HomeCelebs Update NewsInternationalရုပ်လေးနဲ့မှမလိုက် ညစ်ညစ်ပတ်ပတ် နေတတ်ကြတဲ့ ဟောလိဝုဒ်စတားများ 

ရုပ်လေးနဲ့မှမလိုက် ညစ်ညစ်ပတ်ပတ် နေတတ်ကြတဲ့ ဟောလိဝုဒ်စတားများ 

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ေဟာလိ၀ုဒ္စတားေတြလို႔ ဆိုလိုက္တာနဲ႔ ညိဳ႕အားေကာင္းတဲ့ ရုပ္ရည္၊ အမိုက္စား ဖက္ရွင္နဲ႔ အားလုံးက ေငးေမာအားက်ရတဲ့ အလွေတြ ပိုင္ဆိုင္ထားၾကသူမ်ားလို႔ ထင္တတ္ၾကပါတယ္။ ၾကည့္လိုက္ရင္ အၿမဲတမ္း စမတ္က်ၿပီး ေခ်ာေမာလွပေနၾကလြန္းလို႔ သူလိုကိုယ္လို သာမန္လူေတြလို ေခၽြးထြက္တာေတြ၊ ေခၽြးေစာ္နံတာေတြဟာ သူတို႔နဲ႔ မဆိုင္ဘူးလို႔ေတာ့ မထင္လိုက္ပါနဲ႔။ ဟုန္းဟုန္းေတာက္ ေအာင္ျမင္သြားတဲ့အခါ ဘယ္သူ႔ကိုမွ သိပ္ဂရုစိုက္စရာ မလိုေတာ့ဘူး အထင္နဲ႔ စိတ္ရိွတိုင္း ညစ္ညစ္ပတ္ပတ္ ေနတတ္ၾကတဲ့ စတားအခ်ိဳ႕လည္း ရိွပါတယ္။ သူတို႔ကေတာ့ …

Brad Pitt
Photo: bradpittofflcial/ Instagram

မိန္းကေလးေတြရဲ႕ အသည္းစြဲ မင္းသား Brad Pitt ဟာ ေတာ္ရုံတန္ရုံ ေရခ်ိဳးေလ့မရိွဘူးလို႔ ေျပာလိုက္ရင္ အ့ံၾသသြားေလာက္ပါတယ္။ ဒီကိစၥကို People မဂၢဇင္းဆီ ေဖာက္သည္ခ်ထားတဲ့သူကေတာ့ Inglourious Basterds ဇာတ္ကားထဲမွာ Brad Pitt နဲ႔အတူ သရုပ္ေဆာင္ဖူးတဲ့ Eli Roth ပါ။ Brad Pitt ဟာ ရိုက္ကြင္းေပၚမွာ ရိုက္ေနရင္း ကိုယ့္ကိုယ္ကို ညစ္ပတ္လာၿပီလို႔ ခံစားလာရရင္ ခ်ိဳင္းၾကားကို Wet Tissue နဲ႔ သုတ္ေလ့ရိွသူလို႔ ဆိုပါတယ္။ ဒါ့အျပင္ သူဟာ ကေလး(၆)ေယာက္ရိွတဲ့ လူတစ္ေယာက္ျဖစ္လို႔ ေရခ်ိဳးဖို႔လည္း မအားဘူးလို႔ ေျပာပါတယ္။ ဒါေၾကာင့္ ခ်ိဳငး္ေအာက္ကို ေရနဲ႔ သပ္ၿပီးရင္ ေရခ်ိဳးတဲ့ကိစၥ ၿပီးသြားေလ့ရိွတယ္လို႔ Eli Roth ကို တစ္ခါက ကိုယ္တိုင္ေျပာျပဖူးတယ္လို႔ သိရပါတယ္။

