HomeEntertainmentFilmHarry Potter ဇာတ်ကားတွေရဲ့ လူသိပ်မသိသေးတဲ့ စိတ်ဝင်စားစရာအချက်များ - (၂)

Harry Potter ဇာတ်ကားတွေရဲ့ လူသိပ်မသိသေးတဲ့ စိတ်ဝင်စားစရာအချက်များ – (၂)

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ဖတ္ပါ။

ဟယ်ရီပေါ်တာဇာတ်ကားတွေနဲ့ ပတ်သက်ရင် စိတ်ဝင်စားစရာ၊ သိချင်စရာအချက်တွေ မြောက်များစွာ ရှိပါတယ်။ ပထမတစ်ပိုင်းမှာ ဖော်ပြထားပြီးသလိုပဲ ဟယ်ရီပေါ်တာဇာတ်ကားတွေနဲ့ ပတ်သက်ပြီး လူသိပ်မသိသေးတဲ့ စိတ်ဝင်စားစရာ အကြောင်းလေးတွေကို ဒီဒုတိယပိုင်းမှာလည်း ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

Moaning Myrtle နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီးဟာ ဆယ်ကျော်သက်တစ်ယောက်တော့ မဟုတ်ပါဘူး။

ဟယ်ရီပေါ်တာဇာတ်ကားတွေထဲမှာ တစ်ယောက်တည်း အထီးကျန်ဆန်နေရပြီး အမြဲတမ်း ဝမ်းနည်းငိုကြွေးနေတဲ့ ဝိဉာဉ်တစ်ကောင် ရှိပါတယ်။ သူကတော့ Moaning Myrtle လို့ခေါ်ကြတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ ဝိဉာဉ် ဖြစ်ပါတယ်။ အဆိုပါဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီး Shirley Henderson ဟာ စကော့လူမျိုး ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး Moaning Myrtle အဖြစ် စတင်သရုပ်ဆောင်တုန်းက အသက်(၃၆)နှစ် ရှိနေပါပြီ။

Dobby က ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်နဲ့ တူနေလို့ဆိုပြီး တရားစွဲဆိုခဲ့တဲ့ ရုရှား

လူတိုင်းမှာ ချစ်သူနဲ့မုန်းသူ ဒွန်တွဲရှိနေသလိုပဲ မှင်စာလေး Dobby ကိုလည်း အချို့သော ရုရှားတွေက မုန်းခဲ့ကြပါတယ်။ အကြောင်းကတော့ CGI အထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးထားတဲ့ မှင်စာဇာတ်ကောင် Dobby ရဲ့ရုပ်သွင်ဟာ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်နဲ့ ဆင်တူနေပြီး ပူတင်ရဲ့ရုပ်သွင်အပေါ် အခြေခံပြီး Dobby ကို ဖန်တီးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့်ပါ။ ဒါကြောင့်လည်း ရုရှားရှေ့နေတစ်စုက Warner Bro ကုမ္ပဏီကို တရားစွဲဆိုဖို့ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

©Warner Bros. Pictures
သရုပ်ဆောင်တွေဟာ မိမိဇာတ်ကောင်အကြောင်း အဆိုင်းမန့်ရေးပြီး အိမ်စာလုပ်ခဲ့ရပါတယ်။

