HomeEntertainmentFilmNetflix ရဲ့ Money Heist ကို ကိုရီးယားဗားရှင်း ပြန်ရိုက်ဖို့စီစဉ်နေ

Netflix ရဲ့ Money Heist ကို ကိုရီးယားဗားရှင်း ပြန်ရိုက်ဖို့စီစဉ်နေ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Netflix ရဲ့ နာမည်ကျော်စီးရီးတစ်ခုဖြစ်တဲ့ Money Heist ကို ကိုရီးယားဗားရှင်းနဲ့ remake ပြန်ရိုက်တော့မယ်လို့ သိရပါတယ်။

Ilgan Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ BH Entertainment နဲ့ ZIUM Contents ရိုက်ကူးရေးအေဂျင်စီတို့ဟာ Money Heist ကို remake ပြန်ရိုက်ဖို့ တွန်းတွန်းတိုက်တိုက် လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ လက်ရှိမှာ Netflix နဲ့ ဆွေးနွေးနေဆဲဖြစ်ပြီး တစ်ချို့အပိုင်းတွေကိုလည်း စတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။ 

Photo Courtesy: Netflix

Money Heist ဟာ စပိန်စကားပြော ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ၂၀၁၇ခုနှစ်က စတင်ပြသခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူတစ်ယောက်ဟာ စပိန်နိုင်ငံက တော်ဝင်ငွေတိုက်ကို ဓားပြတိုက်ဖို့အတွက် လူရှစ်ယောက်ကို ငှားရမ်းကာ အစီအစဉ်တကျ ပိုက်ဆံသန်းပေါင်းများစွာကို ရယူဖို့ ကြိုးစားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။

Money Heist ဟာ Netflix မှာ ပြသပြီးကတည်းက လူကြည့်အများဆုံး ဇာတ်လမ်းတွဲတွေထဲမှာ ရပ်တည်နေခဲ့ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ လူကြည့်အများဆုံး စီးရီးတွေရဲ့ (1) to (10) ထဲမှာလည်း ပါဝင်နေခဲ့ပါတယ်။ ဒါကြောင့်လည်း အခုလို ကိုရီးယားဗားရှင်းနဲ့ ပြန်လည်ရိုက်ကူးမယ်ဆိုတဲ့ သတင်းဟာ ကိုရီးယားပရိသတ်တွေအတွက်လည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ဖြစ်နေပြီး ဇာတ်လမ်းပိုင်းတွေမှာ ဘယ်အပိုင်းတွေက တူညီပြီး ဘယ်အပိုင်းတွေက ပြုပြင်ထားမလည်းဆိုတာတွေပါ သိချင်နေကြပါတယ်။

Photo Courtesy: Netflix

ဒါ့အပြင် Money Heist စီးရီးရဲ့ အသက်ဖြစ်ခဲ့တဲ့ ဇာတ်ကောင်တွေရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကို ခံစားခဲ့ရတဲ့ ပရိသတ်တွေဟာ ကိုရီးယားဗားရှင်းမှာရော ဘယ်သရုပ်ဆောင်တွေကို ရွေးချယ်မလည်းဆိုတာ စိတ်ဝင်စားမှု မြင့်တက်နေကြပါတယ်။

LaNina

Source: koreaboo

(Zawgyi Version)

Netflix ရဲ႕ နာမည္ေက်ာ္စီးရီးတစ္ခုျဖစ္တဲ့ Money Heist ကို ကိုရီးယားဗားရွင္းနဲ႔ remake ျပန္႐ိုက္ေတာ့မယ္လို႔ သိရပါတယ္။

Ilgan Sports သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ BH Entertainment နဲ႔ ZIUM Contents ႐ိုက္ကူးေရးေအဂ်င္စီတို႔ဟာ Money Heist ကို remake ျပန္႐ိုက္ဖို႔ တြန္းတြန္းတိုက္တိုက္ လုပ္ေဆာင္ေနၾကတယ္လို႔ သိရပါတယ္။ လက္ရွိမွာ Netflix နဲ႔ ေဆြးေႏြးေနဆဲျဖစ္ၿပီး တစ္ခ်ိဳ႕အပိုင္းေတြကိုလည္း စတင္လုပ္ေဆာင္ေနၿပီလို႔ ဆိုပါတယ္။

Photo Courtesy: Netflix

Money Heist ဟာ စပိန္စကားေျပာ ႐ုပ္သံဇာတ္လမ္းတြဲတစ္ခုျဖစ္ၿပီး ၂၀၁၇ခုႏွစ္က စတင္ျပသခဲ့တာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ လူတစ္ေယာက္ဟာ စပိန္ႏိုင္ငံက ေတာ္ဝင္ေငြတိုက္ကို ဓားျပတိုက္ဖို႔အတြက္ လူရွစ္ေယာက္ကို ငွားရမ္းကာ အစီအစဥ္တက် ပိုက္ဆံသန္းေပါင္းမ်ားစြာကို ရယူဖို႔ ႀကိဳးစားတဲ့ဇာတ္လမ္း ျဖစ္ပါတယ္။

Money Heist ဟာ Netflix မွာ ျပသၿပီးကတည္းက လူၾကည့္အမ်ားဆုံး ဇာတ္လမ္းတြဲေတြထဲမွာ ရပ္တည္ေနခဲ့ၿပီး ေတာင္ကိုရီးယားႏိုင္ငံရဲ႕ လူၾကည့္အမ်ားဆုံး စီးရီးေတြရဲ႕ (1) to (10) ထဲမွာလည္း ပါဝင္ေနခဲ့ပါတယ္။ ဒါေၾကာင့္လည္း အခုလို ကိုရီးယားဗားရွင္းနဲ႔ ျပန္လည္႐ိုက္ကူးမယ္ဆိုတဲ့ သတင္းဟာ ကိုရီးယားပရိသတ္ေတြအတြက္လည္း ရင္ခုန္စိတ္လႈပ္ရွားစရာ ျဖစ္ေနၿပီး ဇာတ္လမ္းပိုင္းေတြမွာ ဘယ္အပိုင္းေတြက တူညီၿပီး ဘယ္အပိုင္းေတြက ျပဳျပင္ထားမလည္းဆိုတာေတြပါ သိခ်င္ေနၾကပါတယ္။

Photo Courtesy: Netflix

ဒါ့အျပင္ Money Heist စီးရီးရဲ႕ အသက္ျဖစ္ခဲ့တဲ့ ဇာတ္ေကာင္ေတြရဲ႕ သ႐ုပ္ေဆာင္ပီျပင္မႈေတြကို ခံစားခဲ့ရတဲ့ ပရိသတ္ေတြဟာ ကိုရီးယားဗားရွင္းမွာေရာ ဘယ္သ႐ုပ္ေဆာင္ေတြကို ေ႐ြးခ်ယ္မလည္းဆိုတာ စိတ္ဝင္စားမႈ ျမင့္တက္ေနၾကပါတယ္။

LaNina

Source: koreaboo

RELATED ARTICLES

Most Popular