Robert Pattinson
Photo: robertpattinsonofficial/ Instagram

Robert ကေတာ့ Extra နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ သူ႔ရဲ႕တစ္ကိုယ္ရည္ သန္႔ရွင္းေရးနဲ႔ ပတ္သက္ၿပီး အေမးခံခဲ့ရပါတယ္။ အဲ့ဒါကေတာ့ Robert ဟာ ေျခာက္ပတ္ေလာက္ ေခါင္းမေလွ်ာ္ဘဲ ေနဖူးတယ္ဆိုတဲ့ ေကာလာဟလ ဟုတ္မဟုတ္ကို အတည္ျပဳခိုင္းတာပါ။ ဒီအခါမွာ Robert က “ကၽြန္ေတာ္ မသိဘူးဗ်။ ေျပာရရင္ အဲ့ဒီ့ေခါင္းေလွ်ာ္ရမယ္ဆိုတဲ့ အခ်က္ကို ကၽြန္ေတာ္ေတာ့ နားမလည္တာ” လို႔ ျပန္ေျဖဖူးပါတယ္။

Robert ရဲ႕ ပရိသတ္ေတြဆိုရင္ေတာ့ ဒီကိစၥဟာ သိပ္အသစ္အဆန္း မဟုတ္ဘူးဆိုတာ သိၾကမွာပါ။ Extra နဲ႔ အင္တာဗ်ဴးမလုပ္ခင္ သုံးႏွစ္ေလာက္ကလည္း The Twilight Saga: New Moon ရဲ႕ ရိုက္ကြင္းေပၚမွာ အလုပ္လုပ္ခဲ့ဖူးသူတစ္ေယာက္က MTV ကို Robert ရဲ႕ ညစ္ပတ္မႈအေၾကာင္းေတြ ေဖာက္သည္ခ်ခဲ့ဖူးပါေသးတယ္။ Robert ဟာ ေခါင္းတင္မေလွ်ာ္တာ မဟုတ္ဘဲ ေရလည္းမခ်ိဳးလို႔ သူ႔ခႏၶာကိုယ္က ေခၽြးနံ႔ေတြ ထြက္ေနတတ္တယ္လို႔  ဆိုပါတယ္။ “သူက နံေဟာင္ေနတာပဲ။ တကယ္ရြံစရာေကာင္းတာ။ ေရလည္း ဘယ္ေတာ့မွ မခ်ိဳးဘူး။ ရိုက္ကြင္းေပၚက လူေတြကေတာ့ ဒုကၡေရာက္တာေပါ့” လို႔ ေျပာျပဖူးပါတယ္။

Shia LaBeouf
Photo: we_love_shia/ Instagram

မင္းသား Shia LaBeouf ကေတာ့ နာမည္ေက်ာ္စစ္ကားတစ္ကားျဖစ္တဲ့ Fury မွာ ပါ၀င္သရုပ္ေဆာင္ခဲ့တုန္းက Method-Acting ကို တစ္ဖတ္စြန္းေရာက္တဲ့အထိ သုံးစြဲခဲ့သူပါ။ Method-Acting ဆိုတာကေတာ့ သရုပ္ေဆာင္ရမယ့္ ဇာတ္ရုပ္ရဲ႕ သေဘာသဘာ၀အတိုင္း ျပင္ပေလာကမွာ ေနထုိင္ရင္း ဇာတ္ရုပ္နဲ႔တစ္ထပ္တည္းက်ေအာင္ စိတ္ကို ေမြးျမဴယူတဲ့ သရုပ္ေဆာင္နည္းလမ္းတစ္ခု ျဖစ္ပါတယ္။ အဲ့ဒီ့ဇာတ္ကားမွာ Shia LaBeouf က ဒုတိယကမာၻစစ္ရဲ႕ စစ္သား Boyd “Bible” Swan အျဖစ္ သရုပ္ေဆာင္ရတာပါ။

အဆိုပါ Fury ဇာတ္ကားရဲ႕ ရိုက္ကြင္းမွာ သူ႔ရဲ႕သြားကို တကယ္ႏႈ္တ္ပစ္တာမ်ိဳးေတြ လုပ္ခဲ့သလို ကတုတ္က်င္းထဲမွာ ရက္ေပါင္းမ်ားစြာ ေနထိုင္ခဲ့ရတဲ့ စစ္သားတစ္ေယာက္ရဲ႕ ခံစားခ်က္ကို နားလည္ခ်င္လို႔ ရႈတင္အားလုံးၿပီးတဲ့အထိ ေရမခ်ိဳးဘဲေနခဲ့တယ္လို႔ သိရပါတယ္။