Harry Potter and the Prisoner of Azkaban ဇာတ်ကားဟာ Franchise တစ်ခုလုံးမှာ ပထမဆုံးအနေနဲ့ ဒါရိုက်တာတွေ အပြောင်းအလဲ လုပ်ခဲ့တဲ့ဇာတ်ကား ဖြစ်ပါတယ်။ နာမည်ကျော် Franchise တစ်ခုအတွက် တာဝန်ယူရိုက်ကူးရတော့မယ့် ဒါရိုက်တာ Alfonso Cuarón ဟာ အဓိကဇာတ်ကောင်သုံးယောက်လုံးကို သူတို့သရုပ်ဆောင်နေတဲ့ ကာရိုက်တာတွေအကြောင်းကို ပိုပြီးနားလည်သဘောပေါက်ဖို့နဲ့ သူတို့ကိုယ်ကို ပြန်ပြီးမြင်ယောင်ကြစေဖို့အတွက် တာဝန်တစ်ရပ် ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ Daniel Radcliffe ၊ Emma Watson နဲ့ Rupert Grint တို့ သုံးယောက်ကို သူတို့ကိုယ်စီသရုပ်ဆောင်ရတဲ့ ကာရိုက်တာတွေအကြောင်းကို အက်ဆေးရေးခိုင်းတာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်သုံးယောက်လုံးရဲ့ တုံ့ပြန်မှုကလည်း သူတို့သရုပ်ဆောင်နေတဲ့ ကာရိုက်တာတွေအတိုင်းပဲ ကွက်တိရောင်ပြန်ဟပ်ခဲ့တာကို တွေ့ရပါတယ်။ Radcliffe ဟာ ဟယ်ရီပေါ်တာဇာတ်ကောင်ရဲ့ တကယ့်အနှစ်သာရကို စာတစ်မျက်နှာတည်းနဲ့ ဖော်ပြနိုင်ခဲ့ပြီး Emma Watson ကတော့ ဟာမွိုင်နီနေရာမှာ သရုပ်ဆောင်ရသူပီပီ (၁၆)မျက်နှာတိတိ ရေးသားပြီး လက်စွမ်းပြခဲ့ပါတယ်။ Rupert Grint ကတော့ ရွန်ဝီစလေဇာတ်ကောင် ပီသလွန်းစွာ အဆိုင်းမန့်ကို ဂရုမစိုက်ခဲ့ပါဘူး။

ဟယ်ရီပေါ်တာကို Musical အမျိုးအစား ရိုက်ကူးချင်ခဲ့တဲ့ Michael Jackson

ဟယ်ရီပေါ်တာဇာတ်လမ်းဟာ ၂၀၁၆ခုနှစ်က ပြုလုပ်ခဲ့တဲ့ Harry Potter and the Cursed Child ပြဇာတ်နဲ့ ပြဇာတ်လောကမှာလည်း ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဟယ်ရီပေါ်တာကို ပြဇာတ်ဆန်တဲ့ ပုံစံနဲ့ အစောပိုင်းတည်းက မြင်တွေ့ကြရဖို့ ဖြစ်ခဲ့သေးတာကိုတော့ လူသိပ်မသိခဲ့ကြပါဘူး။ ပေါ့ပ်ဘုရင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ Michael Jackson ဟာ စာရေးဆရာမ J. K. Rowling ရဲ့ ဟယ်ရီပေါ်တာစာအုပ်တွေကို Musical အမျိုးအစားအဖြစ် ရိုက်ကူးဖို့ ချဉ်းကပ်ကမ်းလှမ်းခဲ့သေးပေမယ့် J. K က ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

©Warner Bros. Pictures
မျက်မှန်အလက်ပေါင်း(၁၆၀)ကို တပ်ဆင်ခဲ့တဲ့ Daniel Radcliffe

ဟယ်ရီပေါ်တာလို့ ပြောလိုက်တာနဲ့ လူတွေမျက်စိထဲမှာ မြင်ယောင်လိုက်တာက မျက်မှန်အဝိုင်းလေး တပ်ထားတဲ့ ကောင်လေးတစ်ယောက် ဖြစ်ပါတယ်။ မျက်မှန်ဟာ ဟယ်ရီပေါ်တာဇာတ်ကောင်ရဲ့ အထင်ကရ သင်္ကေတတစ်ခုဖြစ်တာကြောင့် Radcliffe ဟာ ဇာတ်ကားရှစ်ကားလုံးကို ရိုက်ကူးရာမှာ အချိန်အများစုအနေနဲ့ မျက်မှန်တပ်ထားခဲ့ရပါတယ်။ Radcliffe တပ်ခဲ့ရတဲ့ မျက်မှန်အားလုံးကို ပေါင်းကြည့်မယ်ဆိုရင်တော့ အလက်ပေါင်း(၁၆၀)လောက်ရှိပြီး Wand ကတော့ စုစုပေါင်း အခု(၆၀)လောက် ကိုင်ခဲ့ပါတယ်။

Voldemort ငယ်ဘဝကို သရုပ်ဆောင်ခဲ့သူဟာ Ralph Fienne ရဲ့တူတော်စပ်ပါတယ်။

Tom Riddle ရဲ့ငယ်ဘဝအတွက် သရုပ်ဆောင်ရွေးချယ်ရာမှာတော့ ဟယ်ရီပေါ်တာ casting အဖွဲ့အနေနဲ့ အဝေးကြီးကို လိုက်ရှာနေစရာ မလိုခဲ့ပါဘူး။ Harry Potter and the Half-Blood Prince ဇာတ်ကားထဲမှာ တစ်ချိန်မှာ Voldemort ဖြစ်လာမယ့် Tom Riddle ရဲ့ ငယ်ဘဝကို သရုပ်ဆောင်ခဲ့သူကတော့ Hero Fiennes-Tiffin ဆိုတဲ့ ဗြိတိန်သရုပ်ဆောင် ဖြစ်ပါတယ်။ သူဟာ Voldemort နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Ralph Fienne နဲ့ တူဝရီးတော်စပ်ပါတယ်။

©Warner Bros. Pictures
Alan Rickman ဟာ ရိုက်ကွင်းပေါ်ကပစ္စည်းတွေကို ဖြောင်တဲ့နေရာမှာ ဆရာတစ်ဆူပါ။

သရုပ်ဆောင်တွေဟာ ဇာတ်ကားနဲ့ပတ်သက်တဲ့ ရိုက်ကွင်းပေါ်က ပစ္စည်းတွေကို ကိုယ်ပိုင်အဖြစ် ယူထားလို့ မရပါဘူး။ အထူးသဖြင့် ဇာတ်ကားအတွက် အဓိပ္ပာယ်ရှိလွန်းတဲ့ပစ္စည်းတွေဆိုရင် ပိုလို့တောင် ယူဖို့မလွယ်ကူပါဘူး။ ဒါပေမယ့် ပရော်ဖက်ဆာ Severus Snape အဖြစ် သရုပ်ဆောင်တဲ့ မင်းသားကြီး Alan Rickman ကတော့ ရိုက်ကွင်းပေါ်က အထင်ကရပစ္စည်းတွေကို ဖြောင်ရာမှာ ဆရာကျသူ ဖြစ်ပါတယ်။ Lucius Malfoy အဖြစ် သရုပ်ဆောင်တဲ့ Jason Isaacs ကတော့ Alan ဟာ Gringotts ဒင်္ဂါးပြားတွေကို ရိုက်ကွင်းပေါ်က မ,သွားဖူးတယ်လို့ ပြောထားဖူးပါတယ်။ ဒါတင်မက ပရော်ဖက်ဆာ Snape ရဲ့ မှော်နှင်တံ (Wand) ကိုလည်း ဖြောင်ထားရုံသာမက Snape ရဲ့ ဝတ်ရုံကိုလည်း တစ်နေ့နေ့ကျရင် မရရအောင် ယူထားဦးမယ်လို့ Alan က ဆိုပါတယ်။

ဒါကတော့ နာမည်ကျော် ဟယ်ရီပေါ်တာ ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အကြောင်းအရာအချို့ကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဖတ်ကြည့်လို့ သဘောကျတယ်ဆိုရင် သင့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေလည်း ဖတ်နိုင်ဖို့ ရှဲပေးသွားပါဦး။

Xei

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

ဟယ္ရီေပၚတာဇာတ္ကားေတြနဲ႔ ပတ္သက္ရင္ စိတ္ဝင္စားစရာ၊ သိခ်င္စရာအခ်က္ေတြ ေျမာက္မ်ားစြာ ရွိပါတယ္။ ပထမတစ္ပိုင္းမွာ ေဖာ္ျပထားၿပီးသလိုပဲ ဟယ္ရီေပၚတာဇာတ္ကားေတြနဲ႔ ပတ္သက္ၿပီး လူသိပ္မသိေသးတဲ့ စိတ္ဝင္စားစရာ အေၾကာင္းေလးေတြကို ဒီဒုတိယပိုင္းမွာလည္း ဆက္လက္ေဖာ္ျပေပးလိုက္ပါတယ္။

Moaning Myrtle ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ မင္းသမီးဟာ ဆယ္ေက်ာ္သက္တစ္ေယာက္ေတာ့ မဟုတ္ပါဘူး။

ဟယ္ရီေပၚတာဇာတ္ကားေတြထဲမွာ တစ္ေယာက္တည္း အထီးက်န္ဆန္ေနရၿပီး အၿမဲတမ္း ဝမ္းနည္းငိုေႂကြးေနတဲ့ ဝိဉာဥ္တစ္ေကာင္ ရွိပါတယ္။ သူကေတာ့ Moaning Myrtle လို႔ေခၚၾကတဲ့ ဆယ္ေက်ာ္သက္ေကာင္မေလးတစ္ေယာက္ရဲ႕ ဝိဉာဥ္ ျဖစ္ပါတယ္။ အဆိုပါဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ မင္းသမီး Shirley Henderson ဟာ စေကာ့လူမ်ိဳး ဝါရင့္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ၿပီး Moaning Myrtle အျဖစ္ စတင္သ႐ုပ္ေဆာင္တုန္းက အသက္(၃၆)ႏွစ္ ရွိေနပါၿပီ။

Dobby က ႐ုရွားေခါင္းေဆာင္ ဗလာဒီမာပူတင္နဲ႔ တူေနလို႔ဆိုၿပီး တရားစြဲဆိုခဲ့တဲ့ ႐ုရွား

လူတိုင္းမွာ ခ်စ္သူနဲ႔မုန္းသူ ဒြန္တြဲရွိေနသလိုပဲ မွင္စာေလး Dobby ကိုလည္း အခ်ိဳ႕ေသာ ႐ုရွားေတြက မုန္းခဲ့ၾကပါတယ္။ အေၾကာင္းကေတာ့ CGI အထူးျပဳလုပ္ခ်က္ေတြနဲ႔ ဖန္တီးထားတဲ့ မွင္စာဇာတ္ေကာင္ Dobby ရဲ႕႐ုပ္သြင္ဟာ ႐ုရွားေခါင္းေဆာင္ ဗလာဒီမာပူတင္နဲ႔ ဆင္တူေနၿပီး ပူတင္ရဲ႕႐ုပ္သြင္အေပၚ အေျခခံၿပီး Dobby ကို ဖန္တီးခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြေၾကာင့္ပါ။ ဒါေၾကာင့္လည္း ႐ုရွားေရွ႕ေနတစ္စုက Warner Bro ကုမၸဏီကို တရားစြဲဆိုဖို႔ ျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။

©Warner Bros. Pictures
သ႐ုပ္ေဆာင္ေတြဟာ မိမိဇာတ္ေကာင္အေၾကာင္း အဆိုင္းမန႔္ေရးၿပီး အိမ္စာလုပ္ခဲ့ရပါတယ္။

Harry Potter and the Prisoner of Azkaban ဇာတ္ကားဟာ Franchise တစ္ခုလုံးမွာ ပထမဆုံးအေနနဲ႔ ဒါ႐ိုက္တာေတြ အေျပာင္းအလဲ လုပ္ခဲ့တဲ့ဇာတ္ကား ျဖစ္ပါတယ္။ နာမည္ေက်ာ္ Franchise တစ္ခုအတြက္ တာဝန္ယူ႐ိုက္ကူးရေတာ့မယ့္ ဒါ႐ိုက္တာ Alfonso Cuarón ဟာ အဓိကဇာတ္ေကာင္သုံးေယာက္လုံးကို သူတို႔သ႐ုပ္ေဆာင္ေနတဲ့ ကာ႐ိုက္တာေတြအေၾကာင္းကို ပိုၿပီးနားလည္သေဘာေပါက္ဖို႔နဲ႔ သူတို႔ကိုယ္ကို ျပန္ၿပီးျမင္ေယာင္ၾကေစဖို႔အတြက္ တာဝန္တစ္ရပ္ ေပးခဲ့ပါတယ္။ အဲ့ဒါကေတာ့ Daniel Radcliffe ၊ Emma Watson နဲ႔ Rupert Grint တို႔ သုံးေယာက္ကို သူတို႔ကိုယ္စီသ႐ုပ္ေဆာင္ရတဲ့ ကာ႐ိုက္တာေတြအေၾကာင္းကို အက္ေဆးေရးခိုင္းတာပဲ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္သုံးေယာက္လုံးရဲ႕ တုံ႔ျပန္မႈကလည္း သူတို႔သ႐ုပ္ေဆာင္ေနတဲ့ ကာ႐ိုက္တာေတြအတိုင္းပဲ ကြက္တိေရာင္ျပန္ဟပ္ခဲ့တာကို ေတြ႕ရပါတယ္။ Radcliffe ဟာ ဟယ္ရီေပၚတာဇာတ္ေကာင္ရဲ႕ တကယ့္အႏွစ္သာရကို စာတစ္မ်က္ႏွာတည္းနဲ႔ ေဖာ္ျပႏိုင္ခဲ့ၿပီး Emma Watson ကေတာ့ ဟာမြိဳင္နီေနရာမွာ သ႐ုပ္ေဆာင္ရသူပီပီ (၁၆)မ်က္ႏွာတိတိ ေရးသားၿပီး လက္စြမ္းျပခဲ့ပါတယ္။ Rupert Grint ကေတာ့ ႐ြန္ဝီစေလဇာတ္ေကာင္ ပီသလြန္းစြာ အဆိုင္းမန႔္ကို ဂ႐ုမစိုက္ခဲ့ပါဘူး။

ဟယ္ရီေပၚတာကို Musical အမ်ိဳးအစား ႐ိုက္ကူးခ်င္ခဲ့တဲ့ Michael Jackson

ဟယ္ရီေပၚတာဇာတ္လမ္းဟာ ၂၀၁၆ခုႏွစ္က ျပဳလုပ္ခဲ့တဲ့ Harry Potter and the Cursed Child ျပဇာတ္နဲ႔ ျပဇာတ္ေလာကမွာလည္း ႀကီးမားတဲ့ ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့ပါေသးတယ္။ ဒါေပမယ့္ ဟယ္ရီေပၚတာကို ျပဇာတ္ဆန္တဲ့ ပုံစံနဲ႔ အေစာပိုင္းတည္းက ျမင္ေတြ႕ၾကရဖို႔ ျဖစ္ခဲ့ေသးတာကိုေတာ့ လူသိပ္မသိခဲ့ၾကပါဘူး။ ေပါ့ပ္ဘုရင္လို႔ တင္စားေခၚေဝၚၾကတဲ့ Michael Jackson ဟာ စာေရးဆရာမ J. K. Rowling ရဲ႕ ဟယ္ရီေပၚတာစာအုပ္ေတြကို Musical အမ်ိဳးအစားအျဖစ္ ႐ိုက္ကူးဖို႔ ခ်ဥ္းကပ္ကမ္းလွမ္းခဲ့ေသးေပမယ့္ J. K က ျငင္းဆိုခဲ့တာ ျဖစ္ပါတယ္။

©Warner Bros. Pictures
မ်က္မွန္အလက္ေပါင္း(၁၆၀)ကို တပ္ဆင္ခဲ့တဲ့ Daniel Radcliffe

ဟယ္ရီေပၚတာလို႔ ေျပာလိုက္တာနဲ႔ လူေတြမ်က္စိထဲမွာ ျမင္ေယာင္လိုက္တာက မ်က္မွန္အဝိုင္းေလး တပ္ထားတဲ့ ေကာင္ေလးတစ္ေယာက္ ျဖစ္ပါတယ္။ မ်က္မွန္ဟာ ဟယ္ရီေပၚတာဇာတ္ေကာင္ရဲ႕ အထင္ကရ သေကၤတတစ္ခုျဖစ္တာေၾကာင့္ Radcliffe ဟာ ဇာတ္ကားရွစ္ကားလုံးကို ႐ိုက္ကူးရာမွာ အခ်ိန္အမ်ားစုအေနနဲ႔ မ်က္မွန္တပ္ထားခဲ့ရပါတယ္။ Radcliffe တပ္ခဲ့ရတဲ့ မ်က္မွန္အားလုံးကို ေပါင္းၾကည့္မယ္ဆိုရင္ေတာ့ အလက္ေပါင္း(၁၆၀)ေလာက္ရွိၿပီး Wand ကေတာ့ စုစုေပါင္း အခု(၆၀)ေလာက္ ကိုင္ခဲ့ပါတယ္။

Voldemort ငယ္ဘဝကို သ႐ုပ္ေဆာင္ခဲ့သူဟာ Ralph Fienne ရဲ႕တူေတာ္စပ္ပါတယ္။

Tom Riddle ရဲ႕ငယ္ဘဝအတြက္ သ႐ုပ္ေဆာင္ေ႐ြးခ်ယ္ရာမွာေတာ့ ဟယ္ရီေပၚတာ casting အဖြဲ႕အေနနဲ႔ အေဝးႀကီးကို လိုက္ရွာေနစရာ မလိုခဲ့ပါဘူး။ Harry Potter and the Half-Blood Prince ဇာတ္ကားထဲမွာ တစ္ခ်ိန္မွာ Voldemort ျဖစ္လာမယ့္ Tom Riddle ရဲ႕ ငယ္ဘဝကို သ႐ုပ္ေဆာင္ခဲ့သူကေတာ့ Hero Fiennes-Tiffin ဆိုတဲ့ ၿဗိတိန္သ႐ုပ္ေဆာင္ ျဖစ္ပါတယ္။ သူဟာ Voldemort ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ မင္းသားႀကီး Ralph Fienne နဲ႔ တူဝရီးေတာ္စပ္ပါတယ္။

©Warner Bros. Pictures
Alan Rickman ဟာ ႐ိုက္ကြင္းေပၚကပစၥည္းေတြကို ေျဖာင္တဲ့ေနရာမွာ ဆရာတစ္ဆူပါ။

သ႐ုပ္ေဆာင္ေတြဟာ ဇာတ္ကားနဲ႔ပတ္သက္တဲ့ ႐ိုက္ကြင္းေပၚက ပစၥည္းေတြကို ကိုယ္ပိုင္အျဖစ္ ယူထားလို႔ မရပါဘူး။ အထူးသျဖင့္ ဇာတ္ကားအတြက္ အဓိပၸာယ္ရွိလြန္းတဲ့ပစၥည္းေတြဆိုရင္ ပိုလို႔ေတာင္ ယူဖို႔မလြယ္ကူပါဘူး။ ဒါေပမယ့္ ပေရာ္ဖက္ဆာ Severus Snape အျဖစ္ သ႐ုပ္ေဆာင္တဲ့ မင္းသားႀကီး Alan Rickman ကေတာ့ ႐ိုက္ကြင္းေပၚက အထင္ကရပစၥည္းေတြကို ေျဖာင္ရာမွာ ဆရာက်သူ ျဖစ္ပါတယ္။ Lucius Malfoy အျဖစ္ သ႐ုပ္ေဆာင္တဲ့ Jason Isaacs ကေတာ့ Alan ဟာ Gringotts ဒဂၤါးျပားေတြကို ႐ိုက္ကြင္းေပၚက မ,သြားဖူးတယ္လို႔ ေျပာထားဖူးပါတယ္။ ဒါတင္မက ပေရာ္ဖက္ဆာ Snape ရဲ႕ ေမွာ္ႏွင္တံ (Wand) ကိုလည္း ေျဖာင္ထား႐ုံသာမက Snape ရဲ႕ ဝတ္႐ုံကိုလည္း တစ္ေန႔ေန႔က်ရင္ မရရေအာင္ ယူထားဦးမယ္လို႔ Alan က ဆိုပါတယ္။

ဒါကေတာ့ နာမည္ေက်ာ္ ဟယ္ရီေပၚတာ ဇာတ္ကားေတြနဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားစရာ အေၾကာင္းအရာအခ်ိဳ႕ကို ေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။ ဖတ္ၾကည့္လို႔ သေဘာက်တယ္ဆိုရင္ သင့္ရဲ႕ မိတ္ေဆြ၊ သူငယ္ခ်င္းေတြလည္း ဖတ္ႏိုင္ဖို႔ ရွဲေပးသြားပါဦး။

Xei

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular