚက ဖိလစ္ပိုင္လူမ်ိဳး အလုပ္သမားေတြဟာ သတ္မွတ္လစာထက္ ေလ်ာ့နည္းစြာ ရရွိေနၾကၿပီး တစ္နာရီကို (၃.၃)ေဒၚလာသာ ရရွိေနၾကတယ္လို႔လည္း အဆိုပါသမဂၢႏွစ္ခုက စြပ္စြဲထားၾကပါတယ္။

ဒါဟာ ဘတ္ဂ်က္ေတြ အမ်ားႀကီး စိုက္ထုတ္ၿပီး ႐ိုက္ကူးေနတဲ့ franchise ႐ုပ္ရွင္ႀကီးတစ္ခုအတြက္ မျဖစ္ႏိုင္ဘူးလို႔ ထင္စရာရွိေပမယ့္ အရင္တုန္းကလည္း ဒီလိုကိစၥေတြဟာ ႐ုပ္ရွင္ေလာကမွာ ရွိခဲ့ဖူးပါတယ္။ ၂၀၁၆ခုႏွစ္က ထြက္ရွိခဲ့တဲ့ animated ႐ုပ္ရွင္ Sausage Party တုန္းကလည္း အခ်ိန္ပိုလုပ္အားခေတြ မေပးေခ်ခဲ့ဘူးဆိုတဲ့ ကိစၥေတြ ေပၚထြက္ခဲ့ဖူးတာဟာ ဥပမာတစ္ခုပါပဲ။

Photo via IMDb

မေရွးမေႏွာင္းကာလတုန္းကလည္း MI 7 ႐ုပ္ရွင္ဟာ အက်ပ္အတည္းတစ္ခုနဲ႔ ရင္ဆိုင္ခဲ့ရပါေသးတယ္။ အဲ့ဒါကေတာ့ ပိုလန္ႏိုင္ငံက သက္တမ္းတစ္ရာေက်ာ္ ရွိေနၿပီျဖစ္တဲ့ တံတားေဟာင္းတစ္ခုကို ႐ုပ္ရွင္ထဲက စတန႔္အတြက္ တကယ္ေဖာက္ခြဲဖို႔ စီစဥ္ရာမွာ အဆိုပါတံတားကို သမိုင္းအေမြအႏွစ္အျဖစ္ ထိန္းသိမ္းလိုတဲ့ ေဒသခံျပည္သူေတြနဲ႔ အေခ်အတင္ေတြ ျဖစ္ခဲ့ရပါေသးတယ္။

ေလာေလာဆယ္မွာ ကိုဗစ္ေၾကာင့္ေရာ၊ တစ္ျခားအေၾကာင္းေတြေၾကာင့္ေရာ ႐ိုက္ကူးေရးမွာ ခဏခဏ အေႏွာင့္အယွက္ေတြ ျဖစ္ေနရေပမယ့္ MI 7 နဲ႔ MI 8 ႏွစ္ကားစလုံးရဲ႕ ႐ုံတင္ရက္ေတြကို အတိအက် ထုတ္ျပန္ေၾကညာၿပီး ျဖစ္ပါတယ္။ Mission Impossible 7 ကိုေတာ့ ၂၀၂၁ခုႏွစ္ ႏိုဝင္ဘာလ(၁၉)ရက္ေန႔မွာ ႐ုံတင္ဖို႔ စီစဥ္ထားၿပီး Mission Impossible 8 ကိုေတာ့ ၂၀၂၂ခုႏွစ္ ႏိုဝင္ဘာလ(၄)ရက္ေန႔မွာ ႐ုံတင္ဖို႔ စီစဥ္ထားပါတယ္။

Glasgow

Source: variety, screenrant

 

RELATED ARTICLES

Most Popular