Zac Efron
Photo: zacefron/ Instagram

Zac Efron လို႔ ေျပာလိုက္တာနဲ႔ ညိဳ႕အားေကာင္းတဲ့ မ်က္လုံးျပာျပာေတြ၊ ေတာင့္တင္းသန္မာတဲ့ ဗလေတြကို ေျပးျမင္မိၾကမွာပါ။ Zac ဟာ သူ႔ရဲ႕ကိုယ္ကာယဗလကို ထိန္းသိမ္းထားဖို႔အတြက္ အားကစားေတြ လုပ္ရတာႏွစ္သက္ေပမယ့္ ေရခ်ိဳးရတာကို မႀကိဳက္ဘူးလို႔ High School Musical 3 ရဲ႕ ရိုက္ကြင္းေပၚက ရင္းျမစ္တစ္ခု ဆိုပါတယ္။ “သူက ေလ့က်င့္ခန္းလုပ္ရတာ ႀကိဳက္တယ္။ တစ္ခ်ိန္လုံး ဘတ္စ္ကတ္ေဘာ ကစားေနတယ္။ ဒါေပမယ့္ ရက္အေတာ္ၾကာ ေရမခ်ိဳးဘဲ ေနေလ့ရိွတယ္။ အေတာ္ေလး ညစ္ပတ္ပါတယ္”လို႔ အဆိုပါ အတြင္းသတင္းက ေျပာပါတယ္။ တစ္ကိုယ္ရည္ သန္႔ရွင္းေရးနဲ႔ ပတ္သက္ရင္ Zac ဟာလည္း Brad Pitt ရဲ႕ ေက်ာင္းဆင္းတစ္ေယာက္ ျဖစ္ပုံရပါတယ္။ သိပ္ညစ္ပတ္လာတယ္လို႔ထင္ရင္ ကေလးေတြသုံးတဲ့ baby wipes ေတြနဲ႔ ပြတ္လိုက္ေလ့ရိွတယ္လို႔လည္း သိရပါတယ္။

Zac ေရမခ်ိဳးတာဟာ ငယ္ငယ္က အမွတ္တရတစ္ခုေၾကာင့္ စိတ္နာသြားတာလည္း ျဖစ္ႏိုင္ပါတယ္။ တစ္ခါက အေမျဖစ္သူနဲ႔ ေရွာ့ပင္းေမာလ္တစ္ခုမွာ ေဈးဝယ္ထြက္ရင္း ေရေမႊးပုလင္းေလးေတြ နမူနာေပးေနတာေတြ႕လို႔ အမ်ားႀကီး ယူလာခဲ့ၿပီး ေနာက္ရက္ ေက်ာင္းမသြားခင္မွာ ေရေမႊးေတြ နင္းကန္ ဆြတ္သြားခဲ့တယ္လို႔ ဆိုပါတယ္။ သို႔ေပမယ့္ ေရေမႊးနံ႔ေတြ စုေပါင္းသြားၿပီး နံလြန္းလို႔ အိမ္ျပန္ေရခ်ိဳးဖို႔ ေက်ာင္းက ျပန္လႊတ္လိုက္တာ ခံရဖူးတယ္လို႔ ၂၀၁၇ခုႏွစ္က Refinery 29 နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ ကိုယ္တိုင္ ေျပာျပခဲ့ဖူးပါတယ္။

Britney Spears
Photo: britneyspears/ Instagram

တစ္ကိုယ္ရည္ သန္႔ရွင္းေရး အားေကာင္းတဲ့ ဆယ္လီေတြကို စာရင္းျပဳစုၾကည့္မယ္ဆိုရင္ေတာ့ Britney Spears တစ္ေယာက္ ပါႏိုင္မွာ မဟုတ္တာ အေသအခ်ာပါပဲ။ ညစ္ပတ္မႈကေတာ့ သူမရဲ႕ ေဘာ္ဒီဂတ္ေဟာင္း Fernando Flores က တရားစြဲခဲ့ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။ ရက္ပါင္းမ်ားစြာ ေရမခ်ိဳးဘဲေနၿပီး နံေဟာင္ေနတဲ့အတြက္ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈအျဖစ္ အဆိုပါ ေဘာ္ဒီဂတ္ Fernando က တရားစြဲဆိုခဲ့တာပါ။

ဒါ့အျပင္ Britney မွာ ေလလည္တာ၊ ႏွပ္ေခ်းကေလာ္တာ၊ ေဆးလိပ္ေတြ အေငြ႕တေထာင္းေထာင္းထေအာင္ေသာက္တာ စတဲ့ အက်င့္ဆိုးမ်ားစြာလည္း ရွိေသးတယ္လို႔ Fernando က ဆိုပါတယ္။ “ရက္ေပါင္းမ်ားစြာ ေရမခ်ိဳးဘဲ ေနပါတယ္။ Roll-On လည္း မသုံးသလို သြားလည္းမတိုက္ပါဘူး။ ေခါင္းလည္း မၿဖီးသလို ေျခအိတ္ေတြ၊ ဖိနပ္ေတြလည္း မဝတ္ပါဘူး”လို႔ Fernando က သူ႔ရဲ႕စြဲဆိုခ်က္မွာ ေျပာထားပါတယ္။

ဒါကေတာ့ အျမင္နဲ႔ ဆုံးျဖတ္လုိ႔ မရတဲ့ ေဟာလိ၀ုဒ္စတားေတြရဲ႕ ညစ္ပတ္မႈအစုစုတို႔ကို စုစည္းေပးထားတာ ျဖစ္ပါတယ္။

Xei

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

(Unicode Version)

ဟောလိဝုဒ်စတားတွေလို့ ဆိုလိုက်တာနဲ့ ညို့အားကောင်းတဲ့ ရုပ်ရည်၊ အမိုက်စား ဖက်ရှင်နဲ့ အားလုံးက ငေးမောအားကျရတဲ့ အလှတွေ ပိုင်ဆိုင်ထားကြသူများလို့ ထင်တတ်ကြပါတယ်။ ကြည့်လိုက်ရင် အမြဲတမ်း စမတ်ကျပြီး ချောမောလှပနေကြလွန်းလို့ သူလိုကိုယ်လို သာမန်လူတွေလို ချွေးထွက်တာတွေ၊ ချွေးစော်နံတာတွေဟာ သူတို့နဲ့ မဆိုင်ဘူးလို့တော့ မထင်လိုက်ပါနဲ့။ ဟုန်းဟုန်းတောက် အောင်မြင်သွားတဲ့အခါ ဘယ်သူ့ကိုမှ သိပ်ဂရုစိုက်စရာ မလိုတော့ဘူး အထင်နဲ့ စိတ်ရှိတိုင်း ညစ်ညစ်ပတ်ပတ် နေတတ်ကြတဲ့ စတားအချို့လည်း ရှိပါတယ်။ သူတို့ကတော့ …

Brad Pitt
Photo: bradpittofflcial/ Instagram

မိန်းကလေးတွေရဲ့ အသည်းစွဲ မင်းသား Brad Pitt ဟာ တော်ရုံတန်ရုံ ရေချိုးလေ့မရှိဘူးလို့ ပြောလိုက်ရင် အံ့သြသွားလောက်ပါတယ်။ ဒီကိစ္စကို People မဂ္ဂဇင်းဆီ ဖောက်သည်ချထားတဲ့သူကတော့ Inglourious Basterds ဇာတ်ကားထဲမှာ Brad Pitt နဲ့အတူ သရုပ်ဆောင်ဖူးတဲ့ Eli Roth ပါ။ Brad Pitt ဟာ ရိုက်ကွင်းပေါ်မှာ ရိုက်နေရင်း ကိုယ့်ကိုယ်ကို ညစ်ပတ်လာပြီလို့ ခံစားလာရရင် ချိုင်းကြားကို Wet Tissue နဲ့ သုတ်လေ့ရှိသူလို့ ဆိုပါတယ်။ ဒါ့အပြင် သူဟာ ကလေး(၆)ယောက်ရှိတဲ့ လူတစ်ယောက်ဖြစ်လို့ ရေချိုးဖို့လည်း မအားဘူးလို့ ပြောပါတယ်။ ဒါကြောင့် ချိုင်းအောက်ကို ရေနဲ့ သပ်ပြီးရင် ရေချိုးတဲ့ကိစ္စ ပြီးသွားလေ့ရှိတယ်လို့ Eli Roth ကို တစ်ခါက ကိုယ်တိုင်ပြောပြဖူးတယ်လို့ သိရပါတယ်။

Robert Pattinson
Photo: robertpattinsonofficial/ Instagram

Robert ကတော့ Extra နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူ့ရဲ့တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး အမေးခံခဲ့ရပါတယ်။ အဲ့ဒါကတော့ Robert ဟာ ခြောက်ပတ်လောက် ခေါင်းမလျှော်ဘဲ နေဖူးတယ်ဆိုတဲ့ ကောလာဟလ ဟုတ်မဟုတ်ကို အတည်ပြုခိုင်းတာပါ။ ဒီအခါမှာ Robert က “ကျွန်တော် မသိဘူးဗျ။ ပြောရရင် အဲ့ဒီ့ခေါင်းလျှော်ရမယ်ဆိုတဲ့ အချက်ကို ကျွန်တော်တော့ နားမလည်တာ” လို့ ပြန်ဖြေဖူးပါတယ်။

Robert ရဲ့ ပရိသတ်တွေဆိုရင်တော့ ဒီကိစ္စဟာ သိပ်အသစ်အဆန်း မဟုတ်ဘူးဆိုတာ သိကြမှာပါ။ Extra နဲ့ အင်တာဗျူးမလုပ်ခင် သုံးနှစ်လောက်ကလည်း The Twilight Saga: New Moon ရဲ့ ရိုက်ကွင်းပေါ်မှာ အလုပ်လုပ်ခဲ့ဖူးသူတစ်ယောက်က MTV ကို Robert ရဲ့ ညစ်ပတ်မှုအကြောင်းတွေ ဖောက်သည်ချခဲ့ဖူးပါသေးတယ်။ Robert ဟာ ခေါင်းတင်မလျှော်တာ မဟုတ်ဘဲ ရေလည်းမချိုးလို့ သူ့ခန္ဓာကိုယ်က ချွေးနံ့တွေ ထွက်နေတတ်တယ်လို့  ဆိုပါတယ်။ “သူက နံဟောင်နေတာပဲ။ တကယ်ရွံစရာကောင်းတာ။ ရေလည်း ဘယ်တော့မှ မချိုးဘူး။ ရိုက်ကွင်းပေါ်က လူတွေကတော့ ဒုက္ခရောက်တာပေါ့” လို့ ပြောပြဖူးပါတယ်။

Shia LaBeouf
Photo: we_love_shia/ Instagram

မင်းသား Shia LaBeouf ကတော့ နာမည်ကျော်စစ်ကားတစ်ကားဖြစ်တဲ့ Fury မှာ ပါဝင်သရုပ်ဆောင်ခဲ့တုန်းက Method-Acting ကို တစ်ဖတ်စွန်းရောက်တဲ့အထိ သုံးစွဲခဲ့သူပါ။ Method-Acting ဆိုတာကတော့ သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်ရဲ့ သဘောသဘာဝအတိုင်း ပြင်ပလောကမှာ နေထိုင်ရင်း ဇာတ်ရုပ်နဲ့တစ်ထပ်တည်းကျအောင် စိတ်ကို မွေးမြူယူတဲ့ သရုပ်ဆောင်နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အဲ့ဒီ့ဇာတ်ကားမှာ Shia LaBeouf က ဒုတိယကမ္ဘာစစ်ရဲ့ စစ်သား Boyd “Bible” Swan အဖြစ် သရုပ်ဆောင်ရတာပါ။

အဆိုပါ Fury ဇာတ်ကားရဲ့ ရိုက်ကွင်းမှာ သူ့ရဲ့သွားကို တကယ်နှု်တ်ပစ်တာမျိုးတွေ လုပ်ခဲ့သလို ကတုတ်ကျင်းထဲမှာ ရက်ပေါင်းများစွာ နေထိုင်ခဲ့ရတဲ့ စစ်သားတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်ချင်လို့ ရှုတင်အားလုံးပြီးတဲ့အထိ ရေမချိုးဘဲနေခဲ့တယ်လို့ သိရပါတယ်။

Zac Efron
Photo: zacefron/ Instagram

Zac Efron လို့ ပြောလိုက်တာနဲ့ ညို့အားကောင်းတဲ့ မျက်လုံးပြာပြာတွေ၊ တောင့်တင်းသန်မာတဲ့ ဗလတွေကို ပြေးမြင်မိကြမှာပါ။ Zac ဟာ သူ့ရဲ့ကိုယ်ကာယဗလကို ထိန်းသိမ်းထားဖို့အတွက် အားကစားတွေ လုပ်ရတာနှစ်သက်ပေမယ့် ရေချိုးရတာကို မကြိုက်ဘူးလို့ High School Musical 3 ရဲ့ ရိုက်ကွင်းပေါ်က ရင်းမြစ်တစ်ခု ဆိုပါတယ်။ “သူက လေ့ကျင့်ခန်းလုပ်ရတာ ကြိုက်တယ်။ တစ်ချိန်လုံး ဘတ်စ်ကတ်ဘော ကစားနေတယ်။ ဒါပေမယ့် ရက်အတော်ကြာ ရေမချိုးဘဲ နေလေ့ရှိတယ်။ အတော်လေး ညစ်ပတ်ပါတယ်”လို့ အဆိုပါ အတွင်းသတင်းက ပြောပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ ပတ်သက်ရင် Zac ဟာလည်း Brad Pitt ရဲ့ ကျောင်းဆင်းတစ်ယောက် ဖြစ်ပုံရပါတယ်။ သိပ်ညစ်ပတ်လာတယ်လို့ထင်ရင် ကလေးတွေသုံးတဲ့ baby wipes တွေနဲ့ ပွတ်လိုက်လေ့ရှိတယ်လို့လည်း သိရပါတယ်။

Zac ရေမချိုးတာဟာ ငယ်ငယ်က အမှတ်တရတစ်ခုကြောင့် စိတ်နာသွားတာလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါက အမေဖြစ်သူနဲ့ ရှော့ပင်းမောလ်တစ်ခုမှာ ဈေးဝယ်ထွက်ရင်း ရေမွှေးပုလင်းလေးတွေ နမူနာပေးနေတာတွေ့လို့ အများကြီး ယူလာခဲ့ပြီး နောက်ရက် ကျောင်းမသွားခင်မှာ ရေမွှေးတွေ နင်းကန် ဆွတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ရေမွှေးနံ့တွေ စုပေါင်းသွားပြီး နံလွန်းလို့ အိမ်ပြန်ရေချိုးဖို့ ကျောင်းက ပြန်လွှတ်လိုက်တာ ခံရဖူးတယ်လို့ ၂၀၁၇ခုနှစ်က Refinery 29 နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ကိုယ်တိုင် ပြောပြခဲ့ဖူးပါတယ်။

Britney Spears
Photo: britneyspears/ Instagram

တစ်ကိုယ်ရည် သန့်ရှင်းရေး အားကောင်းတဲ့ ဆယ်လီတွေကို စာရင်းပြုစုကြည့်မယ်ဆိုရင်တော့ Britney Spears တစ်ယောက် ပါနိုင်မှာ မဟုတ်တာ အသေအချာပါပဲ။ ညစ်ပတ်မှုကတော့ သူမရဲ့ ဘော်ဒီဂတ်ဟောင်း Fernando Flores က တရားစွဲခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ရက်ပါင်းများစွာ ရေမချိုးဘဲနေပြီး နံဟောင်နေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအဖြစ် အဆိုပါ ဘော်ဒီဂတ် Fernando က တရားစွဲဆိုခဲ့တာပါ။

ဒါ့အပြင် Britney မှာ လေလည်တာ၊ နှပ်ချေးကလော်တာ၊ ဆေးလိပ်တွေ အငွေ့တထောင်းထောင်းထအောင်သောက်တာ စတဲ့ အကျင့်ဆိုးများစွာလည်း ရှိသေးတယ်လို့ Fernando က ဆိုပါတယ်။ “ရက်ပေါင်းများစွာ ရေမချိုးဘဲ နေပါတယ်။ Roll-On လည်း မသုံးသလို သွားလည်းမတိုက်ပါဘူး။ ခေါင်းလည်း မဖြီးသလို ခြေအိတ်တွေ၊ ဖိနပ်တွေလည်း မဝတ်ပါဘူး”လို့ Fernando က သူ့ရဲ့စွဲဆိုချက်မှာ ပြောထားပါတယ်။

ဒါကတော့ အမြင်နဲ့ ဆုံးဖြတ်လို့ မရတဲ့ ဟောလိဝုဒ်စတားတွေရဲ့ ညစ်ပတ်မှုအစုစုတို့ကို စုစည်းပေးထားတာ ဖြစ်ပါတယ်။

Xei

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular